×

ကိုယ္၀န္မေဆာင္မီမွာ ခံယူရေသာ က်န္းမာေရးစစ္ေဆးမႈမ်ားသည္ သင့္က်န္းမာေရးေစာင့္ေရွာက္သူ သို႕မဟုတ္ ဆရာ၀န္က သင္သည္ မိခင္တေယာက္ျဖစ္ရန္ က်န္းမာမႈရွိမရွိစစ္ေဆးမႈမ်ား ျပဳလုပ္ျခင္းျဖစ္ပါသည္။ သင္သည္ ထိုက်န္းမာေရးစစ္ေဆးမႈမ်ားခံယူရန္ ရက္ခ်ိန္မ်ားျပဳလုပ္ျပီး ကိုယ္၀န္ေဆာင္ေနခ်ိန္ကာလပတ္လံုး မွန္မွန္သြားျပသင့္ပါသည္။

သင့္က်န္းမာေရး အေျခအေန သို႕မဟုတ္ စားေသာက္ေနထိုင္မႈပံုစံမ်ားေႀကာင့္ သင့္ကိုယ္၀န္ကို ထိခို္င္မႈမ်ားျဖစ္ေကာင္းျဖစ္နိုင္ပါသည္။ ထို႕ေႀကာင့္ က်န္းမာေရးေစာင့္ေရွာက္သူ သို႕မဟုတ္ ဆရာ၀န္နွင့္ ျပသျခင္းျဖင့္ သင္ကိုယ္၀န္ေဆာင္ခ်ိန္တြင္ သင္ေရာ သင့္ကေလးပါက်န္းမာေစမည့္ အေနအထားမ်ိဳးေရာက္ေအာင္ ေစာင့္ေရွာက္မႈမ်ား ၊ စစ္ေဆးမႈမ်ား ျပုလုပ္သြားမည္ျဖစ္ပါသည္။
ကိုယ္၀န္မေဆာင္မီမွာ က်န္းမာေရးစစ္ေဆးမႈမ်ားက ဘာေတြလဲ။

ေအာက္ပါတို႕သည္ သင္လာျပေသာ ရက္ခ်ိန္းမ်ားတြင္ သင့္ကို စစ္ေဆးမည့္ အရာမ်ားျဖစ္ပါသည္။

သင္သည္ကိုယ္၀န္ေဆာင္ခ်ိန္တြင္ က်န္းမာႀကံ႕ခိုင္မႈရွိမရွိ စစ္ေဆးျခင္းျပဳလုပ္ပါသည္။ ယင္းတို႕မွာ ရုပ္ပိုင္းဆိုင္ရာ စစ္ေဆးမႈမ်ား၊ တင္ပါးဆံုပိုင္း၊ ခါးေအာက္ပိုင္း စစ္ေဆးမႈမ်ားျပဳလုပ္ျခင္း၊ ေသြးစစ္ျခင္း၊ သားအိမ္ခၽြဲေျမွးစစ္ျခင္း စသည္တို႕ျဖစ္ပါသည္။
    သင့္မိသားစု က်န္းမာေရးရာဇ၀င္မ်ား သင့္စားေသာက္ေနထိုင္မႈပံုစံမ်ားကို ေမးျမန္းျခင္း
    သင္ကိုယ္၀န္မေဆာင္မီ ကိုယ္၀န္ေဆာင္ေနစဥ္နွင့္ ကေလးေမြးျပီးျဖစ္လာမည့္ အရာမ်ားကို သိလိုေသာေႀကာင့္ ေမးျမန္းလွ်င္ ေျဖႀကားျခင္း တို႕ျဖစ္ပါသည္။

သင့္တြင္ ကေလးရွိျပီးသားျဖစ္ပါက ေနာက္ကိုယ္၀န္ အတြက္ စစ္ေဆးမႈမ်ားကို ခံယူရန္လိုအပ္ပါသလား။

ေနာက္ဆံုးကေလး ေမြးျပီးခ်ိန္တြင္ သင့္က်န္းမာေရး အေျခအေနမ်ား ေျပာင္းလဲသြားနိုင္ေသာေႀကာင့္ ေနာက္ကိုယ္၀န္တြင္ လည္း က်န္းမာေရးစစ္ေဆးမႈမ်ား ခံယူရန္ လိုအပ္ပါသည္။ ယခင္ကိုယ္၀န္တြင္ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားျဖစ္ဖူးပါက ေနာက္ကိုယ္၀န္တြင္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို ခံယူျခင္းျဖင့္ ထိုဆိုးက်ိဳးမ်ား မျဖစ္ေအာင္ကာကြယ္ေပးနိုင္ပါသည္။

ေအာက္ပါဆိုးက်ိဳးမ်ားကို သင့္ေနာက္ဆံုးကိုယ္၀န္တြင္ ခံစားရဖူးပါက ေနာက္တႀကိမ္ ကိုယ္၀န္ေဆာင္ခ်ိန္တြင္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ခံယူသင့္ပါသည္။

ကိုယ္၀န္ အပတ္ ၂၀ မတိုင္မီတြင္ ပ်က္က်ဖူးလွ်င္
    ကိုယ္၀န္ အပတ္ ၂၀ မတိုင္မီတြင္ ကေလးသည္ ဗိုက္ထဲတြင္ ဆံုးသြားလွ်င္
    လမေစ့ဘဲ (၃၇ ပတ္မတိုင္မီတြင္) ကေလးေမြးဖူးလွ်င္
     ကေလးတြင္ ေမြးရာပါခ်ိဳ႕ယြင္းခ်က္မ်ား ရွိလွ်င္

ကိုယ္၀န္မတိုင္မီတြင္ စစ္ေဆးသင့္ေသာ စစ္ေဆးမႈမ်ားမွာ ေအာက္ပါတို႕ျဖစ္ပါသည္။

     သားအိမ္ခၽြဲေျမွးစစ္ျခင္း
     သိုင္းရိြဳက္ေဟာ္မုုုန္းစစ္ျခင္း
     သုတ္ေကာင္မ်ား စစ္ျခင္း
     မ်ိဳးဥေႀကြခ်ိန္တြင္ ေျပာင္းလဲသြားသည့္ ကိုယ္အပူခ်ိန္ကို စစ္ေဆးျခင္း
     HIV ပိုးစစ္ျခင္း
    ေရယုန္ပိုးစစ္ျခင္း
     အသည္းေရာင္ အသား၀ါ A, B ပိုးမ်ားစစ္ျခင္း
    ကာလသားေရာဂါပိုးစစ္ျခင္း
     မိန္းမကိုယ္တြင္ ဂႏိုေရာဂါပ္ိုး၊ ခလဲမို္င္းဒီယားေရာဂါပိုးမ်ား စစ္ျခင္း
     ေခြးရူးျပန္ေရာဂါမ်ားစစ္ေဆးျခင္း
     ေရေက်ာက္ေရာဂါ အတြက္ စစ္ေဆးျခင္း
     ပါဗို ႀကြက္နို႕ဗိုင္းရပ္စ္ B19 ကို စစ္ေဆးျခင္း
     ဆိုက္တိုမိုက္ဂလို ဗိုင္းရပ္စ္ကို စစ္ေဆးျခင္း
     ေတာ့ဆိုပလက္စမာ ေရာဂါကို စစ္ေဆးျခင္း
    မိခင္နွင့္ ဖခင္တို႕၏ ေသြးအမ်ိဳးအစားမ်ားနွင့္ Rh အမ်ိဳးအစားမ်ားကို စစ္ေဆးျခင္း
    ေသြးဥအမ်ိဴးအစားမ်ား၊ အေရအတါက္မ်ားကိုစစ္ေဆးျခင္း တို႕ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်ဝန်မဆောင်မီမှာ ခံယူရသော ကျန်းမာရေးစစ်ဆေးမှုများသည် သင့်ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်က သင်သည် မိခင်တယောက်ဖြစ်ရန် ကျန်းမာမှုရှိမရှိစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်ပါသည်။ သင်သည် ထိုကျန်းမာရေးစစ်ဆေးမှုများခံယူရန် ရက်ချိန်များပြုလုပ်ပြီး ကိုယ်ဝန်ဆောင်နေချိန်ကာလပတ်လုံး မှန်မှန်သွားပြသင့်ပါသည်။

သင့်ကျန်းမာရေး အခြေအနေ သို့မဟုတ် စားသောက်နေထိုင်မှုပုံစံများကြောင့် သင့်ကိုယ်ဝန်ကို ထိခိုင်မှုများဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်သူ သို့မဟုတ် ဆရာဝန်နှင့် ပြသခြင်းဖြင့် သင်ကိုယ်ဝန်ဆောင်ချိန်တွင် သင်ရော သင့်ကလေးပါကျန်းမာစေမည့် အနေအထားမျိုးရောက်အောင် စောင့်ရှောက်မှုများ ၊ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ကိုယ်ဝန်မဆောင်မီမှာ ကျန်းမာရေးစစ်ဆေးမှုများက ဘာတွေလဲ။

အောက်ပါတို့သည် သင်လာပြသော ရက်ချိန်းများတွင် သင့်ကို စစ်ဆေးမည့် အရာများဖြစ်ပါသည်။

သင်သည်ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာကြံ့ခိုင်မှုရှိမရှိ စစ်ဆေးခြင်းပြုလုပ်ပါသည်။ ယင်းတို့မှာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ၊ တင်ပါးဆုံပိုင်း၊ ခါးအောက်ပိုင်း စစ်ဆေးမှုများပြုလုပ်ခြင်း၊ သွေးစစ်ခြင်း၊ သားအိမ်ချွဲမြှေးစစ်ခြင်း စသည်တို့ဖြစ်ပါသည်။
    သင့်မိသားစု ကျန်းမာရေးရာဇဝင်များ သင့်စားသောက်နေထိုင်မှုပုံစံများကို မေးမြန်းခြင်း
    သင်ကိုယ်ဝန်မဆောင်မီ ကိုယ်ဝန်ဆောင်နေစဉ်နှင့် ကလေးမွေးပြီးဖြစ်လာမည့် အရာများကို သိလိုသောကြောင့် မေးမြန်းလျှင် ဖြေကြားခြင်း တို့ဖြစ်ပါသည်။

သင့်တွင် ကလေးရှိပြီးသားဖြစ်ပါက နောက်ကိုယ်ဝန် အတွက် စစ်ဆေးမှုများကို ခံယူရန်လိုအပ်ပါသလား။

နောက်ဆုံးကလေး မွေးပြီးချိန်တွင် သင့်ကျန်းမာရေး အခြေအနေများ ပြောင်းလဲသွားနိုင်သောကြောင့် နောက်ကိုယ်ဝန်တွင် လည်း ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန် လိုအပ်ပါသည်။ ယခင်ကိုယ်ဝန်တွင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်ဖူးပါက နောက်ကိုယ်ဝန်တွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ခံယူခြင်းဖြင့် ထိုဆိုးကျိုးများ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်။

အောက်ပါဆိုးကျိုးများကို သင့်နောက်ဆုံးကိုယ်ဝန်တွင် ခံစားရဖူးပါက နောက်တကြိမ် ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူသင့်ပါသည်။

ကိုယ်ဝန် အပတ် ၂၀ မတိုင်မီတွင် ပျက်ကျဖူးလျှင်
    ကိုယ်ဝန် အပတ် ၂၀ မတိုင်မီတွင် ကလေးသည် ဗိုက်ထဲတွင် ဆုံးသွားလျှင်
    လမစေ့ဘဲ (၃၇ ပတ်မတိုင်မီတွင်) ကလေးမွေးဖူးလျှင်
     ကလေးတွင် မွေးရာပါချို့ယွင်းချက်များ ရှိလျှင်

ကိုယ်ဝန်မတိုင်မီတွင် စစ်ဆေးသင့်သော စစ်ဆေးမှုများမှာ အောက်ပါတို့ဖြစ်ပါသည်။

     သားအိမ်ချွဲမြှေးစစ်ခြင်း
     သိုင်းရွိုက်ဟော်မုုုန်းစစ်ခြင်း
     သုတ်ကောင်များ စစ်ခြင်း
     မျိုးဥကြွေချိန်တွင် ပြောင်းလဲသွားသည့် ကိုယ်အပူချိန်ကို စစ်ဆေးခြင်း
     HIV ပိုးစစ်ခြင်း
    ရေယုန်ပိုးစစ်ခြင်း
     အသည်းရောင် အသားဝါ A, B ပိုးများစစ်ခြင်း
    ကာလသားရောဂါပိုးစစ်ခြင်း
     မိန်းမကိုယ်တွင် ဂနိုရောဂါပိုး၊ ခလဲမိုင်းဒီယားရောဂါပိုးများ စစ်ခြင်း
     ခွေးရူးပြန်ရောဂါများစစ်ဆေးခြင်း
     ရေကျောက်ရောဂါ အတွက် စစ်ဆေးခြင်း
     ပါဗို ကြွက်နို့ဗိုင်းရပ်စ် B19 ကို စစ်ဆေးခြင်း
     ဆိုက်တိုမိုက်ဂလို ဗိုင်းရပ်စ်ကို စစ်ဆေးခြင်း
     တော့ဆိုပလက်စမာ ရောဂါကို စစ်ဆေးခြင်း
    မိခင်နှင့် ဖခင်တို့၏ သွေးအမျိုးအစားများနှင့် Rh အမျိုးအစားများကို စစ်ဆေးခြင်း
    သွေးဥအမျိူးအစားများ၊ အရေအတါက်များကိုစစ်ဆေးခြင်း တို့ဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top