iMyanmarHouse.com - Best Property Website for Myanmar
×

အဆုိေတာ္ ဟဲေလးနဲ႔ အဆုိေတာ္ အိမ့္ခ်စ္တုိ႔ရဲ႕ ေခ်ာကလက္မႈိတက္ ညိဳျပာညက္ ေတးစီးရီးအေခြ ပရုိမုိးရွင္းပြဲကုိ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ ညေနပုိင္းက ျမန္မာပလာဇာရဲ႕ Outdoor ဧရိယာမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

ေခ်ာကလက္မႈိတက္ညိဳျပာညက္ ေတးစီးရီးအေခြကုိ လာေရာက္အားေပးၾကမယ့္ ပရိသတ္ေလးေတြအတြက္ အဆိုေတာ္အိမ့္ခ်စ္က သူ႔ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာအခုလုိေရးသားခဲ့ပါတယ္။ '' ေခ်ာကလက္ေလးမ်ားရွင့္ မနက္ျဖန္ ေန႔လည္ ၁နာရီတည္းက ျမန္မာplaza ရဲ႕ outdoor area မွာ အေခြေတြစတင္ေရာင္းခ်မွာ ျဖစ္ၿပီး ပထမဆံုးအေခြဝယ္ယူသူ အေယာက္ ၁၀၀ အားအမွတ္တရ T shirt မ်ားလက္ေဆာင္ေပး သြားမွာပါရွင့္ လက္မွတ္ထိုးပြဲႏွင့္ေဖ်ာ္ေျဖမႈမ်ားကေတာ့ ညေန ၅နာရီမွာ စတင္မွာျဖစ္ပါ တယ္ရွင့္ ညေန ၅နာရီကစၿပီးပထမဆံုးလက္မွတ္ လာေရာက္ေရးထိုးအားေပးၾကမယ့္ ပရိတ္သတ္အေယာက္၁၀၀အတြက္ကေတာ့ ေခ်ာကလက္ေလးေတြလက္ေဆာင္ေပးသြားမွာပါ See you tomorrow loves.!!'' ဆုိၿပီးေတာ့ ဖိတ္ေခၚစကားဆုိခဲ့ပါတယ္။

ဟဲေလးနဲ႔ အိမ့္ခ်စ္တုိ႔ရဲ႕ ေခ်ာကလက္မႈိတက္ညိဳျပာညက္ ေတးစီးရီးအေခြကုိ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ကစၿပီး M United Entertainment ကေန ျမန္မာတစ္ႏုိင္ငံလုံးကုိ ထုတ္လုပ္ျဖန္႔ခ်ီသြားမွာျဖစ္ပါတယ္။ ေတးစီးရီးအေခြ ပရုိမုိးရွင္းပြဲကုိေတာ့ ေဖေဖာ္ဝါရီလလ ၁၂ ရက္ေန႔ က ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ျမန္မာပလာဇာမွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာေတာ့ မႏၱေလးၿမိဳ႔မွာရွိတဲ့ Amazing Mall မွာ ညေန ၄ နာရီအခ်ိန္ က်င္းပျပဳလုပ္သြားမယ္လုိ႔ သိရပါတယ္။

Photo: အိမ့္ခ်စ္ေဖ့စ္ဘုတ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
အဆိုတော် ဟဲလေးနဲ့ အဆိုတော် အိမ့်ချစ်တို့ရဲ့ ချောကလက်မှိုတက် ညိုပြာညက် တေးစီးရီးအခွေ ပရိုမိုးရှင်းပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းက မြန်မာပလာဇာရဲ့ Outdoor ဧရိယာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ချောကလက်မှိုတက်ညိုပြာညက် တေးစီးရီးအခွေကို လာရောက်အားပေးကြမယ့် ပရိသတ်လေးတွေအတွက် အဆိုတော်အိမ့်ချစ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာအခုလိုရေးသားခဲ့ပါတယ်။ '' ချောကလက်လေးများရှင့် မနက်ဖြန် နေ့လည် ၁နာရီတည်းက မြန်မာplaza ရဲ့ outdoor area မှာ အခွေတွေစတင်ရောင်းချမှာ ဖြစ်ပြီး ပထမဆုံးအခွေဝယ်ယူသူ အယောက် ၁၀၀ အားအမှတ်တရ T shirt များလက်ဆောင်ပေး သွားမှာပါရှင့် လက်မှတ်ထိုးပွဲနှင့်ဖျော်ဖြေမှုများကတော့ ညနေ ၅နာရီမှာ စတင်မှာဖြစ်ပါ တယ်ရှင့် ညနေ ၅နာရီကစပြီးပထမဆုံးလက်မှတ် လာရောက်ရေးထိုးအားပေးကြမယ့် ပရိတ်သတ်အယောက်၁၀၀အတွက်ကတော့ ချောကလက်လေးတွေလက်ဆောင်ပေးသွားမှာပါ See you tomorrow loves.!!'' ဆိုပြီးတော့ ဖိတ်ခေါ်စကားဆိုခဲ့ပါတယ်။

ဟဲလေးနဲ့ အိမ့်ချစ်တို့ရဲ့ ချောကလက်မှိုတက်ညိုပြာညက် တေးစီးရီးအခွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး M United Entertainment ကနေ မြန်မာတစ်နိုင်ငံလုံးကို ထုတ်လုပ်ဖြန့်ချီသွားမှာဖြစ်ပါတယ်။ တေးစီးရီးအခွေ ပရိုမိုးရှင်းပွဲကိုတော့ ဖေဖော်ဝါရီလလ ၁၂ ရက်နေ့ က ရန်ကုန်မြို့မှာရှိတဲ့ မြန်မာပလာဇာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာတော့ မန္တလေးမြို့မှာရှိတဲ့ Amazing Mall မှာ ညနေ ၄ နာရီအချိန် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo: အိမ့်ချစ်ဖေ့စ်ဘုတ်

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top