မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ပရိသတ္ေလ်ာ႔မွာစိုးလို႔ ေယာက်ၤားမရွိဘူးလို႔ ဟန္မေဆာင္ခဲ႔ဘူး ႏိုင္ငံေရးအရ ဖမ္းခံထိမွာစိုးလို႔ အက်ဥ္းရုံးပဲ လက္ထပ္ခဲ႔တာ ၾကာျပီးလို႔ဝန္ခံလိုက္တဲ႔ပန္ဆယ္လို

ခက္ေတာ့တာပဲေဖ့စ္ဘုတ္မွာ ကိုယ့္ရဲ႕ Personal အခ်က္အလက္ေတြအေၾကာင္း ေျပာစရာလိုလိမ့္မယ္ ကိုယ္တစ္ခါမွ မထင္ခဲ့ဘူး။
အရမ္းစိတ္ဝင္တစား ဖြေနၾကေတာ့လည္း ေျပာရဦးေပမေပါ့။

ကိုယ္နဲ႔ ကိုယ့္ခ်စ္သူက ၂၀၀၉ ေဖေဖာ္ဝါရီ၁၄ရက္ေန႔ကတည္းက ရည္းစားစျဖစ္ခဲ့ၾကတယ္။
အခု Feb 14ဆိုရင္ ရည္းစားသက္တမ္း ၉ႏွစ္တိတိရွိၿပီ။
ကိုယ့္အသက္ ၁၇ႏွစ္ကတည္းက ခ်စ္သူေတြ။
အခု ကိုယ့္အသက္ ၂၆ႏွစ္၊ သူက ၃၃ႏွစ္။
(အမေလးသန္းေခါင္စာရင္းစစ္တာ က်ေနတာပဲ။
ကိုယ္ရည္းစားထားတဲ့ကိစၥလည္း ေျပာျပေနရတယ္)

ကိုယ္နဲ႔ ကိုယ့္ခ်စ္သူက ရည္းစားသက္တမ္း ၃ႏွစ္ေက်ာ္ကတည္းက လက္ထပ္ဖို႔ ႀကိဳးစားခဲ့ၾကတာ။
ဟိုဖက္မိဘ ဒီဖက္မိဘကလည္း သိတယ္။ ၾကည္ျဖဴတယ္။ သူဆို ကိုယ့္အိမ္မွာ စားအိမ္ေသာက္အိမ္။
အၿမဲ အဲ့လိုပဲ ေနလာတာ။ ဒါေပမယ့္ အိမ္ေထာင္ျပဳရင္ ကိုယ္ပိုင္အိမ္ေလးနဲ႔ တစ္အိုးတစ္အိမ္ေနၾကဖို႔ ေငြစုရင္း
လက္မထပ္ျဖစ္ၾကေသးဘူး။

ရည္းစားသက္တမ္းငါးႏွစ္ေက်ာ္မွာ သူနဲ႔ကိုယ္နဲ႔ စိတ္သေဘာထား မတိုက္ဆိုင္လို႔ ခ်စ္သူအျဖစ္က ခဏခြဲေနၾကတယ္။
ဒါေပမယ့္ မိဘေတြေတာင္ ကိုယ္တို႔လမ္းခြဲၿပီး သူငယ္ခ်င္းလိုေနတာ မသိဘူး။ ကိုယ္နဲ႔သူကလည္း သူငယ္ခ်င္းေတြလိုပဲ တရင္းတႏွီး ေနၾကတာကိုး။

တစ္ႏွစ္ေက်ာ္ႏွစ္ႏွစ္ေလာက္ သူငယ္ခ်င္းေတြလို ေနၿပီး ေနာက္ပိုင္း သူကလည္း သူ႔အတြက္ ကိုယ္မရွိလို႔ မျဖစ္၊ ကိုယ္ကလည္း ကိုယ့္အတြက္ သူမရွိလို႔ မျဖစ္တာေၾကာင့္ ကိုယ္တို႔ ျပန္လက္တြဲခဲ့ၾကတယ္။ဘဝမွာ အခ်စ္ကို စသိခဲ့ခ်ိန္ ငယ္ငယ္ကတည္းက အခုအရြယ္ထိ သူ ကိုယ့္နားမွာ အၿမဲ ရွိခဲ့တာ။အေၾကာင္းမတိုက္ဆိုင္လို႔ လမ္းခြဲခဲ့ခ်ိန္ခဏမွာေတာင္ ကိုယ္ဟာ သူ႔အရိပ္ေအာက္က ဘယ္မွ ထြက္မသြားခဲ့တဲ့သူ။

ခင္ဗ်ားတို႔ အခု စိတ္ဝင္စားေနတဲ့ ဓါတ္ပံုေတြကိစၥေပါ့။
မွန္တယ္အဲ့ပံုထဲက လူဟာ သူပဲ။
အဲ့အရင္ CCSဖြခဲ့တဲ့ ေပတိေပစုတ္ ေကာင္ေလးနဲ႔ ေကာင္မေလးပံုထဲကလည္း သူပဲ။
အခုထိ ကိုယ့္နားရွိေနတာလည္း သူပဲ။
အဲ့ဒါ ဘာမ်ားထူးဆန္းလို႔ပါလဲ။

ကြ်န္မက လင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာင္းေနလို႔ ဆိုရင္လည္း တစ္မ်ိဳးေပါ့။
အဲ့ဒါ ကြ်န္မလင္ေလ… အဲ့တစ္ေယာက္ပဲ ရွိတာ။
အရင္တုန္းကလည္း ဒါပဲ
အခုလည္း ဒါပဲ။
သူကလည္း ကြ်န္မကို ခ်စ္တယ္
ကြ်န္မကလည္း သူ႔ကို ခ်စ္တယ္။
ကြ်န္မတို႔ႏွစ္ေယာက္ၾကားမွာ ဖံုးကြယ္ထားစရာ ရွက္စရာကိစၥမရွိဘူး။

အပ်ိဳလုပ္တယ္ ေယာက္်ားမရွိဟန္ေဆာင္တယ္ဆိုလို႔
ေမးပါရေစဦး။
ကြ်န္မက လင္ရွိတယ္ဆိုတာနဲ႔ အားေပးသူ ယုတ္ေလ်ာ့သြားရေအာင္ ဇာတ္မင္းသမီးမို႔လား။
ကြ်န္မက စာေရးသူေလကြ်န္မစာေတြဖတ္ေနတဲ့လူက ကြ်န္မေယာက္်ားရွိတာ မရွိတာ
ကြ်န္မ စာဖတ္သူေတြနဲ႔ ဘာမွ မသက္ဆိုင္ဘူး။

ကြ်န္မတို႔ လက္ထပ္ၾကမယ့္ အခ်ိန္မွာ ကြ်န္မ ဘယ္သူဆိုတာ ဘယ္သူ႔ကိုမွ ခ်မျပရေသးဘူး။
ဒါေပမယ့္ သိတဲ့ ဒီမိုအသိုင္းအဝိုင္းကေတာ့ သိတယ္။
မဂၤလာႀကီးႀကီးက်ယ္က်ယ္ေဆာင္လိုက္ရင္ မဖိတ္လို႔မေကာင္း၊ ဖိတ္တဲ့အခါ ဘူးအေပါက္တစ္ရာ ပိတ္လို႔ရတယ္၊ ပါးစပ္တစ္ေပါက္ပိတ္လို႔မရဘူးဆိုတဲ့ စကားအတိုင္း လူသိသြားၿပီး (အဲ့ေခတ္က ကြ်န္မကို ႏိုင္ငံေရးေၾကာင့္ ဘယ္လိုဖမ္းခ်င္လဲ မွတ္မိၾကမွာပါ)
အႏၲရာယ္ရွိမွာ စိုးရတာေၾကာင့္
ခ်စ္သူကို နားလည္ေအာင္ ေျပာျပၿပီး ေဆြမ်ိဳးေတြနဲ႔ပဲ အက်ဥ္းရံုး ဆြမ္းေကြ်းေလး လုပ္ခဲ့တယ္။

ကြ်န္မရဲ႕ ပန္ဆယ္လိုဆိုတဲ့ ဘဝအတြက္ ကြ်န္မခ်စ္သူဆီက ေတာင္းခံခဲ့ရတဲ့ နားလည္မႈေတြ အမ်ားႀကီး။
ကြ်န္မတို႔ရဲ႕ သာမန္လူငယ္ဘဝေပ်ာက္ဆံုးခဲ့ရတယ္။
အတူသြားတဲ့ပံုေတြ မတင္ျဖစ္ခဲ့ဘူး။
သာမန္ထက္ ဘာမွ မရဘဲ သာမန္လူေတြလို မေနခဲ့ရဘူး။
မဂၤလာေဆာင္ခါနီးမွာမွ (ခ်စ္သမီးကိစၥ၊ ၾကက္ဖႀကီးကိစၥ)ေတြနဲ႔ ကြ်န္မမွာ မိန္းမတန္မဲ့ ဟိုေျပးဒီေရွာင္ရင္း
ခ်စ္သူကို နားလည္ေအာင္ေျဖာင္းဖ်ၿပီး
တင့္တင့္တယ္တယ္ လက္ထပ္ႏိုင္ခဲ့သားနဲ႔ အက်ဥ္းရံုးေလး ေက်နပ္ခဲ့ရတယ္။
ကြ်န္မေတာင္းဆိုသမွ် လိုက္ေလ်ာေပးခဲ့တဲ့
အက်ဥ္းရံုးပြဲကို လက္ခံေပးခဲ့တဲ့ ကြ်န္မခ်စ္သူကို ကြ်န္မအရမ္းေက်းဇူးတင္တယ္။

ကြ်န္မအေနနဲ႔ ကြ်န္မရဲ႕ ခ်စ္သူကိုမွ မဟုတ္ဘူး
ကြ်န္မရဲ႕ အေဖ၊ အေမ၊ ညီမ စတဲ့ မိသားစုဝင္အားလံုးကို ေဖ့စ္ဘုတ္ေပၚ မတင္ခဲ့ပါဘူး။
သူတို႔ ကြ်န္မအတြက္ စိတ္က်ဥ္းၾကပ္မွာ ကြ်န္မ မလိုလားဘူး။
ဒါေၾကာင့္ သူတို႔ပံုေတြကို ကြ်န္မ မတင္ခဲ့ဘူး။
ဒါေလးပဲ ရွိတယ္။
ကြ်န္မ Marital Status ကို ေမးတိုင္း လင္ရွိတယ္လို႔ပဲ ျပန္ေျပာခဲ့တာ။

ကြ်န္မတို႔ မၾကာခင္မွာ မဂၤလာဧည့္ခံပြဲေလး က်င္းပဖို႔ စီစဥ္ထားၿပီးသားပါ။
ကြ်န္မတို႔ မဖိတ္လိုက္ရတဲ့ မိတ္ေဆြသဂၤဟေတြကို ဖိတ္ၿပီး ဧည့္ခံပြဲေလး က်င္းပဖို႔ ရွိတယ္။
ဒါကလည္း ကြ်န္မရဲ႕ ဖမ္းမလား ဆီးမလား စတဲ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၾကန္႔ၾကာေနခဲ့တာ။
ကြ်န္မတို႔က တရားဝင္ ခ်စ္ခ်စ္ခင္ခင္ လက္ထပ္ယူခဲ့တာ။ တရားရံုးမွာ လက္ထပ္တယ္။
ေဆြမ်ိဳးေတြနဲ႔ မဂၤလာဆြမ္းေကြ်းတယ္။
ဧည့္ခံပြဲေလး က်င္းပမယ္။
ကဲအဲ့ဒါ ဘာမွားေနလို႔လဲ။
ဘာျပႆနာရွိလို႔လဲ။

မဂၤလာဆြမ္းေႂကြးတဲ့ပံုေလ
အိပ္ရာထဲက 18+ပံုလည္း မဟုတ္ဘူး။
ကြ်န္မကေရာ ဘယ္သူလဲ ခ်မျပခင္အခ်ိန္က ကိစၥကို
ကြ်န္မအိမ္ေထာင္ဖက္ကို တိုက္ခိုက္ခံၿပီး အစက ျပန္တင္ရမွာလား။
ဒါမွမဟုတ္ ရွင္တို႔ကို ဒါကြ်န္မလင္ပါဆိုၿပီး နတ္ျပသလို ျပရမွာလား။

ေနရာတကာ ခ်ီးပါေသးေပါက္က အစေတာ့
ကြ်န္မ ေဖ့စ္ဘုတ္ေပၚ တင္ေလ့မရွိဘူး။
ကြ်န္မေနရာမွာ ဘယ္သူမဆို ဒီအတိုင္းပဲ ရပ္တည္ၾကမွာပဲ။ ရပ္တည္ရမွာပဲ။

ကိုယ္ရဲ႕ ေအာက္တန္းက်တဲ့ စိတ္ဓါတ္နဲ႔ ႏႈိင္းၿပီး
ကြ်န္မကို တံဆိပ္ေတြ လာမကပ္ၾကစမ္းပါနဲ႔။
ကြ်န္မ ဘဝမွာ ဘာမွ မဟုတ္တာ မလုပ္ခဲ့ဘူး။
အခ်စ္ေရးကိစၥမွာလည္း ပံုမွန္ထက္ကို ရွင္းရွင္းလင္းလင္း ေနထိုင္ခဲ့တယ္။
အိမ္ေထာင္ေရးမွာလည္း တည္တည္ၿငိမ္ၿငိမ္သာသာယာယာနဲ႔ ရွိေနတယ္။
ကြ်န္မမွာ ပန္ဆယ္လိုဆိုတဲ့ Virtual Lifeအတြက္
အခုလို ဆံုးရွံဳးခဲ့ရတာေတြကလြဲရင္ ကြ်န္မဘဝမွာ
အ႐ိုးရွင္းဆံုး ရွင္သန္ခဲ့တယ္။

ကြ်န္မရဲ႕ Personal ကိစၥေတြကို အထူးအေထြ ေျပာစရာလိုတယ္ မထင္ပါဘူး။
ေျဖရွင္းလိုက္လို႔လည္း ဖြမယ့္သူက ဖြမွာပါပဲ။
ဒါေပမယ့္ ကြ်န္မကို ခ်စ္ခင္ၾကတဲ့ မိတ္ေဆြေတြအတြက္ ကြ်န္မဘယ္တုန္းကမွ မလိမ္ညာခဲ့ေၾကာင္း သိေစခ်င္တာပါ။

ၿငိမ္းခ်မ္းေသာ ညေလး ျဖစ္ပါေစ။

Credit – ပန္ဆယ္လို

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်လျော့မှာစိုးလို့ ယောင်္ကျားမရှိဘူးလို့ ဟန်မဆောင်ခဲ့ဘူး နိုင်ငံရေးအရ ဖမ်းခံထိမှာစိုးလို့ အကျဉ်းရုံးပဲ လက်ထပ်ခဲ့တာ ကြာပြီးလို့ဝန်ခံလိုက်တဲ့ပန်ဆယ်လို

ခက်တော့တာပဲဖေ့စ်ဘုတ်မှာ ကိုယ့်ရဲ့ Personal အချက်အလက်တွေအကြောင်း ပြောစရာလိုလိမ့်မယ် ကိုယ်တစ်ခါမှ မထင်ခဲ့ဘူး။
အရမ်းစိတ်ဝင်တစား ဖွနေကြတော့လည်း ပြောရဦးပေမပေါ့။

ကိုယ်နဲ့ ကိုယ့်ချစ်သူက ၂၀၀၉ ဖေဖော်ဝါရီ၁၄ရက်နေ့ကတည်းက ရည်းစားစဖြစ်ခဲ့ကြတယ်။
အခု Feb 14ဆိုရင် ရည်းစားသက်တမ်း ၉နှစ်တိတိရှိပြီ။
ကိုယ့်အသက် ၁၇နှစ်ကတည်းက ချစ်သူတွေ။
အခု ကိုယ့်အသက် ၂၆နှစ်၊ သူက ၃၃နှစ်။
(အမလေးသန်းခေါင်စာရင်းစစ်တာ ကျနေတာပဲ။
ကိုယ်ရည်းစားထားတဲ့ကိစ္စလည်း ပြောပြနေရတယ်)

ကိုယ်နဲ့ ကိုယ့်ချစ်သူက ရည်းစားသက်တမ်း ၃နှစ်ကျော်ကတည်းက လက်ထပ်ဖို့ ကြိုးစားခဲ့ကြတာ။
ဟိုဖက်မိဘ ဒီဖက်မိဘကလည်း သိတယ်။ ကြည်ဖြူတယ်။ သူဆို ကိုယ့်အိမ်မှာ စားအိမ်သောက်အိမ်။
အမြဲ အဲ့လိုပဲ နေလာတာ။ ဒါပေမယ့် အိမ်ထောင်ပြုရင် ကိုယ်ပိုင်အိမ်လေးနဲ့ တစ်အိုးတစ်အိမ်နေကြဖို့ ငွေစုရင်း
လက်မထပ်ဖြစ်ကြသေးဘူး။

ရည်းစားသက်တမ်းငါးနှစ်ကျော်မှာ သူနဲ့ကိုယ်နဲ့ စိတ်သဘောထား မတိုက်ဆိုင်လို့ ချစ်သူအဖြစ်က ခဏခွဲနေကြတယ်။
ဒါပေမယ့် မိဘတွေတောင် ကိုယ်တို့လမ်းခွဲပြီး သူငယ်ချင်းလိုနေတာ မသိဘူး။ ကိုယ်နဲ့သူကလည်း သူငယ်ချင်းတွေလိုပဲ တရင်းတနှီး နေကြတာကိုး။

တစ်နှစ်ကျော်နှစ်နှစ်လောက် သူငယ်ချင်းတွေလို နေပြီး နောက်ပိုင်း သူကလည်း သူ့အတွက် ကိုယ်မရှိလို့ မဖြစ်၊ ကိုယ်ကလည်း ကိုယ့်အတွက် သူမရှိလို့ မဖြစ်တာကြောင့် ကိုယ်တို့ ပြန်လက်တွဲခဲ့ကြတယ်။ဘဝမှာ အချစ်ကို စသိခဲ့ချိန် ငယ်ငယ်ကတည်းက အခုအရွယ်ထိ သူ ကိုယ့်နားမှာ အမြဲ ရှိခဲ့တာ။အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ချိန်ခဏမှာတောင် ကိုယ်ဟာ သူ့အရိပ်အောက်က ဘယ်မှ ထွက်မသွားခဲ့တဲ့သူ။

ခင်ဗျားတို့ အခု စိတ်ဝင်စားနေတဲ့ ဓါတ်ပုံတွေကိစ္စပေါ့။
မှန်တယ်အဲ့ပုံထဲက လူဟာ သူပဲ။
အဲ့အရင် CCSဖွခဲ့တဲ့ ပေတိပေစုတ် ကောင်လေးနဲ့ ကောင်မလေးပုံထဲကလည်း သူပဲ။
အခုထိ ကိုယ့်နားရှိနေတာလည်း သူပဲ။
အဲ့ဒါ ဘာများထူးဆန်းလို့ပါလဲ။

ကျွန်မက လင်တွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေလို့ ဆိုရင်လည်း တစ်မျိုးပေါ့။
အဲ့ဒါ ကျွန်မလင်လေ… အဲ့တစ်ယောက်ပဲ ရှိတာ။
အရင်တုန်းကလည်း ဒါပဲ
အခုလည်း ဒါပဲ။
သူကလည်း ကျွန်မကို ချစ်တယ်
ကျွန်မကလည်း သူ့ကို ချစ်တယ်။
ကျွန်မတို့နှစ်ယောက်ကြားမှာ ဖုံးကွယ်ထားစရာ ရှက်စရာကိစ္စမရှိဘူး။

အပျိုလုပ်တယ် ယောက်ျားမရှိဟန်ဆောင်တယ်ဆိုလို့
မေးပါရစေဦး။
ကျွန်မက လင်ရှိတယ်ဆိုတာနဲ့ အားပေးသူ ယုတ်လျော့သွားရအောင် ဇာတ်မင်းသမီးမို့လား။
ကျွန်မက စာရေးသူလေကျွန်မစာတွေဖတ်နေတဲ့လူက ကျွန်မယောက်ျားရှိတာ မရှိတာ
ကျွန်မ စာဖတ်သူတွေနဲ့ ဘာမှ မသက်ဆိုင်ဘူး။

ကျွန်မတို့ လက်ထပ်ကြမယ့် အချိန်မှာ ကျွန်မ ဘယ်သူဆိုတာ ဘယ်သူ့ကိုမှ ချမပြရသေးဘူး။
ဒါပေမယ့် သိတဲ့ ဒီမိုအသိုင်းအဝိုင်းကတော့ သိတယ်။
မင်္ဂလာကြီးကြီးကျယ်ကျယ်ဆောင်လိုက်ရင် မဖိတ်လို့မကောင်း၊ ဖိတ်တဲ့အခါ ဘူးအပေါက်တစ်ရာ ပိတ်လို့ရတယ်၊ ပါးစပ်တစ်ပေါက်ပိတ်လို့မရဘူးဆိုတဲ့ စကားအတိုင်း လူသိသွားပြီး (အဲ့ခေတ်က ကျွန်မကို နိုင်ငံရေးကြောင့် ဘယ်လိုဖမ်းချင်လဲ မှတ်မိကြမှာပါ)
အန္တရာယ်ရှိမှာ စိုးရတာကြောင့်
ချစ်သူကို နားလည်အောင် ပြောပြပြီး ဆွေမျိုးတွေနဲ့ပဲ အကျဉ်းရုံး ဆွမ်းကျွေးလေး လုပ်ခဲ့တယ်။

ကျွန်မရဲ့ ပန်ဆယ်လိုဆိုတဲ့ ဘဝအတွက် ကျွန်မချစ်သူဆီက တောင်းခံခဲ့ရတဲ့ နားလည်မှုတွေ အများကြီး။
ကျွန်မတို့ရဲ့ သာမန်လူငယ်ဘဝပျောက်ဆုံးခဲ့ရတယ်။
အတူသွားတဲ့ပုံတွေ မတင်ဖြစ်ခဲ့ဘူး။
သာမန်ထက် ဘာမှ မရဘဲ သာမန်လူတွေလို မနေခဲ့ရဘူး။
မင်္ဂလာဆောင်ခါနီးမှာမှ (ချစ်သမီးကိစ္စ၊ ကြက်ဖကြီးကိစ္စ)တွေနဲ့ ကျွန်မမှာ မိန်းမတန်မဲ့ ဟိုပြေးဒီရှောင်ရင်း
ချစ်သူကို နားလည်အောင်ဖြောင်းဖျပြီး
တင့်တင့်တယ်တယ် လက်ထပ်နိုင်ခဲ့သားနဲ့ အကျဉ်းရုံးလေး ကျေနပ်ခဲ့ရတယ်။
ကျွန်မတောင်းဆိုသမျှ လိုက်လျောပေးခဲ့တဲ့
အကျဉ်းရုံးပွဲကို လက်ခံပေးခဲ့တဲ့ ကျွန်မချစ်သူကို ကျွန်မအရမ်းကျေးဇူးတင်တယ်။

ကျွန်မအနေနဲ့ ကျွန်မရဲ့ ချစ်သူကိုမှ မဟုတ်ဘူး
ကျွန်မရဲ့ အဖေ၊ အမေ၊ ညီမ စတဲ့ မိသားစုဝင်အားလုံးကို ဖေ့စ်ဘုတ်ပေါ် မတင်ခဲ့ပါဘူး။
သူတို့ ကျွန်မအတွက် စိတ်ကျဉ်းကြပ်မှာ ကျွန်မ မလိုလားဘူး။
ဒါကြောင့် သူတို့ပုံတွေကို ကျွန်မ မတင်ခဲ့ဘူး။
ဒါလေးပဲ ရှိတယ်။
ကျွန်မ Marital Status ကို မေးတိုင်း လင်ရှိတယ်လို့ပဲ ပြန်ပြောခဲ့တာ။

ကျွန်မတို့ မကြာခင်မှာ မင်္ဂလာဧည့်ခံပွဲလေး ကျင်းပဖို့ စီစဉ်ထားပြီးသားပါ။
ကျွန်မတို့ မဖိတ်လိုက်ရတဲ့ မိတ်ဆွေသင်္ဂဟတွေကို ဖိတ်ပြီး ဧည့်ခံပွဲလေး ကျင်းပဖို့ ရှိတယ်။
ဒါကလည်း ကျွန်မရဲ့ ဖမ်းမလား ဆီးမလား စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့တာ။
ကျွန်မတို့က တရားဝင် ချစ်ချစ်ခင်ခင် လက်ထပ်ယူခဲ့တာ။ တရားရုံးမှာ လက်ထပ်တယ်။
ဆွေမျိုးတွေနဲ့ မင်္ဂလာဆွမ်းကျွေးတယ်။
ဧည့်ခံပွဲလေး ကျင်းပမယ်။
ကဲအဲ့ဒါ ဘာမှားနေလို့လဲ။
ဘာပြဿနာရှိလို့လဲ။

မင်္ဂလာဆွမ်းကြွေးတဲ့ပုံလေ
အိပ်ရာထဲက 18+ပုံလည်း မဟုတ်ဘူး။
ကျွန်မကရော ဘယ်သူလဲ ချမပြခင်အချိန်က ကိစ္စကို
ကျွန်မအိမ်ထောင်ဖက်ကို တိုက်ခိုက်ခံပြီး အစက ပြန်တင်ရမှာလား။
ဒါမှမဟုတ် ရှင်တို့ကို ဒါကျွန်မလင်ပါဆိုပြီး နတ်ပြသလို ပြရမှာလား။

နေရာတကာ ချီးပါသေးပေါက်က အစတော့
ကျွန်မ ဖေ့စ်ဘုတ်ပေါ် တင်လေ့မရှိဘူး။
ကျွန်မနေရာမှာ ဘယ်သူမဆို ဒီအတိုင်းပဲ ရပ်တည်ကြမှာပဲ။ ရပ်တည်ရမှာပဲ။

ကိုယ်ရဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်နဲ့ နှိုင်းပြီး
ကျွန်မကို တံဆိပ်တွေ လာမကပ်ကြစမ်းပါနဲ့။
ကျွန်မ ဘဝမှာ ဘာမှ မဟုတ်တာ မလုပ်ခဲ့ဘူး။
အချစ်ရေးကိစ္စမှာလည်း ပုံမှန်ထက်ကို ရှင်းရှင်းလင်းလင်း နေထိုင်ခဲ့တယ်။
အိမ်ထောင်ရေးမှာလည်း တည်တည်ငြိမ်ငြိမ်သာသာယာယာနဲ့ ရှိနေတယ်။
ကျွန်မမှာ ပန်ဆယ်လိုဆိုတဲ့ Virtual Lifeအတွက်
အခုလို ဆုံးရှုံးခဲ့ရတာတွေကလွဲရင် ကျွန်မဘဝမှာ
အရိုးရှင်းဆုံး ရှင်သန်ခဲ့တယ်။

ကျွန်မရဲ့ Personal ကိစ္စတွေကို အထူးအထွေ ပြောစရာလိုတယ် မထင်ပါဘူး။
ဖြေရှင်းလိုက်လို့လည်း ဖွမယ့်သူက ဖွမှာပါပဲ။
ဒါပေမယ့် ကျွန်မကို ချစ်ခင်ကြတဲ့ မိတ်ဆွေတွေအတွက် ကျွန်မဘယ်တုန်းကမှ မလိမ်ညာခဲ့ကြောင်း သိစေချင်တာပါ။

ငြိမ်းချမ်းသော ညလေး ဖြစ်ပါစေ။

Credit – ပန်ဆယ်လို

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top