AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ဳိးသမီးေတြမွာသာ ေသြးဆံုးခ်ိန္ရွိတယ္လုိ႔ လူအမ်ားထင္မွတ္ၾကပါတယ္။ ေသြးဆံုးတယ္ဆုိတာက အမ်ဳိးသမီးေတြအတြက္ အေခၚအေ၀ၚတစ္ခုျဖစ္ၿပီး လစဥ္ ဓမၼတာလာတာ ရပ္ဆုိင္းသြားတာေၾကာင့္ ေသြးဆံုးၿပီးခ်ိန္မွာ ကုိယ္၀န္မရရွိႏုိင္ေတာ့တဲ့ အေျခအေနပါ။ အမ်ဳိးသားေတြအေနနဲ႔လည္း အသက္အရြယ္ရလာတာနဲ႔အမွ် အမ်ဳိးသမီးေတြလုိမ်ဳိးပဲ ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာတတ္ပါတယ္။ အမ်ဳိးသားေတြမွာလည္း ေသြးဆံုးတဲ့အေျခအေနဆုိတာ ရွိပါတယ္။

အမ်ဳိးသားေသြးဆံုးတယ္ဆုိတာက သူတုိ႔ေတြ အသက္ ၅၀ အရြယ္ေနာက္ပုိင္း မွာ ခႏၶာကုိယ္က အမ်ဳိးသားေဟာ္မုန္း တက္စတုိစတီ႐ုန္းထုတ္လုပ္မႈ က်ဆင္းသြားတာေၾကာင့္ ျဖစ္တာပါ။ လကၡဏာေတြအေနနဲ႔ အမ်ဳိးသမီး ေသြးဆံုးကုိင္သလုိမ်ဳိး ကာယက်န္းမာေရး၊ စိတ္က်န္းမာေရးနဲ႔ Sex ကိစၥမွာပါ ေျပာင္းလဲမႈေတြ ျဖစ္လာပါတယ္။ စိတ္ဓာတ္က်လြယ္တာ၊ အိပ္မေပ်ာ္ႏုိင္တာ၊ စြမ္းအင္မရွိသလုိျဖစ္တာ၊ သား ျမတ္ႀကီးလာတာ၊ ေ၀ွးေစ့အရြယ္အစား ေသးသြားတာ၊ ခႏၶာကုိယ္အေမြးအမွင္ေတြ ဆံုး႐ႈံးသြားတာ၊ အ႐ုိးသိပ္သည္းဆ ေလ်ာ့နည္းသြားတာ၊ လိင္စိတ္ေလ်ာ့နည္းတာ၊ ပန္းညႇိဳးတာနဲ႔ မိမိကုိယ္မိမိယံုၾကည္မႈအားနည္းတာေတြပါ ျဖစ္လာပါတယ္။

ေယာက္်ားေသြးဆံုးတာနဲ႔ မိန္းမေသြးဆံုးတာၾကားမွာ ကြာျခားမႈေတြ မ်ားစြာရွိပါတယ္။ အမ်ဳိးသမီးေသြးဆံုးတာက မမ်ဳိးဥေႂကြတာနဲ႔ ေဟာ္မုန္းအေျပာင္းအလဲက ႐ုတ္တရက္ျဖစ္ေပၚလာၿပီး အခ်ိန္ၾကာျမင့္စြာ မျဖစ္ေပၚတတ္ပါဘူး။ အမ်ဳိးသားေသြး ဆံုးတာကေတာ့ သူတုိ႔တစ္ေတြမွာ တက္စထုိစတီ႐ုန္းအဆင့္ က်ဆင္းသြားခဲ့ရင္ ႏွစ္ေပါင္းမ်ားစြာအထိ ျဖစ္ေနတတ္ပါတယ္။

အမ်ဳိးသားေသြးဆံုးတာနဲ႔ အမ်ဳိးသမီးေသြးဆံုးတာ မတူညီတဲ့အခ်က္တစ္ခ်က္ ကေတာ့ အမ်ဳိးသားေသြးဆံုးခဲ့ရင္ ဖခင္ျဖစ္ႏုိင္တဲ့အခြင့္အေရးရွိပါတယ္။ ဒါေပမဲ့လည္း သုက္ပုိးရဲ႕ အရည္အေသြးက်ဆင္းႏုိင္တာေၾကာင့္ ေမြးလာမယ့္ကေလးငယ္ေတြမွာ ေမြးရာပါခ်ဳိ႕ယြင္းခ်က္ေတြျဖစ္ဖုိ႔ ရာခုိင္ႏႈန္းမ်ားပါတယ္။

အမ်ဳိးသားေတြ ေသြးဆံုးကုိင္ရင္ က်န္းမာေရးနဲ႔ညီၫြတ္တဲ့အစာစားတာ၊ ေလ့က်င့္ခန္းလုပ္တာလုိမ်ဳိး က်န္းမာေရးနဲ႔ညီၫြတ္တဲ့ဘ၀ေနထုိင္မႈပံုစံျဖစ္ေအာင္ ေျပာင္းလဲေနထုိင္ရပါမယ္။

ဒီအခ်ိန္ေရာက္ရင္ အမ်ဳိးသားေတြက ေဒါသႀကီးလြန္းႏုိင္တဲ့အတြက္ ဒါကုိ မိသားစု၀င္ေတြက နားလည္ေဖးမကူညီသင့္ပါတယ္။ တက္စထုိစတီ႐ုန္းေဆး၀ါးေတြနဲ႔ ကုသမႈခံယူႏုိင္ေပမယ့္ ေဆးရဲ႕ေဘးထြက္ဆုိးက်ဳိးေတြရွိတာမုိ႔ ဆရာ၀န္နဲ႔တုိင္ပင္ၿပီးမွ သာ မွီ၀ဲသင့္ပါတယ္။ ဒါ့အျပင္ ေဆးဖက္၀င္ အားျဖည့္အစားအစာေတြကုိလည္း မိမိသေဘာနဲ႔မိမိ အသံုးမျပဳသင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေဒါက္တာခင္မုိးမုိး
# Unicode Version ျဖင့္ ဖတ္ပါ #
အမျိုးသမီးတွေမှာသာ သွေးဆုံးချိန်ရှိတယ်လို့ လူအများထင်မှတ်ကြပါတယ်။ သွေးဆုံးတယ်ဆိုတာက အမျိုးသမီးတွေအတွက် အခေါ်အဝေါ်တစ်ခုဖြစ်ပြီး လစဉ် ဓမ္မတာလာတာ ရပ်ဆိုင်းသွားတာကြောင့် သွေးဆုံးပြီးချိန်မှာ ကိုယ်ဝန်မရရှိနိုင်တော့တဲ့ အခြေအနေပါ။ အမျိုးသားတွေအနေနဲ့လည်း အသက်အရွယ်ရလာတာနဲ့အမျှ အမျိုးသမီးတွေလိုမျိုးပဲ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အမျိုးသားတွေမှာလည်း သွေးဆုံးတဲ့အခြေအနေဆိုတာ ရှိပါတယ်။

အမျိုးသားသွေးဆုံးတယ်ဆိုတာက သူတို့တွေ အသက် ၅၀ အရွယ်နောက်ပိုင်း မှာ ခန္ဓာကိုယ်က အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းထုတ်လုပ်မှု ကျဆင်းသွားတာကြောင့် ဖြစ်တာပါ။ လက္ခဏာတွေအနေနဲ့ အမျိုးသမီး သွေးဆုံးကိုင်သလိုမျိုး ကာယကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ Sex ကိစ္စမှာပါ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ စိတ်ဓာတ်ကျလွယ်တာ၊ အိပ်မပျော်နိုင်တာ၊ စွမ်းအင်မရှိသလိုဖြစ်တာ၊ သား မြတ်ကြီးလာတာ၊ ဝှေးစေ့အရွယ်အစား သေးသွားတာ၊ ခန္ဓာကိုယ်အမွေးအမှင်တွေ ဆုံးရှုံးသွားတာ၊ အရိုးသိပ်သည်းဆ လျော့နည်းသွားတာ၊ လိင်စိတ်လျော့နည်းတာ၊ ပန်းညှိုးတာနဲ့ မိမိကိုယ်မိမိယုံကြည်မှုအားနည်းတာတွေပါ ဖြစ်လာပါတယ်။

ယောက်ျားသွေးဆုံးတာနဲ့ မိန်းမသွေးဆုံးတာကြားမှာ ကွာခြားမှုတွေ များစွာရှိပါတယ်။ အမျိုးသမီးသွေးဆုံးတာက မမျိုးဥကြွေတာနဲ့ ဟော်မုန်းအပြောင်းအလဲက ရုတ်တရက်ဖြစ်ပေါ်လာပြီး အချိန်ကြာမြင့်စွာ မဖြစ်ပေါ်တတ်ပါဘူး။ အမျိုးသားသွေး ဆုံးတာကတော့ သူတို့တစ်တွေမှာ တက်စထိုစတီရုန်းအဆင့် ကျဆင်းသွားခဲ့ရင် နှစ်ပေါင်းများစွာအထိ ဖြစ်နေတတ်ပါတယ်။

အမျိုးသားသွေးဆုံးတာနဲ့ အမျိုးသမီးသွေးဆုံးတာ မတူညီတဲ့အချက်တစ်ချက် ကတော့ အမျိုးသားသွေးဆုံးခဲ့ရင် ဖခင်ဖြစ်နိုင်တဲ့အခွင့်အရေးရှိပါတယ်။ ဒါပေမဲ့လည်း သုက်ပိုးရဲ့ အရည်အသွေးကျဆင်းနိုင်တာကြောင့် မွေးလာမယ့်ကလေးငယ်တွေမှာ မွေးရာပါချို့ယွင်းချက်တွေဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။

အမျိုးသားတွေ သွေးဆုံးကိုင်ရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာစားတာ၊ လေ့ကျင့်ခန်းလုပ်တာလိုမျိုး ကျန်းမာရေးနဲ့ညီညွတ်တဲ့ဘဝနေထိုင်မှုပုံစံဖြစ်အောင် ပြောင်းလဲနေထိုင်ရပါမယ်။

ဒီအချိန်ရောက်ရင် အမျိုးသားတွေက ဒေါသကြီးလွန်းနိုင်တဲ့အတွက် ဒါကို မိသားစုဝင်တွေက နားလည်ဖေးမကူညီသင့်ပါတယ်။ တက်စထိုစတီရုန်းဆေးဝါးတွေနဲ့ ကုသမှုခံယူနိုင်ပေမယ့် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရှိတာမို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သာ မှီဝဲသင့်ပါတယ်။ ဒါ့အပြင် ဆေးဖက်ဝင် အားဖြည့်အစားအစာတွေကိုလည်း မိမိသဘောနဲ့မိမိ အသုံးမပြုသင့်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:  ဒေါက်တာခင်မိုးမိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top