န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

လူသားေတြရဲ႕ အသားအရည္ဟာ ေန႔စဥ္ေရခ်ိဳးေပးေနဖို႔၊ ဆပ္ျပာတုိက္ေပးေနဖို႔ မလိုအပ္ပါဘူး။

တစ္စံုတစ္ဦးက ေန႔တုိင္းမခ်ိဳးဘူးလို႔ ဆိုၾကတဲ့အခါ လူအမ်ားစုက အံ့ၾသဟန္နဲ႔ ၾကည့္တက္ၾကၿပီး တစ္ကိုယ္ေရ သန္႔ရွင္းမႈ မရွိဘူးလို႔ ေယဘုယ်ယူဆတက္ၾကပါတယ္။ ဒါေပမယ့္ ေန႔တုိင္းေရခ်ိဳးျခင္းဟာ တကယ္လိုအပ္တဲ့ အရာလားဆိုတာ ေမးခြန္းထုတ္ခ်င္စရာပါ။

က်န္းမာေရး႐ႈေထာင့္က ၾကည့္ရင္ေတာ့ လူတစ္ေယာက္ဟာ ေန႔တုိင္း ေရမခ်ိဳးသင့္ဘူးလို႔ ဆိုပါတယ္။ ေန႔တုိင္း ေရခ်ိဳးျခင္းအားျဖင့္ ျဖစ္လာႏုိင္တဲ့ ဆိုးက်ိဳးေတြကေတာ့-

- အသားအေရ ေျခာက္ေသြ႔လာမယ္။ နီစပ္စပ္ျဖစ္လာမယ္။

- အေရျပားအေပၚဆံုးလႊာမွာ ရွိသင့္တဲ့ အဆီဓာတ္ေတြ ခန္းေျခာက္သြားမယ္။

- ရွိသင့္တဲ့ ဘက္တီးရီးယားေတြ ေပ်ာ္ကြယ္ကုန္မယ္။ (အခ်ိဳဳ႕ဘက္တီးရီးယားေတြဟာ ခႏၶာကိုယ္အတြင္းကို ေရာဂါဘယ မဝင္ေအာင္ ကာကြယ္ေပးပါတယ္)

ရလာမယ့္ အက်ိဳးေက်းဇူးေတြကေတာ့ -

- ေရခ်ိဳးခန္းသံုး ပစၥည္းေတြ ဝယ္ရတာ သက္သာေစမယ္။

- အခ်ိန္ပိုရလာမယ္။

- က်န္းမာေရး ပိုေကာင္းလာေစမယ္။

စတဲ့ အရာေတြျဖစ္ပါတယ္။

မေနႏုိင္လို႔ ေရခ်ိဳးခဲ့ရင္ေတာင္ ဆပ္ျပာအၿမဲတမ္း တုိက္တာမ်ိဳး မလုပ္သင့္ပါဘူး။ ေပါင္ၿခံ၊ ခ်ိဳင္းၾကားနဲ႔ ေျခဖဝါးလို ေနမ်ိဳးေတြကိုပဲ ပံုမွန္ဆပ္ျပာတုိက္သင့္ပါတယ္။ မ်က္ႏွာနဲ႔ ဗိုက္သား၊ ရင္ဘတ္ေတြကို အၿမဲ ဆပ္ျပာ မတိုက္သင့္ပါဘူး။ လူေတြရဲ႕ အသားအေရဟာ သူ႔အလုိလို ပံုမွန္ သန္႔ရွင္ႏုိင္စြမ္းဆိုတဲ့ သဘာစြမ္းရည္ကို ပိုင္ဆုိင္ထားပါတယ္။

ေန႔တုိင္း ေရမခ်ိဳးလို႔ ရတယ္ဆိုေပမယ့္ အိပ္ယာမဝင္ခင္ မိတ္ကပ္ဖ်က္တာမ်ိဳး၊ ကုိယ္လက္ေဆးတာမ်ိဳးကိုေတာ့ ပံုမွန္လုပ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
လူသားတွေရဲ့ အသားအရည်ဟာ နေ့စဉ်ရေချိုးပေးနေဖို့၊ ဆပ်ပြာတိုက်ပေးနေဖို့ မလိုအပ်ပါဘူး။

တစ်စုံတစ်ဦးက နေ့တိုင်းမချိုးဘူးလို့ ဆိုကြတဲ့အခါ လူအများစုက အံ့သြဟန်နဲ့ ကြည့်တက်ကြပြီး တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိဘူးလို့ ယေဘုယျယူဆတက်ကြပါတယ်။ ဒါပေမယ့် နေ့တိုင်းရေချိုးခြင်းဟာ တကယ်လိုအပ်တဲ့ အရာလားဆိုတာ မေးခွန်းထုတ်ချင်စရာပါ။

ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ လူတစ်ယောက်ဟာ နေ့တိုင်း ရေမချိုးသင့်ဘူးလို့ ဆိုပါတယ်။ နေ့တိုင်း ရေချိုးခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့-

- အသားအရေ ခြောက်သွေ့လာမယ်။ နီစပ်စပ်ဖြစ်လာမယ်။

- အရေပြားအပေါ်ဆုံးလွှာမှာ ရှိသင့်တဲ့ အဆီဓာတ်တွေ ခန်းခြောက်သွားမယ်။

- ရှိသင့်တဲ့ ဘက်တီးရီးယားတွေ ပျော်ကွယ်ကုန်မယ်။ (အချိုု့ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်အတွင်းကို ရောဂါဘယ မဝင်အောင် ကာကွယ်ပေးပါတယ်)

ရလာမယ့် အကျိုးကျေးဇူးတွေကတော့ -

- ရေချိုးခန်းသုံး ပစ္စည်းတွေ ဝယ်ရတာ သက်သာစေမယ်။

- အချိန်ပိုရလာမယ်။

- ကျန်းမာရေး ပိုကောင်းလာစေမယ်။

စတဲ့ အရာတွေဖြစ်ပါတယ်။

မနေနိုင်လို့ ရေချိုးခဲ့ရင်တောင် ဆပ်ပြာအမြဲတမ်း တိုက်တာမျိုး မလုပ်သင့်ပါဘူး။ ပေါင်ခြံ၊ ချိုင်းကြားနဲ့ ခြေဖဝါးလို နေမျိုးတွေကိုပဲ ပုံမှန်ဆပ်ပြာတိုက်သင့်ပါတယ်။ မျက်နှာနဲ့ ဗိုက်သား၊ ရင်ဘတ်တွေကို အမြဲ ဆပ်ပြာ မတိုက်သင့်ပါဘူး။ လူတွေရဲ့ အသားအရေဟာ သူ့အလိုလို ပုံမှန် သန့်ရှင်နိုင်စွမ်းဆိုတဲ့ သဘာစွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။

နေ့တိုင်း ရေမချိုးလို့ ရတယ်ဆိုပေမယ့် အိပ်ယာမဝင်ခင် မိတ်ကပ်ဖျက်တာမျိုး၊ ကိုယ်လက်ဆေးတာမျိုးကိုတော့ ပုံမှန်လုပ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top