မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

၂၀၁၈ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔ ၁၄၃၀ အခ်ိန္ တပ္ကုန္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးကားလမ္းေဟာင္း မိုင္တိုင္(၂၇၃/၃-၄)ၾကား ကိုေက်ာ္စိုး (ေရႊမိတၱကုန္တင္ ယာဥ္လိုင္း ပိုင္ရွင္)၏ ယာေျမ အတြင္းရွိ လူမေနသည့္တဲအတြင္း အသက္(၉)ႏွစ္ခန္႔ မိန္းကေလး ၁ ဦး ေသဆုံးေနေၾကာင္း သတင္းအရ တပ္ကုန္းၿမိဳ႕မရဲစခန္းမွူးႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ားမွ သြားေရာက္ စစ္ေဆးရာ မxxxxx(၉)ႏွစ္ အား လည္ပင္းတြင္ မိန္းမသုံးပုဝါ ရစ္ပတ္လ်က္ လၽွာထြက္၊ ပါးစပ္၊ ႏွာေခါင္းေသြးထြက္ ဒဏ္ရာမ်ား ျဖင့္ ေသဆုံးေနၿပီး တဲအေနာက္ဘက္အခန္း၌ ေရသန္႔ဗူးခြံမ်ား ထည့္ထားသည့္ ဆာလာအိတ္ ၂ အိတ္ပါ မိန္းမစီး စက္ဘီး ၁ စီးေတြ႕ရွိ၍ မxxxxx၏ အေလာင္း အား တပ္ကုန္း ျပည္သူ႔ေဆး႐ုံသို႔ ပို႔အပ္ခဲ့ပါသည္။

၁၆၄၅ အခ်ိန္တြင္ ဦးေမာင္ေဝ(၅၇)ႏွစ္ (ေသဆုံးသူ၏ဖခင္)မွ တိုင္တန္း၍ တပ္ကုန္းၿမိဳ႕မရဲစခန္း (ပ)၄၄/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မွု)ျဖင့္ အမွုဖြင့္ စုံစမ္းခဲ့ ရာ တပ္ကုန္းၿမိဳ႕အထြက္ ေအးရွားေဝါလ္ တိုးဂိတ္ရွိ CCTV မွတ္တမ္းႏွင့္ အျခားစုံစမ္းခ်က္မ်ား အရ ေသဆုံးသူ မxxxxxႏွင့္ ကိုပို(ခ) တင္ေရႊ(၄၃)ႏွစ္တို႔သည္ ေရသန္႔ဗူးခြံမ်ား ေကာက္ရန္ စက္ဘီးကိုယ္စီျဖင့္ ေရွာက္ကုန္းေက်းရြာဘက္သို႔ ထြက္ခြာသြားေၾကာင္း သိရွိရ၍ ကိုပို(ခ) တင္ေရႊအား တပ္ကုန္းၿမိဳ႕မရဲစခန္းသို႔ ေခၚေဆာင္စစ္ေမးခဲ့ရာ မxxxxxအား အခင္းျဖစ္ တဲအတြင္းသို႔ ေရသန္႔ဗူးခြံဝင္ေကာက္မည္ဟု ေခ်ာ့ေမာ့ေျပာဆိုကာ ေခၚေဆာင္ခဲ့ၿပီး သားမယား ျပဳက်င့္ရန္ ႀကိဳးစားစဥ္ မxxxxxမွာ ေအာ္ဟစ္ငိုယိုေနသျဖင့္ မေအာ္နိုင္ရန္ လည္ပင္းအား ညႇစ္စဥ္ ေသဆုံးသြား၍ အနီးတြင္ေတြ႕ရွိသည့္ ဇာပုဝါျဖင့္ မxxxxx လည္ပင္းအား ခ်ည္ေႏွာင္ထားခဲ့ေၾကာင္း ထြက္ဆို သျဖင့္ ဥပေဒႏွင့္အညီ တရားစြဲတင္ပို႔ရန္ စီစဥ္ထားရွိေၾကာင္း သတင္း ရရွိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၄၃၀ အချိန် တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်(၂၇၃/၃-၄)ကြား ကိုကျော်စိုး (ရွှေမိတ္တကုန်တင် ယာဉ်လိုင်း ပိုင်ရှင်)၏ ယာမြေ အတွင်းရှိ လူမနေသည့်တဲအတွင်း အသက်(၉)နှစ်ခန့် မိန်းကလေး ၁ ဦး သေဆုံးနေကြောင်း သတင်းအရ တပ်ကုန်းမြို့မရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် များမှ သွားရောက် စစ်ဆေးရာ မxxxxx(၉)နှစ် အား လည်ပင်းတွင် မိန်းမသုံးပုဝါ ရစ်ပတ်လျက် လျှာထွက်၊ ပါးစပ်၊ နှာခေါင်းသွေးထွက် ဒဏ်ရာများ ဖြင့် သေဆုံးနေပြီး တဲအနောက်ဘက်အခန်း၌ ရေသန့်ဗူးခွံများ ထည့်ထားသည့် ဆာလာအိတ် ၂ အိတ်ပါ မိန်းမစီး စက်ဘီး ၁ စီးတွေ့ရှိ၍ မxxxxx၏ အလောင်း အား တပ်ကုန်း ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပါသည်။

၁၆၄၅ အချိန်တွင် ဦးမောင်ဝေ(၅၇)နှစ် (သေဆုံးသူ၏ဖခင်)မှ တိုင်တန်း၍ တပ်ကုန်းမြို့မရဲစခန်း (ပ)၄၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ ရာ တပ်ကုန်းမြို့အထွက် အေးရှားဝေါလ် တိုးဂိတ်ရှိ CCTV မှတ်တမ်းနှင့် အခြားစုံစမ်းချက်များ အရ သေဆုံးသူ မxxxxxနှင့် ကိုပို(ခ) တင်ရွှေ(၄၃)နှစ်တို့သည် ရေသန့်ဗူးခွံများ ကောက်ရန် စက်ဘီးကိုယ်စီဖြင့် ရှောက်ကုန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရ၍ ကိုပို(ခ) တင်ရွှေအား တပ်ကုန်းမြို့မရဲစခန်းသို့ ခေါ်ဆောင်စစ်မေးခဲ့ရာ မxxxxxအား အခင်းဖြစ် တဲအတွင်းသို့ ရေသန့်ဗူးခွံဝင်ကောက်မည်ဟု ချော့မော့ပြောဆိုကာ ခေါ်ဆောင်ခဲ့ပြီး သားမယား ပြုကျင့်ရန် ကြိုးစားစဉ် မxxxxxမှာ အော်ဟစ်ငိုယိုနေသဖြင့် မအော်နိုင်ရန် လည်ပင်းအား ညှစ်စဉ် သေဆုံးသွား၍ အနီးတွင်တွေ့ရှိသည့် ဇာပုဝါဖြင့် မxxxxx လည်ပင်းအား ချည်နှောင်ထားခဲ့ကြောင်း ထွက်ဆို သဖြင့် ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် စီစဉ်ထားရှိကြောင်း သတင်း ရရှိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top