ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×

ပရိသတ်တွေရဲ့ အချစ်တော် အသားညိုညို အသံအားကောင်းကောင်း နဲ့ သီဆိုတဲ့ သီချင်းတိုင်းက အသက်ပါပြီးအလွမ်းဆိုလဲ အလွမ်း၊ အဆွေးဆိုလဲဆွေး အဆွေး၊ ပျော်စရာဆိုလဲ သီချင်းလိုက်ပြီး ပျော်ရလောက်အောင် ကို ပရိသတ်ကို စွဲဆောင်အနိုင်လွန်းတဲ့ အဆိုတော် တစ်ယောက်လဲ ဖြစ်ပါတယ်။ သူမဟာ အဖေနဲ့ အမေ ဘာသာမတူသော်လည်း သူမက ဗုဒ္ဓဘာသာကို ယုံကြည်အားကိုးပြီးဘုရားတရားနက်ရှိုင်းသူတစ်ဦးလဲ ဖြစ်ပါတယ်။ သူမဟာ အခုနောက်ပိုင်းမှာတော့ နဂိုထက်အသားတွေဖြူလာတယ်ဆိုပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ခံနေရသူ လဲဖြစ်ပါတယ်။ သူမ ကိုယ်တိုင်လဲ အသားညိုလွန်းတဲ့ အထဲပါတာကြောင့် အသားဖြူဖို့ နည်းလမ်းမျိုးစုံလုပ်ဖူးကြောင်းကို ခုလိုဘဲ ပြောပြခဲ့ပါသေးတယ်။

” ခုတလော ဖြေရသမျှက အရင်ထက်အသားတွေဖြူလာတယ်။ ဘာလုပ်လဲ ဆိုတဲ့မေးခွန်းပါပဲ ။ တစ်ဆက်တည်းမှာပဲ ဆေးထိုးတာလား ဆိုတာပါ ပါလာတယ်။ အရင်ဆုံးပြောရရင်တော့ အရင်ထက်တော့အသားအရေပိုကောင်းလာပါတယ်။ ဖြူလာတယ်လဲပြောလို့ရပါတယ်။ စင်ပေါ်မှာမသိသာတာက မိတ်ကပ်ကြောင့်ပါ မိတ်ကပ်ကိုအညိုပဲလိမ်းတာကြိုက်လို့ ခုထိအညိုဖက်ပဲလိမ်းပါတယ်။ အသားကြည်လာတာလဲကိုယ့်ဟာကိုသတိထားမိတယ်။ ကိုယ့်ဟာကိုလဲအံသြနေမိတယ် ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၇နှစ် ၈နှစ်က အိမ့်ချစ်က ဖြူချင်လွန်းလို့နည်းလမ်းတွေ အမျိုးမျိုး လုပ်ဖူးခဲ့တယ် ဒါပေမယ့်အဲ့နည်းလမ်းတွေထဲမှာ အသားဖြူဆေးထိုးတယ်ဆိုတာတော့ လုံးဝမပါပါဘူး ” တဲ့လေ။

သူမက ဆေးထိုးအပ်ကို မြင်တာနဲ့ သတိလစ်တဲ့ အထိတောင် သတ္တိ၇ှိသူကြီးပါတဲ့ ။ ဒါကြောင့်အသားဖြူဆေးထိုးပြီး ဖြူလာတာတော့ လုံးဝမဟုတ်ပါဘူးဆိုပြီးပြောထားပါသေးတယ်။ အဲ့ဒီနောက်မှာတော့ သူ အသားဖြူအောင် ပြုလုပ်ခဲ့တဲ့ နည်းလမ်း(၈)မျိုးရှိခဲ့ပါတယ်တဲ့။ အဲ့ဒါတွေကတော့

၁. အာချီ (သို့) ပရိုမီနာ တွေတစ်ကိုယ်လုံးလိမ်း အဲ့ပေါ်ကသနပ်ခါးတွေထူ ပိန်းနေအောင် ညတိုင်းလိမ်းအိပ်တာ(တရေးနိုးကို့ကိုမြင်ရင်သရဲမဆိုပြီးပြေးကြမှာ)

၂. ဒိန်ချဉ်တွေရေချိုးခါနီး နာရီဝက်အလိုမှာအမြဲ တစ်ကိုယ်လုံးလိမ်းပြီး မှရေချိုးတာ( အမေဆိုနံလို့တဲ့မောင်းမောင်းထုတ်တာသူ့နားလာရင်😆)

၃. မကျည်းသီးတွေ သံပရာသီးတွေ ရှားဇောင်းလတ်ပတ်တွေ သခွားသီးတွေ ခရမ်းချဉ်သီးတွေ နဲ့ မျက်နှာ လက် ခြေထောက်တွေပွတ်တာ(အမေ့မီးဖိုချောင်ထဲကဟာမှန်သမျှကုန်)

၎.နာမည်ကြီး lotion မှန်သမျှလိမ်းတာ (ဘာတံဆိပ်မေးမလဲမလိမ်းဖူးတာ မစမ်းသပ်ဖူးတာမရှိသလောက်ပဲ)

၅.တစ်ပတ် ၃ ခါ ချွေးထုတ်ပေါင်းတင်တာ(ချွေးထုတ်တာလွန်ပြီး မူးတောင်လဲပါတယ်ဆို 😂)

၆.ရေချိုးတိုင်း Scrub တွေတိုက်တာ( ဖြူမဖြူတော့မသိဘူး အနာရွတ်တွေတောင်ဖြစ်တယ်တိုက်လွန်းလို့ 🤣)

၇.Gluta တွေသောက် Glow ဆေးသောက် Bee Pollen တွေသောက်

၈.အသားဖြူဆပ်ပြာမျိုးစုံနဲ့ရေချိုး

အထက်ပါနည်းလမ်းတွေကနေလဲ ဖြူလာတာမဟုတ်ပါဘူး ။ တကယ့်ကို အသားဖြူ တယ် ဆိုတာထက် ကြည်လာခဲ့တဲ့ အဓိကအကြောင်းအရာကခုမှလာမှာပါ။ သူမပြောပြတာကတော့ “အသား အရေ နဲ့ ပတ်သတ်ပြီးလွန်ခဲ့တဲ့ ၈နှစ်လောက်ကလို ဘာမှမလုပ်တော့တဲ့အချိန်ကျမှ အရမ်းကြီး အသားအရေတွေကောင်းလာတော့ ကိုယ်ကိုတိုင်လဲအဖြေထုတ်တယ် ဘာကြောင့်လဲ ပေါ့နော်…..ခုချိန်မှာ အသားဖြူတဲ့ရေချိုးဆပ်ပြာနဲ့ရေချိုးတာကလွဲလို့ lotions တောင် ၃ရက်တခါသတိရမှလိမ်းတာ ပျင်းလာလို့ ဘာ skin careမှလဲမသုံးဘူး မျက်နှာဆိုလဲမိတ်ကပ်ဖျက်ပြီးရင် မျက်နှာ သစ်ပြီးတန်းအိပ်တာ တစ်ခါတစ်လေတော့ Aloe Vera Soothing Gel လေးလိမ်းတယ် ဒါပဲ…အဲ့တော့ ကို့ဟာကိုလဲထူးဆန်းနေတယ်။

အဲ့ဒီမှာ ဘာသာရေးကို အရမ်းအလေးပေးလိုက်စားတဲ့ သူတွေကပြောကြတယ် အဲ့ဒါ ပဌာန်းကိုနေ့စဉ်နှစ်ပေါင်းများစွာပူဇော်ခြင်း ပဌာန်းကျမ်းတော်တွေ ရွတ်ဖတ်ခြင်းနဲ့သီလရှင်ဝတ်တာကနေရတဲ့ အကျိုးတွေလို့ပြောကြတယ် ။တချို့ကပြောမယ် ဘာဆိုင်လို့လဲပေါ့ ။

ဆိုင်တာမဆိုင်တာတော့မသိဘူး ဘုရားမှာပန်းကပ်တိုင်းပန်းကပ်လှူရသောအကျိုးကြောင့် ဤပန်းမှာအဆင်းရောအနံပါပြည့်စုံသကဲ့သို့ တပည့်တော်မသည်လဲအချင်းရောအဆင်းပါကောင်းမွန်ပြည့်စုံသောမိန်းမမြတ်ဖြစ်ရပါစေလို့တော့အမြဲဆုတောင်းတယ် ပြီးတော့ဟိုးကတည်းက ဘုရားဆင်းတုတော်တွေ ဘုရားကျောင်းဆောင်(ဘုရားစင်) ဘုရားပန်းအိုး သော်တော်ရေခွက် တွေရောင်တော်ဖွင့်တိုင်း ရောင်တော်ဖွင့်ရသောကုသိုလ်ကြောင့်တပည့်တော်မသည်လဲ ကိုယ်ရောင်ကိုယ်ဝါတောက်ပလာရပါလို၏လို့အမြဲဆုတောင်းတယ်။

အဲ့ဒီတော့ တချို့အကိုအမဦးလေးအဒေါ်တွေပြောသလိုကိုယ်ပြုတဲ့ကုသိုလ်တွေကြောင့်မျက်နှာတွေကြည်လင် ကိုယ်ရောင်ကြည်လင်ပေါ်လွင်လာတယ်လို့လက်ခံချင်လာမိတယ် ” ဆိုပြီးလဲ ပြောပြလာခဲ့ပါတယ်။

ဒါဟာလဲ ကိုယ့်အတွေးနဲ့ ကိုယ်မို့ မဆိုင်ဘူးလို့ ထင်တဲ့သူလဲရှိမှာပေါ့နော်။ အဲ့ဒီတော့ ဘာတွေလုပ်လဲဆိုရင်တော့ အရင်ကလုပ်တာတွေရော ခုလုပ်ဖြစ်တာတွေကိုပါ ပြောပြခဲ့ပါတယ်။ ဒါတွေကို လက်ခံပြီး လက်ဆောင်ချင်သူတွေ အတွက်ကတော့ ဇွဲရှိရှိနဲ့လုပ်ဖို့တော့ လိုအပ်ပါတယ်တဲ့ ။ ၂ရက်လောက်နဲ့တော့လဲမသိသာနိုင်ပါဘူး စိတ်ရှည်ရှည်လေးနဲ့ စွဲမြဲပြီး လုပ်ကြည့်ပါသိသာလာပါလိမ့်မယ် လို့ဆိုခဲ့ပါတယ်။

သူမဟာ လက်ရှိမှာ ဟဲလေးနဲ့ တွဲဖက်ပြီး ချောကလက်မှုတက်ညိုပြာညက် ဆိုတဲ့ သီချင်ခွေလဲ ထွက်ရှိထားပြီးဖြစ်ပါတယ်။ အိမ့်ချစ်ကို ချစ်တဲ့ ပရိသတ်ကြီးလဲ သူမပြောပြခဲ့တဲ့ အသားဖြူနည်းလမ်းညွှန်လေးကို အသားဖြူချင်သူတွေ အသုံးပြုနိုင်အောင် မျှဝေပေးလိုက်ကြပါဦးနော်။ ချစ်တဲ့ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top