iMyanmarHouse.com - Best Property Website for Myanmar
×

ပန္းလႈိင္ခုံးတံတား ေအာက္တြင္ ေနထုိင္ေသာ အဓမၼ ျပဳက်င့္ခံရသည့္ အသက္ (၃)ႏွစ္ ေက်ာ္ မိန္းကေလးသည္ က်န္းမာ ေရးအေျခအေန ေကာင္းမြန္ေသာ္ လည္း အေသးစားခဲြစိတ္မႈ ျပဳ လုပ္ရန္ က်န္ရွိေသးသျဖင့္ ေဆး ႐ုံမွဆင္း၍ မရေသးေၾကာင္း ရန္ကုန္ကေလးေဆး႐ုံအုပ္ႀကီး ေဒါက္တာစုစုေဒြးက ေျပာသည္။

ျမန္မာအမ်ဳိးသား လူ႔အခြင့္ ေရးေကာ္မရွင္ အတြင္းေရးမွဴး ဦးဘုန္းႂကြယ္ႏွင့္အဖဲြ႕သည္ ရန္ကုန္ကေလးေဆး႐ုံႀကီးသို႔ သြားေရာက္ကာ အဓမၼျပဳက်င့္ခံရသည့္ ကေလးငယ္၏ အေျခအေနကို ၾကည့္႐ႈၿပီး ကေလးငယ္၏ မိခင္ကို  က်ပ္တစ္သိန္းေထာက္ပံ့ခဲ့သည္။ ထုိ႔ေနာက္ ကေလးအေျခအေနႏွင့္ပတ္သက္၍ ေဒါက္တာစုစုေဒြးက ေကာ္မရွင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္   သတင္းေထာက္မ်ားအား ေျပာၾကားျခင္း ျဖစ္သည္။

ေကာ္မရွင္သည္ ကေလး ငယ္၏ မိသားစုေနထုိင္ေသာ ပန္းလႈိင္ခုံးတံတားေအာက္သို႔သြား ေရာက္ေလ့လာၾကည့္႐ႈခဲ့သည္။ ျဖစ္စဥ္မွာ ေဖေဖာ္၀ါ ရီ ၃ ရက္  နံနက္ ၇ နာရီခန႔္တြင္ စမ္းေခ်ာင္းၿမိဳ႕နယ္ ဟုမ္းလမ္းဘူ တာရပ္ကြက္ ပန္းလႈိင္ခုံးတံတား ေအာက္တြင္ (၃)ႏွစ္ေက်ာ္အရြယ္ မိန္းကေလးတစ္ဦးကို လူအမ်ား၀ိုင္းအုံၾကည့္ေနသည္ဆုိ၍ သြားေရာက္ၾကည့္႐ႈရာ ကေလး၏ ဦးေခါင္းတြင္ တစ္လက္မခန္႔ ကဲြေနသည့္ ဒဏ္ရာႏွင့္ အမ်ဳိးသမီးအဂၤါတြင္လည္း ေသြးမ်ား ထြက္ေနသည္ကိုေတြ႕ ရေၾကာင္း ယင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေသာင္းေရႊက  ေျပာ သည္။

ထုိ႔ေၾကာင့္ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးတြင္ ကေလးငယ္၏ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာပိုင္းဆုိင္ ရာကို စစ္ေဆးၿပီးေနာက္ ရန္ကုန္ကေလးေဆ;႐ုံႀကီးသို႔ ေျပင္းေရႊ႕စစ္ေဆးရာတြင္ ကေလးငယ္သည္ အဓမၼျပဳက်င့္ျခင္းခံထားရေၾကာင္း ဆရာ၀န္မ်ားအတည္ျပဳႏုိင္ခဲ့သည္ဟု  ဦးေသာင္းေရႊက ရွင္းျပသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ‘‘ေဖာ္ထုတ္ၿပီးပါၿပီ။ မဖမ္းမိေသး တဲ့အတြက္ ကၽြန္ေတာ္တို႔တိတိ က်က် ေျပာလို႔မရေသးဘူး။ ျဖစ္ စဥ္အမွန္က တရားခံဖမ္းမိမွပဲ တိ တိက်က် သိႏုိင္မယ္။ အခုက ကေလးမေလးကလည္း တိတိက်က် မေျပာႏုိင္ေသးဘူး။ အဓိက က ကေလးမေလးက ေျပာမွပဲ တိတိက်က်သိႏုိင္မယ္’’ဟု စမ္းေခ်ာင္း ၿမိဳ႕နယ္ ရဲတပ္ဖဲြ႕မွဴး ရဲမွဴးေအာင္ လြင္က ေကာ္မရွင္သို႔ ရွင္းျပစဥ္ သတင္းေထာက္မ်ားအား ေျပာ သည္။

ကေလးအတြက္ လူမႈ၀န္ထမ္းဦးစီးဌာနက က်ပ္ငါးသိန္း ေထာက္ပံ့ထားသည္။ ထုိကေလး ၏ မိသားစုသည္ ပန္းလႈိင္ခုံးတံ တားေအာက္တြင္ အေဆာက္အ အုံမရွိဘဲ မွီခိုေနထုိင္ၿပီး ရပ္ကြက္အတြင္း ႀကံဳရာက်ပန္း လုပ္ကိုင္ေၾကာင္း  ဟုမ္းလမ္းဘူတာရပ္ကြက္ အနီး၀န္းက်င္တြင္ ေနထုိင္သူမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily

#Unicode Version#
ပန်းလှိုင်ခုံးတံတား အောက်တွင် နေထိုင်သော အဓမ္မ ပြုကျင့်ခံရသည့် အသက် (၃)နှစ် ကျော် မိန်းကလေးသည် ကျန်းမာ ရေးအခြေအနေ ကောင်းမွန်သော် လည်း အသေးစားခွဲစိတ်မှု ပြု လုပ်ရန် ကျန်ရှိသေးသဖြင့် ဆေး ရုံမှဆင်း၍ မရသေးကြောင်း ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက ပြောသည်။

မြန်မာအမျိုးသား လူ့အခွင့် ရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်နှင့်အဖွဲ့သည် ရန်ကုန်ကလေးဆေးရုံကြီးသို့ သွားရောက်ကာ အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်၏ အခြေအနေကို ကြည့်ရှုပြီး ကလေးငယ်၏ မိခင်ကို  ကျပ်တစ်သိန်းထောက်ပံ့ခဲ့သည်။ ထို့နောက် ကလေးအခြေအနေနှင့်ပတ်သက်၍ ဒေါက်တာစုစုဒွေးက ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက်   သတင်းထောက်များအား ပြောကြားခြင်း ဖြစ်သည်။

ကော်မရှင်သည် ကလေး ငယ်၏ မိသားစုနေထိုင်သော ပန်းလှိုင်ခုံးတံတားအောက်သို့သွား ရောက်လေ့လာကြည့်ရှုခဲ့သည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါ ရီ ၃ ရက်  နံနက် ၇ နာရီခန့်တွင် စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူ တာရပ်ကွက် ပန်းလှိုင်ခုံးတံတား အောက်တွင် (၃)နှစ်ကျော်အရွယ် မိန်းကလေးတစ်ဦးကို လူအများဝိုင်းအုံကြည့်နေသည်ဆို၍ သွားရောက်ကြည့်ရှုရာ ကလေး၏ ဦးခေါင်းတွင် တစ်လက်မခန့် ကွဲနေသည့် ဒဏ်ရာနှင့် အမျိုးသမီးအင်္ဂါတွင်လည်း သွေးများ ထွက်နေသည်ကိုတွေ့ ရကြောင်း ယင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေက  ပြော သည်။

ထို့ကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကလေးငယ်၏ ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင် ရာကို စစ်ဆေးပြီးနောက် ရန်ကုန်ကလေးဆေ;ရုံကြီးသို့ ပြေင်းရွှေ့စစ်ဆေးရာတွင် ကလေးငယ်သည် အဓမ္မပြုကျင့်ခြင်းခံထားရကြောင်း ဆရာဝန်များအတည်ပြုနိုင်ခဲ့သည်ဟု  ဦးသောင်းရွှေက ရှင်းပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ‘‘ဖော်ထုတ်ပြီးပါပြီ။ မဖမ်းမိသေး တဲ့အတွက် ကျွန်တော်တို့တိတိ ကျကျ ပြောလို့မရသေးဘူး။ ဖြစ် စဉ်အမှန်က တရားခံဖမ်းမိမှပဲ တိ တိကျကျ သိနိုင်မယ်။ အခုက ကလေးမလေးကလည်း တိတိကျကျ မပြောနိုင်သေးဘူး။ အဓိက က ကလေးမလေးက ပြောမှပဲ တိတိကျကျသိနိုင်မယ်’’ဟု စမ်းချောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင် လွင်က ကော်မရှင်သို့ ရှင်းပြစဉ် သတင်းထောက်များအား ပြော သည်။

ကလေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ကျပ်ငါးသိန်း ထောက်ပံ့ထားသည်။ ထိုကလေး ၏ မိသားစုသည် ပန်းလှိုင်ခုံးတံ တားအောက်တွင် အဆောက်အ အုံမရှိဘဲ မှီခိုနေထိုင်ပြီး ရပ်ကွက်အတွင်း ကြုံရာကျပန်း လုပ်ကိုင်ကြောင်း  ဟုမ်းလမ်းဘူတာရပ်ကွက် အနီးဝန်းကျင်တွင် နေထိုင်သူများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top