မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ေက်ာက္ကပ္ ေက်ာက္တည္ေသာ ျဖစ္ရပ္မ်ားသည္ အထူးသျဖင့္ အမ်ိဳးသမီးမ်ားၾကား ပုိမ်ားလာေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

ပုိမိုေကာင္းမြန္သည့္ ေရာဂါရွာေဖြေဖာ္ထုတ္ေရးကိရိယာမ်ား ေၾကာင့္ ယင္းကဲ့သုိ႔ ေရာဂါေဖာ္ထုတ္ေတြ႕ရွိမႈ ပုိမ်ားလာျခင္းျဖစ္ႏုိင္္ေၾကာင္း Mayo Clinic မွ သုေတသီမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။ ယခင္က ေက်ာက္ကပ္ေက်ာက္တည္ေနျခင္းကုိ စစ္ေဆးေတြ႕ရွိရန္ မလြယ္ကူေသာ္လည္း ယခုအခါ CT Scan သုံး၍ ေဖာ္ထုတ္ သိရွိႏုိင္ၿပီျဖစ္ေၾကာင္း သုေတသနေခါင္းေဆာင္ ေဒါက္တာအန္ဒ႐ု႐ူးလ္ကေျပာသည္။

၁၉၈၄ ႏွင့္ ၂၀၁၂ ၾကား ပထမဆုံးအႀကိမ္အျဖစ္ ေက်ာက္ကပ္ ထဲ၌ ေက်ာက္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိသူ ၇,၂၀၀ ေက်ာ္၏ ေဆး မွတ္တမ္းမ်ားကုိ သုေတသီမ်ားက ေလ့လာခဲ့သည္။

အထူးသျဖင့္ အသက္(၁၈)ႏွစ္မွ (၃၉)ႏွစ္ၾကား အမ်ိဳးသမီးမ်ားသည္  အမ်ိဳးသားမ်ားထက္ ေက်ာက္ကပ္ေက်ာက္တည္ျခင္း ပုိမုိႀကံဳေတြ႕ရေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။ ယင္း အရြယ္ အမ်ိဳးသမီးမ်ားသည္ ေရာဂါပုိး၀င္ျခင္းေၾကာင့္ျဖစ္ေသာ ေက်ာက္ကပ္ေက်ာက္တည္ျခင္းႏွင့္ ႀကံဳေတြ႕ရမႈမ်ားၿပီး ယင္းမွာ ဆီးလမ္းေၾကာင္း ေရာဂါပုိး၀င္သည့္အေျခအေန ျပင္းထန္မႈေၾကာင့္ျဖစ္ေၾကာင္း သိရသည္။

ဆီးအိမ္၌ ေက်ာက္တည္ျခင္းသည္ ႀကံဳေတြ႕ရမႈနည္းေသာ္ လည္း အမ်ိဳးသားမ်ားတြင္ ပုိ၍အျဖစ္မ်ားေၾကာင္း ေတြ႕ရသည္။

ေက်ာက္ကပ္ေက်ာက္တည္ႏုိင္ေသာ အႏၲရာယ္ရွိသူ၊ ေက်ာက္ကပ္ေက်ာက္တည္ဖူးသူမ်ား ယင္းအေျခအေနႏွင့္ ထပ္မံမႀကံဳေတြ႕ေစေရး ကာကြယ္ရန္ စားေသာက္ပုံအေျပာင္းအလဲလုပ္သင့္ ေၾကာင္း သုေတသီမ်ားကအႀကံျပဳသည္။ ေရပုိေသာက္ျခင္း၊ ဆား စားသုံးမႈေလွ်ာ့ခ်ျခင္း၊ အသားစားသုံးမႈေလွ်ာ့ခ်ျခင္းတို႔ ျပဳလုပ္သင့္သည္ဟု သုေတသီမ်ားကေျပာသည္။

ေက်ာက္ကပ္ေက်ာက္တည္ျခင္းကုိ ေစာစီးစြာေတြ႕ရွိကုသပါ က သက္သာေပ်ာက္ကင္းႏုိင္ၿပီး ေသးငယ္ေသာေက်ာက္မ်ား ဆီးႏွင့္အတူ အလုိအေလ်ာက္ပါသြားႏုိင္သည္။ သုိ႔ေသာ္ ႀကိဳတင္ကာ ကြယ္ျခင္းသည္ အေကာင္းဆုံးျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ကျောက်ကပ် ကျောက်တည်သော ဖြစ်ရပ်များသည် အထူးသဖြင့် အမျိုးသမီးများကြား ပိုများလာကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ပိုမိုကောင်းမွန်သည့် ရောဂါရှာဖွေဖော်ထုတ်ရေးကိရိယာများ ကြောင့် ယင်းကဲ့သို့ ရောဂါဖော်ထုတ်တွေ့ရှိမှု ပိုများလာခြင်းဖြစ်နိုင်ကြောင်း Mayo Clinic မှ သုတေသီများ၏ ဖော်ပြချက်အရ သိရသည်။ ယခင်က ကျောက်ကပ်ကျောက်တည်နေခြင်းကို စစ်ဆေးတွေ့ရှိရန် မလွယ်ကူသော်လည်း ယခုအခါ CT Scan သုံး၍ ဖော်ထုတ် သိရှိနိုင်ပြီဖြစ်ကြောင်း သုတေသနခေါင်းဆောင် ဒေါက်တာအန်ဒရုရူးလ်ကပြောသည်။

၁၉၈၄ နှင့် ၂၀၁၂ ကြား ပထမဆုံးအကြိမ်အဖြစ် ကျောက်ကပ် ထဲ၌ ကျောက်ရှိကြောင်း စစ်ဆေးတွေ့ရှိသူ ၇,၂၀၀ ကျော်၏ ဆေး မှတ်တမ်းများကို သုတေသီများက လေ့လာခဲ့သည်။

အထူးသဖြင့် အသက်(၁၈)နှစ်မှ (၃၉)နှစ်ကြား အမျိုးသမီးများသည်  အမျိုးသားများထက် ကျောက်ကပ်ကျောက်တည်ခြင်း ပိုမိုကြုံတွေ့ရကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။ ယင်း အရွယ် အမျိုးသမီးများသည် ရောဂါပိုးဝင်ခြင်းကြောင့်ဖြစ်သော ကျောက်ကပ်ကျောက်တည်ခြင်းနှင့် ကြုံတွေ့ရမှုများပြီး ယင်းမှာ ဆီးလမ်းကြောင်း ရောဂါပိုးဝင်သည့်အခြေအနေ ပြင်းထန်မှုကြောင့်ဖြစ်ကြောင်း သိရသည်။

ဆီးအိမ်၌ ကျောက်တည်ခြင်းသည် ကြုံတွေ့ရမှုနည်းသော် လည်း အမျိုးသားများတွင် ပို၍အဖြစ်များကြောင်း တွေ့ရသည်။

ကျောက်ကပ်ကျောက်တည်နိုင်သော အန္တရာယ်ရှိသူ၊ ကျောက်ကပ်ကျောက်တည်ဖူးသူများ ယင်းအခြေအနေနှင့် ထပ်မံမကြုံတွေ့စေရေး ကာကွယ်ရန် စားသောက်ပုံအပြောင်းအလဲလုပ်သင့် ကြောင်း သုတေသီများကအကြံပြုသည်။ ရေပိုသောက်ခြင်း၊ ဆား စားသုံးမှုလျှော့ချခြင်း၊ အသားစားသုံးမှုလျှော့ချခြင်းတို့ ပြုလုပ်သင့်သည်ဟု သုတေသီများကပြောသည်။

ကျောက်ကပ်ကျောက်တည်ခြင်းကို စောစီးစွာတွေ့ရှိကုသပါ က သက်သာပျောက်ကင်းနိုင်ပြီး သေးငယ်သောကျောက်များ ဆီးနှင့်အတူ အလိုအလျောက်ပါသွားနိုင်သည်။ သို့သော် ကြိုတင်ကာ ကွယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top