iMyanmarHouse.com - Best Property Website for Myanmar
×

 ေပါင္းတည္ၿမိဳ႕တြင္ အေမြ ကိစၥမေက်နပ္သျဖင့္ အေမြဆိုင္ အိမ္ကို မီး႐ိႈ႕ရာမွ တစ္ဆင့္ လူေန အိမ္သံုးလံုး မီးေလာင္ဆံုး႐ႈံးခဲ့ ေၾကာင္း ေပါင္းတည္ၿမိဳ႕မရဲစခန္း တာဝန္က်ရဲအရာရွိ ဒုရဲအုပ္ ရဲႏိုင္ က ေျပာသည္။

ေပါင္းတည္ၿမိဳ႕ မင္းကြက္ (၂)ရပ္ကြက္ တာပြန္လမ္း၊ (၁၈)လမ္းႏွင့္ ေက်ာင္းေဟာင္းလမ္း ၾကားရွိ အေမြဆိုင္အိမ္ကို ယင္း အိမ္တြင္ ေနသည့္ အသက္ (၅၆)ႏွစ္အရြယ္ အမ်ိဳးသားက ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔လယ္၌ မီး႐ိႈ႕ခဲ့သည္ဟု ၎က ဆိုသည္။မီး႐ိႈ႕သူသည္ အစ္ကို၊ အစ္မျဖစ္သူတို႔ႏွင့္အတူ ယင္းအိမ္တြင္  ေနထိုင္သည္။

‘‘အေမြကိစၥနဲ႔ပတ္သက္ၿပီး အစ္ကိုနဲ႔ အစ္မကို မေက်နပ္လို႔ အေမြဆိုင္အိမ္ကို မီး႐ိႈ႕တာလို႔ သိရတယ္’’ဟု ဒုရဲအုပ္ရဲႏုိင္က ေျပာသည္။

မီးေလာင္ကြၽမ္းမႈေၾကာင့္ သြပ္မိုး၊ ပ်ဥ္ခင္းႏွစ္ထပ္အိမ္တစ္ လံုး၊ သြပ္မိုး၊ ပ်ဥ္ခင္းတစ္ထပ္အိမ္ ႏွင့္ သြပ္ မိုး၊ ပ်ဥ္ခင္းႏွစ္ထပ္အိမ္တို႔ မီးေလာင္ဆံုး႐ႈံးခဲ့သည္။

‘‘မီးေလာင္တာၾကာျမင့္ခ်ိန္ နာရီဝက္နီးပါးရွိတယ္။ အိမ္ႏွစ္ လံုးက အကုန္ေျပာင္သြားတယ္။ တစ္အိမ္က နံရံအကာေလးေတြ က်န္ခဲ့တယ္။ ေဘးက တည္းခုိခန္း အေပၚပိုင္းလည္း မီးဟပ္ေလာင္ ကြၽမ္းတာ ေတြ႕ရတယ္။ လူ၊ တိရစၧာန္မီးေလာင္ထိခိုက္ဒဏ္ရာ ရတာေတာ့ မရွိဘူး။ ကာလတန္ဖိုးအရဆိုရင္ သိန္းတစ္ရာအထက္ ဆံုး႐ႈံးႏုိင္တယ္’’ဟု ေပါင္းတည္ ၿမိဳ႕ေဒသခံ ဦးေအာင္ႀကီးက ေျပာ သည္။ အဆိုပါ အေမြဆိုင္အိမ္မီး႐ိႈ႕သူအမ်ိဳးသားကို မီး႐ိႈ႕မႈရာဇသတ္ႀကီးပုဒ္မ ၄၃၆ အရ ေပါင္းတည္ ၿမိဳ႕မရဲစခန္းကအမႈဖြင့္အေရးယူထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day

#Unicode Version#
  ပေါင်းတည်မြို့တွင် အမွေ ကိစ္စမကျေနပ်သဖြင့် အမွေဆိုင် အိမ်ကို မီးရှို့ရာမှ တစ်ဆင့် လူနေ အိမ်သုံးလုံး မီးလောင်ဆုံးရှုံးခဲ့ ကြောင်း ပေါင်းတည်မြို့မရဲစခန်း တာဝန်ကျရဲအရာရှိ ဒုရဲအုပ် ရဲနိုင် က ပြောသည်။

ပေါင်းတည်မြို့ မင်းကွက် (၂)ရပ်ကွက် တာပွန်လမ်း၊ (၁၈)လမ်းနှင့် ကျောင်းဟောင်းလမ်း ကြားရှိ အမွေဆိုင်အိမ်ကို ယင်း အိမ်တွင် နေသည့် အသက် (၅၆)နှစ်အရွယ် အမျိုးသားက ဖေဖော်ဝါရီ ၂၃ ရက်နေ့လယ်၌ မီးရှို့ခဲ့သည်ဟု ၎င်းက ဆိုသည်။မီးရှို့သူသည် အစ်ကို၊ အစ်မဖြစ်သူတို့နှင့်အတူ ယင်းအိမ်တွင်  နေထိုင်သည်။

‘‘အမွေကိစ္စနဲ့ပတ်သက်ပြီး အစ်ကိုနဲ့ အစ်မကို မကျေနပ်လို့ အမွေဆိုင်အိမ်ကို မီးရှို့တာလို့ သိရတယ်’’ဟု ဒုရဲအုပ်ရဲနိုင်က ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး၊ ပျဉ်ခင်းနှစ်ထပ်အိမ်တစ် လုံး၊ သွပ်မိုး၊ ပျဉ်ခင်းတစ်ထပ်အိမ် နှင့် သွပ် မိုး၊ ပျဉ်ခင်းနှစ်ထပ်အိမ်တို့ မီးလောင်ဆုံးရှုံးခဲ့သည်။

‘‘မီးလောင်တာကြာမြင့်ချိန် နာရီဝက်နီးပါးရှိတယ်။ အိမ်နှစ် လုံးက အကုန်ပြောင်သွားတယ်။ တစ်အိမ်က နံရံအကာလေးတွေ ကျန်ခဲ့တယ်။ ဘေးက တည်းခိုခန်း အပေါ်ပိုင်းလည်း မီးဟပ်လောင် ကျွမ်းတာ တွေ့ရတယ်။ လူ၊ တိရစ္ဆာန်မီးလောင်ထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူး။ ကာလတန်ဖိုးအရဆိုရင် သိန်းတစ်ရာအထက် ဆုံးရှုံးနိုင်တယ်’’ဟု ပေါင်းတည် မြို့ဒေသခံ ဦးအောင်ကြီးက ပြော သည်။ အဆိုပါ အမွေဆိုင်အိမ်မီးရှို့သူအမျိုးသားကို မီးရှို့မှုရာဇသတ်ကြီးပုဒ်မ ၄၃၆ အရ ပေါင်းတည် မြို့မရဲစခန်းကအမှုဖွင့်အရေးယူထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top