iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအႏွံ မ်ားမ်ားစားျခင္းက က်န္းမာေရးအတြက္ အေထာက္အကူျပဳတယ္ဆိုတာ ျငင္းဖြယ္ရာ မရွိပါဘူး။

ဒါေပမဲ့ အသီးအႏွံေတြကို အခြံႏႊာ စားသင့္၊ မစားသင့္ ဆိုတာကေတာ့ အျငင္းပြားဖြယ္ ျဖစ္ေနပါတယ္။

အမ်ားစုကေတာ့ အခြံမပါဘဲ ပိုႀကိဳက္တတ္လို႔ ေသာ္လည္းေကာင္း၊ အက်င့္ျဖစ္ေနလို႔ ေသာ္လည္းေကာင္း၊ ပိုးသတ္ေဆး အႏၲရာယ္ကို ကာကြယ္လို၍ ေသာ္လည္းေကာင္း အခြံခြာ စားတတ္ၾကပါတယ္။ ဒါေပမဲ့ ဒီလို အခြံႏႊာစားျခင္းအားျဖင့္ အာဟာရဓာတ္ေတြ ဆံုး႐ႈံးသြားေစႏိုင္ပါတယ္။

ဒီေဆာင္းပါးမွာ ဘယ္အသီးအႏွံေတြကို ဘယ္လိုစားသင့္တယ္ဆိုတာကို သိပၸံနည္းက် ေလ့လာသံုးသပ္ျပထားပါတယ္။

 အသီးအႏွံေပၚ မူတည္ၿပီး ပါဝင္တဲ့ အာဟာရဓာတ္ပမာဏ ကြာျခားႏိုင္ပါတယ္။ ဒါေပမဲ့ ေယဘုယ်အားျဖင့္ အခြံမခြာထားတဲ့ အသီးအႏွံေတြမွာ အခြံခြာထားတဲ့ အသီးအႏွံေတြထက္ ဗီတာမင္ဓာတ္၊ သတၱဳဓာတ္မ်ားႏွင့္ က်န္းမာေရးအက်ိဳးျပဳဓာတ္မ်ား ပိုမိုပါဝင္တာကို ေတြ႕ရပါတယ္။

သစ္သီးဝလံ အခြံေတြမွာ အမွ်င္ဓာတ္နဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္း (Antioxidant) မ်ား အမ်ားအျပား ပါဝင္တာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ အသီးအႏွံေတြကို အခြံမခြာဘဲ စားျခင္းက က်န္းမာေရး အာဟာရဓာတ္ ပိုမိုရရွိေစႏုိင္ပါတယ္။

1.အခြံေတြမွာ ခႏၶာကိုယ္အက်ိဳးျပဳ အာဟာရဓာတ္မ်ားနဲ႔ ျပည့္ဝေနပါတယ္။

ဟင္းသီးဟင္းရြက္၊ သစ္သီးဝလံ အခြံေတြမွာ အမွ်င္ဓာတ္၊ ဗီတာမင္ဓာတ္၊ သတၱဳဓာတ္မ်ားနဲ႔ ဓာတ္တိုးဆန္႔က်င္ပစၥည္းမ်ား အမ်ားအျပား ပါဝင္ပါတယ္။ ဒါေၾကာင့္ အခံြေရာ၊ အသီးေရာ စားသံုးျခင္းက အာဟာရ ပိုရွိေစႏိုင္ပါတယ္။

2.အခြံေတြက ပိုမိုၾကာၾကာ ဗိုက္ျပည့္ေစႏိုင္ပါတယ္။

အခြံေတြမွာ အမွ်င္ဓာတ္ေတြ ျပည့္ဝစြာ ပါဝင္တဲ့အတြက္ အစာခံေစၿပီး အခ်ိန္ၾကာၾကာ ဗိုက္ျပည့္ေစႏိုင္ပါတယ္။

3.ေရာဂါတခ်ိဳ႕ကို ကာကြယ္ေပးႏိုင္ပါတယ္။

အခြံမခြာဘဲ စားသံုးေပးျခင္းျဖင့္ ဓာတ္တိုးဆန္႔က်င္ပစၥည္း (Antioxidant) မ်ားေၾကာင့္ ဓာတ္တိုးပ်က္စီးျခင္းကို ကာကြယ္ႏိုင္ၿပီး ေရာဂါတခ်ိဳ႕ကို ကာကြယ္ေပးႏိုင္ပါတယ္။

4. တခ်ိဳ႕အခြံေတြကေတာ့ စားဖို႔ မလြယ္ကူပါဘူး။

အခ်ိဳ႕အခြံေတြဟာ စားလို႔မရတာမ်ိဳး၊ အစာမေၾကႏိုင္တာမ်ိဳး၊ သန္႔ရွင္းရ မလြယ္ကူတာမ်ိဳး၊ အခြံမာတာမ်ိဳးေတြ ရွိပါတယ္။ ဒီလိုအသီးမ်ိဳးကိုေတာ့ အခြံ ႏႊာစားတာဟာ အေကာင္းဆံုး ျဖစ္ပါတယ္။

5. အခြံေတြမွာ ပိုးသတ္ေဆးေတြ ပါေနတတ္ပါတယ္။

လတ္လတ္ဆတ္ဆတ္ အသီးအႏွံေတြမွာ ပိုးသတ္ေဆးပမာဏဟာ အသီးတစ္ခုလံုးမွာ ညီညီမွ်မွ် ပ်ံ႕ႏွ႔ံေနတတ္ပါတယ္။ ဒါေၾကာင့္ အခြံႏႊာစားတာဟာ ေရေဆးၿပီး ဒီအတိုင္း စားတာနဲ႔ သိပ္ေတာ့ မကြာျခားလွပါဘူး။

6.ဘယ္အသီး အရြက္ေတြက စားသံုးဖို႔ သင့္ေတာ္သလဲ။

နာနတ္သီး၊ ၾကက္သြန္ျဖဴနဲ႔ ဖရဲသီး စတာေတြဟာ အခြံ ခြာစားတာ အေကာင္းဆံုးျဖစ္ၿပီး ပန္းသီး၊ ခရမ္းသီးနဲ႔ ဇီးသီး စတာေတြကေတာ့ အခြံပါ စားႏိုင္ပါတယ္။

အက်ဥ္းခ်ဳပ္အေနနဲ႔

အခြံေတြမွာ အမွ်င္ဓာတ္၊ သတၱဳဓာတ္၊ ဗီတာမင္ဓာတ္နဲ႔ ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြ ျပည့္ဝစြာ ပါဝင္တဲ့အတြက္ အာဟာရဓာတ္ ျပည့္ဝတဲ့ အစိတ္အပိုင္းတစ္ခုပဲ ျဖစ္ပါတယ္။

အခ်ိဳ႕အသီးအႏွံေတြဟာ သန္႔ရွင္းရ မလြယ္ကူတာ၊ အစာေခ်ရ ခက္ခဲတာ၊ ခါးတာ၊ စားလု႔ိမရတာ စတဲ့ အခ်က္ေတြေၾကာင့္ အခြံခြာၿပီး စားဖို႔ လိုအပ္ပါတယ္။

 ဒါေပမဲ့ အသီး ေတာ္ေတာ္မ်ားမ်ားကေတာ့ အခြံပါ တစ္ပါတည္း စားသံုးႏိုင္ပါတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္  အသီးအႏွံမ်ားကို အခြံ မခြာဘဲ စားသံုးၾကဖို႔ အႀကံျပဳခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အသီးအနှံ များများစားခြင်းက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး။

ဒါပေမဲ့ အသီးအနှံတွေကို အခွံနွှာ စားသင့်၊ မစားသင့် ဆိုတာကတော့ အငြင်းပွားဖွယ် ဖြစ်နေပါတယ်။

အများစုကတော့ အခွံမပါဘဲ ပိုကြိုက်တတ်လို့ သော်လည်းကောင်း၊ အကျင့်ဖြစ်နေလို့ သော်လည်းကောင်း၊ ပိုးသတ်ဆေး အန္တရာယ်ကို ကာကွယ်လို၍ သော်လည်းကောင်း အခွံခွာ စားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို အခွံနွှာစားခြင်းအားဖြင့် အာဟာရဓာတ်တွေ ဆုံးရှုံးသွားစေနိုင်ပါတယ်။

ဒီဆောင်းပါးမှာ ဘယ်အသီးအနှံတွေကို ဘယ်လိုစားသင့်တယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာသုံးသပ်ပြထားပါတယ်။

 အသီးအနှံပေါ် မူတည်ပြီး ပါဝင်တဲ့ အာဟာရဓာတ်ပမာဏ ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့် အခွံမခွာထားတဲ့ အသီးအနှံတွေမှာ အခွံခွာထားတဲ့ အသီးအနှံတွေထက် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များနှင့် ကျန်းမာရေးအကျိုးပြုဓာတ်များ ပိုမိုပါဝင်တာကို တွေ့ရပါတယ်။

သစ်သီးဝလံ အခွံတွေမှာ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) များ အများအပြား ပါဝင်တာကို တွေ့ရပါတယ်။ ဒါကြောင့် အသီးအနှံတွေကို အခွံမခွာဘဲ စားခြင်းက ကျန်းမာရေး အာဟာရဓာတ် ပိုမိုရရှိစေနိုင်ပါတယ်။

1.အခွံတွေမှာ ခန္ဓာကိုယ်အကျိုးပြု အာဟာရဓာတ်များနဲ့ ပြည့်ဝနေပါတယ်။

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ အခွံတွေမှာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်များနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် အခွံရော၊ အသီးရော စားသုံးခြင်းက အာဟာရ ပိုရှိစေနိုင်ပါတယ်။

2.အခွံတွေက ပိုမိုကြာကြာ ဗိုက်ပြည့်စေနိုင်ပါတယ်။

အခွံတွေမှာ အမျှင်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် အစာခံစေပြီး အချိန်ကြာကြာ ဗိုက်ပြည့်စေနိုင်ပါတယ်။

3.ရောဂါတချို့ကို ကာကွယ်ပေးနိုင်ပါတယ်။

အခွံမခွာဘဲ စားသုံးပေးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) များကြောင့် ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်နိုင်ပြီး ရောဂါတချို့ကို ကာကွယ်ပေးနိုင်ပါတယ်။

4. တချို့အခွံတွေကတော့ စားဖို့ မလွယ်ကူပါဘူး။

အချို့အခွံတွေဟာ စားလို့မရတာမျိုး၊ အစာမကြေနိုင်တာမျိုး၊ သန့်ရှင်းရ မလွယ်ကူတာမျိုး၊ အခွံမာတာမျိုးတွေ ရှိပါတယ်။ ဒီလိုအသီးမျိုးကိုတော့ အခွံ နွှာစားတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

5. အခွံတွေမှာ ပိုးသတ်ဆေးတွေ ပါနေတတ်ပါတယ်။

လတ်လတ်ဆတ်ဆတ် အသီးအနှံတွေမှာ ပိုးသတ်ဆေးပမာဏဟာ အသီးတစ်ခုလုံးမှာ ညီညီမျှမျှ ပျံ့နှံ့နေတတ်ပါတယ်။ ဒါကြောင့် အခွံနွှာစားတာဟာ ရေဆေးပြီး ဒီအတိုင်း စားတာနဲ့ သိပ်တော့ မကွာခြားလှပါဘူး။

6.ဘယ်အသီး အရွက်တွေက စားသုံးဖို့ သင့်တော်သလဲ။

နာနတ်သီး၊ ကြက်သွန်ဖြူနဲ့ ဖရဲသီး စတာတွေဟာ အခွံ ခွာစားတာ အကောင်းဆုံးဖြစ်ပြီး ပန်းသီး၊ ခရမ်းသီးနဲ့ ဇီးသီး စတာတွေကတော့ အခွံပါ စားနိုင်ပါတယ်။

အကျဉ်းချုပ်အနေနဲ့

အခွံတွေမှာ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက် အာဟာရဓာတ် ပြည့်ဝတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

အချို့အသီးအနှံတွေဟာ သန့်ရှင်းရ မလွယ်ကူတာ၊ အစာချေရ ခက်ခဲတာ၊ ခါးတာ၊ စားလု့ိမရတာ စတဲ့ အချက်တွေကြောင့် အခွံခွာပြီး စားဖို့ လိုအပ်ပါတယ်။

 ဒါပေမဲ့ အသီး တော်တော်များများကတော့ အခွံပါ တစ်ပါတည်း စားသုံးနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်  အသီးအနှံများကို အခွံ မခွာဘဲ စားသုံးကြဖို့ အကြံပြုချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top