iMyanmarHouse.com - Best Property Website for Myanmar
×

 ေခြး႐ူးျပန္ေရာဂါဟာ ျဖစ္လာၿပီဆိုရင္ 100 ရာခုိင္ႏႈန္း ေသဆံုးမႈ ရွိပါတယ္။ ဒါေၾကာင့္ ႀကိဳတင္ကာကြယ္မႈက အေကာင္းဆံုး ျဖစ္ပါတယ္။ ႀကိဳတင္ကာကြယ္တဲ့အခါမွာလည္း ေခြးေတြကို ကာကြယ္ေဆးထိုးျခင္းနဲ႔ ကာကြယ္ႏိုင္သလို ေခြးကိုက္မခံရေအာင္လည္း ကာကြယ္ႏုိင္ပါတယ္။

သတိထားေနတဲ့ၾကားက ေခြး ကိုက္ခံရၿပီဆုိလည္း ကာကြယ္ေဆးႏွင့္ ပဋိပစၥည္းမ်ား အခ်ိန္မီ ထိုးျခင္းျဖင့္ ေခြး႐ူးျပန္ေရာဂါကိုကာကြယ္ႏုိင္ပါတယ္။

ေရာဂါကူးစက္ပံု

ေခြးကိုက္ခံရတဲ့ဒဏ္ရာကို အဆင့္ (3) ဆင့္ ခြဲထားပါတယ္။

(1)    ေခြးႏွင့္ ထိေတြ႕႐ံုအဆင့္

ေခြးက မိမိအေရျပားကို လွ်ာနဲ႔ လာလ်က္ေပမယ့္ အေရျပားမွာ ဘာေပါက္ၿပဲဒဏ္ရာမွ မရွိဘူးဆို ဘာမွမျဖစ္ႏုိင္ပါဘူး။

(2)    ေခြး ဟပ္ခံရျခင္း၊ ေပါက္ၿပဲ႐ံုအဆင့္

 ေခြး ဟပ္ခံရၿပီး ေသြးမထြက္သည့္ဒဏ္ရာ ရသြားပါက ဒဏ္ရာကို ေရေဆးပါ။ အရက္ျပန္ လိမ္းပါ။ ကာကြယ္ေဆးထိုးဖို႔ လိုအပ္ပါတယ္။

(3)    ေခြး ကိုက္ခံရျခင္း

စုတ္ၿပဲေသြးထြက္ေသာ ဒဏ္ရာရလွ်င္ (သို႔) ေခြး ကိုက္ခံရၿပီး ေပါက္ၿပဲဒဏ္ရာရွိေသာ အေရျပားကို ေခြးက လွ်ာနဲ႔ ထိေတြ႕လွ်င္ (သို႔) ေသြးထြက္ဒဏ္ရာ မရွိေသာ္လည္း ဦးေခါင္းနဲ႔ လည္ပင္းမွာ ဒဏ္ရာရလွ်င္ အနာကို ေရေဆးၿပီးေနာက္ ကာကြယ္ေဆးသာမက ေခြး႐ူးျပန္ကာကြယ္တဲ့ ပဋိပစၥည္းပါ ထိုးဖို႔ လိုအပ္ပါတယ္။

ထို႔ေၾကာင့္ ေခြးကိုက္ခံရၿပီဆိုပါက အနီးဆံုး က်န္းမာေရးဌာနသို႔ သြားေရာက္၍ ေခြး႐ူးျပန္ေရာဂါ ကာကြယ္ေဆးထိုးဖို႔ လိုအပ္၊ မလိုအပ္ကို တုိင္ပင္ေဆြးေႏြးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Zero (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
 ခွေးရူးပြန်ရောဂါဟာ ဖြစ်လာပြီဆိုရင် 100 ရာခိုင်နှုန်း သေဆုံးမှု ရှိပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်မှုက အကောင်းဆုံး ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်တဲ့အခါမှာလည်း ခွေးတွေကို ကာကွယ်ဆေးထိုးခြင်းနဲ့ ကာကွယ်နိုင်သလို ခွေးကိုက်မခံရအောင်လည်း ကာကွယ်နိုင်ပါတယ်။

သတိထားနေတဲ့ကြားက ခွေး ကိုက်ခံရပြီဆိုလည်း ကာကွယ်ဆေးနှင့် ပဋိပစ္စည်းများ အချိန်မီ ထိုးခြင်းဖြင့် ခွေးရူးပြန်ရောဂါကိုကာကွယ်နိုင်ပါတယ်။

ရောဂါကူးစက်ပုံ

ခွေးကိုက်ခံရတဲ့ဒဏ်ရာကို အဆင့် (3) ဆင့် ခွဲထားပါတယ်။

(1)    ခွေးနှင့် ထိတွေ့ရုံအဆင့်

ခွေးက မိမိအရေပြားကို လျှာနဲ့ လာလျက်ပေမယ့် အရေပြားမှာ ဘာပေါက်ပြဲဒဏ်ရာမှ မရှိဘူးဆို ဘာမှမဖြစ်နိုင်ပါဘူး။

(2)    ခွေး ဟပ်ခံရခြင်း၊ ပေါက်ပြဲရုံအဆင့်

 ခွေး ဟပ်ခံရပြီး သွေးမထွက်သည့်ဒဏ်ရာ ရသွားပါက ဒဏ်ရာကို ရေဆေးပါ။ အရက်ပြန် လိမ်းပါ။ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

(3)    ခွေး ကိုက်ခံရခြင်း

စုတ်ပြဲသွေးထွက်သော ဒဏ်ရာရလျှင် (သို့) ခွေး ကိုက်ခံရပြီး ပေါက်ပြဲဒဏ်ရာရှိသော အရေပြားကို ခွေးက လျှာနဲ့ ထိတွေ့လျှင် (သို့) သွေးထွက်ဒဏ်ရာ မရှိသော်လည်း ဦးခေါင်းနဲ့ လည်ပင်းမှာ ဒဏ်ရာရလျှင် အနာကို ရေဆေးပြီးနောက် ကာကွယ်ဆေးသာမက ခွေးရူးပြန်ကာကွယ်တဲ့ ပဋိပစ္စည်းပါ ထိုးဖို့ လိုအပ်ပါတယ်။

ထို့ကြောင့် ခွေးကိုက်ခံရပြီဆိုပါက အနီးဆုံး ကျန်းမာရေးဌာနသို့ သွားရောက်၍ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးဖို့ လိုအပ်၊ မလိုအပ်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Zero (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top