ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လက္သည္း ကိုက္တတ္တဲ့အက်င့္က လူအေတာ္မ်ားမ်ားမွာ အေတြ႕မ်ားၿပီးေတာ့ ဒါက တစ္ခုခုကို ေၾကာက္တဲ့အခ်ိ်န္ (သို႔) စိတ္မတည္ၿငိမ္တဲအခ်ိန္မွာ ျပဳေလ့ရွိတဲ့ အျပဳအမူတစ္ခု ျဖစ္ပါတယ္။ လက္သည္းကိုက္တာအျပင္ တျခားအျပဳအမူေတြျဖစ္တဲ့ ေဘာပင္၊ ခဲတံကို ဝါးေနျခင္း၊ ႏႈတ္ခမ္းကိုက္ေနျခင္း၊ ေဆးလိပ္ေသာက္ျခင္း စတဲ့ အျပဳအမူေတြကို ျပဳလုပ္ေလ့ရွိၾကၿပီး ဒါေတြက ကိုယ့္ရဲ႕စိတ္ဖိစီးမႈ အေျခအေနကို ေဖာ္ျပေနတတ္ပါတယ္။

လက္သည္းကိုက္ျခင္းက က်န္းမာေရးဆိုးက်ိဳးေတြကို ျဖစ္ေစႏိုင္ပါတယ္။

လက္သည္းကိုက္တာအစ မ်ားသြားတဲ့အခါမွာ လက္သည္းေအာက္မွာရွိတဲ့ ႏူးညံ့တဲ့အသားေလးက ေပၚလာၿပီး ပါးစပ္ထဲကရွိတဲ့ ဘက္တီးရီးယားပိုးေတြ၊ ေရာဂါပိုးေတြနဲ႔ ထိေတြ႕မိေစႏိုင္ပါတယ္။ ပါးစပ္ထဲမွာက ဘက္တီးရီးယားေတြနဲ႔ ျပည့္ႏွက္ေနတာ ျဖစ္တဲ့အတြက္ ေရာဂါပိုး အလြယ္တကူ ကူးစက္ခံရႏိုင္ပါတယ္။ အျဖစ္မ်ားဆံုးကေတာ့ လက္သည္းပန္းကံုး ေရာင္ျခင္းျဖစ္တဲ့ လက္သည္းေထာင့္မွာ ေရာင္လာမယ္၊ နီလာမယ္၊ ကိုက္လာမယ္ ၿပီးေတာ့ ျပည္တည္ၿပီး ေဖာင္းလာျခင္းပဲ ျဖစ္ပါတယ္။ တစ္ခါျဖစ္ရင္ ရက္သတၱပတ္ အေတာ္ၾကာေအာင္ ခံရႏိုင္ပါတယ္။

တံေတြးထဲမွာပါဝင္တဲ့ ဓာတုပစၥည္းေတြက အဆီေတြနဲ႔ အျခား အစာေမာ္လီက်ဴးေလးေတြကို ၿဖိဳခြဲႏိုင္စြမ္း ရွိပါတယ္။ ဒီတံေတြးထဲမွာ ပါဝင္တဲ့အရာေတြက အစာေခ်တာကို အေထာက္အကူျပဳသလိုပဲ ပါးစပ္ထဲကို အၿမဲထိုးထည့္ထားတဲ့ လက္ေခ်ာင္းထိပ္အသားေတြကို ေရာင္ရမ္းေစပါတယ္။ ဒီလိုပဲ ႏႈတ္ခမ္းကို လွ်ာနဲ႔ ခဏခဏယက္ျခင္းကလည္း ႏႈတ္ခမ္းကို အက္ကြဲေစႏိုင္ပါတယ္။

လက္ကို ပါးစပ္ထဲထည့္တဲ့အခါမွာ ပါးစပ္ထဲကပိုးေတြ လက္ကိုေရာက္ႏိုင္သလိုပဲ ပိုဆိုးတဲ့အခ်က္ကေတာ့ လက္က ဘက္တီးရီးယားပိုးေတြလည္း ပါးစပ္ထဲကို ဝင္ေရာက္သြားေစႏိုင္ပါတယ္။ ကၽြႏု္ပ္တို႔ရဲ႕လက္ေတြက ေရာဂါပိုးေတြ၊ အညစ္အေၾကးေတြမ်ိဳးစံုနဲ႔ အၿမဲထိေတြ႕ေနၿပီး ဒီအညစ္အေၾကးေတြက လက္သည္းေအာက္မွာလည္း ခိုေနပါေသးတယ္။ ဒါေၾကာင့္ ဒီလိုအညစ္အေၾကးေတြ၊ ပိုးမႊားေတြ ျပည့္ေနတဲ့လက္ကို ပါးစပ္ထဲထည့္ျခင္းက အေအးမိျခင္းကေနၿပီး ျပင္းထန္တဲ့ အစာအိမ္ ဗိုင္းရပ္စ္ပိုးဝင္ျခင္းအထိ ျဖစ္ႏိုင္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ လက္သည္းမွာ လက္သည္းပန္းကုန္းလို႔ေခၚတဲ့ ျပန္လည္ပြားမ်ားတဲ့ အလႊာတစ္ခု ရွိပါတယ္။ လက္သည္းကိုက္ျခင္း (သို႔) လက္သည္း ကိုက္တဲ့အတြက္ေၾကာင့္ ေရာဂါပိုး ဝင္ေရာက္ျခင္းတို႔ေၾကာင့္ ဒီလက္သည္းပန္းကံုး ပ်က္စီးၿပီး နာတာရွည္ လက္စြယ္ငုပ္ျခင္း (သို႔) လက္သည္းပံုစံပ်က္ျခင္းေတြ ျဖစ္ေစႏိုင္ပါတယ္။

မ်က္ႏွာေပၚမွ ၾကြက္ႏို႔မ်ား - ၾကြက္ႏို႔ကို လက္နဲ႔ ကိုင္လိုက္တဲ့အခါမွာ ကူးစက္တတ္တဲ့အရာက လက္သည္းမွာ ကပ္ပါလာပါတယ္။ ဒီလက္သည္းကို မ်က္ႏွာ (သို႔) ပါးစပ္ေတြနဲ႔ ထိေတြ႕တဲ့အခါမွာ မ်က္ႏွာနဲ႔ လည္ပင္းေတြမွာ ၾကြက္ႏို႔ေတြ ေပါက္လာေစပါတယ္။

 ပါးစပ္မွာ ေရယုန္ေပါက္ေနတဲ့အခါမွာ လက္ေတြကေနတစ္ဆင့္ ဒီဗိုင္းရပ္စ္ပိုး ပ်ံ႕ႏွံ႔ေစႏိုင္ပါတယ္။

လက္ထိပ္ေတြမွာ ေရယုန္ေပါက္တဲ့ ပထမဆံုးလကၡဏာကေတာ့ လက္ထိပ္မွာ ပူစပ္ပူေလာင္ျဖစ္ၿပီး ထံုက်ဥ္လာျခင္းပဲ ျဖစ္ပါတယ္။ ၿပီးရင္ ဖ်ားႏိုင္ပါတယ္။ ေနာက္ႏွစ္ပတ္ေလာက္ ၾကာတဲ့အခါမွာ အရည္ၾကည္ (သို႔) ေသြးေတြ ျပည့္ေနတဲ့အနာ ျဖစ္လာပါလိမ့္မယ္။ ၿပီးရင္ ေနာက္ႏွစ္ပတ္ေလာက္ ဆက္နာေနပါမယ္။

သြားျပႆနာ - ကာလၾကာရွည္စြာ လက္သည္းကိုက္တတ္တဲ့ အက်င့္ရွိပါက သြားရဲ႕အျမစ္ေတြက္ို ပ်က္စီးျခင္း၊ ပံုပ်က္ျခင္းေတြျဖစ္ေစၿပီး သြားေတြ နဲ႔လာေစႏိုင္ပါတယ္။ ဒါ့အျပင္ လက္သည္း အၿမဲကိုက္ေနတဲ့သြားမွာ အက္ကြဲရာ ျဖစ္ႏုိင္သလို သြားဖံုးေရာဂါနဲ႔ သြားဖံုးေရာင္ျခင္းေတြလည္း ပိုျဖစ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
# Unicode ?Version ျဖင့္ဖတ္ပါ #
လက်သည်း ကိုက်တတ်တဲ့အကျင့်က လူအတော်များများမှာ အတွေ့များပြီးတော့ ဒါက တစ်ခုခုကို ကြောက်တဲ့အချျိန် (သို့) စိတ်မတည်ငြိမ်တဲအချိန်မှာ ပြုလေ့ရှိတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ လက်သည်းကိုက်တာအပြင် တခြားအပြုအမူတွေဖြစ်တဲ့ ဘောပင်၊ ခဲတံကို ဝါးနေခြင်း၊ နှုတ်ခမ်းကိုက်နေခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့ အပြုအမူတွေကို ပြုလုပ်လေ့ရှိကြပြီး ဒါတွေက ကိုယ့်ရဲ့စိတ်ဖိစီးမှု အခြေအနေကို ဖော်ပြနေတတ်ပါတယ်။

လက်သည်းကိုက်ခြင်းက ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

လက်သည်းကိုက်တာအစ များသွားတဲ့အခါမှာ လက်သည်းအောက်မှာရှိတဲ့ နူးညံ့တဲ့အသားလေးက ပေါ်လာပြီး ပါးစပ်ထဲကရှိတဲ့ ဘက်တီးရီးယားပိုးတွေ၊ ရောဂါပိုးတွေနဲ့ ထိတွေ့မိစေနိုင်ပါတယ်။ ပါးစပ်ထဲမှာက ဘက်တီးရီးယားတွေနဲ့ ပြည့်နှက်နေတာ ဖြစ်တဲ့အတွက် ရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။ အဖြစ်များဆုံးကတော့ လက်သည်းပန်းကုံး ရောင်ခြင်းဖြစ်တဲ့ လက်သည်းထောင့်မှာ ရောင်လာမယ်၊ နီလာမယ်၊ ကိုက်လာမယ် ပြီးတော့ ပြည်တည်ပြီး ဖောင်းလာခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါဖြစ်ရင် ရက်သတ္တပတ် အတော်ကြာအောင် ခံရနိုင်ပါတယ်။

တံတွေးထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက အဆီတွေနဲ့ အခြား အစာမော်လီကျူးလေးတွေကို ဖြိုခွဲနိုင်စွမ်း ရှိပါတယ်။ ဒီတံတွေးထဲမှာ ပါဝင်တဲ့အရာတွေက အစာချေတာကို အထောက်အကူပြုသလိုပဲ ပါးစပ်ထဲကို အမြဲထိုးထည့်ထားတဲ့ လက်ချောင်းထိပ်အသားတွေကို ရောင်ရမ်းစေပါတယ်။ ဒီလိုပဲ နှုတ်ခမ်းကို လျှာနဲ့ ခဏခဏယက်ခြင်းကလည်း နှုတ်ခမ်းကို အက်ကွဲစေနိုင်ပါတယ်။

လက်ကို ပါးစပ်ထဲထည့်တဲ့အခါမှာ ပါးစပ်ထဲကပိုးတွေ လက်ကိုရောက်နိုင်သလိုပဲ ပိုဆိုးတဲ့အချက်ကတော့ လက်က ဘက်တီးရီးယားပိုးတွေလည်း ပါးစပ်ထဲကို ဝင်ရောက်သွားစေနိုင်ပါတယ်။ ကျွနု်ပ်တို့ရဲ့လက်တွေက ရောဂါပိုးတွေ၊ အညစ်အကြေးတွေမျိုးစုံနဲ့ အမြဲထိတွေ့နေပြီး ဒီအညစ်အကြေးတွေက လက်သည်းအောက်မှာလည်း ခိုနေပါသေးတယ်။ ဒါကြောင့် ဒီလိုအညစ်အကြေးတွေ၊ ပိုးမွှားတွေ ပြည့်နေတဲ့လက်ကို ပါးစပ်ထဲထည့်ခြင်းက အအေးမိခြင်းကနေပြီး ပြင်းထန်တဲ့ အစာအိမ် ဗိုင်းရပ်စ်ပိုးဝင်ခြင်းအထိ ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ လက်သည်းမှာ လက်သည်းပန်းကုန်းလို့ခေါ်တဲ့ ပြန်လည်ပွားများတဲ့ အလွှာတစ်ခု ရှိပါတယ်။ လက်သည်းကိုက်ခြင်း (သို့) လက်သည်း ကိုက်တဲ့အတွက်ကြောင့် ရောဂါပိုး ဝင်ရောက်ခြင်းတို့ကြောင့် ဒီလက်သည်းပန်းကုံး ပျက်စီးပြီး နာတာရှည် လက်စွယ်ငုပ်ခြင်း (သို့) လက်သည်းပုံစံပျက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

မျက်နှာပေါ်မှ ကြွက်နို့များ - ကြွက်နို့ကို လက်နဲ့ ကိုင်လိုက်တဲ့အခါမှာ ကူးစက်တတ်တဲ့အရာက လက်သည်းမှာ ကပ်ပါလာပါတယ်။ ဒီလက်သည်းကို မျက်နှာ (သို့) ပါးစပ်တွေနဲ့ ထိတွေ့တဲ့အခါမှာ မျက်နှာနဲ့ လည်ပင်းတွေမှာ ကြွက်နို့တွေ ပေါက်လာစေပါတယ်။

 ပါးစပ်မှာ ရေယုန်ပေါက်နေတဲ့အခါမှာ လက်တွေကနေတစ်ဆင့် ဒီဗိုင်းရပ်စ်ပိုး ပျံ့နှံ့စေနိုင်ပါတယ်။

လက်ထိပ်တွေမှာ ရေယုန်ပေါက်တဲ့ ပထမဆုံးလက္ခဏာကတော့ လက်ထိပ်မှာ ပူစပ်ပူလောင်ဖြစ်ပြီး ထုံကျဉ်လာခြင်းပဲ ဖြစ်ပါတယ်။ ပြီးရင် ဖျားနိုင်ပါတယ်။ နောက်နှစ်ပတ်လောက် ကြာတဲ့အခါမှာ အရည်ကြည် (သို့) သွေးတွေ ပြည့်နေတဲ့အနာ ဖြစ်လာပါလိမ့်မယ်။ ပြီးရင် နောက်နှစ်ပတ်လောက် ဆက်နာနေပါမယ်။

သွားပြဿနာ - ကာလကြာရှည်စွာ လက်သည်းကိုက်တတ်တဲ့ အကျင့်ရှိပါက သွားရဲ့အမြစ်တွေကို ပျက်စီးခြင်း၊ ပုံပျက်ခြင်းတွေဖြစ်စေပြီး သွားတွေ နဲ့လာစေနိုင်ပါတယ်။ ဒါ့အပြင် လက်သည်း အမြဲကိုက်နေတဲ့သွားမှာ အက်ကွဲရာ ဖြစ်နိုင်သလို သွားဖုံးရောဂါနဲ့ သွားဖုံးရောင်ခြင်းတွေလည်း ပိုဖြစ်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top