စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

(၇၁) ႏွစ္ေျမာက္ ျပည္ ေထာင္စုေန႔ အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံေျမပံုကို လူ ၃,၄၀၀ ေက်ာ္ျဖင့္ ပံုေဖာ္၍ကမၻာဂင္းနစ္ စံခ်ိန္ခ်ိဳးရန္ တယ္လီေနာက ေဖေဖာ္ဝါရီ ၁၂ ရက္တြင္ မေကြး ၿမိဳ႕၌ႀကိဳးပမ္းခဲ့သည္။

ျမန္မာႏိုင္ငံေျမပံု ပံုေဖာ္ရာ တြင္ မေကြးတိုင္ေဒသႀကီးအတြင္း ရွိ တကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္ သူမ်ားပါဝင္ခဲ့သည္။ ၅ မိနစ္ခန္႔ ၿငိမ္သက္၍ ျမန္မာႏိုင္ငံေျမပံုကို လူအင္အားႏွင့္ ပံုေဖာ္ကာဂင္း နစ္စံခ်ိန္ခ်ိဳးရန္ ႀကိဳးစားျခင္း လည္းျဖစ္သည္။

ယင္းကဲ့သို႔ျပဳလုပ္ရန္ ရန္ ကုန္၊ မႏၲေလးကဲ့သို႔ ၿမိဳ႕ႀကီးမ်ား ကိုမေရြးခ်ယ္ဘဲ မေကြးၿမိဳ႕ကို ေရြးခ်ယ္ရျခင္းသည္ ဗုိလ္ခ်ဳပ္ ေအာင္ဆန္း၏ ေမြးရပ္ရွိရာတိုင္း ေဒသႀကီး ျဖစ္ျခင္းေၾကာင့္ဟု တယ္လီေနာကုမၸဏီ External Communication manager မေရႊယင္းမာဦးက ေျပာသည္။

မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ‘‘မ ေကြးတိုင္းေဒသႀကီးဟာ ျမန္မာ့ လြတ္လပ္ေရးေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ေမြးရပ္ ဇာတိ နတ္ေမာက္ၿမိဳ႕တည္ရွိရာ တိုင္းေဒသႀကီးျဖစ္လို႔ ျမန္မာႏိုင္ငံ နဲ႕ကမၻာတစ္လႊားမွာ လူသိမ်ားထင္ရွားတဲ့ေဒသတစ္ခု ျဖစ္သလို  ဒီေန႔ျပဳလုပ္တဲ့ ကမၻာ႔စံခ်ိန္ေရးထိုး မႈအခမ္းအနားေၾကာင့္လည္း မ ေကြးတိုင္းေဒသႀကီးဟာ ကမၻာ႔အလယ္မွာ ပိုမိုထင္ရွားလာမယ္လို႔ယံုၾကည္ပါတယ္’’ ဟုေျပာသည္။

လက္ရွိတြင္ အာဖရိကေျမ ပံုကို ၈၁၁ ဦးပါဝင္ပံုေဖာ္ျခင္းျဖင့္ ၂၀၁၆  စက္တင္ဘာက ဂင္းနစ္ စံခ်ိန္တင္ခဲ့ဲၿပီးျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔စံခ်ိန္ခ်ိဳးႏိုင္ တယ္။ မခ်ိဳးႏိုင္ဘူးဆိုတာ ၄၈ နာရီအတြင္း ဂင္းနစ္စံသက္မွတ္တဲ့အဖြဲ႕က အေၾကာင္းျပန္ေပးမွာပါ’’ဟု တယ္လီေနာ ျပန္ၾကားေရးတာ၀န္ခံ ကိုအဲလက္စ္က ေျပာသည္။ ၂၀၁၆ က Lifebuoy ဆပ္ျပာကရန္ကုန္ၿမိဳ႕၌ က်င္းပေသာ ကမၻာ႔လက္ေဆးေရးေန႔ အထိမ္းအမွတ္ပြဲတြင္ အေျခခံပညာ ေက်ာင္းသား ၁,၀၀၀ က တစ္ၿပိဳင္နက္လက္ဝါး႐ိုက္ (hig five) ခဲ့ၿပီးယင္းမွာ လူအမ်ားဆံုးတစ္ၿပိဳင္နက္ခုန္ကာ လက္ဝါး႐ုိက္ေခါင္းစဥ္ျဖင့္ ဂင္းနစ္စံခ်ိန္ဝင္ခဲ့သည္။ ဂင္းနစ္အဖြဲ႕အစည္းတြင္ မွတ္တမ္းဝင္ျခင္း၊ စံခ်ိန္တင္ျခင္း၊  စံခ်ိန္ခ်ိဳးျခင္းဟူ၍ အမ်ိဳးအစားသံုးမ်ိဳးရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
(၇၁) နှစ်မြောက် ပြည် ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမြေပုံကို လူ ၃,၄၀၀ ကျော်ဖြင့် ပုံဖော်၍ကမ္ဘာဂင်းနစ် စံချိန်ချိုးရန် တယ်လီနောက ဖေဖော်ဝါရီ ၁၂ ရက်တွင် မကွေး မြို့၌ကြိုးပမ်းခဲ့သည်။

မြန်မာနိုင်ငံမြေပုံ ပုံဖော်ရာ တွင် မကွေးတိုင်ဒေသကြီးအတွင်း ရှိ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည် သူများပါဝင်ခဲ့သည်။ ၅ မိနစ်ခန့် ငြိမ်သက်၍ မြန်မာနိုင်ငံမြေပုံကို လူအင်အားနှင့် ပုံဖော်ကာဂင်း နစ်စံချိန်ချိုးရန် ကြိုးစားခြင်း လည်းဖြစ်သည်။

ယင်းကဲ့သို့ပြုလုပ်ရန် ရန် ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ ကိုမရွေးချယ်ဘဲ မကွေးမြို့ကို ရွေးချယ်ရခြင်းသည် ဗိုလ်ချုပ် အောင်ဆန်း၏ မွေးရပ်ရှိရာတိုင်း ဒေသကြီး ဖြစ်ခြင်းကြောင့်ဟု တယ်လီနောကုမ္ပဏီ External Communication manager မရွှေယင်းမာဦးက ပြောသည်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ‘‘မ ကွေးတိုင်းဒေသကြီးဟာ မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးရပ် ဇာတိ နတ်မောက်မြို့တည်ရှိရာ တိုင်းဒေသကြီးဖြစ်လို့ မြန်မာနိုင်ငံ နဲ့ကမ္ဘာတစ်လွှားမှာ လူသိများထင်ရှားတဲ့ဒေသတစ်ခု ဖြစ်သလို  ဒီနေ့ပြုလုပ်တဲ့ ကမ္ဘာ့စံချိန်ရေးထိုး မှုအခမ်းအနားကြောင့်လည်း မ ကွေးတိုင်းဒေသကြီးဟာ ကမ္ဘာ့အလယ်မှာ ပိုမိုထင်ရှားလာမယ်လို့ယုံကြည်ပါတယ်’’ ဟုပြောသည်။

လက်ရှိတွင် အာဖရိကမြေ ပုံကို ၈၁၁ ဦးပါဝင်ပုံဖော်ခြင်းဖြင့် ၂၀၁၆  စက်တင်ဘာက ဂင်းနစ် စံချိန်တင်ခဲ့ဲပြီးဖြစ်သည်။

‘‘ကျွန်တော်တို့စံချိန်ချိုးနိုင် တယ်။ မချိုးနိုင်ဘူးဆိုတာ ၄၈ နာရီအတွင်း ဂင်းနစ်စံသက်မှတ်တဲ့အဖွဲ့က အကြောင်းပြန်ပေးမှာပါ’’ဟု တယ်လီနော ပြန်ကြားရေးတာဝန်ခံ ကိုအဲလက်စ်က ပြောသည်။ ၂၀၁၆ က Lifebuoy ဆပ်ပြာကရန်ကုန်မြို့၌ ကျင်းပသော ကမ္ဘာ့လက်ဆေးရေးနေ့ အထိမ်းအမှတ်ပွဲတွင် အခြေခံပညာ ကျောင်းသား ၁,၀၀၀ က တစ်ပြိုင်နက်လက်ဝါးရိုက် (hig five) ခဲ့ပြီးယင်းမှာ လူအများဆုံးတစ်ပြိုင်နက်ခုန်ကာ လက်ဝါးရိုက်ခေါင်းစဉ်ဖြင့် ဂင်းနစ်စံချိန်ဝင်ခဲ့သည်။ ဂင်းနစ်အဖွဲ့အစည်းတွင် မှတ်တမ်းဝင်ခြင်း၊ စံချိန်တင်ခြင်း၊  စံချိန်ချိုးခြင်းဟူ၍ အမျိုးအစားသုံးမျိုးရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top