×









Credit: 7daydaily
# Unicode Version ဖြင့် ဖတ်ပါ #
ဖေဖော်ဝါရီ ၂၄ ရက် ညနေက ဗဟန်းမြို့နယ်ရှိ မြန်မာပလာဇာ၌ ပြုလုပ်သည့် Illumi-nation အခွေမိတ်ဆက်ပွဲတွင် လာရောက် ဝယ်ယူသော ပရိသတ် များထံမှ အနမ်းသုံးခါ လက် ဆောင်ရခဲ့ကြောင်း အဆိုတော် ရွှေထူးက ပြောသည်။

‘‘ဒီနေ့သုံးခေါက်လောက် အ နမ်းခံပြီးသွားပြီဆိုတော့ ဘယ်လို ပြောမလဲဆိုတော့ ပျော်တယ်ပေါ့ နော်။ သူတို့အနမ်းလေးတွေက ဖြူ စင်ပါတယ်။ သူတို့ ကျွန်တော့်ကို အစ်ကိုတစ်ယောက်လို ချစ်ကြ တယ်။ သူတို့အားပေးတဲ့ idol တစ်ယောက်ကို နမ်းတဲ့အနမ်းမျိုး ပါ။ အဲဒီတော့ သူတို့အနမ်းတွေကို ကျွန်တော် ကျေကျေနပ်နပ်ခံယူ ပါတယ်’’ဟု ၎င်းက ပြောသည်။

ဒုတိယခွေ     ဖြစ်သော် လည်း ပထမအခွေထွက်ခဲ့သလို စိတ်လှုပ်ရှားကြောင်း၊ ပရိုဂျူ ဆာမရှိသောကြောင့် ကိုယ်တိုင်ငွေစုကာ သွင်းယူ သည့် အခွေဖြစ် သော်လည်း ပရိုမိုးရှင်းပွဲ၌ ပလာဇာရှေ့မျက်နှာစာအပြည့် လာ ရောက်အားပေးသော ပရိသတ် များကြောင့် အမောပြေရကြောင်း ဆိုသည်။

‘‘ကျွန်တော့်ကို အကုန်လုံး စောင့်နေပေးကြတယ်။ ပရိသတ် က အားပေးတော့ အရမ်းဝမ်းသာ တယ်။ တကူးတက လာရောက် အားပေးပြီး ကြည့်ပေးတဲ့ပရိသတ် တစ်ယောက်ချင်းစီကို ကျေးဇူး တင်ပါတယ်’’ဟု ရွှေထူးက ပြော သည်။

ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄ နာရီက မန္တလေး ဒိုင်းမွန်း ပလာဇာအပေါ်ထပ်တွင် မန္တလေး ပရိသတ်များနှင့်တွေ့ဆုံကာ အ ခွေရောင်းစဉ် တေးသီချင်းများစွာ ဖျော်ဖြေခဲ့သည်။

ရွှေထူးသည် မတ်လ ၁၅ ရက် တွင် ဒါရိုက်တာမီးပွားရိုက်ကူး မည့် ရုပ်ရှင်ကား၌ သရုပ်ဆောင်နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်တို့နှင့် အတူ ပါဝင်ရိုက်ကူးရန် လက်ခံ ထားသည်။

‘‘ကျွန်တော်က အရူးကာရိုက် တာပါ။ မင်းသမီးတစ်ယောက်၊ Celebrity တစ်ယောက်ကို အရမ်းရူးသွပ်တဲ့ ပရိသတ်တစ် ယောက်ကာရိုက်တာကနေ သရုပ်ဆောင်ရမှာပါ’’ဟု ၎င်းက ပြော သည်။

အခွေထွက်ရှိပြီးနောက် နယ်ပွဲများစွာ လက်ခံထားပြီး ဒုတိယတေးအယ်လ်ဘမ်အတွက် မြူးဇစ်ဗီဒီယိုများ ဆက်တိုက်ရိုက် ကူးမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top