×
# Unicode Version ဖြင့် ဖတ်ပါ #
အစာအိမ် ရောင်တဲ့အခါ နာကျင်ပြီး နေရထိုင်ရ ခက်တဲ့အပြင် နောက်ပိုင်းမှာ အစာအိမ်ကင်ဆာအထိ ဖြစ်နိုင်တဲ့အတွက် တတ်နိုင်သလောက် မဖြစ်အောင် ကာကွယ်ရပါမယ်။ အစာအိမ်ရောင်ခြင်းကို ထိရောက်စွာ ကုသနိုင်ဖို့ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
 အဦးဆုံးအနေနဲ့ ဆေးလိပ်ဖြတ်ပြီး အရက်ကို လျှော့သောက်ရပါမယ်။
အစာအိမ် ရောင်စေတတ်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပြီး အစာကို နည်းနည်းနဲ့ မကြာခဏ စားပေးပါ။
စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ပါ။
အကိုက်အခဲ ပျောက်ဆေးတွေ၊ အရောင်ကျဆေးတွေ အသုံးပြုတာကို လျှော့ပါ။
အစာမစားခင် နွယ်ချို စားပေးပါ။ အစာ ကြေစေနိုင်ပါတယ်။ ဒါပေမဲ့ နွယ်ချိုက သွေးတိုးစေနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။
ချင်း (ဂျင်း) စားပေးခြင်းက အစာအိမ်အတွက် ကောင်းပါတယ်။
ရေများများ သောက်ပါ။ (အနည်းဆုံး တစ်နေ့ 8 ဖန်ခွက်)
ဒီအချက်တွေဟာ အစာအိမ်ရောင်ခြင်းကို သက်သာစေနိုင်တဲ့ နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။ စားသောက်နေထိုင်ပုံကို ပြောင်းလဲပြီး ဒီလိုသဘာဝနည်းလမ်းကောင်းများကို ကျင့်သုံးပေးခြင်းဖြင့် အစာအိမ်ရောင်ခြင်းကို မြန်မြန်သက်သာစေနိုင်မှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top