၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

ကိုရီးယားစာ ႀကိဳက္ႏွစ္သက္သူေတြအတြက္ေတာ့ ကင္မ္ခ်ီက အသည္းစြဲေပါ့။

ကင္မ္ခ်ီက အားလံုးသိၿပီးသားအတိုင္းပါဘဲ ကိုးရီးယားအစားအစာရဲ႕ အမွတ္တံဆိပ္လို႔ေတာင္ ေျပာရမလိုပါဘဲ။ ကင္မ္ခ်ီလုပ္တဲ့ နည္းလမ္းေပါင္း ၂၀၀ ေက်ာ္ရွိၿပီး လုပ္နည္းအေပၚမူတည္ၿပီး အရသာေတြေျပာင္းလဲသြားပါတယ္။

ကင္မ္ခ်ီတစ္ခြက္မွာ ကယ္လိုရီ၊ ပရိုတင္း၊ အဆီဓာတ္၊ ကာဗြန္ဟိုဒရိတ္၊ အမွ်င္ဓာတ္နဲ႔ သၾကားဓာတ္စသျဖင့္ ပါ၀င္ေနပါတယ္။

ကင္မ္ခ်ီရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူး

အစာေျခစနစ္ကို ေထာက္ပံ့ေပး

ကင္မ္ခ်ီမွာ အစာေျခစနစ္ကို အားေကာင္းေစတဲ့ Probiotics ေတြပါ၀င္ၿပီး အထူးသျဖင့္ အခ်ဥ္ေဖာက္တဲ့ နည္းလမ္းကေန ရရွိလာတာျဖစ္ပါတယ္။ Lactobacillus ဆိုတဲ့ ဘက္တီးရီးယားေတြက ကင္မ္ခ်ီ အခ်ဥ္ေဖာက္တဲ့နည္းလမ္းေၾကာင့္ ေပါက္ပြားလာၿပီး အူလမ္းေၾကာင္းနဲ႔ အစာေျခစနစ္ကို ေထာက္ပံ့ေပးပါတယ္။

ကိုလက္စထေရာဓာတ္ကို ေလ်ာ့ခ်ေပး

ကင္မ္ခ်ီကို စားသံုးရင္ ေသြးအတြင္း မေကာင္းတဲ့ ကိုလက္စထေရာဓာတ္ေတြေလ်ာ့ခ်ေပးပါတယ္။ ကင္မ္ခ်ီမွာပါ၀င္တဲ့ ၾကက္သြန္ျဖဴမွာ Allicin ဓာတ္နဲ႔ Selenium ဓာတ္ပါ၀င္ၿပီး ဒီဓာတ္ေတြက ေသြးအတြင္းမေကာင္းတဲ့ ကိုလက္စထေရာဓာတ္ကို ေလ်ာ့ခ်ေပးပါတယ္။

အဲ့ဒီအျပင္ ႏွလံုးရုတ္ရပ္ရပ္တန္႔တာနဲ႔ ေလျဖတ္တာကို ကာကြယ္ေပးပါတယ္။ Selenium ဓာတ္က ေသြးေၾကာထဲမွာ အနယ္ထိုင္တာကို ေလ်ာ့ခ်ဖယ္ရွားေပးတာေၾကာင့္ ေသြးေၾကာပိတ္တာကိုလည္း ကာကြယ္ေပးပါတယ္။

Antioxidants ဓာတ္ၾကြယ္၀

ကင္မ္ခ်ီမွာ Antioxidants ဓာတ္ေတြ ၾကြယ္၀စြာပါ၀င္ၿပီး ကင္ဆာျဖစ္ေစႏိုင္တဲ့ Free Radicals ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။

အသားအေရ လွပ

ကင္မ္ခ်ီမွာ Lactobacillus ဘက္တီးရီးယားပါ၀င္တာေၾကာင့္ အသားအေရမွာ အလက္ဂ်စ္ျဖစ္တာ၊ အနီစက္ေတြြထြက္တာတို႔ကို ကာကြယ္ေပးပါတယ္။ ေရာင္ရမ္းတာေတြကိုလည္း ေလ်ာ့ပါးေစပါတယ္။

ကင္မ္ခ်ီရဲ႕ ဆိုးက်ိဳး

ေသြးတိုးနဲ႔ ႏွလံုးေရာဂါရွိသူမ်ား

သဘာ၀ နည္းလမ္းျဖင့္ ေသြးတိုးက်ေစဖို႔

ေသြးတိုးရွိသူေတြကေတာ့ ကင္မ္ခ်ီကို စားတဲ့ေနရာမွာ သတိထားသင့္ပါတယ္။ ကင္မ္ခ်ီမွာ ဆားပါ၀င္မႈမ်ားတာေၾကာင့္ ျဖစ္ပါတယ္။ ကင္မ္ခ်ီစားတာမ်ားရင္ ေသြးတိုးေစႏိုင္ၿပီး ႏွလံုးကိုလည္း ဆိုးက်ဳိးေတြသက္ေရာက္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: My Food

#Unicode Version#
ကိုရီးယားစာ ကြိုက်နှစ်သက်သူတွေအတွက်တော့ ကင်မ်ချီက အသည်းစွဲပေါ့။

ကင်မ်ချီက အားလုံးသိပြီးသားအတိုင်းပါဘဲ ကိုးရီးယားအစားအစာရဲ့ အမှတ်တံဆိပ်လို့တောင် ပြောရမလိုပါဘဲ။ ကင်မ်ချီလုပ်တဲ့ နည်းလမ်းပေါင်း ၂၀၀ ကျော်ရှိပြီး လုပ်နည်းအပေါ်မူတည်ပြီး အရသာတွေပြောင်းလဲသွားပါတယ်။

ကင်မ်ချီတစ်ခွက်မှာ ကယ်လိုရီ၊ ပရိုတင်း၊ အဆီဓာတ်၊ ကာဗွန်ဟိုဒရိတ်၊ အမျှင်ဓာတ်နဲ့ သကြားဓာတ်စသဖြင့် ပါဝင်နေပါတယ်။

ကင်မ်ချီရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

အစာခြေစနစ်ကို ထောက်ပံ့ပေး

ကင်မ်ချီမှာ အစာခြေစနစ်ကို အားကောင်းစေတဲ့ Probiotics တွေပါဝင်ပြီး အထူးသဖြင့် အချဉ်ဖောက်တဲ့ နည်းလမ်းကနေ ရရှိလာတာဖြစ်ပါတယ်။ Lactobacillus ဆိုတဲ့ ဘက်တီးရီးယားတွေက ကင်မ်ချီ အချဉ်ဖောက်တဲ့နည်းလမ်းကြောင့် ပေါက်ပွားလာပြီး အူလမ်းကြောင်းနဲ့ အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။

ကိုလက်စထရောဓာတ်ကို လျော့ချပေး

ကင်မ်ချီကို စားသုံးရင် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေလျော့ချပေးပါတယ်။ ကင်မ်ချီမှာပါဝင်တဲ့ ကြက်သွန်ဖြူမှာ Allicin ဓာတ်နဲ့ Selenium ဓာတ်ပါဝင်ပြီး ဒီဓာတ်တွေက သွေးအတွင်းမကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျော့ချပေးပါတယ်။

အဲ့ဒီအပြင် နှလုံးရုတ်ရပ်ရပ်တန့်တာနဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်။ Selenium ဓာတ်က သွေးကြောထဲမှာ အနယ်ထိုင်တာကို လျော့ချဖယ်ရှားပေးတာကြောင့် သွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်။

Antioxidants ဓာတ်ကြွယ်ဝ

ကင်မ်ချီမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အသားအရေ လှပ

ကင်မ်ချီမှာ Lactobacillus ဘက်တီးရီးယားပါဝင်တာကြောင့် အသားအရေမှာ အလက်ဂျစ်ဖြစ်တာ၊ အနီစက်တွေထွက်တာတို့ကို ကာကွယ်ပေးပါတယ်။ ရောင်ရမ်းတာတွေကိုလည်း လျော့ပါးစေပါတယ်။

ကင်မ်ချီရဲ့ ဆိုးကျိုး

သွေးတိုးနဲ့ နှလုံးရောဂါရှိသူများ

သဘာ၀ နည်းလမ်းဖြင့် သွေးတိုးကျစေဖို့

သွေးတိုးရှိသူတွေကတော့ ကင်မ်ချီကို စားတဲ့နေရာမှာ သတိထားသင့်ပါတယ်။ ကင်မ်ချီမှာ ဆားပါဝင်မှုများတာကြောင့် ဖြစ်ပါတယ်။ ကင်မ်ချီစားတာများရင် သွေးတိုးစေနိုင်ပြီး နှလုံးကိုလည်း ဆိုးကျိုးတွေသက်ရောက်နိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: My Food
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top