ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ခ်င္းနယ္စပ္၊ မေကြးတိုင္းေဒသႀကီး၊ ေလာင္း ႐ွည္နယ္၊ ေဆာၿမိဳ႕နယ္ရွိ ငပန္႔က်င္းရြာတြင္ ေနထိုင္ၾကေသာ ဦးဘဟန္ႏွင့္ ေဒၚခင္စန္းရီ မိသားစု . .

သူတို႔ရဲ႕ တစ္ဦးတည္းေသာ သားေလးက ေမာင္ေမာင္ . .႐ုပ္ရည္ေလးက သနားကမားေလး၊ အသက္ ၁၁ ႏွစ္အရြယ္ တတိယတန္းေက်ာင္းသား၊ လိမၼာေရးျခားေလးကလည္း ရွိ၊ စာကလည္း ေတာ္ရွာေတာ့ ေမြးစားခ်င္ သူေတြ မရွား။

”ေမာင္ေမာင့္ကို ေမြးစားခ်င္တယ္”
ေလာင္းရွည္နယ္ဘက္က သူေဌးမ်ား လာေခၚ ေတာ့ ေမာင္ေမာင္က မလုိက္။

”ဒီအိမ္မွာ အေနအစားကလည္း ဆင္းရဲ၊ မင္းဘ၀တိုးတက္မွာ မဟုတ္ဘူး၊ ငါတို႔နဲ႔ လိုက္ေန”
ဘယ္သူေဌးေခၚေခၚ ေမာင္ေမာင္ ေျဖတဲ့ စကားက တစ္ခြန္းတည္း။

”က်ဳပ္အေဖနဲ႔ အေမကို ဘယ္သူ ၾကည့္ေပးမွာလဲ”

ေမာင္ေမာင္ ေျပာလည္း ေျပာခ်င္စရာပင္။😌

ဖခင္ျဖစ္သူ ဦးဘဟန္က အသက္ ၇၀ ရွိၿပီ။ သံုးႏွစ္သားအရြယ္က တည္းက ခႏၶာကိုယ္ ေအာက္ပိုင္းေသေနသူ . .လမ္းသြားရင္ လက္ေလး ႏွစ္ဖက္ကို ေျမႀကီးေပၚေထာက္ၿပီး ဖင္တရြတ္ဆြဲ သြားရရွာသူ . .😪😥

မိခင္ ေဒၚခင္စန္းရီက်ေတာ့လည္း ေမြးကတည္း ကေန အခု အသက္ ၆၀ အရြယ္အထိ စိတ္မႏွံ႔ရွာ၊ မည္သူကိုမွ် ဒုကၡမေပး၊ စကားလည္း မပီရွာသည့္ ယဥ္ယဥ္ေလး ႐ူးေနသူ။😪😥

သို႔ေသာ္ ေမာင္ေမာင့္မိဘႏွစ္ပါးစလံုးက ဒုကၡိတ ဆိုၿပီး ေတာင္းရမ္းမစား၊ ကိုယ့္အင္ကိုယ့္အားရွိသမွ် အလုပ္လုပ္မယ္ဆုိၿပီး မိန္းမက ၀ါးခုတ္၊ ေယာက်္ား က သန္စြမ္းသည့္ လက္ႏွစ္ဖက္အားျဖင့္ ၀ါးကို ႏွီးျဖာၿပီး ေတာင္းရက္သည္။ 💪

”ေတာမွာဆိုေတာ့ ၀ယ္တဲ့သူက သိပ္မရွိဘူး။ ဒါေပမဲ့ ဒါေလးပဲ အဘက လုပ္တတ္တယ္။ ၀င္တဲ့ ေငြနဲ႔ပဲ အဘတို႔ မိသားစု ျဖစ္သလို စားေသာက္ပါတယ္။ မိန္းမကလည္း စိတ္ၾကည္မွ ၀ါးခုတ္ေပးတာ” ဟု ဦးဘဟန္က ဆိုရွာသည္။

ဘ၀အေျခခံလိုအပ္ခ်က္ဟူ၍ စား၀တ္ေနေရးဆိုသည့္ စကားလံုးေလးလံုးသာ ရွိလို႔ ေတာ္ေတာ့သည္။

ေမာင္ေမာင္တို႔မိသားစုမွာ တစ္ေန႔ တစ္ေန႔ ၀မ္း၀ေအာင္ စားရေသာက္ရဖို႔ အႏိုင္ႏိုင္ ရွာေနရတာနဲ႔ အိမ္လည္း မျပင္ႏိုင္၊ အ၀တ္လည္း မရွိရာ။ ရပ္ထဲ ရြာထဲက ေပးကမ္းသမွ် အ၀တ္အစားအႏြမ္း ေလး၀တ္ရင္း လံုၿခံဳေအာင္ ေနရရွာသည္။

အိမ္ေလးက အမိုး မလံု၊ ေဘးအကာအရံကို အ၀တ္စုတ္၊ ပလတ္စတစ္စုတ္မ်ား ထိုးထည့္ကာ ဖာေထးထားရွာသည္။ ဖံုကထူ၊ လမ္းက ေက်ာက္ခဲမ်ား ႏွင့္ ၾကမ္းတမ္း၊ မိုးတြင္းက်ေတာ့ မိုးယို၊ ဗြက္ေပါက္ . .ေနရတဲ့ ဘ၀ မလံုၿခံဳလွ။

ဘ၀ကို အႏိုင္မခံ အ႐ႈံးမေပး စိတ္ျဖင့္ ႐ုန္းကန္ေနရွာေသာ ေမာင္ေမာင္တို႔ မိသားစုအေၾကာင္း ခ်င္းျပည္နယ္၊ ေဆာၿမိဳ႕တြင္ ပရဟိတအလုပ္မ်ား စြမ္းစြမ္းတမံ လုပ္ကိုင္ေနသူ မသီတာခိုင္ ၾကားရ သည့္အခါ မေနသာေတာ့။ ေဆာၿမိဳ႕ႏွင့္ မိုင္ ၂၀ ခန္႔ ေ၀းသည့္ လမ္းၾကမ္းႀကီးကို ဆိုင္ကယ္ျဖင့္ သြား ေရာက္ခဲ့ရာ အိမ္ေလးက ႏံုခ်ာခ်ာ၊ အဘႏွင့္ အေဒၚ က ႏြမ္းပါး၊ သားေလးက သနားက႐ုဏာသက္စရာ။

”အေဒၚက စိတ္မႏွံ႔ေတာ့ ေငြေတြ႕ရင္ လႊင့္ပစ္တယ္၊ ပစၥည္းေတြ၊ အ၀တ္အစားေတြလည္း လႊင့္ပစ္ ေကာက္ပစ္လုပ္တယ္။ ဒါနဲ႔ အရင္ဆံုး သံဘီဒို၀ယ္ ေပးၿပီး ပစၥည္းေတြအကုန္ ထည့္၊ ေသာ့ခတ္ေပးထား လိုက္တယ္။ ေမာင္ေမာင္က လိမၼာၿပီး တတ္သိနားလည္ေတာ့ သူ႔ကို အကုန္မွာလို႔ ရတယ္”ဟု မသီတာခိုင္က ေျပာသည္။

မသီတာခိုင္ထံမွတစ္ဆင့္ ေစတနာေမတၱာႀကီးမားလွသည့္ အလွဴရွင္မ်ား က ေမာင္ေမာင္တို႔မိသား စုအတြက္ အလွဴေငြမ်ား၊ အ၀တ္အစားမ်ား၊ အိမ္ျပင္ ေဆာက္လုပ္ရန္ သြပ္မ်ား၊ မုန္႔မ်ား စသည္တို႔ကို လွဴဒါန္းခဲ့ၾက သည္။

ညဘက္ အေမွာင္ထဲ ေနရသျဖင့္ ဆိုလာမီး ၀ယ္ေပးခဲ့ရာ ေဒၚခင္စန္းရီက ႀကိဳးႏွစ္ေခ်ာင္း ပူးခ်ည္လိုက္ေတာ့ ေလာင္သြားေလ၏။

”ေျပာရရင္ အကုန္လံုး ေသခ်ာ စီစဥ္ေပးမွ ျဖစ္ေတာ့မယ္ဆိုၿပီး အစ္မက အပင္ပန္းခံၿပီး အိမ္ကိုပါ ျပင္ေဆာက္ေပးဖို႔ စီစဥ္လိုက္တယ္။ ေမာင္ေမာင့္ ေက်ာင္းစရိတ္နဲ႔ စာအုပ္ဖိုးေတြလည္း ေထာက္ပံ့ေပး ထားၿပီး ဆန္ကို အခုေလာေလာဆယ္ တစ္လစာ ေပးခဲ့တယ္”ဟု မသီတာခိုင္က ေျပာသည္။

ဒုကၡိတမိသားစုျဖစ္ေသာ္လည္း ကိုယ့္ရွိသမွ် အား ကို အသံုးခ်တတ္ေသာ ေမာင္ေမာင္တို႔ မိသားစု လံုၿခံဳဳေႏြးေထြးစြာ ေနထိုင္ေစခ်င္သည့္ စိတ္ ေစတနာ အရင္းခံျဖင့္ မသီတာခိုင္က အလွဴရွင္အခ်ဳိ႕၏ အလွဴေငြမ်ားႏွင့္ ေမာင္ေမာင္တို႔အိမ္ကို ေဆာက္လုပ္ေပးေနပါသည္။

အမိုးေလးကို ျပင္၊ အကာကို ျပန္ေဆာက္၊ ေျခ လွမ္းမွားလွ်င္ ကြၽံၾကေတာ့မည့္ ၾကမ္းခင္းေလးကို ပ်ဥ္ ေလး ျပန္ခင္း . .စသျဖင့္ တစ္အိမ္လံုး ျပဳျပင္ေပးရမည္ျဖစ္ရာ

အလွဴေငြမ်ားက မျပည့္မီေသးသျဖင့္ ေမာင္ ေမာင္တို႔ မိသားစုေလးကို ေမတၱာေစတနာျဖင့္ ေဖးမ ကူလိုသူမ်ား ရွိခဲ့လွ်င္ ကူညီၾကပါရန္ တိုက္တြန္း ႏႈိးေဆာ္အပ္ပါသည္။

(အလွဴေငြ နည္းမ်ားမဆို လွဴဒါန္းလိုသူမ်ား

Account Name- Zun Khaing Oo

Account No-0075223010012067

AYA Bank သို႔ ထည့္၀င္လွဴဒါန္းႏိုင္ပါတယ္။ လိုအပ္တဲ့ ေငြကို ကၽြန္မတို႔ Healthy Life ဂ်ာနယ္ ပရဟိတအသင္းကလည္း တတ္ႏိုင္သမွ် ျဖည့္စြက္လွဴဒါန္းသြားမွာ ျဖစ္ပါတယ္။ ကၽြန္မကေတာ့ မသြားႏိုင္ပါဘူး၊ မသီတာခိုင္ဆီပဲ အလွဴေငြ ပို႔ေပးမွာ ျဖစ္ပါတယ္ရွင္😊)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zun Khaing Oo

#Unicode Version#
ချင်းနယ်စပ်၊ မကွေးတိုင်းဒေသကြီး၊ လောင်း ရှည်နယ်၊ ဆောမြို့နယ်ရှိ ငပန့်ကျင်းရွာတွင် နေထိုင်ကြသော ဦးဘဟန်နှင့် ဒေါ်ခင်စန်းရီ မိသားစု . .

သူတို့ရဲ့ တစ်ဦးတည်းသော သားလေးက မောင်မောင် . .ရုပ်ရည်လေးက သနားကမားလေး၊ အသက် ၁၁ နှစ်အရွယ် တတိယတန်းကျောင်းသား၊ လိမ္မာရေးခြားလေးကလည်း ရှိ၊ စာကလည်း တော်ရှာတော့ မွေးစားချင် သူတွေ မရှား။

”မောင်မောင့်ကို မွေးစားချင်တယ်”
လောင်းရှည်နယ်ဘက်က သူဌေးများ လာခေါ် တော့ မောင်မောင်က မလိုက်။

”ဒီအိမ်မှာ အနေအစားကလည်း ဆင်းရဲ၊ မင်းဘဝတိုးတက်မှာ မဟုတ်ဘူး၊ ငါတို့နဲ့ လိုက်နေ”
ဘယ်သူဌေးခေါ်ခေါ် မောင်မောင် ဖြေတဲ့ စကားက တစ်ခွန်းတည်း။

”ကျုပ်အဖေနဲ့ အမေကို ဘယ်သူ ကြည့်ပေးမှာလဲ”

မောင်မောင် ပြောလည်း ပြောချင်စရာပင်။😌

ဖခင်ဖြစ်သူ ဦးဘဟန်က အသက် ၇၀ ရှိပြီ။ သုံးနှစ်သားအရွယ်က တည်းက ခန္ဓာကိုယ် အောက်ပိုင်းသေနေသူ . .လမ်းသွားရင် လက်လေး နှစ်ဖက်ကို မြေကြီးပေါ်ထောက်ပြီး ဖင်တရွတ်ဆွဲ သွားရရှာသူ . .😪😥

မိခင် ဒေါ်ခင်စန်းရီကျတော့လည်း မွေးကတည်း ကနေ အခု အသက် ၆၀ အရွယ်အထိ စိတ်မနှံ့ရှာ၊ မည်သူကိုမျှ ဒုက္ခမပေး၊ စကားလည်း မပီရှာသည့် ယဉ်ယဉ်လေး ရူးနေသူ။😪😥

သို့သော် မောင်မောင့်မိဘနှစ်ပါးစလုံးက ဒုက္ခိတ ဆိုပြီး တောင်းရမ်းမစား၊ ကိုယ့်အင်ကိုယ့်အားရှိသမျှ အလုပ်လုပ်မယ်ဆိုပြီး မိန်းမက ဝါးခုတ်၊ ယောကျ်ား က သန်စွမ်းသည့် လက်နှစ်ဖက်အားဖြင့် ဝါးကို နှီးဖြာပြီး တောင်းရက်သည်။ 💪

”တောမှာဆိုတော့ ဝယ်တဲ့သူက သိပ်မရှိဘူး။ ဒါပေမဲ့ ဒါလေးပဲ အဘက လုပ်တတ်တယ်။ ဝင်တဲ့ ငွေနဲ့ပဲ အဘတို့ မိသားစု ဖြစ်သလို စားသောက်ပါတယ်။ မိန်းမကလည်း စိတ်ကြည်မှ ဝါးခုတ်ပေးတာ” ဟု ဦးဘဟန်က ဆိုရှာသည်။

ဘဝအခြေခံလိုအပ်ချက်ဟူ၍ စားဝတ်နေရေးဆိုသည့် စကားလုံးလေးလုံးသာ ရှိလို့ တော်တော့သည်။

မောင်မောင်တို့မိသားစုမှာ တစ်နေ့ တစ်နေ့ ဝမ်းဝအောင် စားရသောက်ရဖို့ အနိုင်နိုင် ရှာနေရတာနဲ့ အိမ်လည်း မပြင်နိုင်၊ အဝတ်လည်း မရှိရာ။ ရပ်ထဲ ရွာထဲက ပေးကမ်းသမျှ အဝတ်အစားအနွမ်း လေးဝတ်ရင်း လုံခြုံအောင် နေရရှာသည်။

အိမ်လေးက အမိုး မလုံ၊ ဘေးအကာအရံကို အဝတ်စုတ်၊ ပလတ်စတစ်စုတ်များ ထိုးထည့်ကာ ဖာထေးထားရှာသည်။ ဖုံကထူ၊ လမ်းက ကျောက်ခဲများ နှင့် ကြမ်းတမ်း၊ မိုးတွင်းကျတော့ မိုးယို၊ ဗွက်ပေါက် . .နေရတဲ့ ဘ၀ မလုံခြုံလှ။

ဘဝကို အနိုင်မခံ အရှုံးမပေး စိတ်ဖြင့် ရုန်းကန်နေရှာသော မောင်မောင်တို့ မိသားစုအကြောင်း ချင်းပြည်နယ်၊ ဆောမြို့တွင် ပရဟိတအလုပ်များ စွမ်းစွမ်းတမံ လုပ်ကိုင်နေသူ မသီတာခိုင် ကြားရ သည့်အခါ မနေသာတော့။ ဆောမြို့နှင့် မိုင် ၂၀ ခန့် ဝေးသည့် လမ်းကြမ်းကြီးကို ဆိုင်ကယ်ဖြင့် သွား ရောက်ခဲ့ရာ အိမ်လေးက နုံချာချာ၊ အဘနှင့် အဒေါ် က နွမ်းပါး၊ သားလေးက သနားကရုဏာသက်စရာ။

”အဒေါ်က စိတ်မနှံ့တော့ ငွေတွေ့ရင် လွှင့်ပစ်တယ်၊ ပစ္စည်းတွေ၊ အဝတ်အစားတွေလည်း လွှင့်ပစ် ကောက်ပစ်လုပ်တယ်။ ဒါနဲ့ အရင်ဆုံး သံဘီဒိုဝယ် ပေးပြီး ပစ္စည်းတွေအကုန် ထည့်၊ သော့ခတ်ပေးထား လိုက်တယ်။ မောင်မောင်က လိမ္မာပြီး တတ်သိနားလည်တော့ သူ့ကို အကုန်မှာလို့ ရတယ်”ဟု မသီတာခိုင်က ပြောသည်။

မသီတာခိုင်ထံမှတစ်ဆင့် စေတနာမေတ္တာကြီးမားလှသည့် အလှူရှင်များ က မောင်မောင်တို့မိသား စုအတွက် အလှူငွေများ၊ အဝတ်အစားများ၊ အိမ်ပြင် ဆောက်လုပ်ရန် သွပ်များ၊ မုန့်များ စသည်တို့ကို လှူဒါန်းခဲ့ကြ သည်။

ညဘက် အမှောင်ထဲ နေရသဖြင့် ဆိုလာမီး ဝယ်ပေးခဲ့ရာ ဒေါ်ခင်စန်းရီက ကြိုးနှစ်ချောင်း ပူးချည်လိုက်တော့ လောင်သွားလေ၏။

”ပြောရရင် အကုန်လုံး သေချာ စီစဉ်ပေးမှ ဖြစ်တော့မယ်ဆိုပြီး အစ်မက အပင်ပန်းခံပြီး အိမ်ကိုပါ ပြင်ဆောက်ပေးဖို့ စီစဉ်လိုက်တယ်။ မောင်မောင့် ကျောင်းစရိတ်နဲ့ စာအုပ်ဖိုးတွေလည်း ထောက်ပံ့ပေး ထားပြီး ဆန်ကို အခုလောလောဆယ် တစ်လစာ ပေးခဲ့တယ်”ဟု မသီတာခိုင်က ပြောသည်။

ဒုက္ခိတမိသားစုဖြစ်သော်လည်း ကိုယ့်ရှိသမျှ အား ကို အသုံးချတတ်သော မောင်မောင်တို့ မိသားစု လုံခြုံုနွေးထွေးစွာ နေထိုင်စေချင်သည့် စိတ် စေတနာ အရင်းခံဖြင့် မသီတာခိုင်က အလှူရှင်အချို့၏ အလှူငွေများနှင့် မောင်မောင်တို့အိမ်ကို ဆောက်လုပ်ပေးနေပါသည်။

အမိုးလေးကို ပြင်၊ အကာကို ပြန်ဆောက်၊ ခြေ လှမ်းမှားလျှင် ကျွံကြတော့မည့် ကြမ်းခင်းလေးကို ပျဉ် လေး ပြန်ခင်း . .စသဖြင့် တစ်အိမ်လုံး ပြုပြင်ပေးရမည်ဖြစ်ရာ

အလှူငွေများက မပြည့်မီသေးသဖြင့် မောင် မောင်တို့ မိသားစုလေးကို မေတ္တာစေတနာဖြင့် ဖေးမ ကူလိုသူများ ရှိခဲ့လျှင် ကူညီကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

(အလှူငွေ နည်းများမဆို လှူဒါန်းလိုသူများ

Account Name- Zun Khaing Oo

Account No-0075223010012067

AYA Bank သို့ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်။ လိုအပ်တဲ့ ငွေကို ကျွန်မတို့ Healthy Life ဂျာနယ် ပရဟိတအသင်းကလည်း တတ်နိုင်သမျှ ဖြည့်စွက်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်မကတော့ မသွားနိုင်ပါဘူး၊ မသီတာခိုင်ဆီပဲ အလှူငွေ ပို့ပေးမှာ ဖြစ်ပါတယ်ရှင်😊)

ဖိုးသူတော် (www.phothutaw.com)
Credit: Zun Khaing Oo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top