စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ကြ်န္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြ ထမင္းဟင္းခ်က္ရင္ ဆီကိုေဖာေဖာသီသီ ထည့္ခ်က္တတ္ၾကပါတယ္။ စီးပြားေရးေကာင္းတဲ့ မိသားစုတစ္ခုရဲ႕ ထမင္းဝိုင္းကို ၾကည့္လိုက္ရင္ ဆီျပန္ဟင္း (၂) မ်ိဳး၊ (၃) မ်ိဳးေတာ့ ပါဝင္ေနတတ္ပါတယ္။ ၾကြယ္ဝမႈကိုေဖာ္ျပတဲ့ ျမန္မာ့႐ိုးရာစကားပံုတစ္ခုမွာလည္း "ဆီကိုေရခ်ိဳး၊ ေဆး႐ိုးမီးလႈံ၊ စပါးေတာင္လိုပံု" ဆိုတဲ့အတိုင္း ဆီကိုေဖာေဖာသီသီ အသံုးျပဳတတ္ၾကတဲ့ လူူမ်ိဳးဆိုတာ သိသာေနပါတယ္။

အဲဒီထဲမွာ စားအုန္းဆီအသံုးျပဳမႈက အျမင့္မားဆံုးထဲမွာပါဝင္ေနပါတယ္။ စားအုန္းဆီမွာ က်န္းမာေရးကို အေထာက္အကူ ျပဳေစႏိုင္တဲ့ ေကာင္းက်ိဳးေလးေတြ႐ွိသလို ေဘးထြက္ဆိုးက်ိဳးေလးေတြလည္း ေဖာေဖာသီသီ ႐ွိေနပါတယ္။ အဲဒါေတြကေတာ့....

၁။ ဝမ္းေလွ်ာမယ္

စားအုန္းဆီဟာ ခႏၶာကိုယ္တြင္းမွာ ဘက္တီးရီးယားေတြကို တိုက္ခိုက္မႈကို တာဝန္ယူလုပ္ေဆာင္ပါတယ္။ အဲဒီလို ဘက္တီးရီးယားေတြကုိ တိုက္ခိုက္ေခ်မႈန္းလိုက္တဲ့ လုပ္ေဆာင္မႈက ယာယီေဘးထြက္ ဆိုးက်ိဳးအခ်ိဳ႕ကို ျဖစ္ေစႏိုင္ပါတယ္။ အဲဒီထဲကတစ္ခုကေတာ့ ဝမ္းေလွ်ာျခင္းပါပဲ။ စားအုန္းဆီပါဝင္မႈ မ်ားျပားတဲ့ အစားအစာေတြကို စားမိရင္ ဝမ္းေလွ်ာေစႏိုင္ေပမဲ့ တခ်ိဳ႕ေတြက ဆီကိုအျပစ္မတင္မိဘဲ အစားအစာေၾကာင့္ ဝမ္းေလွ်ာတယ္လို႔ ထင္မိတတ္ၾကပါတယ္။

၂။ ဝက္ျခံေပါက္မယ္

အဆီျပန္တဲ့ အသားအေရပိုင္႐ွင္ေတြမွာ ပိုအျဖစ္မ်ားပါတယ္။ အုန္းသီးထဲမွာပါဝင္တဲ့ ေလာ္ရစ္အက္ဆစ္ဟာ ဘက္တီးရီးယားေတြကို ေခ်မႈန္းေပးႏိုင္တယ္ဆိုုတာက အဆီမျပန္တဲ့ အသားအေရ ပိုင္႐ွင္ေတြအတြက္ျဖစ္ၿပီး အဆီျပန္တ့ဲ အသားအေရပိုင္႐ွင္ေတြကေတာ့ အေရျပားေပၚမွာ အဆီပိုေတြစုလာၿပီး ဝက္ျခံေတြအမ်ားႀကီး ပိုထြက္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္ မိမိမွာ အဆီျပန္တတ္တဲ့ အသားအေရ႐ွိတယ္ဆိုရင္ စားအုန္းဆီအစား တျခားဆီေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။

၃။ ကိုလက္စ္ထေရာမ်ားလာမယ္

ဟားဗတ္ေဆးတကၠသိုလ္ရဲ႕ သုေတသနတစ္ခုအရ စားအုန္းဆီဟာ သံလြင္ဆီတို႔၊ ပဲပိစပ္ဆီတို႔လို ဟင္းသီးဟင္း႐ြက္ ဆီေတြေလာက္ က်န္းမာေရးနဲ႔ မညီညြတ္ပါဘူးတဲ့။ ဘာလို႔လဲဆိုေတာ့ ကိုလက္စ္ထေရာ ပမာဏလည္း ျမင့္မားလို႔ပါပဲ။ စားအုန္းဆီဟာ ခႏၶာကိုယ္ထဲမွာ IDL လို႔ေခၚတ့ဲ မေကာင္းတဲ့ ကိုလက္စ္ထေရာေတြ မ်ားျပားလာေစႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ စားအုန္းဆီထဲမွာ ပါဝင္တဲ့ ျပည့္ဝအဆီဓာတ္က တျခားဆီေတြထက္စာရင္ ပိုမိုျမင့္မားပါတယ္။ ဒါက ေရ႐ွည္မွာ ႏွလံုးက်န္းမာေရးကို ထိခိုက္ေစႏိုင္ပါတယ္။

၄။ အလာ့ဂ်စ္ထေစႏိုင္တယ္

စားအုန္းဆီဟာ တခ်ိဳ႕ထိလြယ္႐ွလြယ္တဲ့ အေရျပားပိုင္႐ွင္ေတြမွာ အလာ့ဂ်စ္ထေစႏိုင္ပါတယ္။ အလာ့ဂ်စ္လကၡဏာေတြထဲမွာ ေခါင္းမူးျခင္း၊ အေရျပားနီရဲၿပီး ယားယံျခင္း၊ ႏွင္းခူနာေပါက္ျခင္း၊ ေအာ့အန္ျခင္းနဲ႔ အသက္႐ွဴရခက္ခဲျခင္းေတြ ပါဝင္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္မွာစားအုန္းဆီ အလာ့ဂ်စ္႐ွိေနၿပီလို႔ သိၿပီဆိုရင္ ေခ်ာကလက္တို႔၊ ကိတ္မုန္႔တို႔၊ ႐ုပ္႐ွင္႐ံုေတြမွာေရာင္းတဲ့ ေထာပတ္ေပါက္ေပါက္တို႔ကို စားသံုးျခင္းကို ေ႐ွာင္႐ွားပါ။

၅။ ေခါင္းကိုက္ေစႏိုင္တယ္

တစ္ခါတေလက်ရင္ အလုပ္လုပ္ေနရင္း ေခါင္းကိုက္ေခါင္းခဲလာရင္း အလုပ္စိတ္ဖိစီးမႈကိုပဲ အျပစ္တင္မိတတ္ၾကပါတယ္။ တကယ္တမ္းက်ေတာ့ ေခါင္းကိုက္ေခါင္းခဲျခင္းကို ျဖစ္ေစတဲ့ထဲမွာ စားအုန္းဆီလည္း ပါဝင္ေနႏိုင္ပါတယ္။ စားအုန္းဆီထဲက medium-chain ဖက္တီးအက္ဆစ္ဟာ ခႏၶာကိုယ္ထဲက မႈိေရာဂါေတြကို တိုက္ဖ်က္ေပးႏိုင္ၿပီး ေသြးစီးဆင္းမႈထဲမွာ မႈိေရာဂါပိုးေတြ ပါလာတဲ့အခါ ေခါင္းကိုက္ေခါင္းခဲျခင္းကို ျဖစ္ေစႏိုင္တာပါ။

Source: Stylecraze

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကျွန်တော်တို့ မြန်မာလူမျိုးတွေ ထမင်းဟင်းချက်ရင် ဆီကိုဖောဖောသီသီ ထည့်ချက်တတ်ကြပါတယ်။ စီးပွားရေးကောင်းတဲ့ မိသားစုတစ်ခုရဲ့ ထမင်းဝိုင်းကို ကြည့်လိုက်ရင် ဆီပြန်ဟင်း (၂) မျိုး၊ (၃) မျိုးတော့ ပါဝင်နေတတ်ပါတယ်။ ကြွယ်ဝမှုကိုဖော်ပြတဲ့ မြန်မာ့ရိုးရာစကားပုံတစ်ခုမှာလည်း "ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ" ဆိုတဲ့အတိုင်း ဆီကိုဖောဖောသီသီ အသုံးပြုတတ်ကြတဲ့ လူူမျိုးဆိုတာ သိသာနေပါတယ်။

အဲဒီထဲမှာ စားအုန်းဆီအသုံးပြုမှုက အမြင့်မားဆုံးထဲမှာပါဝင်နေပါတယ်။ စားအုန်းဆီမှာ ကျန်းမာရေးကို အထောက်အကူ ပြုစေနိုင်တဲ့ ကောင်းကျိုးလေးတွေရှိသလို ဘေးထွက်ဆိုးကျိုးလေးတွေလည်း ဖောဖောသီသီ ရှိနေပါတယ်။ အဲဒါတွေကတော့....

၁။ ဝမ်းလျှောမယ်

စားအုန်းဆီဟာ ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားတွေကို တိုက်ခိုက်မှုကို တာဝန်ယူလုပ်ဆောင်ပါတယ်။ အဲဒီလို ဘက်တီးရီးယားတွေကို တိုက်ခိုက်ချေမှုန်းလိုက်တဲ့ လုပ်ဆောင်မှုက ယာယီဘေးထွက် ဆိုးကျိုးအချို့ကို ဖြစ်စေနိုင်ပါတယ်။ အဲဒီထဲကတစ်ခုကတော့ ဝမ်းလျှောခြင်းပါပဲ။ စားအုန်းဆီပါဝင်မှု များပြားတဲ့ အစားအစာတွေကို စားမိရင် ဝမ်းလျှောစေနိုင်ပေမဲ့ တချို့တွေက ဆီကိုအပြစ်မတင်မိဘဲ အစားအစာကြောင့် ဝမ်းလျှောတယ်လို့ ထင်မိတတ်ကြပါတယ်။

၂။ ဝက်ခြံပေါက်မယ်

အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေမှာ ပိုအဖြစ်များပါတယ်။ အုန်းသီးထဲမှာပါဝင်တဲ့ လော်ရစ်အက်ဆစ်ဟာ ဘက်တီးရီးယားတွေကို ချေမှုန်းပေးနိုင်တယ်ဆိုုတာက အဆီမပြန်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက်ဖြစ်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေကတော့ အရေပြားပေါ်မှာ အဆီပိုတွေစုလာပြီး ဝက်ခြံတွေအများကြီး ပိုထွက်လာစေနိုင်ပါတယ်။ ဒါကြောင့် မိမိမှာ အဆီပြန်တတ်တဲ့ အသားအရေရှိတယ်ဆိုရင် စားအုန်းဆီအစား တခြားဆီတွေကို ရွေးချယ်သင့်ပါတယ်။

၃။ ကိုလက်စ်ထရောများလာမယ်

ဟားဗတ်ဆေးတက္ကသိုလ်ရဲ့ သုတေသနတစ်ခုအရ စားအုန်းဆီဟာ သံလွင်ဆီတို့၊ ပဲပိစပ်ဆီတို့လို ဟင်းသီးဟင်းရွက် ဆီတွေလောက် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူးတဲ့။ ဘာလို့လဲဆိုတော့ ကိုလက်စ်ထရော ပမာဏလည်း မြင့်မားလို့ပါပဲ။ စားအုန်းဆီဟာ ခန္ဓာကိုယ်ထဲမှာ IDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စ်ထရောတွေ များပြားလာစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ စားအုန်းဆီထဲမှာ ပါဝင်တဲ့ ပြည့်ဝအဆီဓာတ်က တခြားဆီတွေထက်စာရင် ပိုမိုမြင့်မားပါတယ်။ ဒါက ရေရှည်မှာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၄။ အလာ့ဂျစ်ထစေနိုင်တယ်

စားအုန်းဆီဟာ တချို့ထိလွယ်ရှလွယ်တဲ့ အရေပြားပိုင်ရှင်တွေမှာ အလာ့ဂျစ်ထစေနိုင်ပါတယ်။ အလာ့ဂျစ်လက္ခဏာတွေထဲမှာ ခေါင်းမူးခြင်း၊ အရေပြားနီရဲပြီး ယားယံခြင်း၊ နှင်းခူနာပေါက်ခြင်း၊ အော့အန်ခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတွေ ပါဝင်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာစားအုန်းဆီ အလာ့ဂျစ်ရှိနေပြီလို့ သိပြီဆိုရင် ချောကလက်တို့၊ ကိတ်မုန့်တို့၊ ရုပ်ရှင်ရုံတွေမှာရောင်းတဲ့ ထောပတ်ပေါက်ပေါက်တို့ကို စားသုံးခြင်းကို ရှောင်ရှားပါ။

၅။ ခေါင်းကိုက်စေနိုင်တယ်

တစ်ခါတလေကျရင် အလုပ်လုပ်နေရင်း ခေါင်းကိုက်ခေါင်းခဲလာရင်း အလုပ်စိတ်ဖိစီးမှုကိုပဲ အပြစ်တင်မိတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတဲ့ထဲမှာ စားအုန်းဆီလည်း ပါဝင်နေနိုင်ပါတယ်။ စားအုန်းဆီထဲက medium-chain ဖက်တီးအက်ဆစ်ဟာ ခန္ဓာကိုယ်ထဲက မှိုရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပြီး သွေးစီးဆင်းမှုထဲမှာ မှိုရောဂါပိုးတွေ ပါလာတဲ့အခါ ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေနိုင်တာပါ။

Source: Stylecraze

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top