ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

လူပုဂၢိဳလ္တစ္ဦးခ်င္း အလိုက္ ေမာ္ေတာ္ယာဥ္တင္ သြင္းခြင့္ (Free Permit) ကို ၂၀၁၈ ေမာ္ေတာ္ယာဥ္တင္သြင္း ခြင့္ မူ၀ါဒထုတ္ျပန္ၿပီးမွသာ ျပန္ လည္စိစစ္ခြင့္ျပဳမည္ဟု ရန္ကုန္ တိုင္းစီမံကိန္းႏွင့္ ဘ႑ာေရး ၀န္ႀကီးဦးျမင့္ေသာင္း ကေျပာ သည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ Free Permit ျပန္လည္စိစစ္ ခြင့္ျပဳေပးရန္ အစီအစဥ္ ရွိ၊မရွိ လသာၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ဦးေဇာ္ ၀င္းႏိုင္ ၏ေမးျမန္းမႈကို ၀န္ႀကီးက ေျဖၾကားခဲ့သည္။

‘‘က်င့္သံုုးလာမယ့္ ေမာ္ ေတာ္ယာဥ္တင္သြင္းခြင့္ မူ၀ါဒ အေသးစိတ္ကို တိုင္းေဒသႀကီး လႊတ္ေတာ္နဲ႔ ျပည္သူလူထုထံ အခ်ိန္မီ သတင္းေပးၿပီးမွ အဲဒီ ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ကို ေဆာင္ရြက္သြားမယ္’’ ဟု ဦးျမင့္ေသာင္း ကေျပာသည္။

လက္ရွိတြင္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္မူ၀ါဒကို ျပန္လည္ သံုးသပ္စိစစ္၍ ေဆာင္ရြက္ေန  ေၾကာင္း ၎ကဆိုသည္။

ယခင္ အစိုးရလက္ထက္ ၂၀၁၅ ဇန္န၀ါရီ ကစ၍ ရန္ကုန္ တိုင္းေဒသႀကီး လိပ္စာျဖင့္ ေမာ္ ေတာ္ယာဥ္ တင္သြင္းခြင့္ကို ကုမၸဏီမ်ားမွ  ေလွ်ာက္ထားမႈမ်ား ႏွင့္ အျခားျပည္နယ္ႏွင့္ တိုင္းေဒ သႀကီးမွ ရန္ကုန္လိပ္စာေျပာင္း ေလွ်ာက္ထားမႈမ်ားကို ကားပါ ကင္ေထာက္ခံခ်က္ ႏွင့္အတူ ရန္ကုန္တိုင္း အစိုးရအဖြဲ႕ ခြင့္ ျပဳမိန္႔ျဖင့္ ခြင့္ျပဳေပးခဲ့သည္။

သို႔ေသာ္ ၂၀၁၆ မတ္လ တြင္ လူပုဂၢိဳလ္တစ္ဦးခ်င္း ေမာ္ ေတာ္ယာဥ္ ေလွ်ာက္ထားမႈမ်ား၊ ကုမၸဏီမ်ားမွ ေမာ္ေတာ္ယာဥ္ ေလွ်ာက္ထားမႈမ်ားႏွင့္ နယ္၀င္ လိပ္စာ ေလွ်ာက္ထားမႈမ်ားကို ထုတ္ေပးသည့္စနစ္ ရပ္ဆိုင္း ခဲ့ေၾကာင္း ၀န္ႀကီးကေျပာသည္။

အျခားျပည္နယ္ႏွင့္ တိုင္း ေဒသႀကီးမွ ေမာ္ေတာ္ယာဥ္မ်ား ရန္ကုန္တိုင္းအတြင္း ေရာက္ရွိ ေနျခင္းေၾကာင့္ မွတ္ပံုတင္ေၾကး၊ ဘီးခြန္ စသည့္ အခြန္အခမ်ား နစ္ နာဆံုး႐ံႈးေနၿပီး အစိုးရႏွင့္ ျပည္သူ ႏွစ္ဖက္စလံုး နစ္နာမႈမ်ား ရွိ ေၾကာင္း ဦးေဇာ္၀င္းႏိုင္ကေျပာ ၾကားသည္။

ျမန္မာႏိုင္ငံတြင္ ေမာ္ေတာ္ ယာဥ္တင္သြင္းခြင့္ မူ၀ါဒမ်ားကို ႏွစ္စဥ္ထုတ္ျပန္ၿပီး တင္သြင္းခြင့္ ျပဳခဲ့ရာ ၂၀၁၁ စက္တင္ဘာ မွ လက္ရွိခ်ိန္အထိ တစ္ႏိုင္ငံလံုး တြင္ ယာဥ္အစီးေရ  ၈ ဒသမ ၈ သိန္းေက်ာ္ရွိေၾကာင္း ဦးျမင့္ ေသာင္းကေျပာသည္။

ထို႔ျပင္ ရန္ကုန္တိုင္းတြင္ မွတ္ပံုတင္ထားသည့္  ယာဥ္စီးေရ သည္ ငါးသိန္းခန္႔သာ ရွိေၾကာင္း ၎ကဆက္လက္ ေျပာသည္။

အေကာက္ခြန္၊ စီးပြားကူး သန္း၊ ကညန၊ ဆိပ္ကမ္းဌာနတစ္ ခုခ်င္းစီမွ ေမာ္ေတာ္ယာဥ္တင္ သြင္းခြင့္မူ၀ါဒကို တစ္ႏွစ္ ႏွစ္ႀကိမ္ ခန္႔ အခါအားေလ်ာ္စြာ ထုတ္ျပန္ သျဖင့္ ေစ်းကြက္အေျပာင္းအလဲ မၾကာခဏ ျဖစ္ေပၚၿပီး ေမာ္ေတာ္ ယာဥ္တင္သြင္း ေရာင္းခ်သူမ်ား ႏွင့္ ကား၀ယ္ယူမည့္ ျပည္သူမ်ား နစ္နာမႈရွိေၾကာင္း ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္ ေရာင္း၀ယ္ေရး အသင္း အေထြေထြအတြင္းေရး မွဴး ဦးရန္မ်ိဳးေအာင္က ေျပာ သည္။

ရန္ကုန္တိုင္းတြင္ က်င့္သံုး ေနသည့္ ေမာ္ေတာ္ယာဥ္ဥပေဒ ကို ၂၀၁၅ က ျပ႒ာန္းေသာ္လည္း နည္းဥပေဒမထြက္ခဲ့ေပ။

ယခု ၂၀၁၈ တြင္ ပုဂၢလိက ေမာ္ေတာ္ယာဥ္ေျပးဆြဲေရးဥပေဒ ထြက္ရွိရန္ ရန္ကုန္တိုင္းအစိုးရ အဖြဲ႕က ေဆာင္ရြက္ေနေၾကာင္း ေမာ္ေတာ္ယာဥ္ ေရာင္း၀ယ္သူ မ်ားကေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicdoe Verison#
လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက် မော်တော်ယာဉ်တင် သွင်းခွင့် (Free Permit) ကို ၂၀၁၈ မော်တော်ယာဉ်တင်သွင်း ခွင့် မူဝါဒထုတ်ပြန်ပြီးမှသာ ပြန် လည်စိစစ်ခွင့်ပြုမည်ဟု ရန်ကုန် တိုင်းစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးမြင့်သောင်း ကပြော သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် Free Permit ပြန်လည်စိစစ် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊မရှိ လသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးဇော် ဝင်းနိုင် ၏မေးမြန်းမှုကို ဝန်ကြီးက ဖြေကြားခဲ့သည်။

‘‘ကျင့်သုံုးလာမယ့် မော် တော်ယာဉ်တင်သွင်းခွင့် မူဝါဒ အသေးစိတ်ကို တိုင်းဒေသကြီး လွှတ်တော်နဲ့ ပြည်သူလူထုထံ အချိန်မီ သတင်းပေးပြီးမှ အဲဒီ မော်တော်ယာဉ် တင်သွင်းခွင့်ကို ဆောင်ရွက်သွားမယ်’’ ဟု ဦးမြင့်သောင်း ကပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို ပြန်လည် သုံးသပ်စိစစ်၍ ဆောင်ရွက်နေ  ကြောင်း ၎င်းကဆိုသည်။

ယခင် အစိုးရလက်ထက် ၂၀၁၅ ဇန်နဝါရီ ကစ၍ ရန်ကုန် တိုင်းဒေသကြီး လိပ်စာဖြင့် မော် တော်ယာဉ် တင်သွင်းခွင့်ကို ကုမ္ပဏီများမှ  လျှောက်ထားမှုများ နှင့် အခြားပြည်နယ်နှင့် တိုင်းဒေ သကြီးမှ ရန်ကုန်လိပ်စာပြောင်း လျှောက်ထားမှုများကို ကားပါ ကင်ထောက်ခံချက် နှင့်အတူ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ခွင့် ပြုမိန့်ဖြင့် ခွင့်ပြုပေးခဲ့သည်။

သို့သော် ၂၀၁၆ မတ်လ တွင် လူပုဂ္ဂိုလ်တစ်ဦးချင်း မော် တော်ယာဉ် လျှောက်ထားမှုများ၊ ကုမ္ပဏီများမှ မော်တော်ယာဉ် လျှောက်ထားမှုများနှင့် နယ်ဝင် လိပ်စာ လျှောက်ထားမှုများကို ထုတ်ပေးသည့်စနစ် ရပ်ဆိုင်း ခဲ့ကြောင်း ဝန်ကြီးကပြောသည်။

အခြားပြည်နယ်နှင့် တိုင်း ဒေသကြီးမှ မော်တော်ယာဉ်များ ရန်ကုန်တိုင်းအတွင်း ရောက်ရှိ နေခြင်းကြောင့် မှတ်ပုံတင်ကြေး၊ ဘီးခွန် စသည့် အခွန်အခများ နစ် နာဆုံးရှုံးနေပြီး အစိုးရနှင့် ပြည်သူ နှစ်ဖက်စလုံး နစ်နာမှုများ ရှိ ကြောင်း ဦးဇော်ဝင်းနိုင်ကပြော ကြားသည်။

မြန်မာနိုင်ငံတွင် မော်တော် ယာဉ်တင်သွင်းခွင့် မူဝါဒများကို နှစ်စဉ်ထုတ်ပြန်ပြီး တင်သွင်းခွင့် ပြုခဲ့ရာ ၂၀၁၁ စက်တင်ဘာ မှ လက်ရှိချိန်အထိ တစ်နိုင်ငံလုံး တွင် ယာဉ်အစီးရေ  ၈ ဒသမ ၈ သိန်းကျော်ရှိကြောင်း ဦးမြင့် သောင်းကပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းတွင် မှတ်ပုံတင်ထားသည့်  ယာဉ်စီးရေ သည် ငါးသိန်းခန့်သာ ရှိကြောင်း ၎င်းကဆက်လက် ပြောသည်။

အကောက်ခွန်၊ စီးပွားကူး သန်း၊ ကညန၊ ဆိပ်ကမ်းဌာနတစ် ခုချင်းစီမှ မော်တော်ယာဉ်တင် သွင်းခွင့်မူဝါဒကို တစ်နှစ် နှစ်ကြိမ် ခန့် အခါအားလျော်စွာ ထုတ်ပြန် သဖြင့် ဈေးကွက်အပြောင်းအလဲ မကြာခဏ ဖြစ်ပေါ်ပြီး မော်တော် ယာဉ်တင်သွင်း ရောင်းချသူများ နှင့် ကားဝယ်ယူမည့် ပြည်သူများ နစ်နာမှုရှိကြောင်း မြန်မာနိုင်ငံ မော်တော်ယာဉ် ရောင်းဝယ်ရေး အသင်း အထွေထွေအတွင်းရေး မှူး ဦးရန်မျိုးအောင်က ပြော သည်။

ရန်ကုန်တိုင်းတွင် ကျင့်သုံး နေသည့် မော်တော်ယာဉ်ဥပဒေ ကို ၂၀၁၅ က ပြဋ္ဌာန်းသော်လည်း နည်းဥပဒေမထွက်ခဲ့ပေ။

ယခု ၂၀၁၈ တွင် ပုဂ္ဂလိက မော်တော်ယာဉ်ပြေးဆွဲရေးဥပဒေ ထွက်ရှိရန် ရန်ကုန်တိုင်းအစိုးရ အဖွဲ့က ဆောင်ရွက်နေကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူ များကပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top