×

"တကယ္ေတာ့ မဂၤလာေဆာင္တယ္ဆိုတာ ကားတစ္စီးအပိုင္ရလိုက္သလိုပါပဲ။အိမ္ေထာင္တစ္ခုမွာ လင္ေယာက်္ားက" ေမာ္ေတာ္ကား" နဲ့တူတယ္။အိမ္ရွင္မက"ဒရိုင္ဘာ" နဲ့ တူတယ္။
တခိ်ဳ႕ေယာက်္ားေတြက ေလးဘီးကားနဲ့တူတယ္။ ကားကအစုတ္တယ္။
ေဘာ္ဒီကမေကာင္းဘူး။ ဘရိတ္ကမမိဘူး။ မိုးရြာရင္အလုပ္မျဖစ္ဘူး။

တစ္ခ်ိဳ႕လင္ေယာက်္ားေတြကက်ေတာ့ ဆန္နီကားနဲ့တူတယ္။
တစ္ခ်ိဳ႕လင္ေယာက်္ားေတြကက်ေတာ့ လိုင္းကားနဲ့တူတယ္။
တစ္ခ်ိဳ႕မ်ားက်ေတာ့ မတ္တူးကားနဲ့တူတယ္။
ပရာဒိုနဲ့တူတယ္။လင္ခရူဇာနဲ့တူတယ္။
မိန္းမေတြကေတာ့ အဲဒီကားေတြရဲ့ဒရိုင္ဘာနဲ့တူတယ္။
တခ်ိဳ႕မိန္းမေတြက ကိုယ္ရတဲ့ေယာက်္ားကို သူမ်ားရတဲ့ေယာက္က်ားေတြနဲ့ ႏႈိင္းယွဥ္ၿပီး ခံစားတတ္ၾကတယ္။ငါ့ေယာက်္ားက သူ႕ေယာက်္ားေလာက္၀င္ေငြမေကာင္းဘူး၊
သူတို႕ေယာက်္ားေတြက်ေတာ့အဆင္ေျပလိုက္ၾကတာ။ငါ့ေယာက်္ားကေတာ့ အသံုးမက်ဘူး။ဒီလိုေတြ ေတြးတတ္ၾကတယ္။
တကယ္ေတာ့ အိမ္ရွင္မဆိုတာ ကားပိုင္ရွင္၊ဒရိုင္ဘာေတြပဲ။ကိုယ့္ဘ၀နဲ႔တန္တဲ့ ကားတစ္စီးကိုပိုင္ဆိုင္ၿပီးၿပီပဲ။
ကိုယ္ပိုင္ဆိုင္ရတဲ့ကားကို ဂရုတစိုက္ေမာင္းႏွင္သင့္တယ္။
သူမ်ားကားအေကာင္းႀကီးကိုၾကည့္ၿပီးကိုယ္ေမာင္းေနရတဲ့ကားကို အစုတ္ႀကီးလို႔ ထင္တတ္ၾကတယ္။
အိမ္ရွင္မေတြေရ.....
ေဘာ္ဒီေဆြးၿပီးသံေခ်းလိုက္ေနတဲ့ အင္ဂ်င္မေကာင္းတဲ့ကားကို ဂရုတစိုက္ထိန္းသိမ္းပါမွ အိမ္ေထာင္ေရးခရီးရွည္ႀကီးကို ျဖတ္သန္းႏိုင္လိမ့္မယ္ေနာ္။
ကိုယ္ေမာင္းေနရတဲ့ကားကို အျခားကားေတြနဲ့ႏိႈင္းယွဥ္ၿပီးလုမေမာင္းမိေစနဲ႔ေနာ္။
ကိုယ့္ကားကိုလည္း အထင္မေသးမိေစနဲ့။သူ႕ကားေလာက္မျမန္လို႔ ကိုယ္ကားကိုလည္း
အထင္မေသးမိေစနဲ့။သူ႔ကားေလာက္မျမန္လို႔လည္း ကိုယ့္ကားကိုအျပစ္မတင္မိေစနဲ့။
ဘ၀ဆိုတဲ့ ေျပးလမ္းရွည္ႀကီးေပၚမွာ ေမတၱာတရားဆိုတဲ့ ကၽြမ္းက်င္မႈနဲ့ ကိုယ္ပိုင္တဲ့ကား
ကို ျပဳျပင္သင့္တာျပဳျပင္ရမယ္။အစားထိုးသင့္တာအစားထိုးရမယ္။ေန႔ေန႔ညည ဂရုစိုက္
ရမယ္။ခရီးရွည္ႀကီးကိုသြားခ်င္တယ္ဆိုရင္ ျမန္ျမန္ေရာက္ဖို႔ထက္ မွန္မွန္ေမာင္းဖို႔က အေရးႀကီးတယ္။စိတ္ရွည္ျခင္း၊သည္းခံျခင္း၊ျပဳျပင္ထိန္းသိမ္းျခင္းေတြနဲ႔ ဒရိုင္ဘာ
ေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားပါ။
ေၾသာ္...ေျပာရအံုးမယ္။
"ကိုယ္ပိုင္တဲ့ကားကိုပစ္မထားနဲ့ေနာ္။ ကိုယ့္ကားကို တစ္ျခားဒရိုင္ဘာတက္ေမာင္းသြားအံုးမယ္....။"

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးဘုန္း(ဓာတု)၊မႏၱေလး

#Unicode Version#
"တကယ်တော့ မင်္ဂလာဆောင်တယ်ဆိုတာ ကားတစ်စီးအပိုင်ရလိုက်သလိုပါပဲ။အိမ်ထောင်တစ်ခုမှာ လင်ယောကျ်ားက" မော်တော်ကား" နဲ့တူတယ်။အိမ်ရှင်မက"ဒရိုင်ဘာ" နဲ့ တူတယ်။
တချို့ယောကျ်ားတွေက လေးဘီးကားနဲ့တူတယ်။ ကားကအစုတ်တယ်။
ဘော်ဒီကမကောင်းဘူး။ ဘရိတ်ကမမိဘူး။ မိုးရွာရင်အလုပ်မဖြစ်ဘူး။

တစ်ချို့လင်ယောကျ်ားတွေကကျတော့ ဆန်နီကားနဲ့တူတယ်။
တစ်ချို့လင်ယောကျ်ားတွေကကျတော့ လိုင်းကားနဲ့တူတယ်။
တစ်ချို့များကျတော့ မတ်တူးကားနဲ့တူတယ်။
ပရာဒိုနဲ့တူတယ်။လင်ခရူဇာနဲ့တူတယ်။
မိန်းမတွေကတော့ အဲဒီကားတွေရဲ့ဒရိုင်ဘာနဲ့တူတယ်။
တချို့မိန်းမတွေက ကိုယ်ရတဲ့ယောကျ်ားကို သူများရတဲ့ယောက်ကျားတွေနဲ့ နှိုင်းယှဉ်ပြီး ခံစားတတ်ကြတယ်။ငါ့ယောကျ်ားက သူ့ယောကျ်ားလောက်ဝင်ငွေမကောင်းဘူး၊
သူတို့ယောကျ်ားတွေကျတော့အဆင်ပြေလိုက်ကြတာ။ငါ့ယောကျ်ားကတော့ အသုံးမကျဘူး။ဒီလိုတွေ တွေးတတ်ကြတယ်။
တကယ်တော့ အိမ်ရှင်မဆိုတာ ကားပိုင်ရှင်၊ဒရိုင်ဘာတွေပဲ။ကိုယ့်ဘဝနဲ့တန်တဲ့ ကားတစ်စီးကိုပိုင်ဆိုင်ပြီးပြီပဲ။
ကိုယ်ပိုင်ဆိုင်ရတဲ့ကားကို ဂရုတစိုက်မောင်းနှင်သင့်တယ်။
သူများကားအကောင်းကြီးကိုကြည့်ပြီးကိုယ်မောင်းနေရတဲ့ကားကို အစုတ်ကြီးလို့ ထင်တတ်ကြတယ်။
အိမ်ရှင်မတွေရေ.....
ဘော်ဒီဆွေးပြီးသံချေးလိုက်နေတဲ့ အင်ဂျင်မကောင်းတဲ့ကားကို ဂရုတစိုက်ထိန်းသိမ်းပါမှ အိမ်ထောင်ရေးခရီးရှည်ကြီးကို ဖြတ်သန်းနိုင်လိမ့်မယ်နော်။
ကိုယ်မောင်းနေရတဲ့ကားကို အခြားကားတွေနဲ့နှိုင်းယှဉ်ပြီးလုမမောင်းမိစေနဲ့နော်။
ကိုယ့်ကားကိုလည်း အထင်မသေးမိစေနဲ့။သူ့ကားလောက်မမြန်လို့ ကိုယ်ကားကိုလည်း
အထင်မသေးမိစေနဲ့။သူ့ကားလောက်မမြန်လို့လည်း ကိုယ့်ကားကိုအပြစ်မတင်မိစေနဲ့။
ဘဝဆိုတဲ့ ပြေးလမ်းရှည်ကြီးပေါ်မှာ မေတ္တာတရားဆိုတဲ့ ကျွမ်းကျင်မှုနဲ့ ကိုယ်ပိုင်တဲ့ကား
ကို ပြုပြင်သင့်တာပြုပြင်ရမယ်။အစားထိုးသင့်တာအစားထိုးရမယ်။နေ့နေ့ညည ဂရုစိုက်
ရမယ်။ခရီးရှည်ကြီးကိုသွားချင်တယ်ဆိုရင် မြန်မြန်ရောက်ဖို့ထက် မှန်မှန်မောင်းဖို့က အရေးကြီးတယ်။စိတ်ရှည်ခြင်း၊သည်းခံခြင်း၊ပြုပြင်ထိန်းသိမ်းခြင်းတွေနဲ့ ဒရိုင်ဘာ
ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
သြော်...ပြောရအုံးမယ်။
"ကိုယ်ပိုင်တဲ့ကားကိုပစ်မထားနဲ့နော်။ ကိုယ့်ကားကို တစ်ခြားဒရိုင်ဘာတက်မောင်းသွားအုံးမယ်....။"

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးဘုန်း(ဓာတု)၊မန္တလေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top