iMyanmarHouse.com - Best Property Website for Myanmar
×

အိုေသြး ပိုင္ရွင္မ်ားရဲ႕ စရိုက္ သဘာ၀က ထူးျခားပါတယ္… အိုေသြး ပိုင္ရွင္ မ်ားကေတာ့ အိမ္မွာေတာ့ ျပႆနာ ရွာတတ္ၾကေပမယ့္ သူငယ္ခ်င္းေတြနဲ႔ ဆိုရင္ ၾကည့္ရႈေစာင့္ေရွာက္ တတ္ပီး လူတကာနဲ႔ လိုက္ေလ်ာညီေထြေအာင္ ေနတတ္သူမ်ား ျဖစ္ၾကပါတယ္… အရာအားလံုးကို တက္တက္ၾကြၾကြနဲ႔ ပါ၀င္ေဆာင္ရြက္ တတ္သူမ်ား ျဖစ္ၾကပါတယ္…

အလုပ္ အားလံုးကိုလည္း ကိုယ့္အလုပ္လို႔ သတ္မွတ္ၿပီး ႀကိဳးႀကိဳးစားစား ေဆာင္ရြက္တတ္ၾကသူမ်ား ျဖစ္ပါတယ္… လုပ္ငန္းခြင္ကို ေရာက္ၿပီ ဆိုရင္လည္း သူတပါးကို စာနာေထာက္ထား တတ္ၾကပါသတဲ့… အနာဂတ္အတြက္ ရည္မွန္းခ်က္ တစ္ခု ရွိပီ ဆိုရင္ တစိုက္မတ္မတ္နဲ႔ လုပ္ကိုင္တတ္ေပမယ့္ ေမွ်ာ္လင့္ခ်က္ မရွိဘူးလို႔ ထင္မိပီ ဆိုရင္ေတာ့ အစြဲအလမ္း တစ္ခုမွမထားဘဲ လက္ေလွ်ာ့ပစ္တဲ့ အက်င့္ေလးမ်ားလည္း ရွိပါတယ္တဲ့…

အလုပ္တစ္ခုကို လုပ္ကိုင္ႏိုင္စြမ္း ျမင့္မားသလို အေျခအေန အလိုက္ စိတ္စုစည္းမႈလည္း ေကာင္းမြန္ပါသတဲ့… ရလဒ္ကိုဘဲ ဦးစားေပး သူမ်ားလို႔လည္း ဆိုႏိုင္ပါသတဲ့… အလုပ္တစ္ခုကို လုပ္ေတာ့မယ္ ဆိုရင္ plan အရင္ခ်ၿပီးမွ လုပ္ကိုင္ေလ့လည္း ရွိပါသတဲ့… ကိုယ့္ စတိုင္လ္နဲ႔ကို ေနတတ္သူမ်ား ျဖစ္သလို ကိုယ္ပိုင္ အေတြးအေခၚမ်ားကို ပိုင္ဆိုင္သူမ်ားလည္း ျဖစ္ပါတယ္…

ဒီလို စရိုက္ေတြကို ပိုင္ဆိုင္ထားသူေတြ ျဖစ္တာမို႔ အႏုပညာေလာကကို ေျခခ်မယ္ ဆိုရင္လည္း ေအာင္ျမင္ႏိုင္တဲ့ သူမ်ား ျဖစ္ပါတယ္တဲ့…. ဒါေပမယ့္ ကိုယ္ရဲ႕ အေတြးအျမင္ကသာ အမွန္ျဖစ္တယ္ ဆိုတဲ့ ယံုၾကည္မႈ ျပင္းထန္ခ်င္းက တျခားသူမ်ားရဲ႕ ယံုၾကည္မႈကို လစ္လွ်ဴရႈသလို ျဖစ္ေနတတ္ပါတယ္… အပန္းေျဖတာတုိ႔ ၀ါသနာကို အေကာင္အထည္ ေဖာ္တာတို႔ကိုေတာ့ သိပ္မႏွစ္သက္လွပါဘူး…

အိုေသြးပိုင္ရွင္မ်ားက လက္ေတြ႔က်က် လုပ္ကိုင္ရတာကို ႏွစ္သက္ၾကသူမ်ားလည္း ျဖစ္ပါတယ္… တခါတေလမွာေတာ့ Romantic ဆန္တာေလး ေတြကိုလည္း ၾကိဳက္ႏွစ္သက္ ၾကပါတယ္တဲ့… အိုေသြး ပိုင္ရွင္မ်ားရဲ႕ ထူးျခားခ်က္ကေတာ့ ကိုယ့္အတြက္ အေရးႀကီးတဲ့ အရာေတြအတြက္ အမ်ားႀကီး သည္းခံတတ္ေပမယ့္ ေရရွည္ေတာ့ သည္းမခံႏိုင္ပါဘူး တဲ့…

လူေတြနဲ႔ ဆက္ဆံတဲ့ အခါမွာ ယံုၾကည္မႈ ရွိရွိနဲ႔ ဆက္ဆံတတ္ျပီး ကိုယ့္ထက္ အားနည္းသူနဲ႔ ဆက္ဆံတဲ့ အခါမွာေတာ့ ေႏြးေႏြးေထြးေထြး သေဘာထား ႀကီးႀကီးနဲ႔ ဆက္ဆံတတ္ ၾကပါသတဲ့… ၿပိဳင္ခ်င္တဲ့ စိတ္ဓာတ္ ျပင္းထန္လို႔ တခါတေလမွာ မလိုအပ္ဘဲ စိတ္ဆင္းရဲရတာမ်ိဳးလည္း ရွိပါတယ္…

အိုေသြး ပိုင္ရွင္မ်ားက တခါတေလမွာ စကားနည္းၿပီး ေအးေအးေဆးေဆး တစ္ေယာက္တည္း ေတြးေခၚေနရတာကို ႀကိဳက္ႏွစ္သက္ၾကပါသတဲ့… တစ္ေယာက္ေယာက္နဲ႔ စိတ္ကသိကေအာင့္ ျဖစ္တဲ့ အခါတုိင္း စိတ္ထဲမွာ စုမထားဘဲ တဘက္သားကို ျပတ္ျပတ္သားသား ေျပာတတ္ပါသတဲ့… ဒါေပမယ့္ အားလံုး ပီးသြားတဲ့ အခါမွာေတာ့ ဒါေတြ ငါ ဘယ္တုန္းက လုပ္ခဲ့လို႔လဲ ဆိုတဲ့ ပံုစံမ်ိဳး အားလံုးကို ေမ့ၿပီးေနႏိုင္သူမ်ားပါ…

အိုေသြး ပုိင္ရွင္ေတြနဲ႔ လုိက္ဖက္မယ့္သူေတြကေတာ့..

အို - ေအ (၁၀၀%)

အိုေသြး ေယာကၤ်ားေလးမ်ားရဲ႕ လြတ္လြတ္လပ္လပ္ ေနတတ္တဲ့ သေဘာနဲ႕ ေအေသြးပိုင္ရွင္ မိန္းကေလးမ်ားရဲ႕ အေလးနက္ထားတတ္တဲ့ အက်င့္ေတြကို ေပါင္းစပ္လိုက္ရင္ေတာ့ သဘာ၀က်တဲ့ အတြဲကို ျဖစ္ေစပါတယ္။ ေအေသြးပိုင္ရွင္ မိန္းကေလးမ်ားကေတာ့ အိုေသြးပိုင္ရွင္ ေယာကၤ်ားေလးမ်ားကို အိုေအစစ္လို ေအးျမေစခ်င္ ၾကပါတယ္တဲ့။ အၿမဲတမ္း ကံေကာင္းမႈကို ျဖစ္ေစပါတယ္တဲ့။ မိတ္ေဆြအဆင့္ ဆိုရင္ေတာ့ အက်ိဳးရွိေစမယ့္ စကားမ်ားကို ဖလွယ္ရင္းနဲ႔ ခင္မင္မႈကို ပိုမို ျဖစ္ေစပါတယ္။ အခ်င္းခ်င္း ေနာက္ေျပာင္ေျပာဆိုတဲ့ အခါမွာလည္း အျပန္အလွန္ ဖလွယ္ႏိုင္တာေၾကာင့္ လိုက္ဖက္ညီတဲ့ အတြဲေလးလည္း ျဖစ္ႏိုင္ပါတယ္တဲ့။

အို - ဘီ (၇၅%)

မိန္းကေလးဘက္က လိုက္ကပ္ေနတတ္တဲ့ အေျခအေနမ်ိဳးေတြ ရွိပါတယ္ တဲ့။ အၿမဲတမ္း ဘီေသြး မိန္းကေလးမ်ားရဲ႕ စိတ္အသြားအလာကိုလည္း မခန္႕မွန္းႏိုင္ေလာက္ေအာင္ ပါတဲ့။ စိတ္ကေတာ့ ၾကင္ၾကင္နာနာ ဆက္ဆံခ်င္ေပမယ့္ လုပ္လိုက္တဲ့ အလုပ္တိုင္းကေတာ့ အဆင္မေျပတာခ်ည္းပါပဲ။ ဒါေပမယ့္ မိန္းကေလးဘက္ကေတာ့ သင့္ကို ေကာင္းေကာင္း ဆံုးျဖတ္ႏိုင္စြမ္းရွိတဲ့ ေယာကၤ်ားတစ္ေယာက္လို႕ ယံုၾကည္ေနတတ္ပါတယ္။ ဒီအခ်က္ကို သတိထားျပီး သူမကို ဆြဲေဆာင္ပါတဲ့။ ဒီလိုသာ လုပ္မယ္ဆိုရင္ေတာ့ ပိုပီး ခ်စ္လာႏိုင္ပါတယ္တဲ့။ အခ်င္းခ်င္း အေလးထားတာေရာ ကတိကို တည္ခ်င္တဲ့ စိတ္ဓါတ္ေတြ အားလံုးေၾကာင့္ အခ်င္းခ်င္း သစၥာေဖာက္တာမ်ိဳး လံုး၀မရွိပါဘူး။ တကယ္ေတာ့ အိုေသြးပိုင္ရွင္ ေယာကၤ်ားေလးမ်ားက ကေလးဆန္ျပီး ခၽြဲတတ္တဲ့ မိန္းကေလးမ်ိဳးကို လိုလားသလို အိုေသြးပိုင္ရွင္ မိန္းကေလးမ်ားကလည္း ၾကင္နာၿပီး ေႏြးေထြးတဲ့ ေယာကၤ်ားမ်ိဳးကို လိုလားပါတယ္တဲ့။ ဒီအခ်က္မွာေတာ့ နည္းနည္း အဆင္မသင့္တာမ်ိဳးေတာ့ ရွိတတ္ပါတယ္။

အို - အို (၄၀%)

အခ်င္းခ်င္း အရမ္းကို လိုက္ဖက္ညီတယ္ လို႕ ထင္ရပါတယ္။ သာမန္ ေယာကၤ်ားေလးနဲ႕ မိန္းကေလးၾကားမွာ မေျပာႏိုင္ေလာက္တဲ့ အေၾကာင္းေတြကိုေတာင္ ေျပာႏိုင္ေလာက္ေအာင္ ရင္းႏွီးႏိုင္ပါတယ္ တဲ့။ အခ်င္းခ်င္း ေယာကၤ်ား မိန္းမရယ္လို႕ မေတြးပဲ သူငယ္ခ်င္းအေနနဲ႔ ဆက္ဆံတတ္ၾကပါတယ္။ လမ္းမွာ သူေတာင္းစားမ်ား ေတြ႕ရင္ ဒီအတိုင္း မသြားႏိုင္ပါဘူး။ စိတ္ထားေကာင္းတယ္ လို႕ ဆိုလို႔ ရပါတယ္။ အိုေသြး အခ်င္းခ်င္း အားလံုး အိုေကမွာပဲလို႕ ထင္ႏိုင္ၾကေပမယ့္ တကယ္ေတာ့ အဲဒီလို မဟုတ္ပါဘူး။ လိုက္ဖက္မႈ ရာခိုင္ႏႈန္းက ၄၀% ပါ။

အို - ေအဘီ (၉၅%)

အခ်င္းခ်င္း သိပ္အဆင္မေျပဘူးလို႔ ထင္ရတဲ့ အတြဲပါ။ တစ္ကုိယ္ေကာင္း ဆန္တတ္တဲ့ အက်င့္ေလးေတြေၾကာင့္ စိတ္အခန္႔ မသင့္တာေလးေတြ ရွိတတ္ပါတယ္။ ရန္ျဖစ္ရာကေန သံေယာစဥ္ တြယ္တတ္တဲ့ အတြဲေတြလည္း ရွိႏိုင္ပါတယ္။ အခ်င္းခ်င္း လက္ေတြ႕က်က် စဥ္းစား ကပ္သပ္ေနတတ္တဲ့ အတြက္ သူမ်ားေတြ အျမင္မွာေတာ့ နည္းနည္း စိတ္ပင္ပန္း ေနရတတ္ပါတယ္။ ဒါေပမယ့္ လိုက္ဖက္ညီမယ့္ ရာခိုင္ႏႈန္းကေတာ့ ၉၅% ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:original

#Unicode Version#
အိုသွေး ပိုင်ရှင်များရဲ့ စရိုက် သဘာဝက ထူးခြားပါတယ်… အိုသွေး ပိုင်ရှင် များကတော့ အိမ်မှာတော့ ပြဿနာ ရှာတတ်ကြပေမယ့် သူငယ်ချင်းတွေနဲ့ ဆိုရင် ကြည့်ရှုစောင့်ရှောက် တတ်ပီး လူတကာနဲ့ လိုက်လျောညီထွေအောင် နေတတ်သူများ ဖြစ်ကြပါတယ်… အရာအားလုံးကို တက်တက်ကြွကြွနဲ့ ပါဝင်ဆောင်ရွက် တတ်သူများ ဖြစ်ကြပါတယ်…

အလုပ် အားလုံးကိုလည်း ကိုယ့်အလုပ်လို့ သတ်မှတ်ပြီး ကြိုးကြိုးစားစား ဆောင်ရွက်တတ်ကြသူများ ဖြစ်ပါတယ်… လုပ်ငန်းခွင်ကို ရောက်ပြီ ဆိုရင်လည်း သူတပါးကို စာနာထောက်ထား တတ်ကြပါသတဲ့… အနာဂတ်အတွက် ရည်မှန်းချက် တစ်ခု ရှိပီ ဆိုရင် တစိုက်မတ်မတ်နဲ့ လုပ်ကိုင်တတ်ပေမယ့် မျှော်လင့်ချက် မရှိဘူးလို့ ထင်မိပီ ဆိုရင်တော့ အစွဲအလမ်း တစ်ခုမှမထားဘဲ လက်လျှော့ပစ်တဲ့ အကျင့်လေးများလည်း ရှိပါတယ်တဲ့…

အလုပ်တစ်ခုကို လုပ်ကိုင်နိုင်စွမ်း မြင့်မားသလို အခြေအနေ အလိုက် စိတ်စုစည်းမှုလည်း ကောင်းမွန်ပါသတဲ့… ရလဒ်ကိုဘဲ ဦးစားပေး သူများလို့လည်း ဆိုနိုင်ပါသတဲ့… အလုပ်တစ်ခုကို လုပ်တော့မယ် ဆိုရင် plan အရင်ချပြီးမှ လုပ်ကိုင်လေ့လည်း ရှိပါသတဲ့… ကိုယ့် စတိုင်လ်နဲ့ကို နေတတ်သူများ ဖြစ်သလို ကိုယ်ပိုင် အတွေးအခေါ်များကို ပိုင်ဆိုင်သူများလည်း ဖြစ်ပါတယ်…

ဒီလို စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တာမို့ အနုပညာလောကကို ခြေချမယ် ဆိုရင်လည်း အောင်မြင်နိုင်တဲ့ သူများ ဖြစ်ပါတယ်တဲ့…. ဒါပေမယ့် ကိုယ်ရဲ့ အတွေးအမြင်ကသာ အမှန်ဖြစ်တယ် ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ချင်းက တခြားသူများရဲ့ ယုံကြည်မှုကို လစ်လျှူရှုသလို ဖြစ်နေတတ်ပါတယ်… အပန်းဖြေတာတို့ ဝါသနာကို အကောင်အထည် ဖော်တာတို့ကိုတော့ သိပ်မနှစ်သက်လှပါဘူး…

အိုသွေးပိုင်ရှင်များက လက်တွေ့ကျကျ လုပ်ကိုင်ရတာကို နှစ်သက်ကြသူများလည်း ဖြစ်ပါတယ်… တခါတလေမှာတော့ Romantic ဆန်တာလေး တွေကိုလည်း ကြိုက်နှစ်သက် ကြပါတယ်တဲ့… အိုသွေး ပိုင်ရှင်များရဲ့ ထူးခြားချက်ကတော့ ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေအတွက် အများကြီး သည်းခံတတ်ပေမယ့် ရေရှည်တော့ သည်းမခံနိုင်ပါဘူး တဲ့…

လူတွေနဲ့ ဆက်ဆံတဲ့ အခါမှာ ယုံကြည်မှု ရှိရှိနဲ့ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အားနည်းသူနဲ့ ဆက်ဆံတဲ့ အခါမှာတော့ နွေးနွေးထွေးထွေး သဘောထား ကြီးကြီးနဲ့ ဆက်ဆံတတ် ကြပါသတဲ့… ပြိုင်ချင်တဲ့ စိတ်ဓာတ် ပြင်းထန်လို့ တခါတလေမှာ မလိုအပ်ဘဲ စိတ်ဆင်းရဲရတာမျိုးလည်း ရှိပါတယ်…

အိုသွေး ပိုင်ရှင်များက တခါတလေမှာ စကားနည်းပြီး အေးအေးဆေးဆေး တစ်ယောက်တည်း တွေးခေါ်နေရတာကို ကြိုက်နှစ်သက်ကြပါသတဲ့… တစ်ယောက်ယောက်နဲ့ စိတ်ကသိကအောင့် ဖြစ်တဲ့ အခါတိုင်း စိတ်ထဲမှာ စုမထားဘဲ တဘက်သားကို ပြတ်ပြတ်သားသား ပြောတတ်ပါသတဲ့… ဒါပေမယ့် အားလုံး ပီးသွားတဲ့ အခါမှာတော့ ဒါတွေ ငါ ဘယ်တုန်းက လုပ်ခဲ့လို့လဲ ဆိုတဲ့ ပုံစံမျိုး အားလုံးကို မေ့ပြီးနေနိုင်သူများပါ…

အိုသွေး ပိုင်ရှင်တွေနဲ့ လိုက်ဖက်မယ့်သူတွေကတော့..

အို - အေ (၁၀၀%)

အိုသွေး ယောင်္ကျားလေးများရဲ့ လွတ်လွတ်လပ်လပ် နေတတ်တဲ့ သဘောနဲ့ အေသွေးပိုင်ရှင် မိန်းကလေးများရဲ့ အလေးနက်ထားတတ်တဲ့ အကျင့်တွေကို ပေါင်းစပ်လိုက်ရင်တော့ သဘာဝကျတဲ့ အတွဲကို ဖြစ်စေပါတယ်။ အေသွေးပိုင်ရှင် မိန်းကလေးများကတော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများကို အိုအေစစ်လို အေးမြစေချင် ကြပါတယ်တဲ့။ အမြဲတမ်း ကံကောင်းမှုကို ဖြစ်စေပါတယ်တဲ့။ မိတ်ဆွေအဆင့် ဆိုရင်တော့ အကျိုးရှိစေမယ့် စကားများကို ဖလှယ်ရင်းနဲ့ ခင်မင်မှုကို ပိုမို ဖြစ်စေပါတယ်။ အချင်းချင်း နောက်ပြောင်ပြောဆိုတဲ့ အခါမှာလည်း အပြန်အလှန် ဖလှယ်နိုင်တာကြောင့် လိုက်ဖက်ညီတဲ့ အတွဲလေးလည်း ဖြစ်နိုင်ပါတယ်တဲ့။

အို - ဘီ (၇၅%)

မိန်းကလေးဘက်က လိုက်ကပ်နေတတ်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ် တဲ့။ အမြဲတမ်း ဘီသွေး မိန်းကလေးများရဲ့ စိတ်အသွားအလာကိုလည်း မခန့်မှန်းနိုင်လောက်အောင် ပါတဲ့။ စိတ်ကတော့ ကြင်ကြင်နာနာ ဆက်ဆံချင်ပေမယ့် လုပ်လိုက်တဲ့ အလုပ်တိုင်းကတော့ အဆင်မပြေတာချည်းပါပဲ။ ဒါပေမယ့် မိန်းကလေးဘက်ကတော့ သင့်ကို ကောင်းကောင်း ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ယောင်္ကျားတစ်ယောက်လို့ ယုံကြည်နေတတ်ပါတယ်။ ဒီအချက်ကို သတိထားပြီး သူမကို ဆွဲဆောင်ပါတဲ့။ ဒီလိုသာ လုပ်မယ်ဆိုရင်တော့ ပိုပီး ချစ်လာနိုင်ပါတယ်တဲ့။ အချင်းချင်း အလေးထားတာရော ကတိကို တည်ချင်တဲ့ စိတ်ဓါတ်တွေ အားလုံးကြောင့် အချင်းချင်း သစ္စာဖောက်တာမျိုး လုံးဝမရှိပါဘူး။ တကယ်တော့ အိုသွေးပိုင်ရှင် ယောင်္ကျားလေးများက ကလေးဆန်ပြီး ချွဲတတ်တဲ့ မိန်းကလေးမျိုးကို လိုလားသလို အိုသွေးပိုင်ရှင် မိန်းကလေးများကလည်း ကြင်နာပြီး နွေးထွေးတဲ့ ယောင်္ကျားမျိုးကို လိုလားပါတယ်တဲ့။ ဒီအချက်မှာတော့ နည်းနည်း အဆင်မသင့်တာမျိုးတော့ ရှိတတ်ပါတယ်။

အို - အို (၄၀%)

အချင်းချင်း အရမ်းကို လိုက်ဖက်ညီတယ် လို့ ထင်ရပါတယ်။ သာမန် ယောင်္ကျားလေးနဲ့ မိန်းကလေးကြားမှာ မပြောနိုင်လောက်တဲ့ အကြောင်းတွေကိုတောင် ပြောနိုင်လောက်အောင် ရင်းနှီးနိုင်ပါတယ် တဲ့။ အချင်းချင်း ယောင်္ကျား မိန်းမရယ်လို့ မတွေးပဲ သူငယ်ချင်းအနေနဲ့ ဆက်ဆံတတ်ကြပါတယ်။ လမ်းမှာ သူတောင်းစားများ တွေ့ရင် ဒီအတိုင်း မသွားနိုင်ပါဘူး။ စိတ်ထားကောင်းတယ် လို့ ဆိုလို့ ရပါတယ်။ အိုသွေး အချင်းချင်း အားလုံး အိုကေမှာပဲလို့ ထင်နိုင်ကြပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လိုက်ဖက်မှု ရာခိုင်နှုန်းက ၄၀% ပါ။

အို - အေဘီ (၉၅%)

အချင်းချင်း သိပ်အဆင်မပြေဘူးလို့ ထင်ရတဲ့ အတွဲပါ။ တစ်ကိုယ်ကောင်း ဆန်တတ်တဲ့ အကျင့်လေးတွေကြောင့် စိတ်အခန့် မသင့်တာလေးတွေ ရှိတတ်ပါတယ်။ ရန်ဖြစ်ရာကနေ သံယောစဉ် တွယ်တတ်တဲ့ အတွဲတွေလည်း ရှိနိုင်ပါတယ်။ အချင်းချင်း လက်တွေ့ကျကျ စဉ်းစား ကပ်သပ်နေတတ်တဲ့ အတွက် သူများတွေ အမြင်မှာတော့ နည်းနည်း စိတ်ပင်ပန်း နေရတတ်ပါတယ်။ ဒါပေမယ့် လိုက်ဖက်ညီမယ့် ရာခိုင်နှုန်းကတော့ ၉၅% ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top