ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×





မိုးသောကြာ

# Unicode Version ဖြင့် ဖတ်ပါ #
ကောက်ရပြီး ရိုးသားစွာ”နာရေး”အိမ်ကိုသွားပြန်ပေးထားတဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့ မြစ်သားမြို့က ညီငယ်လေးရဲ့ပုံပါ။ရိုးသားတဲ့ညီလေးကြောင့်မြစ်သားမြို့သူသားတွေကိုကျွန်တော်ပိုချစ်သွားပါပြီ။ကျွန်တော်ဒီညီလေးကိုကိုယ်တိုင်သွားရောက်တွေ့ဆုံပြီးဂုဏ်ပြုပေးပါမယ်။ရိုးသားတဲ့ညီလေးရဲ့အကျင့်စာရိတ္တ၊ ဖြူစင်ကြတဲ့သူတို့ရဲ့မိသားစုလေးကို ကြည့်ပြီး ကျွန်တော် အလွန်ပဲလေးစားအထင်ကြီး မိပါတယ်။

ရတနာသုံးပါးအမြဲဦးထိပ်ထားတဲ့ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊ ပစ္စည်းမှန်လို့ပြန်ရတယ်ဆိုပေမဲ့ ရိုးသားစွာပြန်လည်အပ်နှံပေးတဲ့ ညီငယ်လေးရဲ့ ဖြူစင်တဲ့စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကောင်းမွန်သောကြောင့်လည်ကောင်း၊မေတ္တာစစ်၊မေတ္တာမှန် နဲ့ ဇနီးသည်ရဲ့ မွေးနေ့လက်ဆောင် အမှတ်တရ ပစ္စည်းလေးဖြစ်နေတာကတစ်ကြောင်း၊စိတ်ရင်းစေတနာအမှန်နဲ့ ဆုတောင်းပေးကြတဲ့ကျွန်တော်မိတ်ဆွေများရဲ့မေတ္တာတွေကြောင့် ၂၄နာရီ မပြည့်ခင်မှာပဲ ကျွန်တော်ရင်ထိုးလေးပြန်လည်တွေ့ရှိခဲ့ရပါပြီ။

စိန်ရင်ထိုးလေးကောက်ရပြီးရိုးသားစွာပြန်လည်အပ်နှံပေးတဲ့ ညီငယ်လေးရဲ့ အမည်နဲ့အလုပ်ကတော့ကိုဟိန်းဇော်စိုး(ဘ)ဦမျိုးလှိုင်+ဒေါ်ခင်မြဦး၊ 7starဆန်စက်အလုပ်သမား၊အလုပ်သမားခေါင်းဆောင်ဦးမောင်လွင်+ဒေါ်မြင့်မြင့်သန်းနှင့်အဖွဲ့၊ရှမ်းပွဲကွက်သစ်၊ မြစ်သားမြို့။ရိုးသားတဲ့ညီငယ်လေးရဲ့အကျင့်စာရိတ္တကို အများသိအောင် အားပေးဂုဏ်ပြုလိုက်ကြရအောင်လားဗျာ။(မကြာခင် မြစ်သားမြို့မှာရှိတဲ့ ရိုးသားတဲ့ ညီငယ်လေးကိုသွားရောက်တွေ့စုံဂုဏ်ပြုကျေးဇူးဆပ်ခြင်းအားထပ်မံတင်ပြပေးပါမယ်)

ဇော်မိုး ပိုင်အိုးနီးယား ၁၁၅

မိုးသောကြာ

ဖိုးသူတော် (www.phothutaw.com)
Credit: Sinphyutaw| Facebook
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top