ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ရွမ္းျပည္နယ္ မိုင္းဆတ္ၿမိဳ႕နယ္ နားေဘာ္ခိုင္ ေက်းရြာေန ဦးက်အီ၏ ေတာင္ယာတဲ၌ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ ညေန ၄ နာရီ အခ်ိန္တြင္ ဦးက်အီ၏ဇနီး ေဒၚနာေထာ(၅၆)ႏွစ္အား သားျဖစ္သူ ယားဖူ(၂၂)ႏွစ္မွ ေပါက္ျပားျဖင့္ ခုတ္သတ္ျပီး မီးရိႈ ့အေလာင္း ေဖ်ာက္ဖ်က္မႈ ျဖစ္ပြား ခဲ့ေၾကာင္း ျပည္ထဲေရး၀န္ၾကီးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ျဖစ္စဥ္မွာ မိုင္းဆတ္ၿမိဳ႕နယ္ နားေဘာ္ခိုင္ ေက်းရြာေန ဦးက်အီ၏ ေတာင္ယာတဲ၌ ဦးက်အီ၏ဇနီး ေဒၚနာေထာ(၅၆)ႏွစ္ႏွင့္ သားျဖစ္သူ ယားဖူ(၂၂)ႏွစ္တို႔သည္ ဟင္းခ်က္ခိုင္းသည့္ကိစၥႏွင့္ပတ္သက္ၿပီး စကားမ်ားရန္ျဖစ္ရာ ယားဖူမွ ေပါက္ျပားျဖင့္ ခုတ္ခဲ့သည္။

မိခင္အား သတ္၍ မီးရိႈ ့အေလာင္းေဖ်ာက္ခဲ့
ေဒၚနာေထာတြင္ ဦးေခါင္းေနာက္ေစ့ ပြင့္ထြက္၊ ယာဂ်ိဳင္းေအာက္/ တံေတာင္ဆစ္/ ေျခေထာက္ ျပတ္ရွဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးေနခဲ့ၿပီး ယားဖူမွ ေတာင္ယာအား မီးရွို႔ခဲ့ေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ၂၀၁၅ အခ်ိန္တြင္ ယားဖူ အား မိုင္းခုတ္ နယ္ေျမရဲစခန္းမွ (ပ)၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၄၃၆/၂၀၁(လူသတ္မွု/ မီးရွို႔မွု/ အေလာင္း ေဖ်ာက္ဖ်က္မွု)ျဖင့္ အမွုဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ပါရိွသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္
# Unicode Version ဖြင့်ဖတ်ရန် #
ရှမ်းပြည်နယ် မိုင်းဆတ်မြို့နယ် နားဘော်ခိုင် ကျေးရွာနေ ဦးကျအီ၏ တောင်ယာတဲ၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် ဦးကျအီ၏ဇနီး ဒေါ်နာထော(၅၆)နှစ်အား သားဖြစ်သူ ယားဖူ(၂၂)နှစ်မှ ပေါက်ပြားဖြင့် ခုတ်သတ်ပြီး မီးရှို့အလောင်း ဖျောက်ဖျက်မှု ဖြစ်ပွား ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ မိုင်းဆတ်မြို့နယ် နားဘော်ခိုင် ကျေးရွာနေ ဦးကျအီ၏ တောင်ယာတဲ၌ ဦးကျအီ၏ဇနီး ဒေါ်နာထော(၅၆)နှစ်နှင့် သားဖြစ်သူ ယားဖူ(၂၂)နှစ်တို့သည် ဟင်းချက်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ရာ ယားဖူမှ ပေါက်ပြားဖြင့် ခုတ်ခဲ့သည်။

မိခင်အား သတ်၍ မီးရှို့အလောင်းဖျောက်ခဲ့
ဒေါ်နာထောတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်၊ ယာဂျိုင်းအောက်/ တံတောင်ဆစ်/ ခြေထောက် ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးနေခဲ့ပြီး ယားဖူမှ တောင်ယာအား မီးရှို့ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၀၁၅ အချိန်တွင် ယားဖူ အား မိုင်းခုတ် နယ်မြေရဲစခန်းမှ (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၃၆/၂၀၁(လူသတ်မှု/ မီးရှို့မှု/ အလောင်း ဖျောက်ဖျက်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top