ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေတာင္ၾကီးျမိဳ႕ ေက်ာင္းၾကီးစုရပ္ကြက္ ရွိ တထာဂတသာ၀က ေတာရကမၼဌာန္းေက်ာင္းသုိ႕ လာေရာက္လည္ပတ္ရင္း ေက်ာင္းအေနာက္ဘက္ကပ္လ်က္ရွိေနအိမ္္မွ တံခါးအား ဖ်က္ဆီးကာ ပစၥည္းမ်ားခိုးယူရန္ၾကံစည္သူ ေဇာ္ထြန္းဦး(အသက္၃၅ႏွစ္) အား ေတာရေက်ာင္းထိုင္ဘုန္းၾကီးႏွင္႔ကပၸိယတုိ႕က ၾကိဳးျဖင္႔တုပ္ျပီး သစ္ကိုင္း၊ေၾကးစည္တုတ္တုိ႕ျဖင္႔ ရုိက္ႏွက္ရာမွ ေသဆံုးမႈျဖစ္ေပၚခဲ႔ေၾကာင္း သတင္းရရွိခဲ႔သည္။

ေဖေဖာ္၀ါရီလ၂၁ရက္ မနက္၉နာရီအခ်ိန္က ေဇာ္ထြန္းဦး(ကံသာရပ္ကြက္ေနသူ)သည္ အဆိုပါဘုန္းၾကီးေက်ာင္းသို႕ အလည္ေရာက္ရွိေနရာမွ ေဒၚစႏၵာေဌး ဆိုသူ၏ ေနအိမ္တံခါးကို ဖ်က္ဆီးျပီး ပစၥည္းခိုးယူရန္ၾကံစည္ေနသည္ကို ေတာရေက်ာင္းးထုိင္ဘုန္းၾကီးႏွင္႔ ကပၸိယတုိ႕ကေတြ႕ရွိခဲ႔သည္ဟုဆိုသည္။ သုိ႕ျဖစ္ရာ ေဇာ္ထြန္းဦးအား ေက်ာင္းထုိင္ဘုန္းၾကီးျဖစ္သူ ဦးနႏၵပတိႏွင္႔ ကပၸိယစုိင္း၀ဏၰတုိ႕က ေက်ာင္းအတြင္းေခၚေဆာင္ျပီး လက္ႏွစ္ဖက္အား ၀ါယာၾကိဳးျဖင္႔တုပ္ေႏွာင္ကာ အရွည္၄ေပခန္႕ရွည္ျပီးလံုးပတ္၁လကၼခြဲခန္႔ရွိ ခ်ယ္ရီသစ္ကိုင္းအစို တစ္ေခ်ာင္းႏွင္႔ အရွည္၂ေပ ခန္႕ လံုးပတ္ ၃လက္မခန္႕ရွိ ေၾကးစည္ထုသည္႔တုတ္တို႕ျဖင္႔ ရိုက္ႏွက္ခဲ႔သည္။ ထုိသုိ႕ရုိက္ႏွက္ေနခဲ႔သည္ကိုလည္း ဘုန္းၾကီးေက်ာင္း အနီးေနသူ ၂ဦးက ေတြ႕ျမင္ေၾကာင္း စံုစမ္းသိရွိရသည္။

ထုိသုိ႕ရိုက္ႏွက္ေနရာ ေန႕လည္ ၃နာရီခန္႕တြင္ ေဇာ္ထြန္းဦးသည္ ဒဏ္ရာမ်ားျဖင္႔ လဲက်သြားရာမွ ေသဆံုးခဲ႔ျခင္းျဖစ္ေၾကာင္း သက္ဆိုင္ရာက စစ္ေဆးသိရွိရသျဖင္႔ ျပစ္မႈက်ဴးလြန္သူ၂ဦးအား ေတာင္ၾကီးျမိဳ႕မရဲစခန္းမွ ရာဇသတ္ၾကီးပုဒ္မ ၂၉၅-က/၃၀၂/၁၁၄ အရ အမႈဖြင္႔ေဆာင္ရြက္လ်က္ရွိသည္ဟုသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ရှိ တထာဂတသာဝက တောရကမ္မဌာန်းကျောင်းသို့ လာရောက်လည်ပတ်ရင်း ကျောင်းအနောက်ဘက်ကပ်လျက်ရှိနေအိမ်မှ တံခါးအား ဖျက်ဆီးကာ ပစ္စည်းများခိုးယူရန်ကြံစည်သူ ဇော်ထွန်းဦး(အသက်၃၅နှစ်) အား တောရကျောင်းထိုင်ဘုန်းကြီးနှင့်ကပ္ပိယတို့က ကြိုးဖြင့်တုပ်ပြီး သစ်ကိုင်း၊ကြေးစည်တုတ်တို့ဖြင့် ရိုက်နှက်ရာမှ သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိခဲ့သည်။

ဖေဖော်ဝါရီလ၂၁ရက် မနက်၉နာရီအချိန်က ဇော်ထွန်းဦး(ကံသာရပ်ကွက်နေသူ)သည် အဆိုပါဘုန်းကြီးကျောင်းသို့ အလည်ရောက်ရှိနေရာမှ ဒေါ်စန္ဒာဌေး ဆိုသူ၏ နေအိမ်တံခါးကို ဖျက်ဆီးပြီး ပစ္စည်းခိုးယူရန်ကြံစည်နေသည်ကို တောရကျောင်းးထိုင်ဘုန်းကြီးနှင့် ကပ္ပိယတို့ကတွေ့ရှိခဲ့သည်ဟုဆိုသည်။ သို့ဖြစ်ရာ ဇော်ထွန်းဦးအား ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ ဦးနန္ဒပတိနှင့် ကပ္ပိယစိုင်းဝဏ္ဏတို့က ကျောင်းအတွင်းခေါ်ဆောင်ပြီး လက်နှစ်ဖက်အား ဝါယာကြိုးဖြင့်တုပ်နှောင်ကာ အရှည်၄ပေခန့်ရှည်ပြီးလုံးပတ်၁လက္မခွဲခန့်ရှိ ချယ်ရီသစ်ကိုင်းအစို တစ်ချောင်းနှင့် အရှည်၂ပေ ခန့် လုံးပတ် ၃လက်မခန့်ရှိ ကြေးစည်ထုသည့်တုတ်တို့ဖြင့် ရိုက်နှက်ခဲ့သည်။ ထိုသို့ရိုက်နှက်နေခဲ့သည်ကိုလည်း ဘုန်းကြီးကျောင်း အနီးနေသူ ၂ဦးက တွေ့မြင်ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့ရိုက်နှက်နေရာ နေ့လည် ၃နာရီခန့်တွင် ဇော်ထွန်းဦးသည် ဒဏ်ရာများဖြင့် လဲကျသွားရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက စစ်ဆေးသိရှိရသဖြင့် ပြစ်မှုကျူးလွန်သူ၂ဦးအား တောင်ကြီးမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၉၅-က/၃၀၂/၁၁၄ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်ဟုသိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top