AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အဓမၼၿပဳက်င့္မႈဆုိတာ လိင္ပိုင္းဆုိင္ရာ ေစာ္ကားၿခင္း (Sexual assault) ပံုစံတစ္မ်ိဳးၿဖစ္ၿပီး အသက္အရြယ္မေရြး၊ က်ားမမေရြး ၾကံဳေတြ႔ရႏိုင္တဲ့ကိစၥ ၿဖစ္ပါတယ္။ မိန္းမကိုယ္ သို႔မဟုတ္ စအုိထဲကို လိင္အဂၤါ၊ ခႏၶာကိုယ္အစိတ္အပုိင္းတစ္ခုခု (ဥပမာ လက္ေခ်ာင္း)၊ ၿပင္ပပစၥည္းတခုခု အလိုမတူဘဲ ထုိးသြင္းၿခင္းကို အဓမၼၿပဳက်င့္မႈေၿမာက္တယ္လို႔ သတ္မွတ္ပါတယ္။ အသက္ငယ္ရြယ္တဲ့ ကေလးေတြဆုိရင္ေတာ့ အလိုတူၿခင္း၊ မတူၿခင္းကို စဥ္းစားစရာ မလိုဘဲ ထုိးသြင္းမႈရွိတယ္ဆုိတာနဲ႔ အဓမၼၿပဳက်င့္မႈအၿဖစ္ သတ္မွတ္လုိ႔ရပါတယ္။

အရင္ကေတာ့ အဲဒီလို္အဓမၼက်င့္ခံရသူတစ္ေယာက္ကုိ Victim နစ္နာခံစားရသူုလို႕ ေၿပာခဲ့ၾကပါတယ္။ ခုေတာ့ အဲဒီအသံုးအႏႈန္းအစား Survivor ရွင္သန္က်န္ရစ္သူလို႔ သံုးပါတယ္။ သေဘာကေတာ့ ဒီလိုအၿဖစ္ဆုိးမ်ိဳး ၾကံဳခဲ့ရတာေတာင္ ရွင္သန္ႏုိ္းထႏုိ္င္သူအၿဖစ္ စိတ္ခြန္အားေပးခ်င္တာေၾကာင့္ ၿဖစ္ပါတယ္။

အဲဒီလို ရွင္သန္က်န္ရစ္သူတစ္ေယာက္မွာ ရွိေနႏုိင္တဲ့ လိုအပ္ခ်က္ေတြ အမ်ားၾကီးရွိပါတယ္။ ရုပ္ပုိင္းဆုိ္င္ရာ၊ စိတ္ပုိင္းဆုိင္ရာ၊ လူမႈေရးပုိင္းဆုိ္င္ရာ၊ တရားဥပေဒနဲ႕ လံုျခံဳေရးအကာအကြယ္ေတြ စသျဖင့္ လိုအပ္ပါတယ္။ အဲဒီထဲကမွ ရုပ္ပုိင္းဆုိင္ရာ လိုအပ္ခ်က္ေတြအေၾကာင္းကို Hello Sayarwon ကတစ္ဆင့္ ေျပာျပလိုပါတယ္။

(၁) ထိခုိက္ဒဏ္ရာမ်ား ကုသေပးၿခင္း

အဓမၼက်င့္ခံရတာ ၿဖစ္တဲ့အတြက္ လူခႏၶာကိုယ္မွာ ထိခုိက္ဒဏ္ရာရေနတာမ်ိဳးေတြ ရွိႏုိင္ပါတယ္။ ဒါေတြကို ကုသေပးရမယ္။ ပြန္းပဲ့တာ၊ အညိဳအမဲစြဲတာေတြကေတာ့ သူ႕အလုိအေလ်ာက္ ေပ်ာက္ကင္းသြားတတ္ၿပီး သန္႕ရွင္းေရးလုပ္ေပးဖုိ႔သာ လိုပါတယ္။ ေနာက္ၿပီး လိုအပ္ရင္ ေမးခုိင္ကာကြယ္ေဆး ထုိးေပးရပါမယ္။

(၂) ကုိယ္၀န္တားေပးၿခင္း

အလိုမတူဘဲ လိင္ဆက္ဆံမႈရွိၿပီးရင္ ေနာက္ထပ္ သတိထားသင့္တဲ့ ၿပႆနာကေတာ့ ကုိယ္၀န္မရသြားေအာင္ တားဖုိ႔ပါပဲ။ ဒီအတြက္ အေရးေပၚကုိယ္၀န္တားေဆး ေသာက္ႏုိင္ပါတယ္။ အဲဒီလိုေသာက္ဖို႔လည္း က်န္းမာေရး၀န္ထမ္းတစ္ေယာက္ေယာက္ရဲ႕ အကူအညီ မလိုအပ္ပါဘူး။ ေဆးဆုိင္ေတြကေန အလြယ္တကူ ၀ယ္ေသာက္ႏုိင္ပါတယ္။ ေဆးလံုး(၂)လံုး ပါတဲ့ ေဆးေတြ ရွိသလို၊ တစ္လံုးတည္းပါတဲ့ ေဆးေတြလည္း ရွိပါတယ္။ အဲဒီေဆးကုိ ၿပဳက်င့္ခံရၿပီး နာရီ(၁၂၀)အတြင္း ေသာက္ရင္ ကုိယ္၀န္ရႏုိင္ေခ်ကုိ ၈၇% ေလာက္ ေလွ်ာ့ခ်ေပးပါတယ္။ နာရီ(၁၂၀)ဆုိေပမယ့္ ေစာေစာေသာက္ေလ အာနိသင္ပုိေကာင္းေလပါပဲ။ ဒီေဆးက ကုိယ္၀န္ပ်က္က်ေစတဲ့ေဆး မဟုတ္လို႔ မေတာ္တဆ ကုိယ္၀န္ရွိႏွင့္ေနရင္လည္း ဘာၿပႆနာမွမရွိပါဘူး။

အသံုးၿပဳပံုကေတာ့ ေဆးလံုးႏွစ္လံုးစလံုးကို တစ္ၿပိဳင္တည္းေသာက္ပါ။ (တစ္လံုးတည္းပါတဲ့ ေဆးကတ္ဆုိလွ်င္လည္း အဲဒီတစ္လံုးတည္းကို ေသာက္လုိက္ပါ) ႏွစ္နာရီအတြင္း အန္ထြက္လွ်င္ ထပ္ေသာက္စရာ လိုမွာၿဖစ္ၿပီး၊ ထပ္အန္တယ္ဆုိရင္ေတာ့ အအန္ေပ်ာက္ေဆးနဲ႕ တြဲေသာက္ႏုိင္ပါတယ္။

ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ ေဆးေသာက္ၿပီး ရက္အနည္းငယ္အတြင္းမွာ ေသြးဆင္းတတ္တာ၊ ပံုမွန္ရာသီလာရမည္႕ရက္ထက္ ေနာက္က်ၿပီးမွ ေပၚတာ၊ ေခါင္းမူး၊ ေခါင္းကုိက္၊ ဗုိက္ေအာင့္၊ ပ်ိဳ႕အန္၊ ရင္သားတင္းၿပီးနာတာေတြ ၿဖစ္တတ္ပါတယ္။ သိေစခ်င္တာကေတာ့ ရာသီလာရက္ ေနာက္က်သြားတတ္တာကိုပါပဲ။ ဒါကိုသိမထားရင္ ေဆးေသာက္လို္က္ၿပီး ပံုမွန္ေပၚရမယ့္ရက္ မေပၚတဲ့အခါ ကိုယ္၀န္မ်ားရသြားၿပီလားဆုိၿပီး စိတ္ပူတတ္ၾကလုိ႔ပါပဲ။

ေနာက္ထပ္သိေစခ်င္တာ ႏွစ္ခု ရွိပါေသးတယ္။ ပထမတစ္ခုကေတာ့ ရာသီမေပၚေသးတဲ့ အရြယ္ဆုိရင္လည္း ေဆးတုိက္ဖုိ႔လုိမယ္ဆုိတာပါပဲ။ မိန္းကေလးတစ္ေယာက္ရဲ႕ ခႏၶာကုိယ္ထဲမွာ အပ်ိဳစၿဖစ္ၿပီဆုိတာနဲ႕ မမ်ိဳးဥေၾကြပါတယ္၊ အဲဒီေၾကြလိုက္တဲ့ မမ်ိဳးဥေလးက သုက္ပုိးနဲ႕မဆံုလိုက္ရလုိ႕ မ်ိဳးမေအာင္ခဲ့ရင္ ေသသြားတယ္၊ အဲဒီမမ်ိဳးဥေလးရယ္၊ သားအိမ္နံရံက အလႊာေတြရယ္ ေပါင္းၿပီး ၿပင္ပကုိ ဆင္းလာတာကိုမွ ရာသီလာတယ္လို႔ ေခၚၾကတာ ၿဖစ္ပါတယ္။ အဲဒီအခါ ဒီမိန္းကေလး အပ်ိဳၿဖစ္ၿပီ သတ္မွတ္ၾကတာေပါ့။ သေဘာက အပ်ိဳၿဖစ္ၿပီဆုိတာ သိဖို႔၊ ရာသီေသြးဆင္းလာဖုိ႔အတြက္ ခႏၶာကုိယ္ထဲမွာ မမ်ိဳးဥေလးက အရင္ေၾကြရပါတယ္။ သုက္ပုိးနဲ႕ မေပါင္းၿဖစ္လိုက္လို႔သာ အၿပင္ကုိ ရာသီေသြးအၿဖစ္နဲ႕ ဆင္းလာတာပါ။ ဒီေတာ့ ကံဆုိးစြာနဲ႕ ပထမဆံုး မမ်ိဳးဥေၾကြတဲ့လ (သုက္ပိုးနဲ႕သာ မေပါင္းလိုက္ရရင္ ရာသီေပၚၿပီး အပ်ိဳရယ္လို႔ ၿဖစ္ေတာ့မယ့္လ) မွာ တုိက္တုိက္ဆုိင္ဆုိင္ အဓမၼအက်င့္ခံလိုက္ရၿပီး သုက္ပုိးနဲ႕ေပါင္းသြားရင္ ရာသီမေပၚေသးဘဲ ကုိယ္၀န္တစ္ခါတည္းရသြားတာမ်ိဳး ၿဖစ္တတ္ပါတယ္။ ဒါေၾကာင့္မို႕ ရာသီမေပၚေသးတဲ့အရြယ္ဆုိလည္း ေဆးတုိက္ဖုိ႔လိုတယ္လုိ႔ ေၿပာရတာၿဖစ္ပါတယ္။ သိပ္ငယ္လြန္းေသးရင္ေတာ့ မလိုေသးေပမယ့္ အသက္(၁၀)ႏွစ္နဲ႕အထက္ဆုိရင္ေတာ့ တုိက္သင့္ပါတယ္။

ေနာက္တစ္ခုကေတာ့ အေရးေပၚကုိယ္၀န္တားနည္းအေနနဲ႕ ဒီေဆးအၿပင္ သားအိမ္တြင္းထည္႔ပစၥည္းကိုလည္း အသံုးၿပဳလို႔ရႏုိင္တယ္ ဆုိတာပါပဲ။ သူ႕ကုိလည္း အဓမၼၿပဳက်င့္ခံရအၿပီး နာရီ(၁၂၀)အတြင္း ထည္႔လို႕ရတယ္။ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ ရွိေနတယ္၊ ကူးစက္ခံရႏုိင္ေခ် မ်ားတယ္ဆုိရင္ေတာ့ မထည္႔သင့္ပါဘူး။ အိမ္ေထာင္သည္ေတြအေနနဲ႕ဆုိရင္ ဒီပစၥည္းထည္႔ၿပီးရင္ ပံုမွန္သားဆက္ၿခားပစၥည္းအေနနဲ႕ပါ ဆက္သံုးထားလုိ႔ ရပါတယ္။ သူက ဆရာ၀န္၊ ဆရာမက ထည္႔ေပးမွရမယ္၊ ေဆးထက္ ပုိၿပီးအာနိသင္ေကာင္းတယ္။ သူ႕ကုိ မထည္႔ခင္မွာ ဒီအမ်ိဳးသမီးမွာ ကုိယ္၀န္ရွိမေနတာေတာ့ ေသခ်ာဖုိ႔လိုတယ္။ ေနာက္ၿပီး ထည္႔ရတဲ့ပံုစံအရ အဓမၼၿပဳက်င့္ခံရတဲ့အၿဖစ္ကုိ ၿပန္အမွတ္ရေစတာမို႕ စိတ္ပုိင္းဆုိင္ရာ ထိခုိ္က္မႈၿပန္ၿဖစ္မွာကုိေတာ့ သတိထားဖုိ႔ လိုပါမယ္။

(၃) လိင္မွတစ္ဆင့္ ကူးစက္ေသာ ေရာဂါမ်ား ကာကြယ္ေပးျခင္း

အၾကမ္းဖက္မႈပံုစံၿဖစ္တဲ့အတြက္ ထိခုိက္နာက်င္မႈ ပုိမ်ားၿပားပါတယ္။ ၿပဳက်င့္သူထက္ ၿပဳက်င့္ခံရသူဆီ ေရာဂါပိုးကူးစက္ႏုိင္ေခ်ကလည္း ပိုမ်ားတာေၾကာင့္ အထူးဂရုစိုက္ဖုိ႔ လိုပါတယ္။

HIV ပိုး

အဓမၼက်င့္ခံရၿပီးရင္ HIV ပုိးကူးစက္မႈကို ကာကြယ္ႏုိင္ဖို႕အတြက္ ေဆးေသာက္လို႔ရပါတယ္။ Post-Exposure Prophylaxis (PEP) လို႕ေခၚၿပီး ေဆးရံု၊ေဆးခန္းတခ်ိဳ႕မွာ ရႏုိင္ပါတယ္။ အေရးၾကီးတဲ့အခ်က္ကေတာ့ ၿဖစ္ၿပီး(၇၂)နာရီအတြင္းမွာ စေသာက္ဖုိ႔လိုပါတယ္။ (၇၂)နာရီေက်ာ္သြားရင္ မထိေရာက္ေတာ့ပါဘူး။ ဒီေဆးေသာက္မခင္ HIV ပိုးရွိေနလား မရွိေနလားကို စစ္ေဆးႏုိင္ရင္ေတာ့ ေကာင္းပါတယ္။ ဒါေပမယ့္ စစ္ၿပီးမွ တုိက္ရမယ္ေတာ့ မဟုတ္ပါဘူး၊ စစ္ရခက္ေနမယ္၊ ေဆးက တုိက္ဖို႔လြယ္တယ္ဆုိရင္ေတာ့ အရင္တုိက္လိုက္သင့္ပါတယ္။ အေရးေပၚကုိယ္၀န္တားေဆးနဲ႕ မတူတာကေတာ့ ေဆးေသာက္သင့္၊ မေသာက္သင့္ကုိ ဆရာ၀န္နဲ႕ေသခ်ာတုိင္ပင္ၿပီးမွ ဆံုးၿဖတ္သင့္တာပါပဲ။ ေသာက္မယ္ဆုိရင္ တစ္ေန႕(၂)ၾကိမ္နဲ႕ ၂၈ရက္ဆက္တုိုက္ေသာက္ရမယ္၊ ၿပတ္သြားလို႔မရဘူး၊ ေနာက္ ေဘးထြက္ဆုိးက်ိဳးေတြလည္း မ်ားတယ္။ ဒါေၾကာင့္မို႕ လိုအပ္တယ္၊ ေသာက္သင့္တယ္၊ ေသာက္လည္း ေသာက္ႏုိင္တယ္ဆုိမွ ေပးရပါမယ္။ မိန္းမကုိယ္ သုိ႔မဟုတ္ စအုိ၀ႏွင့္ လိင္ဆက္ဆံခံလုိက္ရရင္၊ ထိခုိုက္ဒဏ္ရာ ၾကီးၾကီးမားမား ရလာခဲ့ၿပီး ၿပဳက်င့္သူ၏ သုတ္၊ ေသြးတို႔နဲ႕ ထိေတြ႔မႈ ရွိခဲ့ရင္ ေဆးေသာက္ဖုိ႔ လိုေကာင္းလုိပါမယ္။ ကုိယ္၀န္ေဆာင္မိခင္ေတြ၊ ကေလးသူငယ္ေတြလည္း လိုအပ္တယ္ဆို ေသာက္လုိ႔ရပါတယ္။ ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ေတာ့ ပ်ိဳ႔အန္ၿခင္း၊ ေမာပန္းလြယ္ၿခင္း၊ အားနည္းၿခင္း၊ အိပ္မေပ်ာ္ ေခါင္းကုိက္ၿခင္း၊ ႏံုးေခြၿခင္း၊ ရွားရွားပါးပါးအေနၿဖင့္ အသည္းထိခုိက္ၿခင္း၊ ေသြးအားနည္းတို႕ ၿဖစ္တတ္ပါတယ္။ ေဆးမတုိက္ခင္ ေဘးထြက္ဆုိးက်ိဳးေတြကို တိတိ်က်က် ရွင္းလင္းေၿပာဆုိလုိက္ဖုိ႔ အေရးၾကီးၿပီး၊ ၿဖစ္လာခဲ့ရင္လည္း ေဆးကို ရပ္မပစ္ဘ၊ လိုအပ္တဲ့ ၿပဳစုကုသမႈခံယူဖို႔ အေရးၾကီးပါတယ္။ ေဆးစေသာက္ၿပီး တစ္ပတ္အၾကာမွာ ဆရာ၀န္နဲ႕ ၿပန္လည္ၿပသဖို႔ လိုပါမယ္၊ ၿဖစ္စဥ္အၿပီး ၃လေနတဲ့အခါမွာ HIV ပုိးကူးသြားမသြား သိဖုိ႔အတြက္ ေသြးစစ္ေဆးဖုိ႔ လိုပါမယ္။

အသားေရာင္အသား၀ါ B ပိုး

HIV ပုိးထက္ ကူးစက္ခံရႏုိင္ေခ် ပိုမ်ားၿပီး ကာကြယ္ေဆးမထုိးဖူးသူ၊ ၿပီးေၿမာက္ေအာင္ မထုိးရေသးသူအားလံုးကို ကာကြယ္ေဆးထုိးေပးဖုိ႔ လိုပါတယ္။ ၿဖစ္ၿပီး ၁၄ရက္အတြင္းမွာ ထုိးေပးႏုိင္ရင္ ပိုေကာင္းပါတယ္။ စုစုေပါင္း ၃လံုးထုိးရမွာၿဖစ္ၿပီး ကိုယ္၀န္ေဆာင္မ်ား၊ ကေလးမ်ားအတြက္လည္း စိတ္ခ်လက္ခ် အသံုးၿပဳလို႔ရပါတယ္။

ကာလသားေရာဂါမ်ား

အၿဖစ္မ်ားတဲ့ေရာဂါေတြအတြက္ သင့္ေတာ္တဲ့ပုိးသတ္ေဆးမ်ား ေပးၿပီး ကာကြယ္ႏုိင္ပါတယ္။ ၿဖစ္ၿပီး ၇၂နာရီအတြင္း ေသာက္ႏုိင္ရင္ အေကာင္းဆံုးပါပဲ။ ပိုးသတ္ေဆးေပးရမွာ ၿဖစ္တဲ့အတြက္ ေဆးမေပးခင္ ကုိယ္၀န္ရွိမရွိ စစ္ေဆးၾကည္႔ဖုိ႔ လိုပါတယ္။ ေနာက္ပုိင္းမွာ ေရာဂါလကၡဏာေတြ ေပၚလာရင္လည္း ေဆးခန္းၿပန္လာၿပဖို႔ လိုပါမယ္။

ခုေလာက္ဆုိရင္ အဓမၼၿပဳက်င့္ခံရၿပီး ကုိယ္၀န္တားႏုိင္ဖုိ႔နဲ႕ ေရာဂါကာကြယ္ႏုိင္ဖို႔အတြက္ ၿဖစ္ၿပီးရက္အနည္းငယ္အတြင္း က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူႏုိင္ဖို႔ဟာ ဘယ္ေလာက္အေရးၾကီးမွန္း သိေလာက္ပါၿပီ။ လက္ေတြ႕မွာေတာ့ ၿပဳက်င့္ခံရသူအမ်ားစုဟာ အရွက္တရားနဲ႕ ပတ္၀န္းက်င္ရဲ႕ ကဲ့ရဲ႕မႈတို႕ကို ေၾကာက္ရြံတာေတြေၾကာင့္ လအေတာ္ၾကာမွ၊ ကုိယ္၀န္ေပၚလာမွ ထုတ္ေၿပာတတ္ၾကပါတယ္။ ဒါေၾကာင့္မို႕ က်န္းမာေရးေစာင့္ေရွာက္မႈေတြ အခ်ိန္မီရရွိႏုိင္ေအာင္ မိန္းကေလးမ်ားကုိယ္တုိင္က အသိပညာရွိေနဖို႔လိုသလို မိဘအုပ္ထိန္းသူမ်ားရဲ႕ အခန္းက႑ကလည္း အေရးၾကီးပါတယ္။ သမီးကုိအၿပစ္တင္တာ၊ ဆူပူတာ၊ ရွက္စရာမဟုတ္ဘဲ ရွက္ေနတာမ်ိဳးေတြ လုပ္ေနရင္ ကာယကံရွင္က ဖြင့္ေၿပာလာမွာ မဟုတ္ပါဘူး။ အဲဒီလိုပဲ ပတ္၀န္းက်င္အသုိင္းအ၀ုိင္းကလည္း အေရးၾကီးပါတယ္။ ဒီလိုမ်ိဳးၾကံဳေတြ႕လိုက္ရသူကုိ ပတ္၀န္းက်င္က ကဲ့ရဲ႕တာ၊ အၿပစ္တင္တာ၊ အထင္ေသးတာ၊ ေယာက်ာ္းမ်ားက ယိသဲ့သဲ့ေၿပာတာ၊ ေစာ္ကားတာ၊ ႏွိမ့္ခ်တာလုပ္ေနရင္လည္း မိန္းကေလးေတြအေနနဲ႕ ထုတ္ေဖာ္ေၿပာဖုိ႔ တြန္႕ဆုတ္ေနႏုိင္ပါတယ္။ ဒါေၾကာင့္မို႕ လိုအပ္တဲ့ အသိပညာေတြ ေပးထားဖုိ႕လိုသလုိ၊ ပတ္၀န္းက်င္အသိုင္းအ၀ုိင္းကလည္း ေဖးမရပ္တည္ေပးဖို႕ သိပ္အေရးၾကီးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
အဓမ္မပြုကျင့်မှုဆိုတာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexual assault) ပုံစံတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မိန်းမကိုယ် သို့မဟုတ် စအိုထဲကို လိင်အင်္ဂါ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ လက်ချောင်း)၊ ပြင်ပပစ္စည်းတခုခု အလိုမတူဘဲ ထိုးသွင်းခြင်းကို အဓမ္မပြုကျင့်မှုမြောက်တယ်လို့ သတ်မှတ်ပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေဆိုရင်တော့ အလိုတူခြင်း၊ မတူခြင်းကို စဉ်းစားစရာ မလိုဘဲ ထိုးသွင်းမှုရှိတယ်ဆိုတာနဲ့ အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ်လို့ရပါတယ်။

အရင်ကတော့ အဲဒီလိုအဓမ္မကျင့်ခံရသူတစ်ယောက်ကို Victim နစ်နာခံစားရသူုလို့ ပြောခဲ့ကြပါတယ်။ ခုတော့ အဲဒီအသုံးအနှုန်းအစား Survivor ရှင်သန်ကျန်ရစ်သူလို့ သုံးပါတယ်။ သဘောကတော့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတာတောင် ရှင်သန်နိုးထနိုင်သူအဖြစ် စိတ်ခွန်အားပေးချင်တာကြောင့် ဖြစ်ပါတယ်။

အဲဒီလို ရှင်သန်ကျန်ရစ်သူတစ်ယောက်မှာ ရှိနေနိုင်တဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ တရားဥပဒေနဲ့ လုံခြုံရေးအကာအကွယ်တွေ စသဖြင့် လိုအပ်ပါတယ်။ အဲဒီထဲကမှ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေအကြောင်းကို Hello Sayarwon ကတစ်ဆင့် ပြောပြလိုပါတယ်။

(၁) ထိခိုက်ဒဏ်ရာများ ကုသပေးခြင်း

အဓမ္မကျင့်ခံရတာ ဖြစ်တဲ့အတွက် လူခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရနေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါတွေကို ကုသပေးရမယ်။ ပွန်းပဲ့တာ၊ အညိုအမဲစွဲတာတွေကတော့ သူ့အလိုအလျောက် ပျောက်ကင်းသွားတတ်ပြီး သန့်ရှင်းရေးလုပ်ပေးဖို့သာ လိုပါတယ်။ နောက်ပြီး လိုအပ်ရင် မေးခိုင်ကာကွယ်ဆေး ထိုးပေးရပါမယ်။

(၂) ကိုယ်ဝန်တားပေးခြင်း

အလိုမတူဘဲ လိင်ဆက်ဆံမှုရှိပြီးရင် နောက်ထပ် သတိထားသင့်တဲ့ ပြဿနာကတော့ ကိုယ်ဝန်မရသွားအောင် တားဖို့ပါပဲ။ ဒီအတွက် အရေးပေါ်ကိုယ်ဝန်တားဆေး သောက်နိုင်ပါတယ်။ အဲဒီလိုသောက်ဖို့လည်း ကျန်းမာရေးဝန်ထမ်းတစ်ယောက်ယောက်ရဲ့ အကူအညီ မလိုအပ်ပါဘူး။ ဆေးဆိုင်တွေကနေ အလွယ်တကူ ဝယ်သောက်နိုင်ပါတယ်။ ဆေးလုံး(၂)လုံး ပါတဲ့ ဆေးတွေ ရှိသလို၊ တစ်လုံးတည်းပါတဲ့ ဆေးတွေလည်း ရှိပါတယ်။ အဲဒီဆေးကို ပြုကျင့်ခံရပြီး နာရီ(၁၂၀)အတွင်း သောက်ရင် ကိုယ်ဝန်ရနိုင်ချေကို ၈၇% လောက် လျှော့ချပေးပါတယ်။ နာရီ(၁၂၀)ဆိုပေမယ့် စောစောသောက်လေ အာနိသင်ပိုကောင်းလေပါပဲ။ ဒီဆေးက ကိုယ်ဝန်ပျက်ကျစေတဲ့ဆေး မဟုတ်လို့ မတော်တဆ ကိုယ်ဝန်ရှိနှင့်နေရင်လည်း ဘာပြဿနာမှမရှိပါဘူး။

အသုံးပြုပုံကတော့ ဆေးလုံးနှစ်လုံးစလုံးကို တစ်ပြိုင်တည်းသောက်ပါ။ (တစ်လုံးတည်းပါတဲ့ ဆေးကတ်ဆိုလျှင်လည်း အဲဒီတစ်လုံးတည်းကို သောက်လိုက်ပါ) နှစ်နာရီအတွင်း အန်ထွက်လျှင် ထပ်သောက်စရာ လိုမှာဖြစ်ပြီး၊ ထပ်အန်တယ်ဆိုရင်တော့ အအန်ပျောက်ဆေးနဲ့ တွဲသောက်နိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်းမှာ သွေးဆင်းတတ်တာ၊ ပုံမှန်ရာသီလာရမည့်ရက်ထက် နောက်ကျပြီးမှ ပေါ်တာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ ပျို့အန်၊ ရင်သားတင်းပြီးနာတာတွေ ဖြစ်တတ်ပါတယ်။ သိစေချင်တာကတော့ ရာသီလာရက် နောက်ကျသွားတတ်တာကိုပါပဲ။ ဒါကိုသိမထားရင် ဆေးသောက်လိုက်ပြီး ပုံမှန်ပေါ်ရမယ့်ရက် မပေါ်တဲ့အခါ ကိုယ်ဝန်များရသွားပြီလားဆိုပြီး စိတ်ပူတတ်ကြလို့ပါပဲ။

နောက်ထပ်သိစေချင်တာ နှစ်ခု ရှိပါသေးတယ်။ ပထမတစ်ခုကတော့ ရာသီမပေါ်သေးတဲ့ အရွယ်ဆိုရင်လည်း ဆေးတိုက်ဖို့လိုမယ်ဆိုတာပါပဲ။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အပျိုစဖြစ်ပြီဆိုတာနဲ့ မမျိုးဥကြွေပါတယ်၊ အဲဒီကြွေလိုက်တဲ့ မမျိုးဥလေးက သုက်ပိုးနဲ့မဆုံလိုက်ရလို့ မျိုးမအောင်ခဲ့ရင် သေသွားတယ်၊ အဲဒီမမျိုးဥလေးရယ်၊ သားအိမ်နံရံက အလွှာတွေရယ် ပေါင်းပြီး ပြင်ပကို ဆင်းလာတာကိုမှ ရာသီလာတယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အဲဒီအခါ ဒီမိန်းကလေး အပျိုဖြစ်ပြီ သတ်မှတ်ကြတာပေါ့။ သဘောက အပျိုဖြစ်ပြီဆိုတာ သိဖို့၊ ရာသီသွေးဆင်းလာဖို့အတွက် ခန္ဓာကိုယ်ထဲမှာ မမျိုးဥလေးက အရင်ကြွေရပါတယ်။ သုက်ပိုးနဲ့ မပေါင်းဖြစ်လိုက်လို့သာ အပြင်ကို ရာသီသွေးအဖြစ်နဲ့ ဆင်းလာတာပါ။ ဒီတော့ ကံဆိုးစွာနဲ့ ပထမဆုံး မမျိုးဥကြွေတဲ့လ (သုက်ပိုးနဲ့သာ မပေါင်းလိုက်ရရင် ရာသီပေါ်ပြီး အပျိုရယ်လို့ ဖြစ်တော့မယ့်လ) မှာ တိုက်တိုက်ဆိုင်ဆိုင် အဓမ္မအကျင့်ခံလိုက်ရပြီး သုက်ပိုးနဲ့ပေါင်းသွားရင် ရာသီမပေါ်သေးဘဲ ကိုယ်ဝန်တစ်ခါတည်းရသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ရာသီမပေါ်သေးတဲ့အရွယ်ဆိုလည်း ဆေးတိုက်ဖို့လိုတယ်လို့ ပြောရတာဖြစ်ပါတယ်။ သိပ်ငယ်လွန်းသေးရင်တော့ မလိုသေးပေမယ့် အသက်(၁၀)နှစ်နဲ့အထက်ဆိုရင်တော့ တိုက်သင့်ပါတယ်။

နောက်တစ်ခုကတော့ အရေးပေါ်ကိုယ်ဝန်တားနည်းအနေနဲ့ ဒီဆေးအပြင် သားအိမ်တွင်းထည့်ပစ္စည်းကိုလည်း အသုံးပြုလို့ရနိုင်တယ် ဆိုတာပါပဲ။ သူ့ကိုလည်း အဓမ္မပြုကျင့်ခံရအပြီး နာရီ(၁၂၀)အတွင်း ထည့်လို့ရတယ်။ လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရှိနေတယ်၊ ကူးစက်ခံရနိုင်ချေ များတယ်ဆိုရင်တော့ မထည့်သင့်ပါဘူး။ အိမ်ထောင်သည်တွေအနေနဲ့ဆိုရင် ဒီပစ္စည်းထည့်ပြီးရင် ပုံမှန်သားဆက်ခြားပစ္စည်းအနေနဲ့ပါ ဆက်သုံးထားလို့ ရပါတယ်။ သူက ဆရာဝန်၊ ဆရာမက ထည့်ပေးမှရမယ်၊ ဆေးထက် ပိုပြီးအာနိသင်ကောင်းတယ်။ သူ့ကို မထည့်ခင်မှာ ဒီအမျိုးသမီးမှာ ကိုယ်ဝန်ရှိမနေတာတော့ သေချာဖို့လိုတယ်။ နောက်ပြီး ထည့်ရတဲ့ပုံစံအရ အဓမ္မပြုကျင့်ခံရတဲ့အဖြစ်ကို ပြန်အမှတ်ရစေတာမို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြန်ဖြစ်မှာကိုတော့ သတိထားဖို့ လိုပါမယ်။

(၃) လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကာကွယ်ပေးခြင်း

အကြမ်းဖက်မှုပုံစံဖြစ်တဲ့အတွက် ထိခိုက်နာကျင်မှု ပိုများပြားပါတယ်။ ပြုကျင့်သူထက် ပြုကျင့်ခံရသူဆီ ရောဂါပိုးကူးစက်နိုင်ချေကလည်း ပိုများတာကြောင့် အထူးဂရုစိုက်ဖို့ လိုပါတယ်။

HIV ပိုး

အဓမ္မကျင့်ခံရပြီးရင် HIV ပိုးကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် ဆေးသောက်လို့ရပါတယ်။ Post-Exposure Prophylaxis (PEP) လို့ခေါ်ပြီး ဆေးရုံ၊ဆေးခန်းတချို့မှာ ရနိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ဖြစ်ပြီး(၇၂)နာရီအတွင်းမှာ စသောက်ဖို့လိုပါတယ်။ (၇၂)နာရီကျော်သွားရင် မထိရောက်တော့ပါဘူး။ ဒီဆေးသောက်မခင် HIV ပိုးရှိနေလား မရှိနေလားကို စစ်ဆေးနိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် စစ်ပြီးမှ တိုက်ရမယ်တော့ မဟုတ်ပါဘူး၊ စစ်ရခက်နေမယ်၊ ဆေးက တိုက်ဖို့လွယ်တယ်ဆိုရင်တော့ အရင်တိုက်လိုက်သင့်ပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးနဲ့ မတူတာကတော့ ဆေးသောက်သင့်၊ မသောက်သင့်ကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီးမှ ဆုံးဖြတ်သင့်တာပါပဲ။ သောက်မယ်ဆိုရင် တစ်နေ့(၂)ကြိမ်နဲ့ ၂၈ရက်ဆက်တိုက်သောက်ရမယ်၊ ပြတ်သွားလို့မရဘူး၊ နောက် ဘေးထွက်ဆိုးကျိုးတွေလည်း များတယ်။ ဒါကြောင့်မို့ လိုအပ်တယ်၊ သောက်သင့်တယ်၊ သောက်လည်း သောက်နိုင်တယ်ဆိုမှ ပေးရပါမယ်။ မိန်းမကိုယ် သို့မဟုတ် စအိုဝနှင့် လိင်ဆက်ဆံခံလိုက်ရရင်၊ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရလာခဲ့ပြီး ပြုကျင့်သူ၏ သုတ်၊ သွေးတို့နဲ့ ထိတွေ့မှု ရှိခဲ့ရင် ဆေးသောက်ဖို့ လိုကောင်းလိုပါမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေလည်း လိုအပ်တယ်ဆို သောက်လို့ရပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ပျို့အန်ခြင်း၊ မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ အိပ်မပျော် ခေါင်းကိုက်ခြင်း၊ နုံးခွေခြင်း၊ ရှားရှားပါးပါးအနေဖြင့် အသည်းထိခိုက်ခြင်း၊ သွေးအားနည်းတို့ ဖြစ်တတ်ပါတယ်။ ဆေးမတိုက်ခင် ဘေးထွက်ဆိုးကျိုးတွေကို တိတျိကျကျ ရှင်းလင်းပြောဆိုလိုက်ဖို့ အရေးကြီးပြီး၊ ဖြစ်လာခဲ့ရင်လည်း ဆေးကို ရပ်မပစ်ဘ၊ လိုအပ်တဲ့ ပြုစုကုသမှုခံယူဖို့ အရေးကြီးပါတယ်။ ဆေးစသောက်ပြီး တစ်ပတ်အကြာမှာ ဆရာဝန်နဲ့ ပြန်လည်ပြသဖို့ လိုပါမယ်၊ ဖြစ်စဉ်အပြီး ၃လနေတဲ့အခါမှာ HIV ပိုးကူးသွားမသွား သိဖို့အတွက် သွေးစစ်ဆေးဖို့ လိုပါမယ်။

အသားရောင်အသားဝါ B ပိုး

HIV ပိုးထက် ကူးစက်ခံရနိုင်ချေ ပိုများပြီး ကာကွယ်ဆေးမထိုးဖူးသူ၊ ပြီးမြောက်အောင် မထိုးရသေးသူအားလုံးကို ကာကွယ်ဆေးထိုးပေးဖို့ လိုပါတယ်။ ဖြစ်ပြီး ၁၄ရက်အတွင်းမှာ ထိုးပေးနိုင်ရင် ပိုကောင်းပါတယ်။ စုစုပေါင်း ၃လုံးထိုးရမှာဖြစ်ပြီး ကိုယ်ဝန်ဆောင်များ၊ ကလေးများအတွက်လည်း စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။

ကာလသားရောဂါများ

အဖြစ်များတဲ့ရောဂါတွေအတွက် သင့်တော်တဲ့ပိုးသတ်ဆေးများ ပေးပြီး ကာကွယ်နိုင်ပါတယ်။ ဖြစ်ပြီး ၇၂နာရီအတွင်း သောက်နိုင်ရင် အကောင်းဆုံးပါပဲ။ ပိုးသတ်ဆေးပေးရမှာ ဖြစ်တဲ့အတွက် ဆေးမပေးခင် ကိုယ်ဝန်ရှိမရှိ စစ်ဆေးကြည့်ဖို့ လိုပါတယ်။ နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာရင်လည်း ဆေးခန်းပြန်လာပြဖို့ လိုပါမယ်။

ခုလောက်ဆိုရင် အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်တားနိုင်ဖို့နဲ့ ရောဂါကာကွယ်နိုင်ဖို့အတွက် ဖြစ်ပြီးရက်အနည်းငယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ဖို့ဟာ ဘယ်လောက်အရေးကြီးမှန်း သိလောက်ပါပြီ။ လက်တွေ့မှာတော့ ပြုကျင့်ခံရသူအများစုဟာ အရှက်တရားနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတို့ကို ကြောက်ရွံတာတွေကြောင့် လအတော်ကြာမှ၊ ကိုယ်ဝန်ပေါ်လာမှ ထုတ်ပြောတတ်ကြပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အချိန်မီရရှိနိုင်အောင် မိန်းကလေးများကိုယ်တိုင်က အသိပညာရှိနေဖို့လိုသလို မိဘအုပ်ထိန်းသူများရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ သမီးကိုအပြစ်တင်တာ၊ ဆူပူတာ၊ ရှက်စရာမဟုတ်ဘဲ ရှက်နေတာမျိုးတွေ လုပ်နေရင် ကာယကံရှင်က ဖွင့်ပြောလာမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း အရေးကြီးပါတယ်။ ဒီလိုမျိုးကြုံတွေ့လိုက်ရသူကို ပတ်ဝန်းကျင်က ကဲ့ရဲ့တာ၊ အပြစ်တင်တာ၊ အထင်သေးတာ၊ ယောကျာ်းများက ယိသဲ့သဲ့ပြောတာ၊ စော်ကားတာ၊ နှိမ့်ချတာလုပ်နေရင်လည်း မိန်းကလေးတွေအနေနဲ့ ထုတ်ဖော်ပြောဖို့ တွန့်ဆုတ်နေနိုင်ပါတယ်။ ဒါကြောင့်မို့ လိုအပ်တဲ့ အသိပညာတွေ ပေးထားဖို့လိုသလို၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ဖေးမရပ်တည်ပေးဖို့ သိပ်အရေးကြီးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top