န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

စာေရးဆရာမႀကီးၾကည္ေအးရဲ႕ မီဝတၳဳကို ရုပ္ရွင္ဇာတ္ကားအျဖစ္ပံုေဖာ္ဖန္တီးခဲ့တဲ့ ပိုင္ၿဖိဳးသုက မီရုပ္ရွင္ဇာတ္ကားႀကီးကို ပရိသတ္ေတြအေရွ႕အျမန္ဆံုးေရာက္ေအာင္ တင္ဆက္ေပးသြားဖို႔အစြမ္း ကုန္ႀကိဳးစားေန တယ္လို႔ဆိုပါတယ္။

“မီ ရုုပ္ရွင္ဇာတ္ကားႀကီးကိုုေတာ့ေအာင္ျမင္စြာရိုုက္ကူးၿပီးပါၿပီ။  မီရုုပ္ရွင္ဇာတ္ကားႀကီး ျဖစ္ေျမာက္ေရး အတြက္စိတ္အား လူအားျဖင့္ဝိုင္းဝန္ကူညီ လုပ္ကိုင္ေပးခဲ့ၾကတဲ့လုပ္ေဖာ္ကိုင္ဖက္၊ မိတ္ေဆြ၊ သူငယ္ခ်င္းမ်ား အားလံုုးကိုေက်းဇူး အထူးတင္တယ္။ Post Production လုပ္ငန္းစဥ္ေတြကိုႀကိဳးစား လုပ္ေဆာင္ၿပီး မီ ရုုပ္ရွင္ဇာတ္ကားႀကီးကိုပရိသတ္ေရွ႕ကုိအျမန္ဆံုုး တင္ဆက္ေပးသြားဖို႔သုသုတို႔ ႀကိဳးစားေနပါတယ္” လို႔ မီရုပ္ရွင္ဇာတ္ကားႀကီးရံုအျမန္တင္ႏိုင္ဖို႔အတြက္ကို ပိုင္ၿဖိဳးသုကေျပာပါတယ္။

မီဇာတ္ေကာင္ကိုအပီျပင္ဆံုးနဲ႔ အေကာင္းဆံုးျဖစ္ေအာင္လည္းႀကိဳးစားသရုပ္ေဆာင္ ခ့ဲရတဲ့အေၾကာင္းကို ပိုင္ၿဖိဳးသုက'' ဒီဇာတ္ကားက သုသုကိုယ္တိုင္ အရမ္းကိုႀကိဳက္ခဲ့လို႔ ႐ိုက္ခဲ့တဲ့ဇာတ္ကားေလးပါ။ စာေရးဆရာမႀကီး ၾကည္ေအးက သုသုအႀကိဳက္ဆံုးစာေရးဆရာေတြထဲကတစ္ေယာက္ေပါ့။ ဒီထဲကဇာတ္ေကာင္ေနရာမွာလည္း မပီျပင္မွာကိုအရမ္းစိုးရိမ္တယ္။ က်န္းမာေရးမေကာင္းတဲ့ အခန္းေတြဆိုတကယ္ကိုပိန္ေအာင္ဆိုၿပီး ဝိတ္ေလ်ာ့လိုက္တာပါ။ 'မီ'ရုပ္ရွင္ကားကိုအျမန္ဆံုး႐ံုတင္ ရေလေကာင္းေလပါပဲ။ အဓိကဆရာမႀကီးၾကည္ေအး ဝတၴဳက အရမ္းနာမည္ႀကီးခဲ့ေတာ့အဲဒီဝတၴဳပ်က္သြားမွာအရမ္းေၾကာက္တယ္။ သုသုကိုယ္တိုင္အရမ္း စိတ္ပူတယ္။ ကိုယ္ခ်စ္တဲ့အရာတစ္ခုကိုဖ်က္ဆီးပစ္မွာေၾကာက္တာေပါ့''လို႔ဆိုပါတယ္။

သရုပ္ေဆာင္ပိုင္ၿဖိဳးသုသည္  အႏုပညာပ်ိဳးခင္းအစီအစဥ္ကစင္တင္မင္းသမီးတစ္ဦးျဖစ္ၿပီး၊ သရုပ္ေဆာင္ ပီျပင္မႈေၾကာင့္ ပရိသတ္ေတြလက္ခံခဲ့တဲ့ သရုပ္ေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။

'မီ'႐ုပ္ရွင္ဇာတ္ကားကို ဇာတ္ညႊန္းနဲ႔ဒါ႐ိုက္တာအျဖစ္ဒါရိုက္တာဏႀကီး ႐ိုက္ကူးပံုေဖာ္ထားခဲ့ၿပီး သ႐ုပ္ေဆာင္ မ်ားအျဖစ္ ေနတိုး၊ ရဲေအာင္၊ မင္းဦး၊ သားညီ၊ မင္းေသြးနဲ႔ ပိုင္ၿဖိဳးသုတို႔က ပါဝင္သ႐ုပ္ေဆာင္ထားၾကတာျဖစ္ပါတယ္။

Photo Credit- မီ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform
# Unicode Version ျဖင့္ ဖတ္ပါ #
စာရေးဆရာမကြီးကြည်အေးရဲ့ မီဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ်ပုံဖော်ဖန်တီးခဲ့တဲ့ ပိုင်ဖြိုးသုက မီရုပ်ရှင်ဇာတ်ကားကြီးကို ပရိသတ်တွေအရှေ့အမြန်ဆုံးရောက်အောင် တင်ဆက်ပေးသွားဖို့အစွမ်း ကုန်ကြိုးစားနေ တယ်လို့ဆိုပါတယ်။

“မီ ရုုပ်ရှင်ဇာတ်ကားကြီးကိုုတော့အောင်မြင်စွာရိုုက်ကူးပြီးပါပြီ။  မီရုုပ်ရှင်ဇာတ်ကားကြီး ဖြစ်မြောက်ရေး အတွက်စိတ်အား လူအားဖြင့်ဝိုင်းဝန်ကူညီ လုပ်ကိုင်ပေးခဲ့ကြတဲ့လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံုးကိုကျေးဇူး အထူးတင်တယ်။ Post Production လုပ်ငန်းစဉ်တွေကိုကြိုးစား လုပ်ဆောင်ပြီး မီ ရုုပ်ရှင်ဇာတ်ကားကြီးကိုပရိသတ်ရှေ့ကိုအမြန်ဆုံုး တင်ဆက်ပေးသွားဖို့သုသုတို့ ကြိုးစားနေပါတယ်” လို့ မီရုပ်ရှင်ဇာတ်ကားကြီးရုံအမြန်တင်နိုင်ဖို့အတွက်ကို ပိုင်ဖြိုးသုကပြောပါတယ်။

မီဇာတ်ကောင်ကိုအပီပြင်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင်လည်းကြိုးစားသရုပ်ဆောင် ခဲ့ရတဲ့အကြောင်းကို ပိုင်ဖြိုးသုက'' ဒီဇာတ်ကားက သုသုကိုယ်တိုင် အရမ်းကိုကြိုက်ခဲ့လို့ ရိုက်ခဲ့တဲ့ဇာတ်ကားလေးပါ။ စာရေးဆရာမကြီး ကြည်အေးက သုသုအကြိုက်ဆုံးစာရေးဆရာတွေထဲကတစ်ယောက်ပေါ့။ ဒီထဲကဇာတ်ကောင်နေရာမှာလည်း မပီပြင်မှာကိုအရမ်းစိုးရိမ်တယ်။ ကျန်းမာရေးမကောင်းတဲ့ အခန်းတွေဆိုတကယ်ကိုပိန်အောင်ဆိုပြီး ဝိတ်လျော့လိုက်တာပါ။ 'မီ'ရုပ်ရှင်ကားကိုအမြန်ဆုံးရုံတင် ရလေကောင်းလေပါပဲ။ အဓိကဆရာမကြီးကြည်အေး ဝတ္ထုက အရမ်းနာမည်ကြီးခဲ့တော့အဲဒီဝတ္ထုပျက်သွားမှာအရမ်းကြောက်တယ်။ သုသုကိုယ်တိုင်အရမ်း စိတ်ပူတယ်။ ကိုယ်ချစ်တဲ့အရာတစ်ခုကိုဖျက်ဆီးပစ်မှာကြောက်တာပေါ့''လို့ဆိုပါတယ်။

သရုပ်ဆောင်ပိုင်ဖြိုးသုသည်  အနုပညာပျိုးခင်းအစီအစဉ်ကစင်တင်မင်းသမီးတစ်ဦးဖြစ်ပြီး၊ သရုပ်ဆောင် ပီပြင်မှုကြောင့် ပရိသတ်တွေလက်ခံခဲ့တဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

'မီ'ရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ်ဒါရိုက်တာဏကြီး ရိုက်ကူးပုံဖော်ထားခဲ့ပြီး သရုပ်ဆောင် များအဖြစ် နေတိုး၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ မင်းသွေးနဲ့ ပိုင်ဖြိုးသုတို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

Photo Credit- မီ

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top