iMyanmarHouse.com - Best Property Website for Myanmar
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

ေဖေဖာ္ဝါရီ ၁၃ ရက္ နံနက္ ၈ နာရီအခ်ိန္ခန႔္က ေနျပည္ေတာ္ ဥတၱရသီရိၿမိဳ႕နယ္၌ ကေလးငယ္တစ္ဦး ဗုံးသီးေဟာင္းကို ေဆာ့ကစားရာမွ ေပါက္ကြဲမွုျဖစ္ပြားခဲ့သည္။

သရက္ေတာေက်းရြာအုပ္စု၊ စည္ပင္သာေက်းရြာ၊ ၾကပ္ေျမႇာင္တဲစုတြင္ ေနထိုင္ေသာ အသက္ ၁၀ ႏွစ္အရြယ္ ေမာင္ကံထူးေမာင္သည္ ေကာက္ရလာေသာ ၄၀ မမ ဗုံးသီးေဟာင္းတစ္လုံးအား ေဆာ့ကစားေနရင္း မီးလွုံေနေသာ မီးဖိုအတြင္းသို႔ ပစ္ခ်ခဲ့သျဖင့္ ေပါက္ကြဲမွုျဖစ္ပြားခဲ့သည္။

ေပါက္ကြဲမွုေၾကာင့္ မီးပုံအနီးတြင္ ေနပူစာလွုံေနေသာ ၁၃ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးႏွင့္ သူမေပြ႕ခ်ီထားေသာ တစ္ႏွစ္ႁခြအရြယ္ ကေလးငယ္တစ္ဦးတို႔တြင္ ဗုံးစထိမွန္ဒဏ္ရာ ရရွိခဲ့ၿပီး ခုတင္ ၁,၀၀၀ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသခဲ့ရၿပီး အေျခေနမစိုးရိမ္ရေၾကာင္း သိရွိရသည္။

အဆိုပါေပါက္ကြဲမွု ျဖစ္ပြားစဥ္တြင္ ေနျပည္ေတာ္၌ အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးပြဲ က်င္းပခ်ိန္ႏွင့္ တိုက္ဆိုင္ေနသျဖင့္ ေဝဖန္ေျပာဆိုမွုမ်ား ရွိခဲ့ေသာ္လည္း ကေလးကစားရာမွ ဗုံးသီးေပါက္ကြဲမွုျဖစ္ေပၚျခင္းသာ ျဖစ္ေၾကာင္း ဥတၱရသီရီၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွူး ယာယီရဲမွူးစိန္ဝင္းက အတည္ျပဳေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY
# Unicode Version ဖြင့်ဖတ်ရန် #
ဖေဖော်ဝါရီ ၁၃ ရက် နံနက် ၈ နာရီအချိန်ခန့်က နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ကလေးငယ်တစ်ဦး ဗုံးသီးဟောင်းကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သရက်တောကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာ၊ ကြပ်မြှောင်တဲစုတွင် နေထိုင်သော အသက် ၁၀ နှစ်အရွယ် မောင်ကံထူးမောင်သည် ကောက်ရလာသော ၄၀ မမ ဗုံးသီးဟောင်းတစ်လုံးအား ဆော့ကစားနေရင်း မီးလှုံနေသော မီးဖိုအတွင်းသို့ ပစ်ချခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် မီးပုံအနီးတွင် နေပူစာလှုံနေသော ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် သူမပွေ့ချီထားသော တစ်နှစ်ခြွအရွယ် ကလေးငယ်တစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ခုတင် ၁,၀၀၀ ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး အခြေနေမစိုးရိမ်ရကြောင်း သိရှိရသည်။

အဆိုပါပေါက်ကွဲမှု ဖြစ်ပွားစဉ်တွင် နေပြည်တော်၌ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပွဲ ကျင်းပချိန်နှင့် တိုက်ဆိုင်နေသဖြင့် ဝေဖန်ပြောဆိုမှုများ ရှိခဲ့သော်လည်း ကလေးကစားရာမှ ဗုံးသီးပေါက်ကွဲမှုဖြစ်ပေါ်ခြင်းသာ ဖြစ်ကြောင်း ဥတ္တရသီရီမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးစိန်ဝင်းက အတည်ပြုပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top