×

ဆိုဒါအေအးမ်ားတြင္ သႀကားဓာတ္ႏွင့္ ကာဗြန္နစ္အက္ဆစ္တို႕ ေရာေႏွာပါ၀င္သည့္အတြက္ သင့္ခႏၶာကိုယ္ကို မည္သည့္နည္းႏွင့္မွ် အေထာက္အကူျပဳႏိုင္မည္မဟုတ္ေပ။ အရသာရွိသည့္အေအးျဖစ္ေသာေႀကာင့္ လူမ်ားကို ေဘးထြက္ဆိုးက်ိဳးေပးစြမ္းႏိုင္ပါ့မလားဟူ၍လည္း ေတြးေကာင္းေတြးႏိုင္ပါတယ္။ ထို႕ေႀကာင့္ ကိုလာကိုလာကို ေသာက္သံုးၿပီးေနာက္ တစ္နာရီအတြင္း သင့္ခႏၶာကိုယ္မွာ ဘာေတြျဖစ္ေနသလဲဆိုတာ သိရွိေစႏိုင္ရန္အတြက္ သုေတသီမ်ား၏ထုတ္ေဖာ္ေျပာႀကားခ်က္မ်ားကို ျပန္လည္ေ၀မွ်ေပးလိုက္ရပါတယ္။

ေသာက္သံုးၿပီး ၁၀ မိနစ္အႀကာ

အခ်ိဳရည္ဘူးတစ္ဘူးတြင္ သႀကားပါ၀င္သည့္ပမာဏမွာ လက္ဖက္ရည္ဇြန္းႏွင့္ ၁၀ ဇြန္းၿဖစ္ၿပီး သင္တေန႕တာလံုးသံုးစြဲရမည့္ ပမာဏႏွင့္ ညီမွ်ပါတယ္။ ပံုမွန္အေနျဖင့္ ထုိမ်ားျပားသည့္သႀကားပမာဏကို တစ္ႀကိမ္တည္းႏွင့္ သံုးစြဲလိုက္မိပါက ပ်ိဳ႕အန္သည္အထိျဖစ္ပြားလာႏိုင္ပါတယ္။ သို႕ေသာ္လည္း အေအးတြင္ပါ၀င္သည့္ ေဖာ့စ္ေဖာရစ္အက္စစ္ဓာတ္က ထိုသုိ႕ျဖစ္ပြားမႈမွဟန္႕တားေပးေသာေႀကာင့္ မိမိခႏၶာကိုယ္ကိုဘယ္ေလာက္အႏၱရာယ္ေပးေနသလဲဆိုတာကို သိျမင္ႏိုင္လိမ့္မည္မဟုတ္ေပ။

မိနစ္ ၂၀ အႀကာ

သႀကားအလြန္အကၽြံသံုးစြဲမိရာမွ ပ်ိဳ႕အန္မႈကိုေရွာင္ရွားႏုိင္ေသာ္လည္း သင့္ေသြးခ်ဳိပမာဏအေပၚ သက္ေရာက္မႈကိုေတာ့ ေရွာင္ရွားႏိုင္မည္မဟုတ္ေပ။ ရုတ္တရက္ဆိုသလို ေသြးခ်ိဳျမင့္တက္ျခင္းသည္ ခႏၶာကိုယ္အတြင္းရွိအင္ဆူလင္ကို ေပါက္ထြက္သြားေစႏိုင္ပါတယ္။ ေနာက္ဆက္တြဲအေနျဖင့္ အသည္းအဆီဖံုးေရာဂါကို ခံစားလာရႏိုင္ပါတယ္။

မိနစ္ (၄၀) အခ်ိန္၌

ဤမွ်ႀကာျမင့္လာသည့္အခါ သင့္ခႏၶာကိုယ္သည္ ကဖင္းဓာတ္အားလံုးကို စုပ္ယူၿပီးသြားပါၿပီ။ ကဖင္းဓာတ္သက္ေရာက္မႈသည္ မူးေ၀မႈကိုတိုက္ထုတ္ပစ္ၿပီး သင့္အားအခ်ိန္ျပည့္ႏိုးႀကားေနေစႏိုင္ပါတယ္။

(၄၅) မိနစ္ႀကာျမင့္ၿပီးေနာက္

ဆိုဒါ၏သက္ေရာက္မႈမ်ားသည္ မူးယစ္ေဆး၀ါးမ်ားမွ သင့္ကိုယ္ခႏၶာအေပၚသက္ေရာက္မႈႏွင့္ ဆင္တူလွပါတယ္။ ဦးေႏွာက္၏စိတ္ေပ်ာ္ရႊင္မႈကို လံႈ႕ေဆာ္ေပးသည့္ Dopamine ကို ခႏၶာကိုယ္မွ ထုတ္လႊတ္ေပးသည့္အတြက္ မူးယစ္ေဆး၀ါးကဲ့သို႕ပင္ အခ်ိဳရည္မ်ားကုိ စြဲလမ္းတပ္မက္ေနရျခင္းျဖစ္ပါတယ္။

မိနစ္ (၆၀) ေနာက္ပိုင္းအခ်ိန္

အေအးတြင္ပါ၀င္သည့္ ေဖာ့စ္ေဖာရစ္အက္စစ္သည္ ေအာက္ပိုင္းအူအတြင္းရွိ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္၊ ဇင့္တို႕ျဖင့္ ေပါင္းစပ္သြားရာမွ ဆီးမႀကာခဏသြားမႈကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။

တစ္နာရီအႀကာ

ကဖင္းဓာတ္သည္ သင့္အားဆီးသြားခ်င္စိတ္ကိုျဖစ္ေပၚေစေသာေႀကာင့္ ကယ္လ္စီယမ္၊ မဂၢနီဆီယမ္ႏွင့္ ဇင့္တုိ႕သည္ အရိုးထဲသို႕ေရာက္ရွိရမည့္အစား ခႏၶာကိုယ္အတြင္းမွ စြန္႕ခြာသြားမွာျဖစ္ပါတယ္။ ဆိုဒါအေအးမ်ားကို ထပ္တလဲလဲေသာက္ေပးျခင္းသည္ အရိုးမ်ားကိုအားနည္းေစႏုိင္သလုိ ခႏၶာကိုယ္အတြက္အေရးႀကီးသည့္ ဆိုဒီယမ္၊ လွ်ပ္လိုက္ရည္ နွင့္ ေရဓာတ္မ်ားကိုပါ ဆံုးရႈံးသြားေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystyle
#Unicode Version#
ဆိုဒါအအေးများတွင် သကြားဓာတ်နှင့် ကာဗွန်နစ်အက်ဆစ်တို့ ရောနှောပါဝင်သည့်အတွက် သင့်ခန္ဓာကိုယ်ကို မည်သည့်နည်းနှင့်မျှ အထောက်အကူပြုနိုင်မည်မဟုတ်ပေ။ အရသာရှိသည့်အအေးဖြစ်သောကြောင့် လူများကို ဘေးထွက်ဆိုးကျိုးပေးစွမ်းနိုင်ပါ့မလားဟူ၍လည်း တွေးကောင်းတွေးနိုင်ပါတယ်။ ထို့ကြောင့် ကိုလာကိုလာကို သောက်သုံးပြီးနောက် တစ်နာရီအတွင်း သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရှိစေနိုင်ရန်အတွက် သုတေသီများ၏ထုတ်ဖော်ပြောကြားချက်များကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

သောက်သုံးပြီး ၁၀ မိနစ်အကြာ

အချိုရည်ဘူးတစ်ဘူးတွင် သကြားပါဝင်သည့်ပမာဏမှာ လက်ဖက်ရည်ဇွန်းနှင့် ၁၀ ဇွန်းဖြစ်ပြီး သင်တနေ့တာလုံးသုံးစွဲရမည့် ပမာဏနှင့် ညီမျှပါတယ်။ ပုံမှန်အနေဖြင့် ထိုများပြားသည့်သကြားပမာဏကို တစ်ကြိမ်တည်းနှင့် သုံးစွဲလိုက်မိပါက ပျို့အန်သည်အထိဖြစ်ပွားလာနိုင်ပါတယ်။ သို့သော်လည်း အအေးတွင်ပါဝင်သည့် ဖော့စ်ဖောရစ်အက်စစ်ဓာတ်က ထိုသို့ဖြစ်ပွားမှုမှဟန့်တားပေးသောကြောင့် မိမိခန္ဓာကိုယ်ကိုဘယ်လောက်အန္တရာယ်ပေးနေသလဲဆိုတာကို သိမြင်နိုင်လိမ့်မည်မဟုတ်ပေ။

မိနစ် ၂၀ အကြာ

သကြားအလွန်အကျွံသုံးစွဲမိရာမှ ပျို့အန်မှုကိုရှောင်ရှားနိုင်သော်လည်း သင့်သွေးချိုပမာဏအပေါ် သက်ရောက်မှုကိုတော့ ရှောင်ရှားနိုင်မည်မဟုတ်ပေ။ ရုတ်တရက်ဆိုသလို သွေးချိုမြင့်တက်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိအင်ဆူလင်ကို ပေါက်ထွက်သွားစေနိုင်ပါတယ်။ နောက်ဆက်တွဲအနေဖြင့် အသည်းအဆီဖုံးရောဂါကို ခံစားလာရနိုင်ပါတယ်။

မိနစ် (၄၀) အချိန်၌

ဤမျှကြာမြင့်လာသည့်အခါ သင့်ခန္ဓာကိုယ်သည် ကဖင်းဓာတ်အားလုံးကို စုပ်ယူပြီးသွားပါပြီ။ ကဖင်းဓာတ်သက်ရောက်မှုသည် မူးဝေမှုကိုတိုက်ထုတ်ပစ်ပြီး သင့်အားအချိန်ပြည့်နိုးကြားနေစေနိုင်ပါတယ်။

(၄၅) မိနစ်ကြာမြင့်ပြီးနောက်

ဆိုဒါ၏သက်ရောက်မှုများသည် မူးယစ်ဆေးဝါးများမှ သင့်ကိုယ်ခန္ဓာအပေါ်သက်ရောက်မှုနှင့် ဆင်တူလှပါတယ်။ ဦးနှောက်၏စိတ်ပျော်ရွှင်မှုကို လှုံ့ဆော်ပေးသည့် Dopamine ကို ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးသည့်အတွက် မူးယစ်ဆေးဝါးကဲ့သို့ပင် အချိုရည်များကို စွဲလမ်းတပ်မက်နေရခြင်းဖြစ်ပါတယ်။

မိနစ် (၆၀) နောက်ပိုင်းအချိန်

အအေးတွင်ပါဝင်သည့် ဖော့စ်ဖောရစ်အက်စစ်သည် အောက်ပိုင်းအူအတွင်းရှိ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်တို့ဖြင့် ပေါင်းစပ်သွားရာမှ ဆီးမကြာခဏသွားမှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

တစ်နာရီအကြာ

ကဖင်းဓာတ်သည် သင့်အားဆီးသွားချင်စိတ်ကိုဖြစ်ပေါ်စေသောကြောင့် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဇင့်တို့သည် အရိုးထဲသို့ရောက်ရှိရမည့်အစား ခန္ဓာကိုယ်အတွင်းမှ စွန့်ခွာသွားမှာဖြစ်ပါတယ်။ ဆိုဒါအအေးများကို ထပ်တလဲလဲသောက်ပေးခြင်းသည် အရိုးများကိုအားနည်းစေနိုင်သလို ခန္ဓာကိုယ်အတွက်အရေးကြီးသည့် ဆိုဒီယမ်၊ လျှပ်လိုက်ရည် နှင့် ရေဓာတ်များကိုပါ ဆုံးရှုံးသွားစေနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top