×

‘ရန္သူ’႐ုပ္ရွင္ဇာတ္ ကားတြင္ ဗီလိန္ဇာတ္႐ုပ္ျဖစ္ေသာ္လည္း ပရိသတ္မ်ား အသစ္တစ္ခုကို ျမင္ေတြ႕ေစလို၍  လက္ခံ႐ိုက္ကူးျခင္းျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ ဝတ္မႈံေရႊရည္က ေျပာ သည္။

‘‘Tomboy (ေယာက္်ားလ်ာ) ဇာတ္႐ုပ္နဲ႔ပတ္သက္ၿပီး ကစ္ ျပင္ ဆင္မႈက အမ်ားႀကီးပါပဲ။ ခက္ခဲ တယ္။ အလုပ္လည္း႐ႈပ္တယ္။ စီစဥ္ရတာလည္းမ်ားတယ္။ မတူ ဘူးဆိုရင္လည္း ေျပာခံရမယ္ေလ ေနာ္။ အဲဒီေတာ့ အဲဒီကားထဲမွာ တူေအာင္လို႔လည္း အစြမ္းကုန္ ျပင္ဆင္ထားသလို ဒီဇာတ္ကား ထဲက ဆန္းၾကယ္ဆိုတဲ့ ဇာတ္႐ုပ္ က နည္းနည္း ဗီလိန္ဆန္တယ္။ ဗီလိန္ဘက္သြားတယ္။ အဲဒီဇာတ္ ေကာင္အတိုင္းျဖစ္ေအာင္ ႀကိဳး စားေနပါတယ္။ မနက္ျဖန္ ေမၿမိဳ႕ ျပန္ၿပီး သြား႐ိုက္ရမွာပါ’’ဟု ၎ က ေျပာသည္။

ယခင္က Tomboyဇာတ္႐ုပ္ မ်ားစြာ လက္ခံ႐ိုက္ကူးျဖစ္ေသာ္ လည္း ရန္သူဇာတ္ကားကဲ့သို႔ ဗီလိန္ဆန္ေသာ ဇာတ္႐ုပ္မ်ဳိး သ႐ုပ္မေဆာင္ဖူးဟု ဆိုသည္။

ရန္သူဇာတ္ကားကို ဒါ႐ိုက္ တာမီးပြားက ႐ိုက္ကူးၿပီး ေနမင္း၊ ဝတ္မႈံေရႊရည္၊ ေနျခည္ဦး၊ ေမ သန္းႏုႏွင့္ ေမသၪၨာဦးတို႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားသည္။

မၾကာမီ ႐ံုတင္ျပသမည့္ ‘ဇာတိေျမ’ဇာတ္ကား၌ ဂ်ပန္ႏုိင္ငံတြင္  ေမြးဖြားႀကီးျပင္းလာေသာ္လည္း ျမန္မာေသြးပါသူအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားသည္။

‘‘ဂ်ပန္စကားေျပာတဲ့ဆင္းန္ ေတြက ဇာတ္ကားမ႐ိုက္ကူးခင္ ကတည္းက ဂ်ပန္စာသင္ရတယ္။ ၿပီးေတာ့ ဂ်ပန္မွာလည္းေနၿပီး ႐ိုက္ခဲ့ရတယ္။ အခ်ိန္ယူၿပီး ေလ့ လာၿပီးမွ ႐ိုက္ခဲ့တာေပါ့။ ဂ်ပန္ရဲ႕ Culture ေတြ၊ ေျပာပံု၊ ဆိုပံု၊ သြား ပံု၊ လာပံုကအစ ေလ့လာျဖစ္ခဲ့ပါ တယ္။ အမွတ္တရကလည္း အမ်ားႀကီးပါပဲ။ ဂ်ပန္မွာ႐ိုက္လာ ခဲ့တာ ရက္ ၂၀ ေက်ာ္ေလာက္ ၾကာတယ္။ ခက္ခဲတယ္လို႔ ေျပာရ မွာေပါ့။ ကစ္ဘဝမွာ အမွတ္တရ အမ်ားႀကီးရွိတဲ့ ဇာတ္ကားေတြထဲ က တစ္ကားလို႔ ေျပာလို႔ရပါတယ္’’ ဟု ၎ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily
# Unicode Version ျဖင့္ ဖတ္ပါ #
‘ရန်သူ’ရုပ်ရှင်ဇာတ် ကားတွင် ဗီလိန်ဇာတ်ရုပ်ဖြစ်သော်လည်း ပရိသတ်များ အသစ်တစ်ခုကို မြင်တွေ့စေလို၍  လက်ခံရိုက်ကူးခြင်းဖြစ်ကြောင်း သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပြော သည်။

‘‘Tomboy (ယောက်ျားလျာ) ဇာတ်ရုပ်နဲ့ပတ်သက်ပြီး ကစ် ပြင် ဆင်မှုက အများကြီးပါပဲ။ ခက်ခဲ တယ်။ အလုပ်လည်းရှုပ်တယ်။ စီစဉ်ရတာလည်းများတယ်။ မတူ ဘူးဆိုရင်လည်း ပြောခံရမယ်လေ နော်။ အဲဒီတော့ အဲဒီကားထဲမှာ တူအောင်လို့လည်း အစွမ်းကုန် ပြင်ဆင်ထားသလို ဒီဇာတ်ကား ထဲက ဆန်းကြယ်ဆိုတဲ့ ဇာတ်ရုပ် က နည်းနည်း ဗီလိန်ဆန်တယ်။ ဗီလိန်ဘက်သွားတယ်။ အဲဒီဇာတ် ကောင်အတိုင်းဖြစ်အောင် ကြိုး စားနေပါတယ်။ မနက်ဖြန် မေမြို့ ပြန်ပြီး သွားရိုက်ရမှာပါ’’ဟု ၎င်း က ပြောသည်။

ယခင်က Tomboyဇာတ်ရုပ် များစွာ လက်ခံရိုက်ကူးဖြစ်သော် လည်း ရန်သူဇာတ်ကားကဲ့သို့ ဗီလိန်ဆန်သော ဇာတ်ရုပ်မျိုး သရုပ်မဆောင်ဖူးဟု ဆိုသည်။

ရန်သူဇာတ်ကားကို ဒါရိုက် တာမီးပွားက ရိုက်ကူးပြီး နေမင်း၊ ဝတ်မှုံရွှေရည်၊ နေခြည်ဦး၊ မေ သန်းနုနှင့် မေသဉ္ဇာဦးတို့ အဓိက ပါဝင်သရုပ်ဆောင်ထားသည်။

မကြာမီ ရုံတင်ပြသမည့် ‘ဇာတိမြေ’ဇာတ်ကား၌ ဂျပန်နိုင်ငံတွင်  မွေးဖွားကြီးပြင်းလာသော်လည်း မြန်မာသွေးပါသူအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

‘‘ဂျပန်စကားပြောတဲ့ဆင်းန် တွေက ဇာတ်ကားမရိုက်ကူးခင် ကတည်းက ဂျပန်စာသင်ရတယ်။ ပြီးတော့ ဂျပန်မှာလည်းနေပြီး ရိုက်ခဲ့ရတယ်။ အချိန်ယူပြီး လေ့ လာပြီးမှ ရိုက်ခဲ့တာပေါ့။ ဂျပန်ရဲ့ Culture တွေ၊ ပြောပုံ၊ ဆိုပုံ၊ သွား ပုံ၊ လာပုံကအစ လေ့လာဖြစ်ခဲ့ပါ တယ်။ အမှတ်တရကလည်း အများကြီးပါပဲ။ ဂျပန်မှာရိုက်လာ ခဲ့တာ ရက် ၂၀ ကျော်လောက် ကြာတယ်။ ခက်ခဲတယ်လို့ ပြောရ မှာပေါ့။ ကစ်ဘဝမှာ အမှတ်တရ အများကြီးရှိတဲ့ ဇာတ်ကားတွေထဲ က တစ်ကားလို့ ပြောလို့ရပါတယ်’’ ဟု ၎င်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top