ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ရွမ္းျပည္နယ္ေျမာက္ပိုင္း ၊ တန္႔ယန္းျမိဳ႕ ၊ ရပ္ကြက္ (၂)၌ ျပဳလုပ္က်င္းပလ်က္ရွိေသာ ဘုန္းၾကီးပ်ံပြဲခင္းအနီးတြင္ ဇန္နဝါရီလ (၁၈)ရက္ ည (၇)နာရီေက်ာ္အခ်ိန္ခန္႕က လားရွိဳးျမိဳ႕မွလာေရာက္၍ ပြြဲေစ်းတြင္ ေဆးျမစ္စံုေရာင္းခ်သည္ဆုိေသာ အသက္(၄၀)အရြယ္ အိမ္ ေထာင္သည္ အမ်ိဳးသားတစ္ဦးက တန္႔ယန္းျမိဳ႕မွအသက္ (၁၁) ႏွစ္အရြယ္ ေလးတန္းေက်ာင္းသူေလးတစ္ဦးအား အဓမၼ ျပဳက်င့္မွဳျဖစ္ပြားခဲ႕ေၾကာင္း တန္႔ယန္းျမိဳ႕မရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးမ်ိဳးႏိုင္က ယေန႕ေဖေဖာ္၀ါရီလ ၁၉ ရက္တြင္ AHN သို႔ေျပာသည္။

" မတရားျပဳက်င့္ခံခဲ႕ရတာဟုတ္ပါတယ္။ ျပဳက်င့္ခံရတဲ႔ကေလး ေဆးရံုကိုေရာက္မွကြ်န္ေတာ္တို႔သိရတာပါ။ သိသိခ်င္းေဆးရံုကိုသြားျပီး စံုစမ္းမွဳေတြျပဳလုပ္ခဲ႕ပါတယ္။ အဲ႔ဒီညမွာပဲ တရားခံကိုျဖစ္ႏိုင္ေခ်ရွိတဲ႔ေနရာေတြမွာ ရွာေဖြစံုစမ္းခဲ႕ပါတယ္။ မေန႔ (ေဖေဖာ္၀ါရီ ၁၈ )ညက ကေလးက ေအာ္ပေရးရွင္းခန္းထဲမွာ ေဆးကုသမွဳခံယူေနေတာ့ တရားခံရဲ႕ပံုပန္းသဏၭာန္ကိုေမးျမန္းလို႔မရေသးတာေၾကာင့္ ဒီေန႔ေဖေဖာ္ဝါရီ (၁၉)ရက္မနက္က်မွ ေသခ်ာေအာင္ေမးျမန္းျပီး စံုစမ္းေဖာ္ထုတ္လိုက္တာတရားခံလို႔ယူဆရတဲ႕ သံသယရွိသူတစ္ဦးကို ဒီမနက္မွာပဲဖမ္းဆီးရမိခဲ႕ပါတယ္။ အခုေတာ့ စစ္ေဆးေဆာင္ရြက္ေနဆဲပါ။ သက္ငယ္မုဒိမ္းမွဳျဖစ္လို႔ ဒီအမွဳကိုခရိုင္ရံုးမွာစစ္ေဆးေဆာင္ရြက္မွာျဖစ္ပါတယ္" ဟု စခန္းမွဴးဒုရဲမွဴးမ်ိဳးႏိုင္က ေျပာသည္။

မတရားျပဳက်င့္ခံရသူ မိမိကေလးမွာ ေလးတန္းေက်ာင္းသူတစ္ဦးျဖစ္ေၾကာင္းဘုန္းၾကီးပ်ံပြဲတြင္ေစ်းဆုိင္ဖြင့္ထားသည့္ကေလးမိခင္ကေျပာသည္။

“ ကြ်န္မရဲ႕ တတိယေျမာက္ကေလးပါ။ ဆုိင္မွာ မီး လံႈဖုိ႕ ပြဲခင္းနဲ႕ သိပ္မေ၀းတဲ့ အိမ္ကုိ ထင္းေခ်ာင္းသြားယူခိုင္းတာပါ။ နာရီ၀က္ေလာက္ၾကာေတာ့ကေလးက ေပက်ံေနတဲ့ အ၀တ္ အစားေတြနဲ႕ငိုယိုၿပီး ျပန္လာပါတယ္။ ဘာလုိ႔ငိုတာလဲလုိ႔ သမီးကုိေမးၾကည့္ေတာ့ သမီးက -လူႀကီးတစ္ေယာက္က ေငြ ၅၀၀၀ေပးမယ္၊ ပစၥည္းသယ္ကူမလားဟုေျပာဆိုျပီးသူ႕ကုိ ဆြဲေခၚတဲ့အေၾကာင္း၊သမီးက "မယူဘူး ၊ မသယ္ဘူး" ဟုျပန္ေျပာေပမယ့္ အဲဒီလူက"မေအာ္နဲ႕ လုိ႔ေျပာၿပီး သူ႔ပါးကိုရိုက္ႏွက္ကာမနီးမေဝးေသာျခံဳပုတ္အတြင္းကုိ ဆြဲေခၚသြားျပီးသားမယားအျဖစ္ျပဳက်င့္ခဲ႕တယ္လုိ႔ သမီးကျပန္ေျပာျပပါတယ္။ ကေလးရဲ႕ လိင္အဂၤါမွေသြးမ်ားယိုစီးေနတာကိုေတြ႔ရလုိ႔ကေလးကုိ ည ကပဲ ေဆးရံုကုိေခၚသြားရပါတယ္ “ ဟု ၄င္းကေျပာသည္။

ကေလးငယ္မွာ ယေန႕၊ေဖေဖာ္၀ါရီလ ၁၉ ရက္ေန႕တြင္ ေလးတန္းစာေမးပြဲေျဖရမည္ျဖစ္ေၾကာင္းလည္းကေလးမိခင္ကေျပာသည္။
"ကြ်န္မသမီးက ေလးတန္းေက်ာင္းသူပါ။ အမွန္ဆိုဒီေန႔သူစာေမးပြဲေျဖရမယ့္ေန႔ပါ။ဒီကိစၥျဖစ္ေတာ့
သူမေျဖရေတာ့ဘူး။ဘာမွမသိနားမလည္ေသးတဲ႕ကေလးကိုမွ မတရားေစာ္ကားတဲ႕လူကို ျဖစ္ႏိုင္ရင္ ေသဒဏ္ကိုေပးေစခ်င္တာပါ။ ကြ်န္မသမီးေလးေရွ႕ဆက္ရမယ့္ဘဝကအမ်ားၾကီးက်န္ေသးတယ္။သူ႔ဘဝဘယ္လိုေရွ႕ဆက္ရမလဲ။သက္ငယ္မုဒိမ္းဆိုတာမၾကာခဏၾကားဖူးေနတာအခုေတာ့ကြ်န္မသမီးအလွည့္ျဖစ္လာတယ္။ေသဒဏ္ေပးရင္ေတာင္ ကြ်န္မသမီးခံရတာနဲ႕မထိုက္တန္ေသးပါဘူး"ဟုကေလး၏မိခင္က ေျပာသည္။

အမွဳကိုတန္႔ယန္းျမိဳ႕ရဲစခန္းက (ပ)၉/၂၀၁၈ ရာဇသတ္ၾကီးပုဒ္မ(၃၇၆)အရအမွဳဖြင့္လွစ္ထားေၾကာင္း ၊ တန္႔ယန္းျမိဳ႕တြင္(၂၀၁၂)ခုႏွစ္တြင္တစ္ၾကိမ္ ၊ (၂၀၁၅)ခုႏွစ္တြင္တစ္ၾကိမ္သက္ငယ္ မုဒိမ္းမႈမ်ားျဖစ္ပြားခဲ့ဖူးေၾကာင္း တန္႔ယန္းၿမိဳ႕မရဲစခန္း မွတ္တမ္းအရ သိရသည္။

"ဘာမွမသိနားမလည္ေသးတဲ႔ကေလးေတြကို မုဒိမ္းက်င့္တဲ႕သက္ငယ္မုဒိမ္းမွဳေတြဟာ တျဖည္းျဖည္းနဲ႕ပိုျဖစ္လာတယ္။ဘာေၾကာင့္ပိုျဖစ္လာတာလဲဆိုတာကိုမသိေပမယ့္ ဒီလုပ္ရပ္ဟာလူ႔အသိုင္းအဝိုင္းၾကားမွာလူမဆန္တဲ႕လုပ္ရပ္ပါ။ အျပစ္မဲ႕ကေလးေတြအညႊန္႕ခ်ိဳးခံေနရတဲ႕ဒီလိုျပစ္မွဳေတြကို ထိုက္တန္တဲ႕အျပစ္ေပးမယ္ဆိုရင္ မွတ္ေလာက္သားေလာက္ေအာင္ ေသဒဏ္ကို ခ်ပစ္ေစခ်င္တာ"ဟု တန္႔ယန္းျမိဳ႕ခံတစ္ဦးကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခ်မ္းျမျမၿငိမ္း
The Asia Heart News

#Unicode Version#
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ တန့်ယန်းမြို့ ၊ ရပ်ကွက် (၂)၌ ပြုလုပ်ကျင်းပလျက်ရှိသော ဘုန်းကြီးပျံပွဲခင်းအနီးတွင် ဇန်နဝါရီလ (၁၈)ရက် ည (၇)နာရီကျော်အချိန်ခန့်က လားရှိုးမြို့မှလာရောက်၍ ပွဲဈေးတွင် ဆေးမြစ်စုံရောင်းချသည်ဆိုသော အသက်(၄၀)အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ဦးက တန့်ယန်းမြို့မှအသက် (၁၁) နှစ်အရွယ် လေးတန်းကျောင်းသူလေးတစ်ဦးအား အဓမ္မ ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးမျိုးနိုင်က ယနေ့ဖေဖော်ဝါရီလ ၁၉ ရက်တွင် AHN သို့ပြောသည်။

" မတရားပြုကျင့်ခံခဲ့ရတာဟုတ်ပါတယ်။ ပြုကျင့်ခံရတဲ့ကလေး ဆေးရုံကိုရောက်မှကျွန်တော်တို့သိရတာပါ။ သိသိချင်းဆေးရုံကိုသွားပြီး စုံစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီညမှာပဲ တရားခံကိုဖြစ်နိုင်ချေရှိတဲ့နေရာတွေမှာ ရှာဖွေစုံစမ်းခဲ့ပါတယ်။ မနေ့ (ဖေဖော်ဝါရီ ၁၈ )ညက ကလေးက အော်ပရေးရှင်းခန်းထဲမှာ ဆေးကုသမှုခံယူနေတော့ တရားခံရဲ့ပုံပန်းသဏ္ဌာန်ကိုမေးမြန်းလို့မရသေးတာကြောင့် ဒီနေ့ဖေဖော်ဝါရီ (၁၉)ရက်မနက်ကျမှ သေချာအောင်မေးမြန်းပြီး စုံစမ်းဖော်ထုတ်လိုက်တာတရားခံလို့ယူဆရတဲ့ သံသယရှိသူတစ်ဦးကို ဒီမနက်မှာပဲဖမ်းဆီးရမိခဲ့ပါတယ်။ အခုတော့ စစ်ဆေးဆောင်ရွက်နေဆဲပါ။ သက်ငယ်မုဒိမ်းမှုဖြစ်လို့ ဒီအမှုကိုခရိုင်ရုံးမှာစစ်ဆေးဆောင်ရွက်မှာဖြစ်ပါတယ်" ဟု စခန်းမှူးဒုရဲမှူးမျိုးနိုင်က ပြောသည်။

မတရားပြုကျင့်ခံရသူ မိမိကလေးမှာ လေးတန်းကျောင်းသူတစ်ဦးဖြစ်ကြောင်းဘုန်းကြီးပျံပွဲတွင်ဈေးဆိုင်ဖွင့်ထားသည့်ကလေးမိခင်ကပြောသည်။

“ ကျွန်မရဲ့ တတိယမြောက်ကလေးပါ။ ဆိုင်မှာ မီး လှုံဖို့ ပွဲခင်းနဲ့ သိပ်မဝေးတဲ့ အိမ်ကို ထင်းချောင်းသွားယူခိုင်းတာပါ။ နာရီဝက်လောက်ကြာတော့ကလေးက ပေကျံနေတဲ့ အဝတ် အစားတွေနဲ့ငိုယိုပြီး ပြန်လာပါတယ်။ ဘာလို့ငိုတာလဲလို့ သမီးကိုမေးကြည့်တော့ သမီးက -လူကြီးတစ်ယောက်က ငွေ ၅၀၀၀ပေးမယ်၊ ပစ္စည်းသယ်ကူမလားဟုပြောဆိုပြီးသူ့ကို ဆွဲခေါ်တဲ့အကြောင်း၊သမီးက "မယူဘူး ၊ မသယ်ဘူး" ဟုပြန်ပြောပေမယ့် အဲဒီလူက"မအော်နဲ့ လို့ပြောပြီး သူ့ပါးကိုရိုက်နှက်ကာမနီးမဝေးသောခြုံပုတ်အတွင်းကို ဆွဲခေါ်သွားပြီးသားမယားအဖြစ်ပြုကျင့်ခဲ့တယ်လို့ သမီးကပြန်ပြောပြပါတယ်။ ကလေးရဲ့ လိင်အင်္ဂါမှသွေးများယိုစီးနေတာကိုတွေ့ရလို့ကလေးကို ည ကပဲ ဆေးရုံကိုခေါ်သွားရပါတယ် “ ဟု ၎င်းကပြောသည်။

ကလေးငယ်မှာ ယနေ့၊ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လေးတန်းစာမေးပွဲဖြေရမည်ဖြစ်ကြောင်းလည်းကလေးမိခင်ကပြောသည်။
"ကျွန်မသမီးက လေးတန်းကျောင်းသူပါ။ အမှန်ဆိုဒီနေ့သူစာမေးပွဲဖြေရမယ့်နေ့ပါ။ဒီကိစ္စဖြစ်တော့
သူမဖြေရတော့ဘူး။ဘာမှမသိနားမလည်သေးတဲ့ကလေးကိုမှ မတရားစော်ကားတဲ့လူကို ဖြစ်နိုင်ရင် သေဒဏ်ကိုပေးစေချင်တာပါ။ ကျွန်မသမီးလေးရှေ့ဆက်ရမယ့်ဘဝကအများကြီးကျန်သေးတယ်။သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ။သက်ငယ်မုဒိမ်းဆိုတာမကြာခဏကြားဖူးနေတာအခုတော့ကျွန်မသမီးအလှည့်ဖြစ်လာတယ်။သေဒဏ်ပေးရင်တောင် ကျွန်မသမီးခံရတာနဲ့မထိုက်တန်သေးပါဘူး"ဟုကလေး၏မိခင်က ပြောသည်။

အမှုကိုတန့်ယန်းမြို့ရဲစခန်းက (ပ)၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ(၃၇၆)အရအမှုဖွင့်လှစ်ထားကြောင်း ၊ တန့်ယန်းမြို့တွင်(၂၀၁၂)ခုနှစ်တွင်တစ်ကြိမ် ၊ (၂၀၁၅)ခုနှစ်တွင်တစ်ကြိမ်သက်ငယ် မုဒိမ်းမှုများဖြစ်ပွားခဲ့ဖူးကြောင်း တန့်ယန်းမြို့မရဲစခန်း မှတ်တမ်းအရ သိရသည်။

"ဘာမှမသိနားမလည်သေးတဲ့ကလေးတွေကို မုဒိမ်းကျင့်တဲ့သက်ငယ်မုဒိမ်းမှုတွေဟာ တဖြည်းဖြည်းနဲ့ပိုဖြစ်လာတယ်။ဘာကြောင့်ပိုဖြစ်လာတာလဲဆိုတာကိုမသိပေမယ့် ဒီလုပ်ရပ်ဟာလူ့အသိုင်းအဝိုင်းကြားမှာလူမဆန်တဲ့လုပ်ရပ်ပါ။ အပြစ်မဲ့ကလေးတွေအညွှန့်ချိုးခံနေရတဲ့ဒီလိုပြစ်မှုတွေကို ထိုက်တန်တဲ့အပြစ်ပေးမယ်ဆိုရင် မှတ်လောက်သားလောက်အောင် သေဒဏ်ကို ချပစ်စေချင်တာ"ဟု တန့်ယန်းမြို့ခံတစ်ဦးကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ချမ်းမြမြငြိမ်း
The Asia Heart News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top