မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×

# Zawgyi Version ဖြင့်ဖတ်ရန် #














# Unicode Version ဖြင့်ဖတ်ရန် #

 ဗုဒ္ဓဟူး သားသမီး များသည် စိတ်ထားထက်မြက်ပြီး တဇွတ်ထိုး လုပ်ကိုင်တတ်ကြသူများဖြစ်သည်။ စိတ်ရင်းကောင်းပြီး စေတနာနှင့်ပြည့်ဝသည်။အများ၏ချစ်ခင်မှု အထင်ကြီးမှုကို ခံကြရမည်။ နှုတ်ထွက်ချိုသာကြပြီး အများစွဲမက်အောင် ပြောဆိုနိုင်ကြသူများဖြစ်သည်။

တစ်ဖက်သား ကို စိတ်ချမ်းသာအောင်ပြောဆိုတတ်သည်။ နှစ်သိမ့်အားပေးတတ်မည်။

ဖြစ်သမျှ ကိုလက်ခံတင်းတိမ်နိုင်ပြီး ခွင့်လွှတ်နိုင်စွမ် ရှိကြကြသည်။

မိမိ အကြောင်းမသိသူများက မိမိ နှင့် ပေါင်းသင်း နိုင်မည်မဟုတ်ပါ။

အပေါင်းအသင်း များအပေါ်မိမိကအနစ်နာခံပြီး ပေါင်းသင်း တတ်သော်လည်း မိမိ အပေါ်ကျေးဇူးကန်း သူများနှင့် ကြုံတွေ့ရမည်။

များသောအားဖြင့် လုပ်ကိုင်သမျှအလုပ်တိုင်း ထင်သလောက်အကျိုးပေးမည်မဟုတ်။

လူအပင်ပန်းခံနိုင်ပေမဲ့ စိတ်အပင်ပန်းမခံနိုင်ကြပါ။စိတ်ဆိုးလွယ်ကြသော်လည်း လက်တွေ့တွင် မရင်စက်နိုင်ကြပါ။

ဖြတ်ထိုးဉာဏ်၊ ထိုးထွင်းဉာဏ်ကောင်းကြသူများဖြစ်မည်။

အလုပ် ကိုသူများထက်ပိုလုပ်နိုင်ကြပြီး တိုးတက် သောအခါ မိမိလောက်မလုပ်သူများက တိုးတက် သွားသဖြင့်စိတ်ပင်ပန်းပြီးကျန်ရစ်ခဲ့တတ်သည်။

မိမိ တိုးတက ပြီးဆိုလျှင်လည်း အများတကာ အံ့သြသွားသည်အထိတဟုန်ထိုးတိုးတက်မည်။

တစ်ယူသန်စိတ်ရှိသည့်အတွက် တစ်ခါတစ်ရံ မထင်ထားတဲ့ပြဿနာ များကြုံတွေ့ရတတ်ပါသည်။

သူများပြဿနာကို ကိုယ့်ပြဿနာဖြစ်အောင်ဝင်ပြီးကြားဝင်တတ်သည့်အတွက် အစွပ်အစွဲခံရတတ်သည် (ရှောင်ပါ)။

ရောက်ရှိနေသော ဘဝ နှင့် မိမိတွေးခေါ်မှုဆန်းသစ်မှုများမှာ အံ့မဝင်သလိုရှိနေတတ်သည်။ မိမိအတွေးအခေါ်က မြင့်မားနေသောကြောင့်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Uploder
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top