ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Credit: hlataw
#Unicode Version#
လူမှုကွန်ယက် အွန်လိုင်းပေါ်မှာ နာမည်ကြီးခဲ့တဲ့ ဇီးလေးဇီးလေး သီချင်းကို သီဆိုထားသူ မတ်တဲယိုဟာ မြန်မာပြည်ကိုလာပြီး ဖျော်ဖြေမယ်လို့ သိရပါတယ်။ ဇီးလေးဇီလေး သီချင်းဟာ ပေ့ါပေါ့ပါးပါးနဲ့ နာမည်ကြီးခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ပြောစမတ်ပြုလောက်အောင် လူသိများခဲ့တာ ဖြစ်ပါတယ်။
မကြာခင် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပမယ့် ဘယ်လာ အလှကုန်ပစ္စည်းရဲ့ ဖျော်ဖြေပွဲတွေမှာ အဆိုတော် ပနာမာကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာပရိတ်သတ်တွေအနေနဲ့ အရမ်းနာမည်ကြီးတဲ့ ဇီးလေးဇီလေး သီချင်းဟာ ယူကျုမှလည်း ကြည့်ရှုသူ သန်း ၆ဝ ကျော်ရှိခဲ့တာကို တွေ့ရပါတယ်။
၂ဝ၁၃ ခုနှစ်တည်းက ထွက်ပေါ်ခဲ့တဲ့ အီတလီအဆိုတော် မတ်တဲယိုရဲ့ ပနာမာသီချင်းဟာ ခုနောက်ပိုင်းမှ အွန်လိုင်းမှာ လူတွေကြိုက်နေကြတာ ဖြစ်ပါတယ်။ ဘယ်လာရဲ့ မန္တလေး ဖျော်ဖြေပွဲကိုတော့ လာမည့် ဧပြီလ ၆ ရက်နေ့မှာ ဂိုးလ်းဒင်းစီးတီး အီးဗင့်ပါခ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top