၂၀၂၀ ခုနှစ်တွင် သိန်း ၂၇၀၀ မဖြစ်လျှင် ငွေပြန်အမ်းမည့် Sanchaung Garden ကွန်ဒိုအရောင်းပြပွဲ
×
source – buzzy
Credit: millionlike
# Unicode Version ဖြင့် ဖတ်ပါ #
မီလီလျံပေါင်းများစွာသော အမျိုးသမီးတွေနေ့တိုင်း လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါးလုပ်ခံနေရပါတယ်။ ထိုအမျိုးသမီးတွေထဲမှ ၇ဝရာခိုင်နှုန်းဟာ ကြောက်ရွံထိတ်လန့်ပြီး တိုင်တန်း၊ အကြောင်းကြားတာမျိုးတွေမလုပ်ခဲ့ဘူး။ နောက်ပိုင်း ပိုပြီးစက်ဆုပ်ရွံရှာဖွယ်ကောင်းလာတာက လေးစားထိုက်တဲ့ဆရာတွေ ကျောင်းသူတွေအပေါ် အခွင့်ရေးယူလာခြင်းပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်တွေကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေလည်း စာဖတ်သူတွေကြည့်ပြီးလောက်မှာပါ။
အခုဖြစ်စဉ်တော့ တကယ့်အပြင်က စီစီတီဗီမှတ်တမ်းကနေ ရရှိထားတဲ့ သက်သေတစ်ခုပဲဖြစ်ပါတယ်။ Gabriel René Moreno တက္ကသိုလ်မှ  ပါမောက္ခတစ်ယောက် ကျောင်းသူလေးကို အတင်းအဓမ္မာ နမ်းရှိုက်ခဲ့တဲ့ ဗီဒီယိုပါ။
အစပိုင်းမှာ စာလုပ်နေတဲ့ကျောင်းသူလေးကို ဘေးနားကနေ ရုတ်တရက်နမ်းလိုက်တယ်။ ကျောင်းသူလေးက အတင်းရုန်းပေမယ့် ယောကျ်ားအားနဲ့ဆို ဘယ်ယှဉ်နိုင်မှာလဲ..။ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး သူမစာကို ဆက်ဖတ်နေပေမယ့် တစ်အောင့်ကြာတော့ ဟိုလူကြီးက မထိန်းနိုင်ဘဲ ရွံ့ရှာစရာကောင်းအောင် ထပ်နမ်းတယ်။ ကောင်မလေးမှာ ဝမ်းနည်း စိတ်ပျက်ပြီး အော်လည်းမအော်ရဲ ၊ မျက်ရည်ပဲကျနိုင်ခဲ့တယ်။
နောက်တော့ လူယုတ်မာကြီးက ကျောင်းသူလေးကို ပိုက်ဆံထုတ်ပေးလိုက်တယ်။ ကျောင်းသူလေးကို နှုတ်ပိတ်နေလားတော့မသိ အစက ပိုက်ဆံကိုယူဖို့ငြင်းဆန်ပေမယ့် ယူလိုက်ရတယ်။ ကျောင်းသူလေးကတော့ ဆက်ပြီး စာအုပ်တွေကို လှန်လှောနေတာပါပဲ။ အခု သူ့ရဲ့ဗီဒီယိုဖိုင်လည်း ပျံနှံ့နေပြီဆိုတော့ သက်ဆိုင်ရာတွေက မှန်ကန်စွာနဲ့ပဲ အရေးယူဆောင်ရွက်သွားမယ်လို့သိရပါတယ်။
source – buzzy
ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top