ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ကိုယ္ခႏၶာမွာ ေခြ်းထြက္တဲ့အခါ အနံ႔အသက္ဆိုးရြားျပင္းထန္တဲ့ ခ်ိဳင္း ေခြ်းနံ႔ကို ေလ်ာ့ပါးသက္သာေစဖို႔အတြက္ ခ်ိဳင္းလိမ္းဆီေတြက ေန႔စဥ္သံုးအလွ ကုန္တစ္မ်ိဳးအျဖစ္ တြင္က်ယ္စြာ အသံုး ျပဳလာၾကပါတယ္။ အမ်ိဳးသမီးေတြထက္ အမ်ိဳးသားေတြမွာ ေခြ်းထြက္ပိုမ်ားသလို ေခြ်းနံ႔လည္းပိုျပင္းတာေၾကာင့္ ခ်ိဳင္းလိမ္း ဆီသံုးစြဲသူေတြမွာ အမ်ိဳးသားေတြက ပိုမ်ားပါတယ္။ ခ်ိဳင္းလိမ္းဆီမွာပါရွိတဲ့ ဓာတုပါဝင္ပစၥည္းေတြေၾကာင့္ အမ်ိဳး သားေတြမွာ သုက္ပ်က္စီးထိခိုက္မႈ ရွိ လာႏိုင္တယ္လို႔ ပိုလန္သုေတသနအဖြဲ႕ က ေျပာၾကားခဲ့ပါတယ္။

ႏိုဖာတကၠသိုလ္ ရဲ႕ ဦးေဆာင္သုေတသနပညာရွင္ ဂ်ိအန္ နာဂ်ဴရီဝစ္နဲ႔အဖြဲ႕က အမ်ိဳးသား ၃၂၅ဦးနဲ႔ ေန႔စဥ္သံုးအလွကုန္အမ်ိဳးမ်ိဳးနဲ႔ သုက္ အ ရည္အေသြးစမ္းသပ္ေလ့လာမႈကို ျပဳ လုပ္ခဲ့ရာမွာ ခ်ိဳင္းလိမ္းဆီအသံုးျပဳသူအ မ်ိဳးသားေတြရဲ႕သုက္ပိုးေတြက ပံုသဏၭာန္ ပ်က္ယြင္းခဲ့သလို လႈပ္ရွားမႈေတြလည္း ေႏွးေကြးလာခဲ့တာကို စစ္ေဆးေတြ႕ရွိခဲ့ တာျဖစ္ပါတယ္။ ဘက္တီးရီးယားနဲ႔မိႈေတြ ကို တားဆီးေပးကာ ေခြ်းနံ႔ေပ်ာက္ေစတဲ့ ခ်ိဳင္းလိမ္းဆီမွာပါရွိတဲ့ ပါရာဘင္ေတြနဲ႔ ထိေတြ႕မႈမ်ားသူေတြရဲ႕ ဆီးထဲမွာပါရာ ဘင္ပါရွိမႈ ပမာဏမ်ားလာခဲ့ၿပီး သုက္ပိုး ရဲ႕စြမ္းေဆာင္မႈကို ထိခိုက္ပ်က္စီးေစတာ ျဖစ္တာေၾကာင့္ မမ်ိဳးဥဆီ ထိေရာက္ ေအာင္သြားႏိုင္ျခင္းမရွိဘဲ မ်ိဳးေအာင္ႏိုင္ ေျခက်ဆင္းေစတာေၾကာင့္ သားသမီး ရလိုသူအမ်ိဳးသားေတြအေနနဲ႔ ခ်ိဳင္းလိမ္း ဆီအသံုးျပဳမႈကို ဆင္ျခင္စဥ္းစားသင့္ တယ္လို႔ ေလ့လာမႈမွာမွတ္တမ္း တင္ခဲ့ တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သံသာ
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်ခန္ဓာမှာ ချွေးထွက်တဲ့အခါ အနံ့အသက်ဆိုးရွားပြင်းထန်တဲ့ ချိုင်း ချွေးနံ့ကို လျော့ပါးသက်သာစေဖို့အတွက် ချိုင်းလိမ်းဆီတွေက နေ့စဉ်သုံးအလှ ကုန်တစ်မျိုးအဖြစ် တွင်ကျယ်စွာ အသုံး ပြုလာကြပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ချွေးထွက်ပိုများသလို ချွေးနံ့လည်းပိုပြင်းတာကြောင့် ချိုင်းလိမ်း ဆီသုံးစွဲသူတွေမှာ အမျိုးသားတွေက ပိုများပါတယ်။ ချိုင်းလိမ်းဆီမှာပါရှိတဲ့ ဓာတုပါဝင်ပစ္စည်းတွေကြောင့် အမျိုး သားတွေမှာ သုက်ပျက်စီးထိခိုက်မှု ရှိ လာနိုင်တယ်လို့ ပိုလန်သုတေသနအဖွဲ့ က ပြောကြားခဲ့ပါတယ်။

နိုဖာတက္ကသိုလ် ရဲ့ ဦးဆောင်သုတေသနပညာရှင် ဂျိအန် နာဂျူရီဝစ်နဲ့အဖွဲ့က အမျိုးသား ၃၂၅ဦးနဲ့ နေ့စဉ်သုံးအလှကုန်အမျိုးမျိုးနဲ့ သုက် အ ရည်အသွေးစမ်းသပ်လေ့လာမှုကို ပြု လုပ်ခဲ့ရာမှာ ချိုင်းလိမ်းဆီအသုံးပြုသူအ မျိုးသားတွေရဲ့သုက်ပိုးတွေက ပုံသဏ္ဌာန် ပျက်ယွင်းခဲ့သလို လှုပ်ရှားမှုတွေလည်း နှေးကွေးလာခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ တာဖြစ်ပါတယ်။ ဘက်တီးရီးယားနဲ့မှိုတွေ ကို တားဆီးပေးကာ ချွေးနံ့ပျောက်စေတဲ့ ချိုင်းလိမ်းဆီမှာပါရှိတဲ့ ပါရာဘင်တွေနဲ့ ထိတွေ့မှုများသူတွေရဲ့ ဆီးထဲမှာပါရာ ဘင်ပါရှိမှု ပမာဏများလာခဲ့ပြီး သုက်ပိုး ရဲ့စွမ်းဆောင်မှုကို ထိခိုက်ပျက်စီးစေတာ ဖြစ်တာကြောင့် မမျိုးဥဆီ ထိရောက် အောင်သွားနိုင်ခြင်းမရှိဘဲ မျိုးအောင်နိုင် ခြေကျဆင်းစေတာကြောင့် သားသမီး ရလိုသူအမျိုးသားတွေအနေနဲ့ ချိုင်းလိမ်း ဆီအသုံးပြုမှုကို ဆင်ခြင်စဉ်းစားသင့် တယ်လို့ လေ့လာမှုမှာမှတ်တမ်း တင်ခဲ့ တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သံသာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top