iMyanmarHouse.com - Best Property Website for Myanmar
×

# ZawGyi Version ျဖင့္ဖတ္ရန္ #

အာဖဂန္နစၥတန္ရဲ႕ နာမည္ဆိုးနဲ႔ေက်ာ္ၾကားသူ ကြင္းဆက္လူသတ္သမားတစ္ေယာက္ရဲ႕ သမီးျဖစ္သူဟာ အေမျဖစ္သူ ေထာင္က်ေနတဲ့အခန္းအတြင္းမွာပဲ သူမရဲ႕ဘဝတစ္ခုလုံးကို ကုန္ဆုံးေနရတယ္လို႔ သိရပါတယ္။ နယူးေယာ့ခ္တိုင္းစ္ရဲ႕ သတင္းေထာက္တစ္ေယာက္ျဖစ္တဲ့ Rod Nordland က မၾကာေသးခင္က ထိုအသက္ ၁၁ႏွစ္အ႐ြယ္ မိန္းကေလး Meena နဲ႔ သူမရဲ႕ အေမ ကြင္းဆက္လူသတ္သမားျဖစ္သူ အမ်ိဳးသမီးကို ေထာင္ထဲမွာ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။

Meena ကို ၂၀၀၆ခုႏွစ္တုန္းက Nangarhar ျပည္နယ္ေထာင္တစ္ခုမွာ ေမြးဖြားခဲ့တာျဖစ္ပါတယ္။ သူမဟာ ဘာျပစ္မႈမွမက်ဴးလြန္ထားေပမဲ့ အာဖဂန္ရဲ႕ေထာင္တြင္းစည္းမ်ဥ္းအရ အေမျဖစ္သူက သားသမီးေတြကိုေထာင္ထဲမွာသူတိုနဲ႔အတူ အသက္ ၁၈ႏွစ္ျပည့္ခ်ိန္ထိေခၚထားလို႔ရတယ္လို႔သိရပါတယ္။Meena အေမဟာေတာ့ တျခားအမ်ိဳးသမီးေတြထက္ပိုၿပီးရွည္ၾကာတဲ့ေထာင္ဒဏ္က်ခံထားရသူျဖစ္ပါတယ္။Meena ရဲ႕အေမShirin Gul ဟာ ၂၀၀၁ခုႏွစ္ကေန ၂၀၀၄ခုႏွစ္ထိ အာဖဂန္အမ်ိဳးသား ၂၇ေယာက္ကိုသတ္ပစ္ခဲ့တာျဖစ္ပါတယ္။သူမရယ္၊သူမရဲ႕ခ်စ္သူရယ္၊မိသားစုဝင္အခ်ိဳ႕ဟာ ပူးေပါင္းႀကံစည္ခဲ့တာျဖစ္ၿပီး Meena ရဲ႕အေမကေတာ့ ထိုအမ်ိဳးသားေတြအိမ္လာဖို႔ဆြဲေဆာင္ေခၚခဲ့ကာ တန္ဖိုးရွိလက္ဝတ္ရတနာေတြခိုးယူၿပီးသတ္ပစ္ခဲ့တာပါ။အျခားလူေတြကို ၂၀၀၅ ခုႏွစ္ကေသဒဏ္ေပးခဲ့ေပမဲ့Shirin Gul ဟာေတာ့ ကိုယ္ဝန္ရွိခဲ့တဲ့အတြက္ ေသဒဏ္ခ်မခံရပဲေထာင္ထဲမွာရွည္ၾကာစြာေနဖို႔ျပစ္ဒဏ္က်ခံခဲ့ရတာျဖစ္ပါတယ္။

သတင္းေထာက္ျဖစ္တဲ့ Norland ဟာ ၂၀၁၇၊ႏိုဝင္ဘာေလာက္က ေထာင္ထဲကိုသြားေရာက္ေတြ႕ဆုံခဲ့တာျဖစ္ၿပီးကေလးမေလး Meena ဟာ တျခား႐ြယ္တူကေလးေတြလိုပဲ အ႐ုပ္ေတြကိုႏွစ္သက္တဲ့ကေလးတစ္ေယာက္ျဖစ္တာကိုသိခဲ့ရပါတယ္။သူမဟာ ခ်ည္ထည္အနည္းငယ္နဲ႔လုပ္ထားတဲ့အ႐ုပ္ေတြအေၾကာင္းကိုေျပာၿပိး သူမရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းျဖစ္သူအသက္ ၁၀ႏွစ္အ႐ြယ္ Salma ရဲ႕အေၾကာင္းကိုလည္းေပ်ာ္႐ႊင္စြာေျပာျပခဲ့ပါတယ္။ဒါ့အျပင္ သူမရဲ႕အေဖကလည္း လူသတ္မႈထဲမွာႀကံရာပါတစ္ေယာက္ျဖစ္ခဲ့ေပမဲ့သူမရဲ႕အေဖ၊သူမအေမရဲ႕ခ်စ္သူ ပုံကိုလည္း Nordland ကို ဂုဏ္ယူစြာျပခဲ့တယ္လို႔သိရပါတယ္။

အာဖဂန္နစၥတန္ရဲ႕ေထာင္ထဲမွာ ကေလးေတြဘယ္ေလာက္ရွိေနလဲဆိုတာသိဖို႔ခက္ခဲပါတယ္။ဒါေပမဲ့ ရာခ်ီရွိလိမ့္မယ္လို႔ေတာ့ခန႔္မွန္းရပါတယ္။တကယ္ေတာ့ အာဖဂန္ဥပေဒက ကေလးအေမေတြက သူတို႔ရဲ႕ကေလးေတြအသက္ ၇ႏွစ္ေရာက္တဲ့အထိသာအတူတူေနခြင့္ျပဳထားတာျဖစ္ပါတယ္။ဒါေပမဲ့ ကေလးေတြကိုေစာင့္ေရွာက္ဖို႔မိသားစုမရွိတဲ့အခါ၊အေမေတြက ကေလးေတြနဲ႔ခြဲခြာဖို႔ျငင္းဆန္တဲ့အခါ ေထာင္ထဲမွာ ၇ႏွစ္ေက်ာ္တဲ့ကေလးေတြက်န္ေနခဲ့ပါတယ္။ေထာင္ထဲမွာဘဝကိုကုန္ဆုံးတာကေၾကာက္လန႔္စရာျဖစ္ႏိုင္ပါတယ္။ဒါေပမဲ့ အေမေတြက အျပင္မွာရွိတဲ့ကေလးေတြလို သူတို႔ရဲ႕ကေလးေတြကိုစြန႔္စားခိုင္းဖို႔ေတြေဝတြန႔္ဆုတ္ၾကပါတယ္။Shaperai ဆိုတဲ့အမ်ိဳးသမီးက သူမဟာ သမီးကိုအျပင္မွာက်န္ရွိတဲ့ဦးေလးနဲ႔အတူေနခြင့္ျပဳလိုက္ရင္ဦးေလးကသူမရဲ႕သမီးကိုတျခားတစ္ေယာက္ကိုေရာင္းစားလိမ့္မယ္လို႔ေျပာခဲ့ပါတယ္။Shaperai ဟာသူမရဲ႕ခင္ပြန္းကိုသတ္ခဲ့လို႔ေထာင္က်ေနသူတစ္ေယာက္ပါ။အဲ့ဒါေၾကာင့္သူမရဲ႕သမီးကိုအျပင္ပို႔လိုက္ၿပီးေရာင္းစားခြင့္မေပးႏိုင္ဘူးလို႔ေျပာခဲ့ပါတယ္။

သတင္းေထာက္ Nordland ဟာ Meena ရဲ႕အေမကိုေမးတဲ့အခါမွာလည္း သူမမွာရန္သူေတြအမ်ားႀကီးရွိပါတယ္။Meena ကိုအျပင္မွာထားဖို႔ဘယ္သူ႔ကိုမွမယုံၾကည္ဘူးလို႔ေျပာခဲ့ေၾကာင္းသိရပါတယ္။မင္းဟာ ျပစ္မႈမက်ဴးလြန္ထားဘူးဆိုရင္ အဲ့ဒီအတြက္ျပစ္ဒဏ္မက်ခံသင့္ပါဘူး။ကေလးေတြက ဘာျပစ္မႈမွက်ဴးလြန္ထားတာမရွိပါဘူး၊ဒါေပမဲ့လည္း တျခားေ႐ြးခ်ယ္စရာလည္းမရွိဘူးလို႔ ကေလးငယ္ကာကြယ္ေရးဆိုင္ရာအဖြဲ႕အစည္းရဲ႕ဒါ႐ိုက္တာျဖစ္သူ Bashir Ahmad Basharat ကနယူးေယာ့ခ္တိုင္းစ္သတင္းစာတိုက္ကိုေျပာခဲ့ပါတယ္။ေထာင္ထဲက အသက္ ၇ႏွစ္အ႐ြယ္ Malina ဆိုတဲ့ကေလးမေလးကိုေမးျမန္းတဲ့အခါမွာေတ့ာ သူမက “တကယ္လု႔ိသူမအျပင္ေရာက္သြားရင္ အမျဖစ္သူကိုလည္းကူညီခ်က္ျပဳတ္ေပးႏိုင္တယ္၊အဝတ္အစားေတြေလွ်ာ္ဖြပ္ေပးႏိုင္တယ္။စာေလ့လာႏိုင္ၿပီးဘုရားေက်ာင္းလည္းသြားႏိုင္မယ္၊က်မ္းစာအုပ္လည္းေလ့လာႏိုင္မယ္”လို႔ေျပာခဲ့ပါတယ္။
READ  အာဖဂန္နစၥတန္မွာ အေသခံကားဗံုးခြဲ တိုက္ခိုက္မႈတစ္ခုေၾကာင့္ ၂၄ ဦးထက္မနည္း ေသဆံုး

Meena ကေတာ့ ေထာင္ထဲကေနထြက္ခ်င္သလို သူမရဲ႕အေမကိုလည္းမထားခဲ့ခ်င္ပါဘူးတဲ့။သူမရဲ႕ဘဝတစ္ခုလုံးဒီေထာင္ထဲမွာျဖတ္သန္းရမွာပါလို႔ေျပာခဲ့ပါတယ္။ဒါ့အျပင္ ျဖစ္ႏိုင္ရင္ အျပင္ကိုသြားခ်င္ပါတယ္။ဒီေနရာကိုထားခဲ့ခ်င္ၿပီးအေမနဲ႔အျပင္မွာအတူတူေနခ်င္ပါတယ္။ဒါေပမဲ့ သူမ မပါပဲေတာ့ ဒီေနရာကေန ဘယ္မွထြက္မွာမဟုတ္ဘူးလို႔ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Cantwait2say

# Unicode Version ဖြင့်ဖတ်ရန် #
အာဖဂန်နစ္စတန်ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားသူ ကွင်းဆက်လူသတ်သမားတစ်ယောက်ရဲ့ သမီးဖြစ်သူဟာ အမေဖြစ်သူ ထောင်ကျနေတဲ့အခန်းအတွင်းမှာပဲ သူမရဲ့ဘဝတစ်ခုလုံးကို ကုန်ဆုံးနေရတယ်လို့ သိရပါတယ်။ နယူးယော့ခ်တိုင်းစ်ရဲ့ သတင်းထောက်တစ်ယောက်ဖြစ်တဲ့ Rod Nordland က မကြာသေးခင်က ထိုအသက် ၁၁နှစ်အရွယ် မိန်းကလေး Meena နဲ့ သူမရဲ့ အမေ ကွင်းဆက်လူသတ်သမားဖြစ်သူ အမျိုးသမီးကို ထောင်ထဲမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

Meena ကို ၂၀၀၆ခုနှစ်တုန်းက Nangarhar ပြည်နယ်ထောင်တစ်ခုမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာ ဘာပြစ်မှုမှမကျူးလွန်ထားပေမဲ့ အာဖဂန်ရဲ့ထောင်တွင်းစည်းမျဉ်းအရ အမေဖြစ်သူက သားသမီးတွေကိုထောင်ထဲမှာသူတိုနဲ့အတူ အသက် ၁၈နှစ်ပြည့်ချိန်ထိခေါ်ထားလို့ရတယ်လို့သိရပါတယ်။Meena အမေဟာတော့ တခြားအမျိုးသမီးတွေထက်ပိုပြီးရှည်ကြာတဲ့ထောင်ဒဏ်ကျခံထားရသူဖြစ်ပါတယ်။Meena ရဲ့အမေShirin Gul ဟာ ၂၀၀၁ခုနှစ်ကနေ ၂၀၀၄ခုနှစ်ထိ အာဖဂန်အမျိုးသား ၂၇ယောက်ကိုသတ်ပစ်ခဲ့တာဖြစ်ပါတယ်။သူမရယ်၊သူမရဲ့ချစ်သူရယ်၊မိသားစုဝင်အချို့ဟာ ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပြီး Meena ရဲ့အမေကတော့ ထိုအမျိုးသားတွေအိမ်လာဖို့ဆွဲဆောင်ခေါ်ခဲ့ကာ တန်ဖိုးရှိလက်ဝတ်ရတနာတွေခိုးယူပြီးသတ်ပစ်ခဲ့တာပါ။အခြားလူတွေကို ၂၀၀၅ ခုနှစ်ကသေဒဏ်ပေးခဲ့ပေမဲ့Shirin Gul ဟာတော့ ကိုယ်ဝန်ရှိခဲ့တဲ့အတွက် သေဒဏ်ချမခံရပဲထောင်ထဲမှာရှည်ကြာစွာနေဖို့ပြစ်ဒဏ်ကျခံခဲ့ရတာဖြစ်ပါတယ်။

သတင်းထောက်ဖြစ်တဲ့ Norland ဟာ ၂၀၁၇၊နိုဝင်ဘာလောက်က ထောင်ထဲကိုသွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီးကလေးမလေး Meena ဟာ တခြားရွယ်တူကလေးတွေလိုပဲ အရုပ်တွေကိုနှစ်သက်တဲ့ကလေးတစ်ယောက်ဖြစ်တာကိုသိခဲ့ရပါတယ်။သူမဟာ ချည်ထည်အနည်းငယ်နဲ့လုပ်ထားတဲ့အရုပ်တွေအကြောင်းကိုပြောပြိး သူမရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူအသက် ၁၀နှစ်အရွယ် Salma ရဲ့အကြောင်းကိုလည်းပျော်ရွှင်စွာပြောပြခဲ့ပါတယ်။ဒါ့အပြင် သူမရဲ့အဖေကလည်း လူသတ်မှုထဲမှာကြံရာပါတစ်ယောက်ဖြစ်ခဲ့ပေမဲ့သူမရဲ့အဖေ၊သူမအမေရဲ့ချစ်သူ ပုံကိုလည်း Nordland ကို ဂုဏ်ယူစွာပြခဲ့တယ်လို့သိရပါတယ်။

အာဖဂန်နစ္စတန်ရဲ့ထောင်ထဲမှာ ကလေးတွေဘယ်လောက်ရှိနေလဲဆိုတာသိဖို့ခက်ခဲပါတယ်။ဒါပေမဲ့ ရာချီရှိလိမ့်မယ်လို့တော့ခန့်မှန်းရပါတယ်။တကယ်တော့ အာဖဂန်ဥပဒေက ကလေးအမေတွေက သူတို့ရဲ့ကလေးတွေအသက် ၇နှစ်ရောက်တဲ့အထိသာအတူတူနေခွင့်ပြုထားတာဖြစ်ပါတယ်။ဒါပေမဲ့ ကလေးတွေကိုစောင့်ရှောက်ဖို့မိသားစုမရှိတဲ့အခါ၊အမေတွေက ကလေးတွေနဲ့ခွဲခွာဖို့ငြင်းဆန်တဲ့အခါ ထောင်ထဲမှာ ၇နှစ်ကျော်တဲ့ကလေးတွေကျန်နေခဲ့ပါတယ်။ထောင်ထဲမှာဘဝကိုကုန်ဆုံးတာကကြောက်လန့်စရာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ အမေတွေက အပြင်မှာရှိတဲ့ကလေးတွေလို သူတို့ရဲ့ကလေးတွေကိုစွန့်စားခိုင်းဖို့တွေဝေတွန့်ဆုတ်ကြပါတယ်။Shaperai ဆိုတဲ့အမျိုးသမီးက သူမဟာ သမီးကိုအပြင်မှာကျန်ရှိတဲ့ဦးလေးနဲ့အတူနေခွင့်ပြုလိုက်ရင်ဦးလေးကသူမရဲ့သမီးကိုတခြားတစ်ယောက်ကိုရောင်းစားလိမ့်မယ်လို့ပြောခဲ့ပါတယ်။Shaperai ဟာသူမရဲ့ခင်ပွန်းကိုသတ်ခဲ့လို့ထောင်ကျနေသူတစ်ယောက်ပါ။အဲ့ဒါကြောင့်သူမရဲ့သမီးကိုအပြင်ပို့လိုက်ပြီးရောင်းစားခွင့်မပေးနိုင်ဘူးလို့ပြောခဲ့ပါတယ်။

သတင်းထောက် Nordland ဟာ Meena ရဲ့အမေကိုမေးတဲ့အခါမှာလည်း သူမမှာရန်သူတွေအများကြီးရှိပါတယ်။Meena ကိုအပြင်မှာထားဖို့ဘယ်သူ့ကိုမှမယုံကြည်ဘူးလို့ပြောခဲ့ကြောင်းသိရပါတယ်။မင်းဟာ ပြစ်မှုမကျူးလွန်ထားဘူးဆိုရင် အဲ့ဒီအတွက်ပြစ်ဒဏ်မကျခံသင့်ပါဘူး။ကလေးတွေက ဘာပြစ်မှုမှကျူးလွန်ထားတာမရှိပါဘူး၊ဒါပေမဲ့လည်း တခြားရွေးချယ်စရာလည်းမရှိဘူးလို့ ကလေးငယ်ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်းရဲ့ဒါရိုက်တာဖြစ်သူ Bashir Ahmad Basharat ကနယူးယော့ခ်တိုင်းစ်သတင်းစာတိုက်ကိုပြောခဲ့ပါတယ်။ထောင်ထဲက အသက် ၇နှစ်အရွယ် Malina ဆိုတဲ့ကလေးမလေးကိုမေးမြန်းတဲ့အခါမှာတေ့ာ သူမက “တကယ်လု့ိသူမအပြင်ရောက်သွားရင် အမဖြစ်သူကိုလည်းကူညီချက်ပြုတ်ပေးနိုင်တယ်၊အဝတ်အစားတွေလျှော်ဖွပ်ပေးနိုင်တယ်။စာလေ့လာနိုင်ပြီးဘုရားကျောင်းလည်းသွားနိုင်မယ်၊ကျမ်းစာအုပ်လည်းလေ့လာနိုင်မယ်”လို့ပြောခဲ့ပါတယ်။
READ  အာဖဂန်နစ္စတန်မှာ အသေခံကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခုကြောင့် ၂၄ ဦးထက်မနည်း သေဆုံး

Meena ကတော့ ထောင်ထဲကနေထွက်ချင်သလို သူမရဲ့အမေကိုလည်းမထားခဲ့ချင်ပါဘူးတဲ့။သူမရဲ့ဘဝတစ်ခုလုံးဒီထောင်ထဲမှာဖြတ်သန်းရမှာပါလို့ပြောခဲ့ပါတယ်။ဒါ့အပြင် ဖြစ်နိုင်ရင် အပြင်ကိုသွားချင်ပါတယ်။ဒီနေရာကိုထားခဲ့ချင်ပြီးအမေနဲ့အပြင်မှာအတူတူနေချင်ပါတယ်။ဒါပေမဲ့ သူမ မပါပဲတော့ ဒီနေရာကနေ ဘယ်မှထွက်မှာမဟုတ်ဘူးလို့ပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top