ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ႀကိဳက္ဖို႔ဆိုတာ ဆန္းႀကယ္တဲ႔အရာပါ။ စိတ္ပညာရွင္ေတြကေတာ့ ဒီအခ်က္ေတြေႀကာင့္ပါတဲ႔။

၁။ တူညီမႈ ။

လူေတြက ကိုယ္နဲ႔ ယံုႀကည္မႈတူတဲ႔သူ အေလ့အက်င့္ေတြတူတာ စရိုက္တူတာ အေတြးအေခၚေတြတူတဲ႔သူေတြနဲ႔ ခ်စ္ႀကိဳက္တတ္ႀကပါတယ္။


၂။ အျပန္အလွန္ ခ်စ္ႀကိဳက္မႈ ။

တစ္ျခားတစ္ေယာက္က ကိုယ့္ကို ခ်စ္ေနတဲ႔အခါ ကိုယ္ကလဲ ျပန္ခ်စ္ႏိုင္ေျခမ်ားပါတယ္။

၃။ အားက်ရတဲ႔ အခ်က္ေတြ ရွိလို႔။

သူ႔မွာ ကိုယ္ႏွစ္သက္ရတဲ႔ ရုပ္ရည္မ်ိဳးရွိတာ ဒါမွမဟုတ္ ကိုယ္ျမတ္ႏိုးရတဲ႔ စရိုက္ေလးေတြ ေျပာပံုဆိုပံု ေနထိုင္ပံုေလးေတြရွိတာ ကိုယ္အားက်ရတဲ႔ အရည္အခ်င္းေတြ ရွိေနတာ ဒါေတြက တစ္စံုတစ္ေယာက္ကို ခ်စ္ႀကိဳက္ေစဖို႔ အခ်က္ေတြပါ။

၄။ နီးစပ္မႈ။

တစ္ေယာက္နဲ႔တစ္ေယာက္ အေနနီးမႈ ခင္မင္မႈ ရင္းႏွီးမႈေတြေႀကာင့္လဲ ခ်စ္ႀကိဳက္တတ္ႀကပါတယ္။

၅။ လိုအပ္ခ်က္ ျဖည့္စည္းေပးႏိုင္မႈ။

တစ္စံုတစ္ေယာက္က ကိုယ့္ရဲ႕လိုအပ္ခ်က္ကို ျဖည့္စည္းေပးႏိုင္တာေႀကာင့္လဲ ခ်စ္ႀကိဳက္တတ္ႀကပါတယ္။

၆။ ပတ္ဝန္းက်င္ရဲ႕ လႊမ္းမိုးမႈ။

တစ္စံုတစ္ေယာက္ရဲ႕ အသိုင္းအဝိုင္းမွာ ပတ္ဝန္းက်င္မွာ ဝင္ဆံ႔ႏိုင္တဲ႔အခါလဲ ခ်စ္ႀကိဳက္ႏိုင္ေျခမ်ားပါတယ္။ ကိုယ့္ရဲ႕ အသိုင္းအဝိုင္းက လက္ခံတဲ႔အတြက္ေႀကာင့္လဲ ခ်စ္ႀကိဳက္တတ္ႀကပါတယ္။

၇။ ဆန္းႀကယ္မႈ ။

လူတစ္ေယာက္ဟာ ကိုယ့္အတြက္ ဆန္းႀကယ္တဲ႔သူျဖစ္ေနတာ သူ ကိုယ္အေပၚမွာ ဘဟ္လိုေတြးေနလဲ ကိုယ္နဲ႔ပတ္သတ္ျပီး သူ ဘယ္လို ခံစားေနလဲ ဒီလို မေသခ်ာမႈေတြကေနလဲ ခ်စ္ႀကိဳက္မႈ ျဖစ္လာတတ္ပါတယ္။

၈။ စိတ္လႈပ္ရွားစရာ အေျခအေန။

စိတ္လႈပ္ရွားစရာေကာင္းတဲ႔ အေျခအေနေတြ ေႀကာက္စရာေကာင္းတဲ႔အျဖစ္အပ်က္ေတြ တူတူ ျဖတ္ေက်ာ္ဖူးတဲ႔အခါလဲ ခ်စ္ႀကိဳက္သြားတတ္ပါတယ္။

၉။ လိုလားမႈ။

Relationship တစ္ခု တည္ေဆာက္ဖို႔ အဆင္သင့္ျဖစ္ေနတဲ႔အခါမွာ ခ်စ္ႀကိဳက္ႀကပါတယ္။ တစ္ေယာက္တည္းေနရတဲ႔ဘဝကေန တစ္စံုတစ္ေယာက္နဲ႔ Relationship တည္ေဆာက္ဖို႔ လိုခ်င္လာတဲ႔အခါမွာေပါ့။

၁၀။ X – factor ။

တစ္ျခားတစ္ေယာက္ရဲ႕ အစိတ္အပိုင္းတစ္ခုခု ဒါမွမဟုတ္ ပံုစံတစ္ခုခုက ကိုယ့္ကို ဆြဲေဆာင္ႏိုင္တဲ႔အတြက္ေႀကာင့္ ခ်စ္ႀကိဳက္ႀကပါတယ္။ ဥပမာ စူးရွတဲ႔ မ်က္လံုး ဒါမွမဟုတ္ ဟာသဥာဏ္ရွိမႈ စသျဖင့္ေပါ့။

လူတိုင္း ခ်စ္တတ္ႀကပါတယ္။ ကိုယ္ခ်စ္ရတဲ႔သူကို ကိုယ္ ဘယ္အေႀကာင္းေတြေႀကာင့္ ခ်စ္ခဲ႔တာလဲ စဥ္းစားႀကည့္ပါေလ။

သင္တို႔ စံုတြဲလဲ ဘယ္အေျခအေနေတြေႀကာင့္ ဘယ္အခ်က္ေတြေႀကာင့္ တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ခဲ႔ႀကတာလဲဆိုတာ ေျပာသြားႀကပါလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Christine ( Love Shop )
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ယောက်ကို တစ်ယောက် ချစ်ကြိုက်ဖို့ဆိုတာ ဆန်းကြယ်တဲ့အရာပါ။ စိတ်ပညာရှင်တွေကတော့ ဒီအချက်တွေကြောင့်ပါတဲ့။

၁။ တူညီမှု ။

လူတွေက ကိုယ်နဲ့ ယုံကြည်မှုတူတဲ့သူ အလေ့အကျင့်တွေတူတာ စရိုက်တူတာ အတွေးအခေါ်တွေတူတဲ့သူတွေနဲ့ ချစ်ကြိုက်တတ်ကြပါတယ်။


၂။ အပြန်အလှန် ချစ်ကြိုက်မှု ။

တစ်ခြားတစ်ယောက်က ကိုယ့်ကို ချစ်နေတဲ့အခါ ကိုယ်ကလဲ ပြန်ချစ်နိုင်ခြေများပါတယ်။

၃။ အားကျရတဲ့ အချက်တွေ ရှိလို့။

သူ့မှာ ကိုယ်နှစ်သက်ရတဲ့ ရုပ်ရည်မျိုးရှိတာ ဒါမှမဟုတ် ကိုယ်မြတ်နိုးရတဲ့ စရိုက်လေးတွေ ပြောပုံဆိုပုံ နေထိုင်ပုံလေးတွေရှိတာ ကိုယ်အားကျရတဲ့ အရည်အချင်းတွေ ရှိနေတာ ဒါတွေက တစ်စုံတစ်ယောက်ကို ချစ်ကြိုက်စေဖို့ အချက်တွေပါ။

၄။ နီးစပ်မှု။

တစ်ယောက်နဲ့တစ်ယောက် အနေနီးမှု ခင်မင်မှု ရင်းနှီးမှုတွေကြောင့်လဲ ချစ်ကြိုက်တတ်ကြပါတယ်။

၅။ လိုအပ်ချက် ဖြည့်စည်းပေးနိုင်မှု။

တစ်စုံတစ်ယောက်က ကိုယ့်ရဲ့လိုအပ်ချက်ကို ဖြည့်စည်းပေးနိုင်တာကြောင့်လဲ ချစ်ကြိုက်တတ်ကြပါတယ်။

၆။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု။

တစ်စုံတစ်ယောက်ရဲ့ အသိုင်းအဝိုင်းမှာ ပတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်တဲ့အခါလဲ ချစ်ကြိုက်နိုင်ခြေများပါတယ်။ ကိုယ့်ရဲ့ အသိုင်းအဝိုင်းက လက်ခံတဲ့အတွက်ကြောင့်လဲ ချစ်ကြိုက်တတ်ကြပါတယ်။

၇။ ဆန်းကြယ်မှု ။

လူတစ်ယောက်ဟာ ကိုယ့်အတွက် ဆန်းကြယ်တဲ့သူဖြစ်နေတာ သူ ကိုယ်အပေါ်မှာ ဘဟ်လိုတွေးနေလဲ ကိုယ်နဲ့ပတ်သတ်ပြီး သူ ဘယ်လို ခံစားနေလဲ ဒီလို မသေချာမှုတွေကနေလဲ ချစ်ကြိုက်မှု ဖြစ်လာတတ်ပါတယ်။

၈။ စိတ်လှုပ်ရှားစရာ အခြေအနေ။

စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေတွေ ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေ တူတူ ဖြတ်ကျော်ဖူးတဲ့အခါလဲ ချစ်ကြိုက်သွားတတ်ပါတယ်။

၉။ လိုလားမှု။

Relationship တစ်ခု တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့အခါမှာ ချစ်ကြိုက်ကြပါတယ်။ တစ်ယောက်တည်းနေရတဲ့ဘဝကနေ တစ်စုံတစ်ယောက်နဲ့ Relationship တည်ဆောက်ဖို့ လိုချင်လာတဲ့အခါမှာပေါ့။

၁၀။ X – factor ။

တစ်ခြားတစ်ယောက်ရဲ့ အစိတ်အပိုင်းတစ်ခုခု ဒါမှမဟုတ် ပုံစံတစ်ခုခုက ကိုယ့်ကို ဆွဲဆောင်နိုင်တဲ့အတွက်ကြောင့် ချစ်ကြိုက်ကြပါတယ်။ ဥပမာ စူးရှတဲ့ မျက်လုံး ဒါမှမဟုတ် ဟာသဉာဏ်ရှိမှု စသဖြင့်ပေါ့။

လူတိုင်း ချစ်တတ်ကြပါတယ်။ ကိုယ်ချစ်ရတဲ့သူကို ကိုယ် ဘယ်အကြောင်းတွေကြောင့် ချစ်ခဲ့တာလဲ စဉ်းစားကြည့်ပါလေ။

သင်တို့ စုံတွဲလဲ ဘယ်အခြေအနေတွေကြောင့် ဘယ်အချက်တွေကြောင့် တစ်ယောက်ကို တစ်ယောက် ချစ်ခဲ့ကြတာလဲဆိုတာ ပြောသွားကြပါလား။

ဖိုးသူတော် (www.phothutaw.com)
Credit: Christine ( Love Shop )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top