ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ရည္းစားထားရတာလဲ တစ္ခါတစ္ေလစိတ္ရႈပ္စရာေနာ္။ တစ္ခါတစ္ရံအရမ္းေပ်ာ္ရေပမယ့္ တစ္ခါတေလမွာ အရမ္းစိတ္ညစ္ရပါတယ္။ တစ္ခါတေလက် သူနဲ႕ဘာမွညိႈႏိႈင္းစရာမလိုပဲ အလိုလိုနားလည္မႈေတြရွိေနၿပီး တစ္ခါတေလက် ဘာမဟုတ္တဲ့ကိစၥေလးနဲ႕ သူနဲ႕အႀကီးအက်ယ္နားလည္မႈလြဲရျပန္ေရာ။

ရည္းစားသက္တမ္းရင့္လာေလေလ အဆင္မေျပမႈေတြမ်ားေလေလပါ။ ဒါကလည္း အတူတူရွိေနတာၾကာေတာ့ ပြတ္တိုက္မႈမ်ားလာတဲ့သေဘာပါပဲ။ တစ္ဘက္မွာကလည္း သံေယာဇဥ္ေတြပိုတိုးလာသလို တစ္ဦးအႀကိဳက္ကိုတစ္ဦးလည္း ပိုသိနားလည္လာတာေတြရွိတာေပါ့ေလ။

ဒါေပမယ့္ ရည္းစားမျဖစ္ခင္ကလို၊ ရည္းစားျဖစ္ကာစကလို ခ်ိဳသာမႈေတြ၊ အင္မတန္ႏူးညံ့တဲ့ဆက္ဆံေရးေတြ၊ ကဗ်ာဆန္တဲ့ အေျပာအဆိုေတြကေတာ့ နည္းသထက္နည္းလာတာေပါ့။ ဒါကလည္း အခ်စ္ေလ်ာ့သြားလို႕ေတာ့ ဟုတ္မယ္မထင္ပါဘူး။ ပိုၿပီးရင္းႏွီးမႈေတြရလာေတာ့ တစ္ခ်ိဳ႕အရာေတြက မလိုအပ္ေတာ့ဘူးလုိ႕ မသိစိတ္ကခံယူၿပီး ဆက္မလုပ္ျဖစ္ေတာ့တာလုိ႕ထင္ပါတယ္။ ဒါေပမယ့္ အဆင္မေျပတဲ့အခါ အဲ့ဒီအခ်ိန္ေလးေတြကို ျပန္တမ္းတမိျပန္ေရာ။

အခုေယာင္းတို႕ ဆက္ဆံေရးမွာေရာ အဆင္မေျပမႈေတြမ်ားေနၿပီလား။ အတူရွိရခ်ိန္ေတြက ေပ်ာ္စရာမျဖစ္ေတာ့ဘဲ နားမလည္ႏိုင္ျခင္းေတြ၊ ပူေလာင္ေဒါသထြက္ရျခင္းေတြ၊ စြပ္စြဲအျပစ္တင္ရျခင္းေတြနဲ႔ ျပည့္ႏွက္ေနၿပီလား။ ဒါေပမဲ့ တစ္ေယာက္ကို တစ္ေယာက္ အရမ္းခ်စ္ေနဆဲပဲလား။

ဒီလိုအေျခအေနမ်ိဳးေတြနဲ႕ရင္ဆိုင္ရရင္ေတာ့ ေယာင္းတို႕ ရဲ႕အခ်စ္ေရးကို လံုးဝၿပိဳလဲမသြားေစဖို႔ တစ္ခုခုလုပ္ဖို႕လိုအပ္ေနပါျပီ။

ဒါေၾကာင့္ ေယာင္းတို႕သိထားသင့္တယ္ထင္တဲ့အခ်က္ေတြကို အက္ဒ္မင္က ရွာေဖြစူးစမ္းေမႊေႏွာက္တင္ျပေပးလုိက္ပါတယ္ေနာ္။

၁။ ဇာတ္လမ္းကိုႏွစ္ဘက္လံုးက ေရွ႕ဆက္ခ်င္တာေသခ်ာၿပီလား

အခ်စ္ေရးမွာ အေရးအႀကီးဆံုးက ႏွစ္ဘက္စလံုးမွာ ဒီဇာတ္လမ္းကိုေရွ႕ဆက္ခ်င္တဲ့စိတ္ပါပဲ။ တကယ္လို႕သာ တစ္ဘက္ဘက္က ဒီဇာတ္လမ္းကိုေရွ႕မဆက္ခ်င္ေတာ့ဘူးဆိုရင္ တစ္ဘက္ကဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစားအရာထင္လာမယ္ မထင္ပါဘူး။

တကယ္လို႕ ႏွစ္ဖက္စလံုးကဘယ္လုိအခက္အခဲအတားအဆီးေတြပဲရွိရွိ ဒီဇာတ္လမ္းကိုေရွ႕ဖက္မယ္လို႕ရည္ရြယ္ထားရင္ေတာ့ အရာရာအဆင္ေျပဖို႕ ရာႏႈန္းမ်ားသြားပါၿပီ။

ဒါေၾကာင့္ ဒီဇာတ္လမ္းကိုႏွစ္ဖက္စလံုးကေရွ႕ဆက္ဖို႕ရည္ရြယ္ထားတာေသခ်ာၿပီလားဆိုတာကို အရင္ဆန္းစစ္ပါ။
ဒီဇာတ္လမ္းကို ေရွ႕ဆက္ခ်င္တာေသခ်ာၿပီလား

၂။ ျဖစ္ေနတဲ့ျပႆနာေတြနဲ႕ ပတ္သက္လို႕ သူငယ္ခ်င္းေတြနဲ႕ မိသားစုရဲ႕အၾကံဥာဏ္ကိုရယူပါ

တစ္ခါတစ္ရံမွာ ျဖစ္ေနတဲ့ျပႆနာေတြ၊ ကိုယ္နဲ႕ကိုယ့္ခ်စ္သူၾကားက နားမလည္ႏိုင္ျခင္းေတြက ေဘးလူရဲ႕အျမင္မွာေတာ့ လြယ္လြယ္ကူကူေျဖရွင္းႏိုင္တာမ်ိဳးျဖစ္ေနတတ္ပါတယ္။

ဒါေၾကာင့္ ႏွစ္ေယာက္သားၾကားမွာ အၾကိတ္အခဲေတြျဖစ္ေနၿပီဆိုရင္၊ ေဘးလူကိုဘယ္လိုေျဖရွင္းသင့္တယ္ဆိုတာ အၾကံဥာဏ္ေတာင္းခံပါ။ ေဘးလူဆိုတာက ကိုယ့္မိသားစုဝင္ေတြ(ဥပမာ အေမ၊ အစ္မ၊ ညီမ) ေနာက္ၿပီး ကိုယ္နဲ႕အရမ္းရင္းႏွီးတဲ့အခ်စ္ဆံုးသူငယ္ခ်င္းေတြေပါ့။ ဒါ့အျပင္ သူတို႕မွာ ဒီလိုအေတြ႕အၾကံဳေတြရွိႏိုင္တာမို႕ သူတို႕အၾကံဥာဏ္ေတြက အဆင္ေျပတတ္ပါတယ္။

သူတို႕ေတြဟာလည္း ေယာင္းနဲ႕ ေယာင္းခ်စ္သူႏွစ္ေယာက္လံုးကို ေကာင္းေကာင္းရင္းႏွီးသူေတြျဖစ္ဖုိ႕ေတာ့အေရးႀကီးပါတယ္။ မဟုတ္ရင္ေတာ့ သူတို႕အတြက္လည္း အၾကံဥာဏ္ေကာင္းေကာင္းေပးဖုိ႕လြယ္ကူမွာမဟုတ္ပါဘူး။

ေနာက္ၿပီးေတာ့ သူတို႕ေပးသမွ်အၾကံဥာဏ္တိုင္းကိုအကုန္လံုးလိုက္နာေနဖို႕မလိုဘူးေနာ္။ တစ္ခါတစ္ေလ သူတို႕ေတြက အၾကံဥာဏ္ေတြစုျပံဳေပးျပီး ကိုယ္ကဘာကိုလုပ္လုိ႕လုပ္မရမွန္းမသိျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ သူတို႕ေတြေျပာသမွ် အၾကံဥာဏ္ကိုနားေထာင္ပါ။ ဘာကကိုယ့္အတြက္အဆင္ေျပတဲ့ေျဖရွင္းနည္းျဖစ္မလဲ ဆိုတာ ေရြးခ်ယ္ပါ။ အေကာင္းဆံုးနည္းလမ္းကိုလိုက္နာပါ။

၃။ ကိုယ့္ခံစားခ်က္ကို သူ႕ကို ရွင္းရွင္းလင္းလင္းေပးသိပါ။အဆင္မေျပတာေတြမ်ားလာခဲ့ရင္ ပိုျပီးနားလည္မႈလြဲမယ့္အရာေတြထပ္ျဖစ္မလာဖို႕သတိျပဳပါ။ ကိုယ့္ခံစားခ်က္ကို သူသိေစခ်င္ရင္ ရွင္းရွင္းလင္းလင္းေျပာျပတာမ်ိဳးလုပ္ပါ။ ရန္ျဖစ္ၾကၿပီဆိုရင္လဲ မဆိုင္တဲ့အခ်က္ေတြမပါေစဘဲ ကိုယ္ဘာကိုမႀကိဳက္တဲ့အေၾကာင္းကိုပဲ သူသိေအာင္ရွင္းရွင္းလင္းလင္းေျပာျပလုိက္ပါ။ တစ္ေယာက္နဲ႕တစ္ေယာက္မေတြ႕ျဖစ္ၾကတာၾကာၿပီလုိ႕ ခံစားရရင္လဲ တစ္ေယာက္နဲ႕တစ္ေယာက္ဒီထက္ပိုအခ်ိန္ေပးသင့္ေၾကာင္း သူနဲ႕တိုက္ရိုက္ေဆြးေႏြးပါ။ မလိုအပ္ဘဲ ရစ္တာေတြ၊ စကားနာထိုးတာေတြ၊ အရြဲ႕တိုက္တာေတြက ျပႆနာေတြကို ပိုျပီးဆိုးဝါးေစပါတယ္။

ကိုယ့္ခံစားခ်က္ကို သူရွင္းရွင္းလင္းလင္းသိပါေစ

၄။ ကိုယ့္ဘက္က မွားတာရွိရင္လဲ သူ႕ကိုေတာင္းပန္ပါ။

တစ္ခါတစ္ရံကိုယ့္ခ်စ္သူအေပၚမွာခ်စ္လြန္းလို႕မွားတတ္တာေတြ၊ သူကုိယ့္ကို ခ်စ္မွန္းအလိုလိုက္မွန္းသိလို႕ ဆိုးမိတာေတြ ရွိတတ္ပါတယ္။ အဲ့ဒီအခါ ကိုယ္မွန္တယ္လို႕ပဲ တယူသန္ေခါင္းမာေနတာ အေတာ္ဆိုးတဲ့အက်င့္ပါ။ အမွားဆိုတာ လူတိုင္းက်ဴးလြန္တတ္ပါတယ္။ မွားမိတာ အျပစ္မဟုတ္ပါဘူး။ မွားမွန္းသိသိနဲ႕ဆက္မွားေနတာကသာ အျပစ္ပါ။

ကိုယ့္လုပ္မိတဲ့အမွားရွိရင္ သူ႕ကိုေတာင္းပန္ပါ။ တကယ္ခ်စ္တဲ့သူကလည္း ခြင့္လႊတ္ေပးဖုိ႕ဝန္မေလးပါဘူး။ တစ္ခါတစ္ရံအျပဳအမူေတြက ေရာင္ျပန္ဟပ္ တတ္တဲ့သေဘာသဘာဝရွိပါတယ္။ ကိုယ္က ကိုယ့္အမွားကို ဝန္ခံၿပီးေတာင္းပန္တတ္ရင္ သူကလည္း သူ႕ဘက္ကေနသူ႕အမွားကိုဝန္ခံျပီးေတာင္းပန္ပါလိမ့္မယ္။ ကိုယ္က ကိုယ့္အမွားကို မဝန္ခံသမွ် သူကလဲ အဲ့ဒီလိုပဲျပဳမူေနပါလိမ့္မယ္။

အေပၚကေျပာျပခဲ့တာေတြက အက္ဒ္မင္စုေဆာင္းရွာေဖြလုိ႕ရတာေတြေရာ၊ ကိုယ္ေတြ႕ေတြေရာ အစံုပါပဲ။(ဟဲဟဲ) ခ်စ္ခ်စ္နဲ႕အဆင္မေျပတာေတြမ်ားေနတဲ့ ေယာင္းတို႕အတြက္ အတုိင္းအတာတစ္ခုအထိ အေထာက္အကူျဖစ္လိမ့္မယ္လုိ႕ေမွ်ာ္လင့္ပါတယ္။

ခ်စ္သူတိုင္းေပါင္းဖက္ႏိုင္ၾကပါေစလို႕ အက္ဒ္မင္ကဆုေတာင္းေပးပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ရည်းစားထားရတာလဲ တစ်ခါတစ်လေစိတ်ရှုပ်စရာနော်။ တစ်ခါတစ်ရံအရမ်းပျော်ရပေမယ့် တစ်ခါတလေမှာ အရမ်းစိတ်ညစ်ရပါတယ်။ တစ်ခါတလေကျ သူနဲ့ဘာမှညှိုနှိုင်းစရာမလိုပဲ အလိုလိုနားလည်မှုတွေရှိနေပြီး တစ်ခါတလေကျ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ သူနဲ့အကြီးအကျယ်နားလည်မှုလွဲရပြန်ရော။

ရည်းစားသက်တမ်းရင့်လာလေလေ အဆင်မပြေမှုတွေများလေလေပါ။ ဒါကလည်း အတူတူရှိနေတာကြာတော့ ပွတ်တိုက်မှုများလာတဲ့သဘောပါပဲ။ တစ်ဘက်မှာကလည်း သံယောဇဉ်တွေပိုတိုးလာသလို တစ်ဦးအကြိုက်ကိုတစ်ဦးလည်း ပိုသိနားလည်လာတာတွေရှိတာပေါ့လေ။

ဒါပေမယ့် ရည်းစားမဖြစ်ခင်ကလို၊ ရည်းစားဖြစ်ကာစကလို ချိုသာမှုတွေ၊ အင်မတန်နူးညံ့တဲ့ဆက်ဆံရေးတွေ၊ ကဗျာဆန်တဲ့ အပြောအဆိုတွေကတော့ နည်းသထက်နည်းလာတာပေါ့။ ဒါကလည်း အချစ်လျော့သွားလို့တော့ ဟုတ်မယ်မထင်ပါဘူး။ ပိုပြီးရင်းနှီးမှုတွေရလာတော့ တစ်ချို့အရာတွေက မလိုအပ်တော့ဘူးလို့ မသိစိတ်ကခံယူပြီး ဆက်မလုပ်ဖြစ်တော့တာလို့ထင်ပါတယ်။ ဒါပေမယ့် အဆင်မပြေတဲ့အခါ အဲ့ဒီအချိန်လေးတွေကို ပြန်တမ်းတမိပြန်ရော။

အခုယောင်းတို့ ဆက်ဆံရေးမှာရော အဆင်မပြေမှုတွေများနေပြီလား။ အတူရှိရချိန်တွေက ပျော်စရာမဖြစ်တော့ဘဲ နားမလည်နိုင်ခြင်းတွေ၊ ပူလောင်ဒေါသထွက်ရခြင်းတွေ၊ စွပ်စွဲအပြစ်တင်ရခြင်းတွေနဲ့ ပြည့်နှက်နေပြီလား။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်နေဆဲပဲလား။

ဒီလိုအခြေအနေမျိုးတွေနဲ့ရင်ဆိုင်ရရင်တော့ ယောင်းတို့ ရဲ့အချစ်ရေးကို လုံးဝပြိုလဲမသွားစေဖို့ တစ်ခုခုလုပ်ဖို့လိုအပ်နေပါပြီ။

ဒါကြောင့် ယောင်းတို့သိထားသင့်တယ်ထင်တဲ့အချက်တွေကို အက်ဒ်မင်က ရှာဖွေစူးစမ်းမွှေနှောက်တင်ပြပေးလိုက်ပါတယ်နော်။

၁။ ဇာတ်လမ်းကိုနှစ်ဘက်လုံးက ရှေ့ဆက်ချင်တာသေချာပြီလား

အချစ်ရေးမှာ အရေးအကြီးဆုံးက နှစ်ဘက်စလုံးမှာ ဒီဇာတ်လမ်းကိုရှေ့ဆက်ချင်တဲ့စိတ်ပါပဲ။ တကယ်လို့သာ တစ်ဘက်ဘက်က ဒီဇာတ်လမ်းကိုရှေ့မဆက်ချင်တော့ဘူးဆိုရင် တစ်ဘက်ကဘယ်လောက်ပဲ ကြိုးစားကြိုးစားအရာထင်လာမယ် မထင်ပါဘူး။

တကယ်လို့ နှစ်ဖက်စလုံးကဘယ်လိုအခက်အခဲအတားအဆီးတွေပဲရှိရှိ ဒီဇာတ်လမ်းကိုရှေ့ဖက်မယ်လို့ရည်ရွယ်ထားရင်တော့ အရာရာအဆင်ပြေဖို့ ရာနှုန်းများသွားပါပြီ။

ဒါကြောင့် ဒီဇာတ်လမ်းကိုနှစ်ဖက်စလုံးကရှေ့ဆက်ဖို့ရည်ရွယ်ထားတာသေချာပြီလားဆိုတာကို အရင်ဆန်းစစ်ပါ။
ဒီဇာတ်လမ်းကို ရှေ့ဆက်ချင်တာသေချာပြီလား

၂။ ဖြစ်နေတဲ့ပြဿနာတွေနဲ့ ပတ်သက်လို့ သူငယ်ချင်းတွေနဲ့ မိသားစုရဲ့အကြံဉာဏ်ကိုရယူပါ

တစ်ခါတစ်ရံမှာ ဖြစ်နေတဲ့ပြဿနာတွေ၊ ကိုယ်နဲ့ကိုယ့်ချစ်သူကြားက နားမလည်နိုင်ခြင်းတွေက ဘေးလူရဲ့အမြင်မှာတော့ လွယ်လွယ်ကူကူဖြေရှင်းနိုင်တာမျိုးဖြစ်နေတတ်ပါတယ်။

ဒါကြောင့် နှစ်ယောက်သားကြားမှာ အကြိတ်အခဲတွေဖြစ်နေပြီဆိုရင်၊ ဘေးလူကိုဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ အကြံဉာဏ်တောင်းခံပါ။ ဘေးလူဆိုတာက ကိုယ့်မိသားစုဝင်တွေ(ဥပမာ အမေ၊ အစ်မ၊ ညီမ) နောက်ပြီး ကိုယ်နဲ့အရမ်းရင်းနှီးတဲ့အချစ်ဆုံးသူငယ်ချင်းတွေပေါ့။ ဒါ့အပြင် သူတို့မှာ ဒီလိုအတွေ့အကြုံတွေရှိနိုင်တာမို့ သူတို့အကြံဉာဏ်တွေက အဆင်ပြေတတ်ပါတယ်။

သူတို့တွေဟာလည်း ယောင်းနဲ့ ယောင်းချစ်သူနှစ်ယောက်လုံးကို ကောင်းကောင်းရင်းနှီးသူတွေဖြစ်ဖို့တော့အရေးကြီးပါတယ်။ မဟုတ်ရင်တော့ သူတို့အတွက်လည်း အကြံဉာဏ်ကောင်းကောင်းပေးဖို့လွယ်ကူမှာမဟုတ်ပါဘူး။

နောက်ပြီးတော့ သူတို့ပေးသမျှအကြံဉာဏ်တိုင်းကိုအကုန်လုံးလိုက်နာနေဖို့မလိုဘူးနော်။ တစ်ခါတစ်လေ သူတို့တွေက အကြံဉာဏ်တွေစုပြုံပေးပြီး ကိုယ်ကဘာကိုလုပ်လို့လုပ်မရမှန်းမသိဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့တွေပြောသမျှ အကြံဉာဏ်ကိုနားထောင်ပါ။ ဘာကကိုယ့်အတွက်အဆင်ပြေတဲ့ဖြေရှင်းနည်းဖြစ်မလဲ ဆိုတာ ရွေးချယ်ပါ။ အကောင်းဆုံးနည်းလမ်းကိုလိုက်နာပါ။

၃။ ကိုယ့်ခံစားချက်ကို သူ့ကို ရှင်းရှင်းလင်းလင်းပေးသိပါ။အဆင်မပြေတာတွေများလာခဲ့ရင် ပိုပြီးနားလည်မှုလွဲမယ့်အရာတွေထပ်ဖြစ်မလာဖို့သတိပြုပါ။ ကိုယ့်ခံစားချက်ကို သူသိစေချင်ရင် ရှင်းရှင်းလင်းလင်းပြောပြတာမျိုးလုပ်ပါ။ ရန်ဖြစ်ကြပြီဆိုရင်လဲ မဆိုင်တဲ့အချက်တွေမပါစေဘဲ ကိုယ်ဘာကိုမကြိုက်တဲ့အကြောင်းကိုပဲ သူသိအောင်ရှင်းရှင်းလင်းလင်းပြောပြလိုက်ပါ။ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ကြတာကြာပြီလို့ ခံစားရရင်လဲ တစ်ယောက်နဲ့တစ်ယောက်ဒီထက်ပိုအချိန်ပေးသင့်ကြောင်း သူနဲ့တိုက်ရိုက်ဆွေးနွေးပါ။ မလိုအပ်ဘဲ ရစ်တာတွေ၊ စကားနာထိုးတာတွေ၊ အရွဲ့တိုက်တာတွေက ပြဿနာတွေကို ပိုပြီးဆိုးဝါးစေပါတယ်။

ကိုယ့်ခံစားချက်ကို သူရှင်းရှင်းလင်းလင်းသိပါစေ

၄။ ကိုယ့်ဘက်က မှားတာရှိရင်လဲ သူ့ကိုတောင်းပန်ပါ။

တစ်ခါတစ်ရံကိုယ့်ချစ်သူအပေါ်မှာချစ်လွန်းလို့မှားတတ်တာတွေ၊ သူကိုယ့်ကို ချစ်မှန်းအလိုလိုက်မှန်းသိလို့ ဆိုးမိတာတွေ ရှိတတ်ပါတယ်။ အဲ့ဒီအခါ ကိုယ်မှန်တယ်လို့ပဲ တယူသန်ခေါင်းမာနေတာ အတော်ဆိုးတဲ့အကျင့်ပါ။ အမှားဆိုတာ လူတိုင်းကျူးလွန်တတ်ပါတယ်။ မှားမိတာ အပြစ်မဟုတ်ပါဘူး။ မှားမှန်းသိသိနဲ့ဆက်မှားနေတာကသာ အပြစ်ပါ။

ကိုယ့်လုပ်မိတဲ့အမှားရှိရင် သူ့ကိုတောင်းပန်ပါ။ တကယ်ချစ်တဲ့သူကလည်း ခွင့်လွှတ်ပေးဖို့ဝန်မလေးပါဘူး။ တစ်ခါတစ်ရံအပြုအမူတွေက ရောင်ပြန်ဟပ် တတ်တဲ့သဘောသဘာဝရှိပါတယ်။ ကိုယ်က ကိုယ့်အမှားကို ဝန်ခံပြီးတောင်းပန်တတ်ရင် သူကလည်း သူ့ဘက်ကနေသူ့အမှားကိုဝန်ခံပြီးတောင်းပန်ပါလိမ့်မယ်။ ကိုယ်က ကိုယ့်အမှားကို မဝန်ခံသမျှ သူကလဲ အဲ့ဒီလိုပဲပြုမူနေပါလိမ့်မယ်။

အပေါ်ကပြောပြခဲ့တာတွေက အက်ဒ်မင်စုဆောင်းရှာဖွေလို့ရတာတွေရော၊ ကိုယ်တွေ့တွေရော အစုံပါပဲ။(ဟဲဟဲ) ချစ်ချစ်နဲ့အဆင်မပြေတာတွေများနေတဲ့ ယောင်းတို့အတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

ချစ်သူတိုင်းပေါင်းဖက်နိုင်ကြပါစေလို့ အက်ဒ်မင်ကဆုတောင်းပေးပါတယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top