ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မၾကာေသးခင္က လူစိတ္ဝင္စားမႈမ်ားခဲ့တဲ့ ေမာင္ထက္ဦးလိႈင္နဲ႔ မယြန္းဝတီလြင္မိုးတို႔ရဲ့ မဂၤလာပဲြကေတာ့ ၿပီးသြားခဲ့ပါၿပီ။ ခုေတာ့ ၾသစေၾတးလ်ကို ျပန္ေရာက္ေနၾကၿပီး ယြန္းဝတီလြင္မိုးက သူမရဲ့ အင္စတာဂရမ္လူမႈကြန္ယက္မွာ ၿပီးခဲ့တဲ့ႏွစ္က ဗီြဒီယိုဖိုင္ေလးတစ္ခုကို တင္လိုက္ပါတယ္။ အဲ့ဒါကေတာ့ ေမာင္ထက္လိႈင္ဦးက သူမကို မိတ္ကပ္လိမ္းေပးေနတာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဇန္နဝါရီလ ၄ ရက္ေန႔ကပဲ သူမတို႔ရဲ့ မဂၤလာပဲြ ၿပီးဆံုးခဲ့တာ ျဖစ္ပါတယ္။ ဒီမတိုင္ခင္ ၆ လခန္႔တည္းက ေစ့စပ္ထားၾကတယ္လို႔လည္း ဖခင္ျဖစ္သူ ဦးလြင္မိုးက အင္တာဗ်ဴးတစ္ခုမွာ ေျဖထားပါတယ္။ ဒီဗိြဒီယိုဖိုင္ဟာ လြန္ခဲ့တဲ့ တစ္ႏွစ္တည္းကလို႔ ဆိုတဲ့အတြက္ေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ အေစာပိုင္တည္းက ပူးပူးကပ္ကပ္ေနခဲ့ၾကတယ္လို႔ ဆိုရမွာပါပဲ။

ယြန္းဝတီလြင္မိုးကလည္း ခင္ပြန္းျဖစ္သူကို ရိပ္တၾကည့္ၾကည့္ ခ်စ္ေနပံုရၿပီး ခင္ပြန္းျဖစ္သူကလည္း ခပ္ေအးေအးေလးနဲ႔ ခုခ်ိန္ထိေတာ့ ယြန္းဝတီလြင္မိုးအေပၚ အလိုလိုက္ေနတာကို ေတြ႔ရပါတယ္။ ပရိတ္သတ္ေတြကေတာ့ ႏွေျမာရံုကလဲြၿပီး ဘာမွမတတ္ႏိုင္ပါဘူး။ ခုခ်ိန္ထိလည္း ယြန္းဝတီလြင္း ေဖ့စ္ဘြက္မွာပံုတစ္ခုတင္လုိက္တိုင္း ဝမ္းနည္းတဲ့ ရီအက္ရွင္ေတြ ေပးေနၾကတာကို ေတြ႔ရပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ သရုပ္ေဆာင္ အကယ္ဒမီ လြင္မိုးရဲ့ သမီးေလး ယြန္းဝတီလြင္မိုးက အႏုပညာအလုပ္ဘက္ကို သိပ္ဝါသနာမပါပဲ ပညာေရးလိုက္စားရင္းကေန အခ်စ္ေရးကိစၥကို ဦးစားေပးခဲ့ပါတယ္။ လြင္မိုးရဲ့သမီးျဖစ္သလို ခ်စ္ရာလည္းေကာင္းတာေၾကာင့္ သူမကို ေစာင့္ၾကည့္တဲ့ပရိတ္သတ္ေတြ ရွိေနခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike
# Unicode Version ျဖင့္ ဖတ္ပါ #
မကြာသေးခင်က လူစိတ်ဝင်စားမှုများခဲ့တဲ့ မောင်ထက်ဦးလှိုင်နဲ့ မယွန်းဝတီလွင်မိုးတို့ရဲ့ မင်္ဂလာပွဲကတော့ ပြီးသွားခဲ့ပါပြီ။ ခုတော့ သြစတြေးလျကို ပြန်ရောက်နေကြပြီး ယွန်းဝတီလွင်မိုးက သူမရဲ့ အင်စတာဂရမ်လူမှုကွန်ယက်မှာ ပြီးခဲ့တဲ့နှစ်က ဗွီဒီယိုဖိုင်လေးတစ်ခုကို တင်လိုက်ပါတယ်။ အဲ့ဒါကတော့ မောင်ထက်လှိုင်ဦးက သူမကို မိတ်ကပ်လိမ်းပေးနေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်နေ့ကပဲ သူမတို့ရဲ့ မင်္ဂလာပွဲ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ၆ လခန့်တည်းက စေ့စပ်ထားကြတယ်လို့လည်း ဖခင်ဖြစ်သူ ဦးလွင်မိုးက အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။ ဒီဗွိဒီယိုဖိုင်ဟာ လွန်ခဲ့တဲ့ တစ်နှစ်တည်းကလို့ ဆိုတဲ့အတွက်ကြောင့် သူတို့နှစ်ယောက်ဟာ အစောပိုင်တည်းက ပူးပူးကပ်ကပ်နေခဲ့ကြတယ်လို့ ဆိုရမှာပါပဲ။

ယွန်းဝတီလွင်မိုးကလည်း ခင်ပွန်းဖြစ်သူကို ရိပ်တကြည့်ကြည့် ချစ်နေပုံရပြီး ခင်ပွန်းဖြစ်သူကလည်း ခပ်အေးအေးလေးနဲ့ ခုချိန်ထိတော့ ယွန်းဝတီလွင်မိုးအပေါ် အလိုလိုက်နေတာကို တွေ့ရပါတယ်။ ပရိတ်သတ်တွေကတော့ နှမြောရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ ခုချိန်ထိလည်း ယွန်းဝတီလွင်း ဖေ့စ်ဘွက်မှာပုံတစ်ခုတင်လိုက်တိုင်း ဝမ်းနည်းတဲ့ ရီအက်ရှင်တွေ ပေးနေကြတာကို တွေ့ရပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးရဲ့ သမီးလေး ယွန်းဝတီလွင်မိုးက အနုပညာအလုပ်ဘက်ကို သိပ်ဝါသနာမပါပဲ ပညာရေးလိုက်စားရင်းကနေ အချစ်ရေးကိစ္စကို ဦးစားပေးခဲ့ပါတယ်။ လွင်မိုးရဲ့သမီးဖြစ်သလို ချစ်ရာလည်းကောင်းတာကြောင့် သူမကို စောင့်ကြည့်တဲ့ပရိတ်သတ်တွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top