AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ထပ္ဆင့္ အကယ္ဒမီ သ႐ုပ္ေဆာင္ ေဖြးေဖြးက လြန္ခဲ့တဲ့ မိနစ္ပိုင္းအတြင္းက သူ႔ရဲ႕ Facebook Page ကေန “ဟာသကားတိုင္းကို ေပါကားလို႔ မ်က္စိမွိတ္၊ နားပိတ္ ေအာ္ေနရင္ ေမာင္မင္း မွားသြား လိမ့္မယ္ကြယ္” ဆိုၿပီး ပို႔စ္တခု ေရးသားထားပါတယ္။

အဲဒီပို႔စ္မွာ “ဟာသကားတိုင္း ကို ေပါကား လို႔ မ်က္စိမွိတ္ နားပိတ္ ေအာ္ေနရင္ေတာ့ ေမာင္မင္းမွားလိမ့္မယ္ ကြယ္…Very Good Real Comedy ေတြ ဆို အိုင္လဲ သိပ္ႀကိဳက္တာပဲေလ”လို႔ ေရးထားပါတယ္။

“ဟာသကားျဖစ္ၿပီး တကယ္ မရယ္ရမွ၊ Romance ကားျဖစ္ၿပီး ရင္ခုန္မွင္သက္စရာ မေကာင္းမွ၊ သရဲကားျဖစ္ၿပီး ေၾကာက္စရာ မေကာင္းမွ၊ သည္းထိပ္ရင္ဖိုကား ျဖစ္ၿပီး ပ်င္းစရာေကာင္းေနမွ တန္ဖိုးမရွိတဲ့ ေပါကား” လို႔လည္း ေရးထားပါတယ္။

၀၁၇ ခုႏွစ္ ျမန္မာ့ ႐ုပ္ရွင္အကယ္ဒမီ ထူးခြၽန္ဆုေပးပြဲမွာ ေတြ႕ရတဲ့ ေဖြးေဖြး / ယုျဖဴဟန္/ ဧရာဝတီ
“တကယ္ ဟာသေျမာက္တဲ့ ဟာသကား ဆိုရင္ေတာ့ ဒါ အႏုပညာထဲက အႏုပညာအမ်ိဳးအစားတခုပဲေလ.. တေယာက္နဲ႔ တေယာက္လည္း အႀကိဳက္ မတူႏိုင္သလို မတူတာကိုလဲ လူအခ်င္းခ်င္း အျပစ္လိုက္ဖို႔ ကိုယ့္ႏွလုံးသားနဲ႔ ကိုယ္လြတ္လပ္စြာ ကြဲလြဲမႈအေပၚ စိတ္အေႏွာက္အယွက္ ျပစ္မႈအႀကီးႀကီး တခုလို လိုက္လိုက္ ေျပာေနရတာ ေမာ မစိုးလို႔ ၾကည့္ေပ့ေစေပါ့။ ကိုယ့္မ်က္စိနဲ႔ကိုယ္ သူ႔မ်က္စိနဲ႔သူ ဒါပဲ” ဆိုၿပီး ေဖြးေဖြးက ဟာသကားမ်ားအေပၚ ေဝဖန္ေနတာနဲ႔ ပတ္သက္ၿပီး ေျပာထားပါတယ္။

ျမန္မာဇာတ္ကားမ်ားနဲ႔ ပတ္သက္ၿပီး လတ္တေလာ လူမႈကြန္ရက္ စာမ်က္ႏွာမ်ားေပၚမွာ ပရိသတ္မ်ားရဲ႕ ေဝဖန္မႈမ်ား မ်ားျပားလာတဲ့ ေနာက္ပိုင္းမွာ အႏုပညာရွင္မ်ားအေနနဲ႔လည္း အဆိုပါ ေဝဖန္မႈမ်ားကို သူတို႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာ မ်ားမွတဆင့္ ျပန္လည္ ေရးသားမႈမ်ား ရွိလာတာ ေတြ႕ရပါတယ္။

ထပ္ဆင့္အကယ္ဒမီ သ႐ုပ္ေဆာင္ ေဖြးေဖြးဟာ ျမန္မာ့႐ုပ္ရွင္ အကယ္ဒမီ ထူးခြၽန္ဆု ႏွစ္ဆု ရရွိထားၿပီး ၂၀၁၂ ခုႏွစ္မွာ “လက္ပံ” ႐ုပ္ရွင္ဇာတ္ကားနဲ႔ တႀကိမ္၊၂၀၁၅ ခုႏွစ္မွာ “ကြၽန္မက ႏွင္းဆီပါေမာင္”႐ုပ္ရွင္ဇာတ္ကားနဲ႔ တႀကိမ္၊ စုစုေပါင္း ႏွစ္ႀကိမ္ အေကာင္းဆုံး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုတို႔ကို ရရွိခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
ထပ်ဆင့် အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးက လွန်ခဲ့တဲ့ မိနစ်ပိုင်းအတွင်းက သူ့ရဲ့ Facebook Page ကနေ “ဟာသကားတိုင်းကို ပေါကားလို့ မျက်စိမှိတ်၊ နားပိတ် အော်နေရင် မောင်မင်း မှားသွား လိမ့်မယ်ကွယ်” ဆိုပြီး ပို့စ်တခု ရေးသားထားပါတယ်။

အဲဒီပို့စ်မှာ “ဟာသကားတိုင်း ကို ပေါကား လို့ မျက်စိမှိတ် နားပိတ် အော်နေရင်တော့ မောင်မင်းမှားလိမ့်မယ် ကွယ်…Very Good Real Comedy တွေ ဆို အိုင်လဲ သိပ်ကြိုက်တာပဲလေ”လို့ ရေးထားပါတယ်။

“ဟာသကားဖြစ်ပြီး တကယ် မရယ်ရမှ၊ Romance ကားဖြစ်ပြီး ရင်ခုန်မှင်သက်စရာ မကောင်းမှ၊ သရဲကားဖြစ်ပြီး ကြောက်စရာ မကောင်းမှ၊ သည်းထိပ်ရင်ဖိုကား ဖြစ်ပြီး ပျင်းစရာကောင်းနေမှ တန်ဖိုးမရှိတဲ့ ပေါကား” လို့လည်း ရေးထားပါတယ်။

၀၁၇ ခုနှစ် မြန်မာ့ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ တွေ့ရတဲ့ ဖွေးဖွေး / ယုဖြူဟန်/ ဧရာဝတီ
“တကယ် ဟာသမြောက်တဲ့ ဟာသကား ဆိုရင်တော့ ဒါ အနုပညာထဲက အနုပညာအမျိုးအစားတခုပဲလေ.. တယောက်နဲ့ တယောက်လည်း အကြိုက် မတူနိုင်သလို မတူတာကိုလဲ လူအချင်းချင်း အပြစ်လိုက်ဖို့ ကိုယ့်နှလုံးသားနဲ့ ကိုယ်လွတ်လပ်စွာ ကွဲလွဲမှုအပေါ် စိတ်အနှောက်အယှက် ပြစ်မှုအကြီးကြီး တခုလို လိုက်လိုက် ပြောနေရတာ မော မစိုးလို့ ကြည့်ပေ့စေပေါ့။ ကိုယ့်မျက်စိနဲ့ကိုယ် သူ့မျက်စိနဲ့သူ ဒါပဲ” ဆိုပြီး ဖွေးဖွေးက ဟာသကားများအပေါ် ဝေဖန်နေတာနဲ့ ပတ်သက်ပြီး ပြောထားပါတယ်။

မြန်မာဇာတ်ကားများနဲ့ ပတ်သက်ပြီး လတ်တလော လူမှုကွန်ရက် စာမျက်နှာများပေါ်မှာ ပရိသတ်များရဲ့ ဝေဖန်မှုများ များပြားလာတဲ့ နောက်ပိုင်းမှာ အနုပညာရှင်များအနေနဲ့လည်း အဆိုပါ ဝေဖန်မှုများကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာ များမှတဆင့် ပြန်လည် ရေးသားမှုများ ရှိလာတာ တွေ့ရပါတယ်။

ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးဟာ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု နှစ်ဆု ရရှိထားပြီး ၂၀၁၂ ခုနှစ်မှာ “လက်ပံ” ရုပ်ရှင်ဇာတ်ကားနဲ့ တကြိမ်၊၂၀၁၅ ခုနှစ်မှာ “ကျွန်မက နှင်းဆီပါမောင်”ရုပ်ရှင်ဇာတ်ကားနဲ့ တကြိမ်၊ စုစုပေါင်း နှစ်ကြိမ် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုတို့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top