ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဓာတုပစၥည္း ပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္ေတြကို အသံုးျပဳတဲ့အခါမွာ ေရေသခ်ာစင္ၾကယ္ေအာင္ ေဆးခ်ဖို႔ လိုပါတယ္။ ဒီလိုဓာတုပစၥည္းေတြက ဦးေရျပားေပၚ က်န္ရစ္ေနမယ္ဆိုရင္ မႈိေရာဂါ ျဖစ္ပြားႏုိင္လို႔ပါ။ အထူးသျဖင့္ ဦးေရျပားေပၚမွာ ကပ္ၿငိေနတတ္တဲ့ ဖုန္မႈန္႔၊ အညစ္အေၾကး၊ ေခၽြးနဲ႔ အဆီေတြ ေပါင္းစပ္လုိက္တဲ့အခါ ဝက္ၿခံထြက္ေပၚ လာတတ္ပါတယ္။ ဒါ့ေၾကာင့္ ဦးေရျပားေပၚ ဝက္ၿခံထြက္တယ္ဆိုတာ တစ္ကိုယ္ရည္ သန္႔ရွင္းမႈနဲ႔လည္း ဆိုင္ပါတယ္။ လူအမ်ားစု ျဖစ္ေလ့ျဖစ္ထရွိတဲ့ အရာမုိ႔လို႔ စိုးရိမ္စရာေတာ့ မရွိေပမယ့္ ဝက္ၿခံေၾကာင့္ ဦးေရျပား ယားယံျခင္းနဲ႔ နာက်င္ျခင္းကို အလ်င္ျမန္ဆံုး သက္သာေစမယ့္ အိမ္တြင္းကုထံုးမ်ားကို ေဖာ္ျပေပးလုိက္ပါတယ္။

(၁) Tea Tree Oil

Tea Tree Oil က ဦးေရျပားေပၚက ဘတ္တီးရီးယားမ်ားကို ေသေစႏုိင္တဲ့ သဘာဝပစၥည္းေလးပါပဲ။ စူပါမားကတ္ေတြမွာ အလြယ္တကူဝယ္ယူရရွိႏိုင္တာမို႔လုိ႔ ခက္ခဲတဲ့ နည္းလမ္းေတာ့ မဟုတ္ပါဘူးေနာ္။ tea tree oil အနည္းငယ္ကို ဆံသားအားျဖည့္အဆီအျဖစ္ ဦးေရျပားေပၚ လိမ္းေပးႏုိင္ပါတယ္။ ေနာက္ထပ္နည္းလမ္းေလးကေတာ့ tea tree oilအနည္းငယ္နဲ႔ ေရအနည္းငယ္ ေရာစပ္ၿပီး ဝါဂြမ္းစနဲ႔ တုိ႔ယူလိမ္းေပးပါ။ ဝက္ၿခံျဖစ္ေပၚေစတဲ့ ဘတ္တီးရီးယား ပိုးမႊားမ်ားကို ေသေစႏုိင္တဲ့ အတြက္ သဘာဝနည္းလမ္းေကာင္းေလးပါပဲ။

(၂) ၾကက္သြန္ျဖဴ

ဦးေရျပားေပၚမွာျဖစ္တတ္တဲ့ မႈိေရာဂါမ်ားကို အလ်င္ျမန္ဆံုး ဖယ္ရွားေပးႏုိင္တဲ့ နည္းလမ္းတစ္ရပ္ပါပဲ။ မီးဖိုေခ်ာင္ထဲမွာ အလြယ္တကူရရွိႏုိင္တဲ့အတြက္ ကုန္က်လည္းသက္သာၿပီး ထိေရာက္တဲ့ နည္းလမ္းေလးပါ။ ၾကက္သြန္ျဖဴတစ္မႊာကို ဝက္ၿခံရွိတဲ့ ဦးေရျပားေပၚ ပြတ္တိုက္ေပးရမွာပဲ ျဖစ္ပါတယ္။ ဝက္ၿခံေၾကာင့္ပိုးမႊားမ်ား ဝင္ေရာက္ျခင္းမွ ကာကြယ္ေပးႏုိင္ၿပီး ဝက္ၿခံကိုအလ်င္ျမန္ဆံုး သက္သာေစပါတယ္။ ဒါေပမယ့္ ၾကက္သြန္ျဖဴရဲ႕ စူးရွတဲ့အနံ႔ကို စင္ၾကယ္ေအာင္ ေခါင္းေသခ်ာေလွ်ာ္ဖုိ႔ေတာ့ လိုပါမယ္ေနာ္။

(၃) သံပရိုသီး

သံပရိုသီးမွာ ပါဝင္တဲ့ အက္ဆစ္ဓာတ္က ဦးေရျပားမႈိေရာဂါအတြက္ သဘာဝေဆးစြမ္းေကာင္း တစ္လက္ပါပဲ။ သံပရိုသီးကို ထက္ၿခမ္းျခမ္းၿပီး ဝက္ၿခံရွိတဲ့ ဦးေရျပားေပၚကို ပြတ္တိုက္ေပးပါ။ ဝက္ၿခံျဖစ္ေပၚေစတဲ့ ဘက္တီးရီးယားပိုးမႊားမ်ားကို ဖယ္ရွားသန္႔စင္ေပးႏုိင္ၿပီး ယားယံျခင္းကိုလည္း သက္သာေပ်ာက္ကင္းေစပါတယ္။

(၄) နႏြင္းမႈန္႔

ဟင္းခတ္အေမႊးအႀကိဳင္တစ္မ်ိဳးျဖစ္တဲ့ နႏြင္းမႈန္႔ကလည္း ဝက္ၿခံကုသတဲ့ေနရာမွာ ထိေရာက္လွပါတယ္။ အပူေပးထားတဲ့ သံလြင္ဆီထဲကို နႏြင္းမႈန္႔အနည္းငယ္ေရာစပ္ၿပီး ဝက္ၿခံရွိတဲ့ ဦးေရျပားေပးကို သုတ္လိမ္းေပးပါ။ ဦးေရျပားထဲထိ စိမ့္ဝင္သြားေအာင္ မိနစ္အနည္းငယ္ခန္႔ ညင္သာစြာ ႏွိပ္နယ္ေပးပါ။ ဝက္ၿခံေၾကာင့္ ဦးေရျပားယားယံျခင္းနဲ႔ ဘတ္တီးရီးယားပိုးမႊားမ်ားကို ရွင္းထုတ္ေပးပါတယ္။

(၅) စပ်စ္ေျခာက္စားပါ

ဦးေရျပားမွာ ဝက္ၿခံထြက္တယ္ ဆိုတာဟာ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ပါ။ သံဓာတ္ခ်ိဳ႕တဲ့အခါ မ်ိဳးမွာလည္း ဦးေရျပားေပၚ ဝက္ၿခံထြက္ေပၚလာႏုိင္ ပါတယ္။ သံဓာတ္ျပည့္ဝစြာ  ပါဝင္တဲ့ စပ်စ္ေျခာက္က ဦးေရျပား က်န္းမာဖို႔ အတြက္ မ်ားစြာ အေထာက္အကူျပဳၿပီး ဆံပင္သန္စြမ္းက်န္းမာဖို႔ အတြက္မ်ားစြာ အေထာက္အကူျပဳပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ဓာတုပစ္စည်း ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကို အသုံးပြုတဲ့အခါမှာ ရေသေချာစင်ကြယ်အောင် ဆေးချဖို့ လိုပါတယ်။ ဒီလိုဓာတုပစ္စည်းတွေက ဦးရေပြားပေါ် ကျန်ရစ်နေမယ်ဆိုရင် မှိုရောဂါ ဖြစ်ပွားနိုင်လို့ပါ။ အထူးသဖြင့် ဦးရေပြားပေါ်မှာ ကပ်ငြိနေတတ်တဲ့ ဖုန်မှုန့်၊ အညစ်အကြေး၊ ချွေးနဲ့ အဆီတွေ ပေါင်းစပ်လိုက်တဲ့အခါ ဝက်ခြံထွက်ပေါ် လာတတ်ပါတယ်။ ဒါ့ကြောင့် ဦးရေပြားပေါ် ဝက်ခြံထွက်တယ်ဆိုတာ တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့လည်း ဆိုင်ပါတယ်။ လူအများစု ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာမို့လို့ စိုးရိမ်စရာတော့ မရှိပေမယ့် ဝက်ခြံကြောင့် ဦးရေပြား ယားယံခြင်းနဲ့ နာကျင်ခြင်းကို အလျင်မြန်ဆုံး သက်သာစေမယ့် အိမ်တွင်းကုထုံးများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Tea Tree Oil

Tea Tree Oil က ဦးရေပြားပေါ်က ဘတ်တီးရီးယားများကို သေစေနိုင်တဲ့ သဘာဝပစ္စည်းလေးပါပဲ။ စူပါမားကတ်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တာမို့လို့ ခက်ခဲတဲ့ နည်းလမ်းတော့ မဟုတ်ပါဘူးနော်။ tea tree oil အနည်းငယ်ကို ဆံသားအားဖြည့်အဆီအဖြစ် ဦးရေပြားပေါ် လိမ်းပေးနိုင်ပါတယ်။ နောက်ထပ်နည်းလမ်းလေးကတော့ tea tree oilအနည်းငယ်နဲ့ ရေအနည်းငယ် ရောစပ်ပြီး ဝါဂွမ်းစနဲ့ တို့ယူလိမ်းပေးပါ။ ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယား ပိုးမွှားများကို သေစေနိုင်တဲ့ အတွက် သဘာဝနည်းလမ်းကောင်းလေးပါပဲ။

(၂) ကြက်သွန်ဖြူ

ဦးရေပြားပေါ်မှာဖြစ်တတ်တဲ့ မှိုရောဂါများကို အလျင်မြန်ဆုံး ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းတစ်ရပ်ပါပဲ။ မီးဖိုချောင်ထဲမှာ အလွယ်တကူရရှိနိုင်တဲ့အတွက် ကုန်ကျလည်းသက်သာပြီး ထိရောက်တဲ့ နည်းလမ်းလေးပါ။ ကြက်သွန်ဖြူတစ်မွှာကို ဝက်ခြံရှိတဲ့ ဦးရေပြားပေါ် ပွတ်တိုက်ပေးရမှာပဲ ဖြစ်ပါတယ်။ ဝက်ခြံကြောင့်ပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပြီး ဝက်ခြံကိုအလျင်မြန်ဆုံး သက်သာစေပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူရဲ့ စူးရှတဲ့အနံ့ကို စင်ကြယ်အောင် ခေါင်းသေချာလျှော်ဖို့တော့ လိုပါမယ်နော်။

(၃) သံပရိုသီး

သံပရိုသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က ဦးရေပြားမှိုရောဂါအတွက် သဘာဝဆေးစွမ်းကောင်း တစ်လက်ပါပဲ။ သံပရိုသီးကို ထက်ခြမ်းခြမ်းပြီး ဝက်ခြံရှိတဲ့ ဦးရေပြားပေါ်ကို ပွတ်တိုက်ပေးပါ။ ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားပိုးမွှားများကို ဖယ်ရှားသန့်စင်ပေးနိုင်ပြီး ယားယံခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၄) နနွင်းမှုန့်

ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်တဲ့ နနွင်းမှုန့်ကလည်း ဝက်ခြံကုသတဲ့နေရာမှာ ထိရောက်လှပါတယ်။ အပူပေးထားတဲ့ သံလွင်ဆီထဲကို နနွင်းမှုန့်အနည်းငယ်ရောစပ်ပြီး ဝက်ခြံရှိတဲ့ ဦးရေပြားပေးကို သုတ်လိမ်းပေးပါ။ ဦးရေပြားထဲထိ စိမ့်ဝင်သွားအောင် မိနစ်အနည်းငယ်ခန့် ညင်သာစွာ နှိပ်နယ်ပေးပါ။ ဝက်ခြံကြောင့် ဦးရေပြားယားယံခြင်းနဲ့ ဘတ်တီးရီးယားပိုးမွှားများကို ရှင်းထုတ်ပေးပါတယ်။

(၅) စပျစ်ခြောက်စားပါ

ဦးရေပြားမှာ ဝက်ခြံထွက်တယ် ဆိုတာဟာ အာဟာရချို့တဲ့မှုကြောင့်ပါ။ သံဓာတ်ချို့တဲ့အခါ မျိုးမှာလည်း ဦးရေပြားပေါ် ဝက်ခြံထွက်ပေါ်လာနိုင် ပါတယ်။ သံဓာတ်ပြည့်ဝစွာ  ပါဝင်တဲ့ စပျစ်ခြောက်က ဦးရေပြား ကျန်းမာဖို့ အတွက် များစွာ အထောက်အကူပြုပြီး ဆံပင်သန်စွမ်းကျန်းမာဖို့ အတွက်များစွာ အထောက်အကူပြုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top