AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ဂဏန္း ၈ လုံးပါ ၁၀၀၀ က်ပ္တန္ ေပၚထြက္၊ ၂၀၁၆ ခုႏွစ္ထက္ ျမန္မာေငြတန္ဖိုးက်သြား၍ ေအာက္ေျခႏွင့္ လူလတ္တန္းစားတို႔ အခက္ႀကဳံ

ဒီပို႔စ္ကို ဖတ္မိတဲ့ ပညာရွင္ေတြအေနနဲ႔ ေငြစကၠဴသစ္ေတြ ဘယ္ေလာက္ေတာင္႐ိုက္ထုတ္ေနၿပီလဲဆိုတာ တြက္ၾကည့္ၾကပါဦး။ အရင္ထုတ္လက္စ ဂဏန္း ၇ လုံးနဲ႔ ၁၀၀၀ က်ပ္တန္ ေငြစကၠဴေတြကို အကၡရာ ZZ အထိ ႐ိုက္ထုတ္ၿပီးသြားလို႔ AA တို႔ AB တု႔ိေနာက္မွာ ဂဏန္း ၈ လုံးထည့္သြင္း ႐ိုက္ႏွိပ္ထုတ္ေဝေနၿပီျဖစ္ေပမယ့္ အဆိုပါ အေၾကာင္းအရာကို ႏိုင္ငံပိုင္ မီဒီယာေတြမွာ ေဖာ္ျပျခင္း မေတြ႕ရပါ။

လက္ရွိ ျမန္မာႏိုင္ငံေတာ္ႀကီးအေနနဲ႔ ႏိုင္ငံျခားေႂကြးၿမီေတြ ျမင့္္တက္ေနတာလည္း အားလုံးအသိပါ။ ဒါကို ေငြစကၠဴအသစ္ေတြ ဆက္တိုက္ထုတ္ေဝေနရင္ လိုေငြပိုျပပါမယ္။ ဘတ္ဂ်က္လိုေငြျပေလ ေငြတန္ဘိုးက်ေလပါပဲ။ျမန္မာေငြ တန္ဘိုးက်ေလ၊ ျမန္မာေငြနဲ႔သာ ဝင္ေငြ ရၾက ရပ္တည္ၾကရတဲ့ ေအာက္ေျချပည္သူ ဒုကၡေရာက္ေလပါ။

တစ္ခ်ိန္က ခ႐ိုနီေခၚ တိုင္ကြန္းတို႔ကေတာ့ ျမန္မာေငြေဈးက်ေလ အဆင္ေျပေလပါ။ ဘာေၾကာင့္လဲဆိုေတာ့ တိုင္ကြန္းေတြနဲ႔ လုပ္ငန္းရွင္ႀကီးေတြတိုင္းဟာ ျမန္မာျပည္တြင္းကထြက္ကုန္ ထုတ္ကုန္ေတြကို ျပည္ပႏိုင္ငံမ်ားထံတင္ပို႔ ေရာင္းခ်ပါတယ္။ ဒါေၾကာင့္္ ႏိုင္ငံျခားေငြနဲ႔ ဝင္ေငြရပါတယ္။ ထိုႏိုင္ငံျခားေငြကို ျမန္မာေငြနဲ႔ လဲၿပီးျမန္မာဝန္ထမ္းေတြကို ျမန္မာေငြနဲ႔ လစာျပန္ေပးတာပါ။

သာဓက အေနနဲ႔ ျပရရင္ ယခင္က ယူ႐ိုေငြ ၁ သန္းဟာ ျမန္မာေငြ ၁၃၆၁ သန္း ခန႔္ပဲ ရွိေပမယ့္ ယေန႔ ယူ႐ို ၁ သန္း ကေတာ့ ျမန္မာေငြ ၁၆၁၆ သန္း ခန႔္ ျဖစ္သြားပါၿပီ။ ဒါေၾကာင့္ လုပ္ငန္းရွင္ႀကီးေတြဟာ ျပည္ပကေန ယူ႐ိုေငြ ၁ သန္း ဝင္ေငြရတာခ်င္းအတူတူ ျမန္မာေငြ သန္း ၂၅၀ တနည္း သိန္း ၂၅၀၀ ခန႔္
ဝင္ေငြပိုရ သြားပါၿပီ။ ျမန္မာေငြ တန္ဖိုးက်လို႔ ႏိုင္ငံျခားေငြ ရင္းႏွီးျမႇပ္ႏွံမႈတိုင္းအတြက္ ျမန္မာက်ပ္ေငြ လိုေငြျပမႈ ပိုမိုျမင့္မားလာၿပီး ေငြစကၠဴအသစ္ေတြ ႐ိုက္ထုတ္ရတာျဖစ္ပါတယ္။

ေအာက္ေျခနဲ႔ လူလတ္တန္းစားျပည္သူေတြ အေနနဲ႔ ယခင္က ၁၃၆၀ က်ပ္သာ တန္တဲ့ပစၥည္းကို ယေန႔ေခတ္မွာ ၁၆၁၅ က် ခန႔္ ေပးမွ ရမယ့္သေဘာပါပဲ။ ဒါေၾကာင့္ ႏိုင္ငံရဲ႕ ေအာက္ေျခလူတန္းစားနဲ႔ လူလတ္တန္းစားေတြမ်က္ႏွာကို ၾကည္ေပးၾကပါ။ ျမန္မာေငြတန္ဘိုးျမင့္တက္လာေအာင္ ႏိုင္ငံေတာ္အေနနဲ႔ အျမန္ဆုံး ေဆာင္႐ြက္ေပးပါရန္ ဒီေနရာကေနတဆင့္ သေဘာ႐ိုးျဖင္ေ့တာင္းဆိုလိုက္ရပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: tartay
# Unicode Version ဖြင့်ဖတ်ရန် #
ဂဏန်း ၈ လုံးပါ ၁၀၀၀ ကျပ်တန် ပေါ်ထွက်၊ ၂၀၁၆ ခုနှစ်ထက် မြန်မာငွေတန်ဖိုးကျသွား၍ အောက်ခြေနှင့် လူလတ်တန်းစားတို့ အခက်ကြုံ

ဒီပို့စ်ကို ဖတ်မိတဲ့ ပညာရှင်တွေအနေနဲ့ ငွေစက္ကူသစ်တွေ ဘယ်လောက်တောင်ရိုက်ထုတ်နေပြီလဲဆိုတာ တွက်ကြည့်ကြပါဦး။ အရင်ထုတ်လက်စ ဂဏန်း ၇ လုံးနဲ့ ၁၀၀၀ ကျပ်တန် ငွေစက္ကူတွေကို အက္ခရာ ZZ အထိ ရိုက်ထုတ်ပြီးသွားလို့ AA တို့ AB တု့ိနောက်မှာ ဂဏန်း ၈ လုံးထည့်သွင်း ရိုက်နှိပ်ထုတ်ဝေနေပြီဖြစ်ပေမယ့် အဆိုပါ အကြောင်းအရာကို နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြခြင်း မတွေ့ရပါ။

လက်ရှိ မြန်မာနိုင်ငံတော်ကြီးအနေနဲ့ နိုင်ငံခြားကြွေးမြီတွေ မြင့်တက်နေတာလည်း အားလုံးအသိပါ။ ဒါကို ငွေစက္ကူအသစ်တွေ ဆက်တိုက်ထုတ်ဝေနေရင် လိုငွေပိုပြပါမယ်။ ဘတ်ဂျက်လိုငွေပြလေ ငွေတန်ဘိုးကျလေပါပဲ။မြန်မာငွေ တန်ဘိုးကျလေ၊ မြန်မာငွေနဲ့သာ ဝင်ငွေ ရကြ ရပ်တည်ကြရတဲ့ အောက်ခြေပြည်သူ ဒုက္ခရောက်လေပါ။

တစ်ချိန်က ခရိုနီခေါ် တိုင်ကွန်းတို့ကတော့ မြန်မာငွေဈေးကျလေ အဆင်ပြေလေပါ။ ဘာကြောင့်လဲဆိုတော့ တိုင်ကွန်းတွေနဲ့ လုပ်ငန်းရှင်ကြီးတွေတိုင်းဟာ မြန်မာပြည်တွင်းကထွက်ကုန် ထုတ်ကုန်တွေကို ပြည်ပနိုင်ငံများထံတင်ပို့ ရောင်းချပါတယ်။ ဒါကြောင့် နိုင်ငံခြားငွေနဲ့ ဝင်ငွေရပါတယ်။ ထိုနိုင်ငံခြားငွေကို မြန်မာငွေနဲ့ လဲပြီးမြန်မာဝန်ထမ်းတွေကို မြန်မာငွေနဲ့ လစာပြန်ပေးတာပါ။

သာဓက အနေနဲ့ ပြရရင် ယခင်က ယူရိုငွေ ၁ သန်းဟာ မြန်မာငွေ ၁၃၆၁ သန်း ခန့်ပဲ ရှိပေမယ့် ယနေ့ ယူရို ၁ သန်း ကတော့ မြန်မာငွေ ၁၆၁၆ သန်း ခန့် ဖြစ်သွားပါပြီ။ ဒါကြောင့် လုပ်ငန်းရှင်ကြီးတွေဟာ ပြည်ပကနေ ယူရိုငွေ ၁ သန်း ဝင်ငွေရတာချင်းအတူတူ မြန်မာငွေ သန်း ၂၅၀ တနည်း သိန်း ၂၅၀၀ ခန့်
ဝင်ငွေပိုရ သွားပါပြီ။ မြန်မာငွေ တန်ဖိုးကျလို့ နိုင်ငံခြားငွေ ရင်းနှီးမြှပ်နှံမှုတိုင်းအတွက် မြန်မာကျပ်ငွေ လိုငွေပြမှု ပိုမိုမြင့်မားလာပြီး ငွေစက္ကူအသစ်တွေ ရိုက်ထုတ်ရတာဖြစ်ပါတယ်။

အောက်ခြေနဲ့ လူလတ်တန်းစားပြည်သူတွေ အနေနဲ့ ယခင်က ၁၃၆၀ ကျပ်သာ တန်တဲ့ပစ္စည်းကို ယနေ့ခေတ်မှာ ၁၆၁၅ ကျ ခန့် ပေးမှ ရမယ့်သဘောပါပဲ။ ဒါကြောင့် နိုင်ငံရဲ့ အောက်ခြေလူတန်းစားနဲ့ လူလတ်တန်းစားတွေမျက်နှာကို ကြည်ပေးကြပါ။ မြန်မာငွေတန်ဘိုးမြင့်တက်လာအောင် နိုင်ငံတော်အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ဒီနေရာကနေတဆင့် သဘောရိုးဖြင်ေ့တာင်းဆိုလိုက်ရပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: tartay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top