စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကၽြႏု္ပ္တုိ႔သတိမျပဳမိပါ။ သုိ႔ေသာ္ သူတို႔သည္ ကၽြႏု္ပ္တုိ႔လက္ေပၚမွာ ရွိေနၾကသည္။ ကၽြႏု္ပ္တုိ႔၏ ပါးစပ္၊ မ်က္စိ၊ ႏွာေခါင္း၊ အစာမ်ားမွတစ္ဆင့္ ခႏၶာကုိယ္အတြင္းသုိ႔ဝင္ရန္ ႀကိဳးစားေနၾကသည္။ ထုိမွ်မ ကကၽြႏု္ပ္တုိ႔ခ်စ္ခင္ရေသာ ကၽြႏု္ပ္တုိ႔၏မိသားစုဝင္မ်ားသုိ႔ ကူးစက္ရန္ အခြင့္အေရးေစာင့္ေန၏။ သူတို႔ ဆုိသည္ကား ကၽြႏု္ပ္တုိ႔ကုိ ဒုကၡေပးႏုိင္ေသာ ပုိးမႊားမ်ားေပးတည္း။

ထုိပုိးမႊားတုိ႔သည္ သင့္ကုိမည္မွ်အထိ အႏၲရာယ္ေပးႏုိင္သနည္း။

အသည္းေရာင္ အသားဝါ (Hepatitis A)၊ ဝမ္းကုိက္၊ ဝမ္းေဖာ၊ ဝမ္းေရာင္၊ တုိက္ဖိြဳက္ (Typhoid)၊ တုပ္ ေကြး (Influenza) မွသည္ အသက္အႏၲရာယ္ေပးေသာ ဗုိင္းရပ္(စ္) (Virus) ေရာဂါအမ်ဳိးမ်ဳိးထိ ျဖစ္ေစ ႏုိင္ပါသည္။ ဤမွ်ေလာက္ဒုကၡေပးႏုိင္ေသာ ထုိေရာဂါမ်ားကုိ လက္ေဆး႐ုံမွ်ျဖင့္ ကာကြယ္ႏုိင္ေပ သည္။ ေကာင္းေလစြတကား။ သို႔ေသာ္ လက္ေဆးျခင္းဆုိသည္မွာ ကၽြႏု္ပ္တုိ႔သိေသာ လက္ေဆးျခင္း ထက္ ပိုမုိေလးနက္သည့္စနစ္တက် လက္ေဆးေသာနည္းကုိ သုံးမွသာထုိေရာဂါပိုးမ်ားကုိ ဖယ္ရွားႏုိင္ မည္ျဖစ္သည္။

မည္ကဲ့သုိ႔ စနစ္တက် လက္ေဆးရမည္နည္း။

စနစ္တက်လက္ေဆးရာတြင္ လုံေလာက္ေသာေရႏွင့္ ဆပ္ျပာကုိ အသုံးျပဳရပါမည္။ ဆပ္ျပာသည္ ပုိးမႊားမ်ားကုိ အထူးသျဖင့္ ဗုိင္းရပ္(စ္)ကုိ ေသေစႏုိင္ပါသည္။ လက္ကုိေရ၊ ဆပ္ျပာမ်ားျဖင့္ ၁၅-၃၀ စကၠန္႔ေဆးလွ်င္ လက္မွာကပ္ေနေသာ ပုိးမႊားမ်ား၏ ၉၉ ရာခုိင္ႏႈန္းကုိ ဖယ္ရွားႏုိင္ပါသည္။

စနစ္တက်လက္ေဆးနည္းတြင္ ဆပ္ျပာျဖင့္ ေအာက္ပါေနရာမ်ားကုိ ပြတ္တုိက္ေဆးေၾကာရပါမည္။

၁။ လက္ဖဝါးအခ်င္းခ်င္း

၂။ လက္ေခ်ာင္းမ်ားအၾကား

၃။ လက္ဖမုိး

၄။ လက္မအရင္း

၅။ လက္ေခ်ာင္းမ်ားေက်ာ္ဘက္

၆။ လက္သည္း

၇။ လက္ေကာက္ဝတ္

ထုိ႔ေနာက္ ေရျဖင့္ေဆးၿပီးသန္႔ရွင္းေသာ ကုိယ္ပုိင္လက္သုတ္ပုဝါျဖင့္ သုတ္ရပါမည္။

ဤအဆင့္မ်ားကုိ စနစ္တက်ျပဳလုပ္လွ်င္ ၁၅-၃၀ စကၠန္႔ၾကာပါသည္။ ကေလးမ်ားကုိ ဤမွ်ၾကာၾကာ လက္ေဆးေစရန္ ကဗ်ာေလးမ်ားရြတ္ဆုိရင္း လက္ေဆးေစဖုိ႔ အႀကံျပဳအပ္ပါသည္။

မည္သည့္အခါမွာ လက္ေဆးရမည္နည္း။

အိမ္သာအသုံးျပဳၿပီးလွ်င္၊ အညစ္အေၾကးမ်ား ကုိင္တြယ္ၿပီးလွ်င္၊ အစာစားၿပီးလွ်င္ လက္ေဆးရမည္ကုိ မ်ားေသာအားျဖင့္သိၾကပါသည္။ ထုိ႔အျပင္အစာမစားခင္၊ မိသားစုအတြက္ အစားအေသာက္မ်ား မျပင္ ဆင္ခင္၊ မ်က္ကပ္မွန္မတပ္ခင္၊ ေနမေကာင္းသူမ်ားကုိ မျပဳခင္ႏွင့္ျပဳစုၿပီးလွ်င္ အမ်ားကုိင္ေသာ တံခါး လက္ကုိင္ ခလုတ္အစရွိေသာ Common Surfaces မ်ားကုိကုိင္ၿပီးလွ်င္ လက္ေဆးရပါမည္။

ဤအခ်က္မ်ားကုိ အလြတ္ရရန္မလုိပါ။ အေလ့အက်င့္လုပ္ရန္သာ လုိပါသည္။ နည္းမွန္လမ္းမွန္ စနစ္ တက်လက္ေဆးျခင္းျဖင့္ ကၽြႏု္ပ္အပါအဝင္ ကၽြႏ္ုပ္မိသားစုမွသည္ ကၽြႏု္ပ္၏ရပ္ကြက္၊ ကၽြႏု္ပ္၏ေဒသ၊ ကၽြႏု္ပ္၏ႏုိင္ငံတစ္ႏုိင္ငံတစ္ခုလုံး မျဖစ္သင့္ေသာေရာဂါမ်ားကုိ ထိေရာက္စြာကာကြယ္ႏုိင္သည့္အ တြက္ လက္ေဆးျခင္းကုိစနစ္တက်ျပဳရန္ ဋီကာဖြဲ႕လုိက္ျခင္း ျဖစ္ပါသည္။

ဤမွ်လြယ္ကူအသုံးဝင္ေသာ လက္ေဆးျခင္းမ်ားကုိ UNICEF က ၂၀၀၈ ခုႏွစ္မွစ၍ ေအာက္တုိဘာ ၁၅ ရက္ေန႔ကုိ ကမ႓ာ့လက္ေဆးေရးေန႔ (Global Handwashing Day) ဟုသတ္မွတ္ခဲ့ရာ ၂၀၁၀ ခုႏွစ္ တြင္ ျမန္မာႏုိင္ငံရွိေက်ာင္းေပါင္း ၆၅ ေက်ာင္းမွ ေက်ာင္းသား ၁၄၀၀၀ တုိ႔ပါဝင္လႈပ္ရွားခဲ့သည္။

ေရာဂါကင္းေစေသာ၊ အသက္ကယ္ေသာ ႏုိင္ငံေတာ္မွာက်န္းမာေရး ကုန္က်စရိတ္ေလ်ာ့ေစေသာ လြယ္ကူေသာစနစ္တက်နည္းျဖင့္ လက္ေဆးျခင္းကုိ UNICEF ကတစ္ႏွစ္တစ္ခါ သတိေပးသည္ႏွင့္အ ညီကၽြႏု္ပ္တုိ႔သည္ တစ္ေန႔တစ္ခါမက လုိအပ္သမွ်လက္ေဆးရန္ သတိရဖုိ႔ေလ့က်င့္ၾကပါစုိ႔။         ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေၾကးမုံသတင္းစာ

#Unicode Version#
ကျွနု်ပ်တို့သတိမပြုမိပါ။ သို့သော် သူတို့သည် ကျွနု်ပ်တို့လက်ပေါ်မှာ ရှိနေကြသည်။ ကျွနု်ပ်တို့၏ ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊ အစာများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ဝင်ရန် ကြိုးစားနေကြသည်။ ထိုမျှမ ကကျွနု်ပ်တို့ချစ်ခင်ရသော ကျွနု်ပ်တို့၏မိသားစုဝင်များသို့ ကူးစက်ရန် အခွင့်အရေးစောင့်နေ၏။ သူတို့ ဆိုသည်ကား ကျွနု်ပ်တို့ကို ဒုက္ခပေးနိုင်သော ပိုးမွှားများပေးတည်း။

ထိုပိုးမွှားတို့သည် သင့်ကိုမည်မျှအထိ အန္တရာယ်ပေးနိုင်သနည်း။

အသည်းရောင် အသားဝါ (Hepatitis A)၊ ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းရောင်၊ တိုက်ဖွိုက် (Typhoid)၊ တုပ် ကွေး (Influenza) မှသည် အသက်အန္တရာယ်ပေးသော ဗိုင်းရပ်(စ်) (Virus) ရောဂါအမျိုးမျိုးထိ ဖြစ်စေ နိုင်ပါသည်။ ဤမျှလောက်ဒုက္ခပေးနိုင်သော ထိုရောဂါများကို လက်ဆေးရုံမျှဖြင့် ကာကွယ်နိုင်ပေ သည်။ ကောင်းလေစွတကား။ သို့သော် လက်ဆေးခြင်းဆိုသည်မှာ ကျွနု်ပ်တို့သိသော လက်ဆေးခြင်း ထက် ပိုမိုလေးနက်သည့်စနစ်တကျ လက်ဆေးသောနည်းကို သုံးမှသာထိုရောဂါပိုးများကို ဖယ်ရှားနိုင် မည်ဖြစ်သည်။

မည်ကဲ့သို့ စနစ်တကျ လက်ဆေးရမည်နည်း။

စနစ်တကျလက်ဆေးရာတွင် လုံလောက်သောရေနှင့် ဆပ်ပြာကို အသုံးပြုရပါမည်။ ဆပ်ပြာသည် ပိုးမွှားများကို အထူးသဖြင့် ဗိုင်းရပ်(စ်)ကို သေစေနိုင်ပါသည်။ လက်ကိုရေ၊ ဆပ်ပြာများဖြင့် ၁၅-၃၀ စက္ကန့်ဆေးလျှင် လက်မှာကပ်နေသော ပိုးမွှားများ၏ ၉၉ ရာခိုင်နှုန်းကို ဖယ်ရှားနိုင်ပါသည်။

စနစ်တကျလက်ဆေးနည်းတွင် ဆပ်ပြာဖြင့် အောက်ပါနေရာများကို ပွတ်တိုက်ဆေးကြောရပါမည်။

၁။ လက်ဖဝါးအချင်းချင်း

၂။ လက်ချောင်းများအကြား

၃။ လက်ဖမိုး

၄။ လက်မအရင်း

၅။ လက်ချောင်းများကျော်ဘက်

၆။ လက်သည်း

၇။ လက်ကောက်ဝတ်

ထို့နောက် ရေဖြင့်ဆေးပြီးသန့်ရှင်းသော ကိုယ်ပိုင်လက်သုတ်ပုဝါဖြင့် သုတ်ရပါမည်။

ဤအဆင့်များကို စနစ်တကျပြုလုပ်လျှင် ၁၅-၃၀ စက္ကန့်ကြာပါသည်။ ကလေးများကို ဤမျှကြာကြာ လက်ဆေးစေရန် ကဗျာလေးများရွတ်ဆိုရင်း လက်ဆေးစေဖို့ အကြံပြုအပ်ပါသည်။

မည်သည့်အခါမှာ လက်ဆေးရမည်နည်း။

အိမ်သာအသုံးပြုပြီးလျှင်၊ အညစ်အကြေးများ ကိုင်တွယ်ပြီးလျှင်၊ အစာစားပြီးလျှင် လက်ဆေးရမည်ကို များသောအားဖြင့်သိကြပါသည်။ ထို့အပြင်အစာမစားခင်၊ မိသားစုအတွက် အစားအသောက်များ မပြင် ဆင်ခင်၊ မျက်ကပ်မှန်မတပ်ခင်၊ နေမကောင်းသူများကို မပြုခင်နှင့်ပြုစုပြီးလျှင် အများကိုင်သော တံခါး လက်ကိုင် ခလုတ်အစရှိသော Common Surfaces များကိုကိုင်ပြီးလျှင် လက်ဆေးရပါမည်။

ဤအချက်များကို အလွတ်ရရန်မလိုပါ။ အလေ့အကျင့်လုပ်ရန်သာ လိုပါသည်။ နည်းမှန်လမ်းမှန် စနစ် တကျလက်ဆေးခြင်းဖြင့် ကျွနု်ပ်အပါအဝင် ကျွန်ုပ်မိသားစုမှသည် ကျွနု်ပ်၏ရပ်ကွက်၊ ကျွနု်ပ်၏ဒေသ၊ ကျွနု်ပ်၏နိုင်ငံတစ်နိုင်ငံတစ်ခုလုံး မဖြစ်သင့်သောရောဂါများကို ထိရောက်စွာကာကွယ်နိုင်သည့်အ တွက် လက်ဆေးခြင်းကိုစနစ်တကျပြုရန် ဋီကာဖွဲ့လိုက်ခြင်း ဖြစ်ပါသည်။

ဤမျှလွယ်ကူအသုံးဝင်သော လက်ဆေးခြင်းများကို UNICEF က ၂၀၀၈ ခုနှစ်မှစ၍ အောက်တိုဘာ ၁၅ ရက်နေ့ကို ကမ္ဘာ့လက်ဆေးရေးနေ့ (Global Handwashing Day) ဟုသတ်မှတ်ခဲ့ရာ ၂၀၁၀ ခုနှစ် တွင် မြန်မာနိုင်ငံရှိကျောင်းပေါင်း ၆၅ ကျောင်းမှ ကျောင်းသား ၁၄၀၀၀ တို့ပါဝင်လှုပ်ရှားခဲ့သည်။

ရောဂါကင်းစေသော၊ အသက်ကယ်သော နိုင်ငံတော်မှာကျန်းမာရေး ကုန်ကျစရိတ်လျော့စေသော လွယ်ကူသောစနစ်တကျနည်းဖြင့် လက်ဆေးခြင်းကို UNICEF ကတစ်နှစ်တစ်ခါ သတိပေးသည်နှင့်အ ညီကျွနု်ပ်တို့သည် တစ်နေ့တစ်ခါမက လိုအပ်သမျှလက်ဆေးရန် သတိရဖို့လေ့ကျင့်ကြပါစို့။         ။

ဖိုးသူတော် (www.phothutaw.com)
Credit: ကြေးမုံသတင်းစာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top