ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဝိတ္ေတာ့ခ်ခ်င္ပါရဲ႕၊ ကိုယ္ႀကိဳက္တဲ့ အစားအေသာက္ေတြကိုေတာ့ မေရွာင္ခ်င္ဘူး ဆိုတဲ့သူေတြ အ တြက္ နည္းလမ္းေကာင္းေလး လာပါၿပီေနာ္။ ဝိတ္ခ်ေတာ့မယ္ဆိုရင္ ေလ့က်င့္ခန္းေတြလည္း ျပဳလုပ္ရသလို၊ အစားအေသာက္ေလ်ာ့စားရတာနဲ႔၊ diet လုပ္ရတာနဲ႔ပဲ စိတ္ဓာတ္ေတြက်ၿပီး မလုပ္ခ်င္ေတာ့ျပန္ပါဘူး။ ဒါ့ေၾကာင့္ အစားအေသာက္ ေရွာင္ေနစရာမလိုဘဲ ကိုယ္အေလး ခ်ိန္ေလ်ာ့ခ်ႏုိင္မယ့္ နည္းလမ္းကို ရွာေဖြၿပီး ေဖာ္ျပေပးလိုက္ပါတယ္။

(၁) စိတ္ဖိစီးမႈ ေလ်ာ့ခ်ပါ

စိတ္ဖိစီးတာနဲ႔ ကိုယ္အေလးခ်ိန္တိုးတာက ဆက္စပ္မႈ ရွိေနပါတယ္။ စိတ္ဖိစီးမႈ မ်ားလာတဲ့အခါ ခႏၶာကိုယ္က ပင္ပန္းႏြမ္းနယ္လာၿပီး သၾကားဓာတ္၊ အဆီဓာတ္ေတြကို ေတာင့္တလာပါတယ္။ အစားအေသာက္ကိုလည္း ထိန္းခ်ဳပ္မႈမရွိဘဲ စားေသာက္မိလာပါတယ္။ ဒီလိုျဖစ္လာရျခင္းရဲ႕ အက်ိဳးဆက္ကေတာ့ တေျဖးေျဖးနဲ႔ ကိုယ္အေလးခ်ိန္ တိုးလာပါေတာ့တယ္။ ဒါ့အျပင္ စိတ္ဖိစီး မႈမ်ားၿပီး စိတ္ဓာတ္က်ေနတဲ့အခ်ိန္ေတြဆိုရင္ ခႏၶာကိုယ္တြင္းက လုပ္ေဆာင္ခ်က္ ေတြကလည္း ပံုမွန္မျဖစ္ေတာ့ပါဘူး။ ဒီလိုနဲ႔ပဲ အဆီေလာင္ကၽြမ္းမႈေတြ မရွိေတာ့ဘဲ ကိုယ္အေလးခ်ိန္ ပိုတိုး လာရျခင္းပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ဖိစီးမႈ ေလ်ာ့ခ်ဖို႔ လိုပါတယ္။

(၂) ေရမ်ားမ်ားေသာက္ပါ

ေရဓာတ္က ခႏၶာကိုယ္တြင္း အဆီပိုေတြကို အလိုအေလ်ာက္ေလာင္ကၽြမ္းဖို႔အတြက္ မ်ားစြာ အေထာက္အကူ ျပဳပါတယ္။ တခါတရံမွာ ဗိုက္မဆာဘဲ အထိန္းအကြပ္မဲ့ စားသံုးေနမိတာက ေရဓာတ္ခမ္းေျခာက္ေနတဲ့ အတြက္ေၾကာင့္ပါ။ ေရဆာေနတာလား၊ ဗိုက္ဆာေနတာလား ဆိုတာကို မသဲကြဲေတာ့ဘဲ စားသံုးေနမိၾကတာပါ။ ဒါ့ေၾကာင့္ ေရဓာတ္ခမ္းေျခာက္မႈ မရွိေစဖို႔ ေရမ်ားမ်ားေသာက္ သံုးဖို႔အႀကံျပဳပါရေစ။ ဒါ့အျပင္ အစာမစားခင္ ေရတစ္ခြက္ေသာက္သံုးေပး မယ္ဆိုရင္ အလြန္အကၽြံစား သံုးမိျခင္းကို ထိန္းခ်ဳပ္ေပးႏုိင္ပါတယ္။

(၃) ပရိုတင္းဓာတ္ၾကြယ္ဝမႈရွိေနပါေစ

ဝိတ္ေလ်ာ့ေနတဲ့သူေတြ အေနနဲ႔ ပရုိတင္းဓာတ္ၾကြယ္ဝမႈ ရွိေနဖုိ႔ကလည္း အေရးႀကီးပါတယ္။ ဒါမွ မၾကာခဏ ဗိုက္ဆာတတ္တဲ့ အမူအက်င့္ကို ထိန္းခ်ဳပ္ႏိုင္မွာပါ။ ပရိုတင္းဓာတ္(အသားဓာတ္)က တစ္ေန႔တာ ခြန္အားျပည့္ဝေစပါတယ္။ ပရိုတင္းဓာတ္ၾကြယ္ဝစြာ ပါဝင္ၿပီး အဆီဓာတ္နည္းတဲ့ အသား၊ ငါးမ်ားကို ေရြးခ်ယ္စားသံုးေပးပါ။ ပဲအမ်ိဳးမ်ိဳး၊ တုိဖူး၊ ၾကက္ဥ စတာေတြကိုလည္း အာဟာရမွ်တစြာ စားသံုးသင့္ပါတယ္။ အထူးသျဖင့္ သင့္ရဲ႕မနက္စာတုိင္းမွာ ပရိုတင္းဓာတ္ျပည့္ဝမႈ ရွိေနပါေစ။

(၄) ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ပါ

အစားအေသာက္ ေရွာင္စရာမလိုဘူး ဆိုေတာ့ ေလ့က်င့္ခန္းကိုေတာ့ ပံုမွန္ေလးျပဳလုပ္ေပးဖို႔ လိုပါမယ္ေနာ္။ ေန႔စဥ္စားေသာက္လိုက္တဲ့ အစားအေသာက္ေတြထဲက အဆီဓာတ္ေတြ၊ ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစဖို႔အတြက္ ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္ဖို႔ မေမ့ပါနဲ႔။ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်တဲ့ နည္းလမ္းမ်ားစြာထဲမွာ ေလ့က်င့္ခန္းျပဳလုပ္တာက အေကာင္းဆံုးနည္းလမ္းတစ္ရပ္ ျဖစ္တယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ ေလ့က်င့္ခန္းေန႔စဥ္ ျပဳလုပ္တာက ခႏၶာကိုယ္တြင္းက အဆီပိုမ်ားကိုလည္း ေလာင္ကၽြမ္းေစႏုိင္သလို၊ က်န္းမာႀကံ႕ခုိင္တဲ့ ဘဝကိုလည္း ပိုင္ဆိုင္ရရွိႏိုင္ပါတယ္။

(၅) ပန္းကန္အေသးနဲ႔စားပါ

စားေသာက္တဲ့အခါမွာ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ အစားအစာကို ပန္းကန္အေသးေလးထဲ ထည့္ၿပီးပဲ စားသံုးဖို႔ အႀကံျပဳပါရေစ။ ၿပီးေတာ့ စားတဲ့အခါမွာလည္း Limit ေလးနဲ႔ စားသံုးဖို႔ လိုပါတယ္။ စိတ္အလိုမလိုက္သင့္ပါဘူး။ ပန္းကန္အေသး ဒါမွမဟုတ္ ခရမ္းေရာင္၊ လိေမၼာ္ေရာင္ စတဲ့ ပန္းကန္ေတြနဲ႔ စားေသာက္တာက အစာစားခ်င္စိတ္ကို ထိန္းခ်ဳပ္ေပးႏုိင္တယ္လို႔ ေလ့လာဆန္းစစ္ ခ်က္ေတြအရ သိရပါတယ္။ ဒါ့ေၾကာင့္ ဒီနည္းလမ္းက ဘာမွအပန္းမႀကီးတဲ့အတြက္ လိုက္နာဖို႔ေတာ့ လိုပါမယ္ေနာ္။

(၆) အိပ္ေရးဝဝအိပ္ပါ

အိပ္ေရးမဝတာကလည္း ကိုယ္အေလးခ်ိန္ တိုးလာျခင္းနဲ႔ တုိက္ရိုက္ဆက္စပ္မႈ ရွိေနပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ အိပ္ေရးမဝတဲ့အခါ ခႏၶာကိုယ္က လိုအပ္တဲ့ အားအင္က မျပည့္ဝေတာ့ တာ ေၾကာင့္ ပင္ပန္းႏြမ္းနယ္ လာပါမယ္။ ပင္ပန္းႏြမ္းနယ္လာတဲ့ အတြက္ အစား အေသာက္ကို ပိုျပီး စားသံုးမိၾကျပန္ပါတယ္။ ဒီလိုနဲ႔ပဲ အထိန္းအကြပ္မဲ့စားသံုးမိၿပီး ကိုယ္အေလးခ်ိန္ တိုးလာ ရတာပါ။ ဒါ့ေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈမရွိရေလေအာင္ အိပ္ေရးဝဝအိပ္ဖုိ႔ကလည္း အေရးႀကီးပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
ဝိတ်တော့ချချင်ပါရဲ့၊ ကိုယ်ကြိုက်တဲ့ အစားအသောက်တွေကိုတော့ မရှောင်ချင်ဘူး ဆိုတဲ့သူတွေ အ တွက် နည်းလမ်းကောင်းလေး လာပါပြီနော်။ ဝိတ်ချတော့မယ်ဆိုရင် လေ့ကျင့်ခန်းတွေလည်း ပြုလုပ်ရသလို၊ အစားအသောက်လျော့စားရတာနဲ့၊ diet လုပ်ရတာနဲ့ပဲ စိတ်ဓာတ်တွေကျပြီး မလုပ်ချင်တော့ပြန်ပါဘူး။ ဒါ့ကြောင့် အစားအသောက် ရှောင်နေစရာမလိုဘဲ ကိုယ်အလေး ချိန်လျော့ချနိုင်မယ့် နည်းလမ်းကို ရှာဖွေပြီး ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ဖိစီးမှု လျော့ချပါ

စိတ်ဖိစီးတာနဲ့ ကိုယ်အလေးချိန်တိုးတာက ဆက်စပ်မှု ရှိနေပါတယ်။ စိတ်ဖိစီးမှု များလာတဲ့အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာပြီး သကြားဓာတ်၊ အဆီဓာတ်တွေကို တောင့်တလာပါတယ်။ အစားအသောက်ကိုလည်း ထိန်းချုပ်မှုမရှိဘဲ စားသောက်မိလာပါတယ်။ ဒီလိုဖြစ်လာရခြင်းရဲ့ အကျိုးဆက်ကတော့ တဖြေးဖြေးနဲ့ ကိုယ်အလေးချိန် တိုးလာပါတော့တယ်။ ဒါ့အပြင် စိတ်ဖိစီး မှုများပြီး စိတ်ဓာတ်ကျနေတဲ့အချိန်တွေဆိုရင် ခန္ဓာကိုယ်တွင်းက လုပ်ဆောင်ချက် တွေကလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ဒီလိုနဲ့ပဲ အဆီလောင်ကျွမ်းမှုတွေ မရှိတော့ဘဲ ကိုယ်အလေးချိန် ပိုတိုး လာရခြင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှု လျော့ချဖို့ လိုပါတယ်။

(၂) ရေများများသောက်ပါ

ရေဓာတ်က ခန္ဓာကိုယ်တွင်း အဆီပိုတွေကို အလိုအလျောက်လောင်ကျွမ်းဖို့အတွက် များစွာ အထောက်အကူ ပြုပါတယ်။ တခါတရံမှာ ဗိုက်မဆာဘဲ အထိန်းအကွပ်မဲ့ စားသုံးနေမိတာက ရေဓာတ်ခမ်းခြောက်နေတဲ့ အတွက်ကြောင့်ပါ။ ရေဆာနေတာလား၊ ဗိုက်ဆာနေတာလား ဆိုတာကို မသဲကွဲတော့ဘဲ စားသုံးနေမိကြတာပါ။ ဒါ့ကြောင့် ရေဓာတ်ခမ်းခြောက်မှု မရှိစေဖို့ ရေများများသောက် သုံးဖို့အကြံပြုပါရစေ။ ဒါ့အပြင် အစာမစားခင် ရေတစ်ခွက်သောက်သုံးပေး မယ်ဆိုရင် အလွန်အကျွံစား သုံးမိခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၃) ပရိုတင်းဓာတ်ကြွယ်ဝမှုရှိနေပါစေ

ဝိတ်လျော့နေတဲ့သူတွေ အနေနဲ့ ပရိုတင်းဓာတ်ကြွယ်ဝမှု ရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှ မကြာခဏ ဗိုက်ဆာတတ်တဲ့ အမူအကျင့်ကို ထိန်းချုပ်နိုင်မှာပါ။ ပရိုတင်းဓာတ်(အသားဓာတ်)က တစ်နေ့တာ ခွန်အားပြည့်ဝစေပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်ပြီး အဆီဓာတ်နည်းတဲ့ အသား၊ ငါးများကို ရွေးချယ်စားသုံးပေးပါ။ ပဲအမျိုးမျိုး၊ တိုဖူး၊ ကြက်ဥ စတာတွေကိုလည်း အာဟာရမျှတစွာ စားသုံးသင့်ပါတယ်။ အထူးသဖြင့် သင့်ရဲ့မနက်စာတိုင်းမှာ ပရိုတင်းဓာတ်ပြည့်ဝမှု ရှိနေပါစေ။

(၄) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ

အစားအသောက် ရှောင်စရာမလိုဘူး ဆိုတော့ လေ့ကျင့်ခန်းကိုတော့ ပုံမှန်လေးပြုလုပ်ပေးဖို့ လိုပါမယ်နော်။ နေ့စဉ်စားသောက်လိုက်တဲ့ အစားအသောက်တွေထဲက အဆီဓာတ်တွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့အတွက် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ဖို့ မမေ့ပါနဲ့။ ကိုယ်အလေးချိန် လျော့ချတဲ့ နည်းလမ်းများစွာထဲမှာ လေ့ကျင့်ခန်းပြုလုပ်တာက အကောင်းဆုံးနည်းလမ်းတစ်ရပ် ဖြစ်တယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ လေ့ကျင့်ခန်းနေ့စဉ် ပြုလုပ်တာက ခန္ဓာကိုယ်တွင်းက အဆီပိုများကိုလည်း လောင်ကျွမ်းစေနိုင်သလို၊ ကျန်းမာကြံ့ခိုင်တဲ့ ဘဝကိုလည်း ပိုင်ဆိုင်ရရှိနိုင်ပါတယ်။

(၅) ပန်းကန်အသေးနဲ့စားပါ

စားသောက်တဲ့အခါမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာကို ပန်းကန်အသေးလေးထဲ ထည့်ပြီးပဲ စားသုံးဖို့ အကြံပြုပါရစေ။ ပြီးတော့ စားတဲ့အခါမှာလည်း Limit လေးနဲ့ စားသုံးဖို့ လိုပါတယ်။ စိတ်အလိုမလိုက်သင့်ပါဘူး။ ပန်းကန်အသေး ဒါမှမဟုတ် ခရမ်းရောင်၊ လိမ္မော်ရောင် စတဲ့ ပန်းကန်တွေနဲ့ စားသောက်တာက အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာဆန်းစစ် ချက်တွေအရ သိရပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းက ဘာမှအပန်းမကြီးတဲ့အတွက် လိုက်နာဖို့တော့ လိုပါမယ်နော်။

(၆) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးမဝတာကလည်း ကိုယ်အလေးချိန် တိုးလာခြင်းနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က လိုအပ်တဲ့ အားအင်က မပြည့်ဝတော့ တာ ကြောင့် ပင်ပန်းနွမ်းနယ် လာပါမယ်။ ပင်ပန်းနွမ်းနယ်လာတဲ့ အတွက် အစား အသောက်ကို ပိုပြီး စားသုံးမိကြပြန်ပါတယ်။ ဒီလိုနဲ့ပဲ အထိန်းအကွပ်မဲ့စားသုံးမိပြီး ကိုယ်အလေးချိန် တိုးလာ ရတာပါ။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်မှုမရှိရလေအောင် အိပ်ရေးဝဝအိပ်ဖို့ကလည်း အရေးကြီးပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top