×

အုန္းရည္ရဲ႕ အရသာက ေပါ့ေပါ့ေလးနဲ႔ ေသာက္လုိ႔ေကာင္းတဲ့အရသာမ်ိဳးပါ။ အရသာရွိရုံသာမကဘဲ လူကို လန္းဆန္းေစသလို တျခားေသာ က်န္းမာေရး အက်ိဳးေက်းဇူးေတြလည္းရွိပါတယ္။

အုန္းရည္ေသာက္ျခင္းရဲ႕ အက်ိဳးေက်းဇူးေတြကို သိပၸံနည္းက် စမ္းသပ္ခဲ့ၾကပါတယ္။

အာဟာရဓာတ္ေတြ ပါ၀င္မႈမ်ားျပား

အုန္းရည္မွာ ေရဓာတ္ပါ၀င္မႈ ၉၄ ရာခိုင္ႏႈန္းရွိၿပီး အဆီဓာတ္လည္း အနည္းငယ္ဘဲ ရွိပါတယ္။ အုန္းရည္ ၁ ခြက္စာမွာ-

အမွ်င္ဓာတ္              ၃ ဂရမ္

ပရိုတင္းဓာတ္           ၂ ဂရမ္

ကစီဓာတ္                ၉ ဂရမ္

ဗီတာမင္ စီ              ၁၀ ရာခိုင္ႏႈန္း (RDI ခႏၶာကိုယ္ တစ္ေန႔တာလိုအပ္တဲ့အာဟာရ ပမာဏ)
မဂၢနီဆီယမ္              RDI ရဲ႕ ၁၅ ရာခိုင္ႏႈန္း

မဂၢနီစ္                    RDI ရဲ႕ ၁၇ ရာခိုင္ႏႈန္း

ပိုတက္ဆီယမ္           RDI ရဲ႕ ၁၇ ရာခိုင္ႏႈန္း

ဆိုဒီယမ္                 RDI ရဲ႕ ၁၁ ရာခိုင္ႏႈန္း

ကယ္ဆီယမ္            RDI ရဲ႕ ၆ ရာခိုင္ႏႈန္း

Antioxidant ဓာတ္ေတြပါ၀င္

Free Radicals ေတြကခႏၶာကိုယ္ထဲက ဆဲလဲေတြကိုထိခိုက္ေစႏုိင္ၿပီး ကင္ဆာတုိ႔လို ေရာဂါႀကီးႀကီးမားမားေတြျဖစ္ႏိုင္ပါတယ္။

Antioxidants ေတြက ပ်က္စီးသြားတဲ့ဆဲလ္ေတြကို ျပန္လည္ျပဳျပင္ေပးႏိုင္ပါတယ္။

ဆီးခ်ိဳသမားေတြအတြက္ အက်ိဳးရွိ

အုန္းရည္က ေသြးအတြင္းသၾကားဓာတ္ကို ေလ်ာ့ခ်ေပးပါတယ္။ ဆီးခ်ိဳေရာဂါျဖစ္ေနတဲ့ ၾကြက္ေတြကို အုန္းရည္နဲ႔ စမ္းသပ္ကုသခဲ့ရာတျခား ဆီးခ်ဳိေရာဂါျဖစ္ေနတဲ့ ၾကြက္ေတြထက္ ေသြးအတြင္းသၾကားဓာတ္ပိုေလ်ာ့ၿပီး ေကာင္းမြန္ေနတာကိုေတြ႔ရပါတယ္။

ေက်ာက္ကပ္ေက်ာက္တည္တာကို ကာကြယ္ေပး

ေက်ာက္ကပ္မွာရွိတဲ့ ေက်ာက္ေတြက ကယ္ဆီယမ္၊ Oxalate နဲ႔ တျခား ကြန္ေပါင္းေတြ ေပါင္းစပ္မႈေၾကာင့္ ဆီးထဲမွာ ေက်ာက္ေတြျဖစ္လာတာပါ။

အုန္းရည္က ေက်ာက္ကပ္မွာတြယ္ကပ္ေနတဲ့ ေက်ာက္ေတြကို ေျခဖ်က္ႏိုင္စြမ္းရွိပါတယ္။

ေသြးတိုးက်ျခင္းနဲ႔ ႏွလံုးက်န္းမာေရးအတြက္ေကာင္းမြန္

သုေတသနအရ အုန္းရည္ 240 ml မွာ ပိုတက္ဆီယမ္ 600 mg ပါ၀င္တာေၾကာင့္ ေသြးတိုးကိုက်ေစၿပီး သာမန္ ေသြးေပါင္ခ်ိန္ကို ထိန္းထားေပးႏိုင္ပါတယ္။

ၾကြက္ေတြနဲ႔ စမ္းသပ္ခ်က္အရ အုန္းဆီေသာက္တဲ့ ၾကြက္ဟာ ေသြးထဲမွာကိုလက္စထေရာဓာတ္ေတြ ေလ်ာ့က်လာတာကို ေတြ႔ရပါတယ္။ အဲ့ဒီအျပင္ အသည္းက အဆီေတြလည္း ေလ်ာ့က်လာပါတယ္။

ေရဓာတ္ခမ္းေျခာက္မႈအတြက္ တကယ့္ရင္းျမစ္

အုနး္ရည္က လန္းဆန္းၿပီး လူေတြကို အလြယ္တကူ ေရဓာတ္ျဖည့္ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfood

#Unicode Version#
အုန်းရည်ရဲ့ အရသာက ပေါ့ပေါ့လေးနဲ့ သောက်လို့ကောင်းတဲ့အရသာမျိုးပါ။ အရသာရှိရုံသာမကဘဲ လူကို လန်းဆန်းစေသလို တခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေလည်းရှိပါတယ်။

အုန်းရည်သောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိပ္ပံနည်းကျ စမ်းသပ်ခဲ့ကြပါတယ်။

အာဟာရဓာတ်တွေ ပါဝင်မှုများပြား

အုန်းရည်မှာ ရေဓာတ်ပါဝင်မှု ၉၄ ရာခိုင်နှုန်းရှိပြီး အဆီဓာတ်လည်း အနည်းငယ်ဘဲ ရှိပါတယ်။ အုန်းရည် ၁ ခွက်စာမှာ-

အမျှင်ဓာတ်              ၃ ဂရမ်

ပရိုတင်းဓာတ်           ၂ ဂရမ်

ကစီဓာတ်                ၉ ဂရမ်

ဗီတာမင် စီ              ၁၀ ရာခိုင်နှုန်း (RDI ခန္ဓာကိုယ် တစ်နေ့တာလိုအပ်တဲ့အာဟာရ ပမာဏ)
မဂ္ဂနီဆီယမ်              RDI ရဲ့ ၁၅ ရာခိုင်နှုန်း

မဂ္ဂနီစ်                    RDI ရဲ့ ၁၇ ရာခိုင်နှုန်း

ပိုတက်ဆီယမ်           RDI ရဲ့ ၁၇ ရာခိုင်နှုန်း

ဆိုဒီယမ်                 RDI ရဲ့ ၁၁ ရာခိုင်နှုန်း

ကယ်ဆီယမ်            RDI ရဲ့ ၆ ရာခိုင်နှုန်း

Antioxidant ဓာတ်တွေပါဝင်

Free Radicals တွေကခန္ဓာကိုယ်ထဲက ဆဲလဲတွေကိုထိခိုက်စေနိုင်ပြီး ကင်ဆာတို့လို ရောဂါကြီးကြီးမားမားတွေဖြစ်နိုင်ပါတယ်။

Antioxidants တွေက ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

ဆီးချိုသမားတွေအတွက် အကျိုးရှိ

အုန်းရည်က သွေးအတွင်းသကြားဓာတ်ကို လျော့ချပေးပါတယ်။ ဆီးချိုရောဂါဖြစ်နေတဲ့ ကြွက်တွေကို အုန်းရည်နဲ့ စမ်းသပ်ကုသခဲ့ရာတခြား ဆီးချိုရောဂါဖြစ်နေတဲ့ ကြွက်တွေထက် သွေးအတွင်းသကြားဓာတ်ပိုလျော့ပြီး ကောင်းမွန်နေတာကိုတွေ့ရပါတယ်။

ကျောက်ကပ်ကျောက်တည်တာကို ကာကွယ်ပေး

ကျောက်ကပ်မှာရှိတဲ့ ကျောက်တွေက ကယ်ဆီယမ်၊ Oxalate နဲ့ တခြား ကွန်ပေါင်းတွေ ပေါင်းစပ်မှုကြောင့် ဆီးထဲမှာ ကျောက်တွေဖြစ်လာတာပါ။

အုန်းရည်က ကျောက်ကပ်မှာတွယ်ကပ်နေတဲ့ ကျောက်တွေကို ခြေဖျက်နိုင်စွမ်းရှိပါတယ်။

သွေးတိုးကျခြင်းနဲ့ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်

သုတေသနအရ အုန်းရည် 240 ml မှာ ပိုတက်ဆီယမ် 600 mg ပါဝင်တာကြောင့် သွေးတိုးကိုကျစေပြီး သာမန် သွေးပေါင်ချိန်ကို ထိန်းထားပေးနိုင်ပါတယ်။

ကြွက်တွေနဲ့ စမ်းသပ်ချက်အရ အုန်းဆီသောက်တဲ့ ကြွက်ဟာ သွေးထဲမှာကိုလက်စထရောဓာတ်တွေ လျော့ကျလာတာကို တွေ့ရပါတယ်။ အဲ့ဒီအပြင် အသည်းက အဆီတွေလည်း လျော့ကျလာပါတယ်။

ရေဓာတ်ခမ်းခြောက်မှုအတွက် တကယ့်ရင်းမြစ်

အုန်းရည်က လန်းဆန်းပြီး လူတွေကို အလွယ်တကူ ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top