×

ဘုရားဂုဏ္ေတာ္ကို စြဲျမဲစြာ ဆင္ျခင္ပြားမ်ားသည္႐ွိေသာ္
ေအာက္ပါအက်ိဳးေက်းဇူးမ်ား မုခ်မေသြ ရ႐ွိႏိုင္ပါသည္။

၁. ျမတ္စြာဘုရားအေပၚ ကိုင္းၫြတ္ေသာစိတ္ အျမဲ႐ွိလာ
ျခင္း။

၂. ယံုၾကည္မႈ ေလးနက္လာျခင္း။

၃. သတိပို၍ ေကာင္းလာျခင္း။

၄. ပညာဥာဏ္ ထက္ျမတ္လာျခင္း။

၅. ေကာင္းမႈတိုးပြားလာျခင္း။

၆. စိတ္ညစ္မႈ ကင္းၿပီး ႏွစ္သက္ၾကည္ႏူးစြာ ေနရျခင္း။

၇. ေၾကာက္ရြံ႔ ထိတ္လန္႔ဖြယ္ ၾကံဳရလ်ွင္ မေၾကာက္မလန္႔
စိတ္တည္တံ့ျခင္း။

၈. မေတာ္တဆ ဆင္းရဲဒုကၡ ေတြ႔ရလ်ွင္ သည္းခံႏိုင္ရည္
႐ွိျခင္း။

၉. ျမတ္စြာဘုရားႏွင့္ အတူေနရဘိသကဲ့သို႔ စိတ္တြင္ ထင္
မွတ္လ်က္ ႐ွိျခင္း။

၁၀. ဗုဒၶါႏုႆတိ ဘာ၀နာအစြမ္းေၾကာင့္ မိမိကိုယ္သည္ ေစတီထိုက္၍ သူတပါးတို႔၏ ပူေဇာ္မႈ ခ်ီးေျမႇာက္မႈကို ေကာင္းစြာ ခံယူႏိုင္ျခင္း။

၁၁. မိမိစိတ္သည္ သမၼာသေမၺာဓိဥာဏ္၌ ကိုင္းၫြတ္လာ
ျခင္း..။

၁၂. မေကာင္းမႈ့ကို က်ဴးလြန္ရန္ ပက္ပင္းၾကံဳရေသာအခါမ်ိဳး
တြင္ မိမိကိုယ္ကို ေကာင္းစြာ ေစာင့္စည္း ထိန္းသိမ္းႏိုင္ျခင္း။

၁၃. ေသလ်ွင္ အပါယ္ေလးပါးမွ ကင္း၍ လူ႔ျပည္ နတ္ရပ္
ေကာင္းျမတ္ေသာ သုဂတိဘံု သုဂတိဘ၀ကို ရ႐ွိျခင္း
စသည္တို႔ ျဖစ္ေလသည္။

စာႂကြင္း

သမၼာသေမၺာဓိဥာဏ္ = မေဖာက္မျပန္ ကိုယ္တိုင္ ထိုးထြင္း သိ႐ွိေသာ ဥာဏ္ေတာ္
( ၀ါ ) ဘုရားဥာဏ္ေတာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dhammasarpay
# Unicode Version ျဖင့္ ဖတ္ပါ #
ဘုရားဂုဏ်တော်ကို စွဲမြဲစွာ ဆင်ခြင်ပွားများသည်ရှိသော်
အောက်ပါအကျိုးကျေးဇူးများ မုချမသွေ ရရှိနိုင်ပါသည်။

၁. မြတ်စွာဘုရားအပေါ် ကိုင်းညွတ်သောစိတ် အမြဲရှိလာ
ခြင်း။

၂. ယုံကြည်မှု လေးနက်လာခြင်း။

၃. သတိပို၍ ကောင်းလာခြင်း။

၄. ပညာဉာဏ် ထက်မြတ်လာခြင်း။

၅. ကောင်းမှုတိုးပွားလာခြင်း။

၆. စိတ်ညစ်မှု ကင်းပြီး နှစ်သက်ကြည်နူးစွာ နေရခြင်း။

၇. ကြောက်ရွံ့ ထိတ်လန့်ဖွယ် ကြုံရလျှင် မကြောက်မလန့်
စိတ်တည်တံ့ခြင်း။

၈. မတော်တဆ ဆင်းရဲဒုက္ခ တွေ့ရလျှင် သည်းခံနိုင်ရည်
ရှိခြင်း။

၉. မြတ်စွာဘုရားနှင့် အတူနေရဘိသကဲ့သို့ စိတ်တွင် ထင်
မှတ်လျက် ရှိခြင်း။

၁၀. ဗုဒ္ဓါနုဿတိ ဘာဝနာအစွမ်းကြောင့် မိမိကိုယ်သည် စေတီထိုက်၍ သူတပါးတို့၏ ပူဇော်မှု ချီးမြှောက်မှုကို ကောင်းစွာ ခံယူနိုင်ခြင်း။

၁၁. မိမိစိတ်သည် သမ္မာသမ္ဗောဓိဉာဏ်၌ ကိုင်းညွတ်လာ
ခြင်း..။

၁၂. မကောင်းမှု့ကို ကျူးလွန်ရန် ပက်ပင်းကြုံရသောအခါမျိုး
တွင် မိမိကိုယ်ကို ကောင်းစွာ စောင့်စည်း ထိန်းသိမ်းနိုင်ခြင်း။

၁၃. သေလျှင် အပါယ်လေးပါးမှ ကင်း၍ လူ့ပြည် နတ်ရပ်
ကောင်းမြတ်သော သုဂတိဘုံ သုဂတိဘဝကို ရရှိခြင်း
စသည်တို့ ဖြစ်လေသည်။

စာကြွင်း

သမ္မာသမ္ဗောဓိဉာဏ် = မဖောက်မပြန် ကိုယ်တိုင် ထိုးထွင်း သိရှိသော ဉာဏ်တော်
( ဝါ ) ဘုရားဉာဏ်တော်။

ဖိုးသူတော် (www.phothutaw.com)
Credit: dhammasarpay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top