iMyanmarHouse.com - Best Property Website for Myanmar
×

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်တက္ကသိုလ်သင်္ချာဌာန စာရေး မနီလာဝင်း ( ခ ) နီလာခိုင် ပုသိမ်သင်္ဘောကျဉ်းရပ် ရေသိုးကုန်းနေအိမ်မှာ ဖခင်အရင်းဖြစ်သူက ရက်စက်စွာ သတ်ဖြတ်မှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ က ရဲတပ်ဖွဲ့၏ ပူပေါင်းဆောင်ရွက်မှုကြောင့် တရားခံအား ဖော်ထုတ်နိုင် ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့် တွင် ရေသိုးကုန်းကျေးရွာနေ မနီလာဝင်းသည် နေအိမ်ရှိ ရေအိမ်သာထဲတွင် ဒဏ်ရာများနှင့် ရက်စက်စွာ အသတ်ခံရကြောင်း ဖခင်ဖြစ်သူမှ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။



Credit: သစ်ထူးလွင်

#Unicode Version#
ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်တက္ကသိုလ်သင်္ချာဌာန စာရေး မနီလာဝင်း ( ခ ) နီလာခိုင် ပုသိမ်သင်္ဘောကျဉ်းရပ် ရေသိုးကုန်းနေအိမ်မှာ ဖခင်အရင်းဖြစ်သူက ရက်စက်စွာ သတ်ဖြတ်မှုကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရဲတပ်ဖွဲ့၏ ပူပေါင်းဆောင်ရွက်မှုကြောင့် တရားခံအား ဖော်ထုတ်နိူင် ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ညနေ ၆ နာရီခန့်တွင် ရေသိုးကုန်းကျေးရွာနေ မနီလာဝင်းသည် နေအိမ်ရှိ ရေအိမ်သာထဲတွင် ဒဏ်ရာများနှင့် ရက်စက်စွာ အသတ်ခံရကြောင်း ဖခင်ဖြစ်သူမှ ရဲစခန်းသု့ိ အမှုဖွင့် တိုင်ကြားခဲ့သည်။

အခင်းဖြစ်စဉ်နှင့် ပတ်သတ်သည်များကို ဖခင်ဖြစ်သူ ဦးမောင်ပုအား ရဲတပ်ဖွဲ့မှ မေးမြန်းရာ မသင်္ကာဖွယ်ရာ အထောက်အထားများ တွေ့ရှိရသည့်အတွက် သက်သေခံပစ္စည်းများဖြစ်သော ပုဆိုး အင်္ကျ ီ၊ ဓါး ၊ ရဲဒင်းစသည်တို့အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဓာတုဗေဒသို့ စစ်ဆေးအတည်ပြု ချက် ရယူခဲ့ပါသည်။

ဓာတုဗေဒ စစ်ဆေးအတည်ပြုချက်အရ ပုဆိုး၊ ရဲဒင်းတို့တွင် လူသွေးများ တွေရှိရသည့် အတွက် ဖခင်ဖြစ်သူ အားစစ်ဆေးရာ သူကိုယ်တိုင် သတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရဲစခန်းတွင် ဝန်ခံဖြောင့်ချက်ပေး ခဲ့သည့်အတွက် ဖခင်ဖြစ်သူဦးမောင်ပုအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top