ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

တနသၤာရီတိုင္းေဒသႀကီး ထားဝယ္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီ ၂၁ ရက္ နံနက္က အသက္ရွစ္ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးအား မိသားစုဝင္မ်ား အိပ္ေပ်ာ္ေနစဥ္ ခိုးယူ၍ သားမယားျပဳက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ ၂၀ ရက္ ည ၈ နာရီခန႔္တြင္ ထားဝယ္ၿမိဳ႕ ဝဲကြၽန္းရပ္ကြက္ေန ဦး….မွာ ေနအိမ္ေအာက္ ကြပ္ပ်စ္ေပၚတြင္ အသက္ရွစ္ႏွစ္အ႐ြယ္ သမီးျဖစ္သူ မ….၊ ညီျဖစ္သူတို႔ႏွင့္ အတူအိပ္ၿပီး က်န္ရွိသည့္ မိသားစုဝင္မ်ားမွာ ေနအိမ္ေပၚထပ္တြင္ အိပ္ေနခဲ့ေၾကာင္း၊ ေဖေဖာ္ဝါရီ ၂၁ ရက္ နံနက္ ၂ နာရီခန႔္တြင္ သမီးျဖစ္သူက ေရဆာ၍ ေရတိုက္ၿပီး ျပန္အိပ္ေနခဲ့ရာ မိခင္ျဖစ္သူ အိပ္ယာမွႏိုးၿပီး အိမ္ေအာက္သို႔ ဆင္းလာေသာအခါ မ….အား မေတြ႕ရွိရေၾကာင္း သိရသည္။

ထို႔ေနာက္ မိခင္ျဖစ္သူက မိသားစုဝင္မ်ားကိုႏႈိး၍ လိုက္လံရွာေဖြရာ မိနစ္ ၃၀ ခန႔္အၾကာ၌ ေနအိမ္၏ တစ္အိမ္ေက်ာ္ရွိ ၿခံအတြင္း ငွက္ေပ်ာေတာတြင္ မ….အား ေတြ႕ရွိရၿပီး လူတစ္ဦး ထြက္ေျပးသြားသည္ကို သိရသျဖင့္ လိုက္လံရွာေဖြရာ မေတြ႕ရွိခဲ့ေၾကာင္း၊ မ….၏ မိန္းမကိုယ္မွ ေသြးမ်ား ထြက္ေနသည္ကိုေတြ႕ရသျဖင့္ ေဆး႐ုံသို႔ ပို႔အပ္ခဲ့ရာ သားမယားအျဖစ္ ျပဳက်င့္ခံထားရေၾကာင္း သိရေသာေၾကာင့္ သမီးျဖစ္သူအား ခိုးယူ၍ သားမယားျပဳက်င့္ခဲ့သူအား အေရးယူေပးရန္ ဖခင္ျဖစ္သူက ထားဝယ္ၿမိဳ႕မရဲစခန္းသို႔ တိုင္ၾကားခဲ့သည္ဟု မႈခင္းမွတ္တမ္းအရ သိရသည္။

“လက္ရွိကေတာ့ တရားခံကို စုံစမ္းေနတုန္းပဲ။ တရားခံရဲ႕ ပုံပန္းသဏၭာန္ကို ကေလးမေလးက မမွတ္မိဘူး”ဟု ထားဝယ္ၿမိဳ႕မရဲ စခန္း (ယာယီ) စခန္းမႉး ဒုရဲမႉးသိန္းလြင္က ေျပာၾကားသည္။

လက္ရွိတြင္ အသက္ရွစ္ႏွစ္အ႐ြယ္ မိန္းကေလးအား သားမယားျပဳက်င့္မႈကို ထားဝယ္ၿမိဳ႕မရဲစခန္း၌ (ပ) ၄၀၈/၂၀၁၈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆/၃၆၃ ျဖင့္ အမႈဖြင့္ထားၿပီး သားမယားျပဳက်င့္ခဲ့သူကို စုံစမ္းေဖာ္ထုတ္ေနေၾကာင္း၊ အခင္းျဖစ္ေနရာသို႔ တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ ဒုရဲမႉးႀကီးႏွင့္အဖြဲ႕ က သြားေရာက္ စစ္ေဆးၿပီး အခင္းျဖစ္ေနရာတြင္ ေတြ႕ရွိခဲ့သည့္ ရွဴးဖိနပ္တစ္ရံႏွင့္ အခင္းျဖစ္စဥ္က မ…. ဝတ္ဆင္ခဲ့သည့္ ေဘာင္းဘီတို တစ္ထည္တို႔ကို ရွာေဖြပုံစံျဖင့္ သိမ္းဆည္းကာ တရားခံကို စုံစမ္းေဖာ္ထုတ္ေနသည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နံနက်က အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား မိသားစုဝင်များ အိပ်ပျော်နေစဉ် ခိုးယူ၍ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီခန့်တွင် ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်နေ ဦး….မှာ နေအိမ်အောက် ကွပ်ပျစ်ပေါ်တွင် အသက်ရှစ်နှစ်အရွယ် သမီးဖြစ်သူ မ….၊ ညီဖြစ်သူတို့နှင့် အတူအိပ်ပြီး ကျန်ရှိသည့် မိသားစုဝင်များမှာ နေအိမ်ပေါ်ထပ်တွင် အိပ်နေခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် သမီးဖြစ်သူက ရေဆာ၍ ရေတိုက်ပြီး ပြန်အိပ်နေခဲ့ရာ မိခင်ဖြစ်သူ အိပ်ယာမှနိုးပြီး အိမ်အောက်သို့ ဆင်းလာသောအခါ မ….အား မတွေ့ရှိရကြောင်း သိရသည်။

ထို့နောက် မိခင်ဖြစ်သူက မိသားစုဝင်များကိုနှိုး၍ လိုက်လံရှာဖွေရာ မိနစ် ၃၀ ခန့်အကြာ၌ နေအိမ်၏ တစ်အိမ်ကျော်ရှိ ခြံအတွင်း ငှက်ပျောတောတွင် မ….အား တွေ့ရှိရပြီး လူတစ်ဦး ထွက်ပြေးသွားသည်ကို သိရသဖြင့် လိုက်လံရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း၊ မ….၏ မိန်းမကိုယ်မှ သွေးများ ထွက်နေသည်ကိုတွေ့ရသဖြင့် ဆေးရုံသို့ ပို့အပ်ခဲ့ရာ သားမယားအဖြစ် ပြုကျင့်ခံထားရကြောင်း သိရသောကြောင့် သမီးဖြစ်သူအား ခိုးယူ၍ သားမယားပြုကျင့်ခဲ့သူအား အရေးယူပေးရန် ဖခင်ဖြစ်သူက ထားဝယ်မြို့မရဲစခန်းသို့ တိုင်ကြားခဲ့သည်ဟု မှုခင်းမှတ်တမ်းအရ သိရသည်။

“လက်ရှိကတော့ တရားခံကို စုံစမ်းနေတုန်းပဲ။ တရားခံရဲ့ ပုံပန်းသဏ္ဌာန်ကို ကလေးမလေးက မမှတ်မိဘူး”ဟု ထားဝယ်မြို့မရဲ စခန်း (ယာယီ) စခန်းမှူး ဒုရဲမှူးသိန်းလွင်က ပြောကြားသည်။

လက်ရှိတွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှုကို ထားဝယ်မြို့မရဲစခန်း၌ (ပ) ၄၀၈/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၃၆၃ ဖြင့် အမှုဖွင့်ထားပြီး သားမယားပြုကျင့်ခဲ့သူကို စုံစမ်းဖော်ထုတ်နေကြောင်း၊ အခင်းဖြစ်နေရာသို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးနှင့်အဖွဲ့ က သွားရောက် စစ်ဆေးပြီး အခင်းဖြစ်နေရာတွင် တွေ့ရှိခဲ့သည့် ရှူးဖိနပ်တစ်ရံနှင့် အခင်းဖြစ်စဉ်က မ…. ဝတ်ဆင်ခဲ့သည့် ဘောင်းဘီတို တစ်ထည်တို့ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းကာ တရားခံကို စုံစမ်းဖော်ထုတ်နေသည်ဟု သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top