ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

မတၱရာၿမိဳ႕နယ္ ၀န္စု ေက်းရြာနယ္ေျမအတြင္း ငွက္ ေပ်ာစုိက္ခင္း အေရွ႕ဘက္ ကန္ သင္း႐ုိးစပ္တြင္ အသက္(၂)ႏွစ္ အရြယ္ မိန္းကေလးတစ္ဦး သား မယားျပဳက်င့္ခံရၿပီး ေသဆုံးခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕မွဴး႐ုံးမွ အႀကီးတန္းရဲအရာရွိတစ္ဦးက ေျပာ သည္။

ကေလးမိဘမ်ားသည္ ေႁမြ ကူူးတို႔ဆိပ္ေက်းရြာတြင္ ေနထိုင္ သူမ်ားျဖစ္ၿပီး ေဖေဖာ္၀ါရီ ၁၃ရက္က ၀န္စုေက်းရြာရွိ ေတာ တန္းသုိ႔ ထင္းခုတ္လာစဥ္ ကေလးငယ္ကုိ ေတာတန္းေနသူလင္မယားထံ အပ္ႏွံထားရာမွ ေပ်ာက္ဆုံးသြားၿပီးေနာက္ သားမယားျပဳက်င့္ခံရၿပီး ေသဆုံးခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴး႐ုံးကဆုိသည္။

ေသဆုံးသူ၏မိဘမ်ားက အ ခင္းျဖစ္ပြားသည့္ နံနက္ ၉ နာရီခြဲ တြင္ ထင္းခုတ္ရန္ အျခားသူထံ သမီးျဖစ္သူကုိ အပ္ႏွံထားၿပီး ေပ်ာက္ဆုံးသြားသျဖင့္ ေက်းရြာ သူ၊ ေက်းရြာသားမ်ားက လုိက္ လံရွာေဖြခဲ့ေၾကာင္း၊ ယင္းအခ်ိန္ တြင္ ကေလးငယ္အား သားမယား ျပဳက်င့္ေနသည္ကုိ ၀န္စုရြာေန ေဒသခံအမ်ိဳးသမီးကေတြ႕ရွိခဲ့သျဖင့္ ေအာ္ဟစ္အကူအညီ ေတာင္းခံစဥ္ က်ဴးလြန္သူအသက္ (၂၅)ႏွစ္အရြယ္ ၿဖိဳးထက္ေအာင္ က အခင္းျဖစ္ေနရာမွ ထြက္ေျပး ေၾကာင္း ရဲတပ္ဖြဲ႕၀င္ရဲမွတ္တမ္း တြင္ ေဖာ္ျပထားသည္။

ယင္းေနာက္ သားမယားျပဳ က်င့္ခံရသည့္ ကေလးငယ္အား မတၱရာေဆး႐ုံသုိ႔ ပုိ႔ေဆာင္ေဆး ကုသစဥ္ ေန႔လယ္ ၁၂ နာရီခြဲတြင္ ေသဆုံးခဲ့ေၾကာင္း ေဖာ္ျပထား သည္။ က်ဴးလြန္သူကုိ ေရနံ႔သာ နယ္ေျမရဲတပ္ဖြဲ႕စခန္းမွ တာ၀န္ရွိသူမ်ားက လုိက္လံဖမ္းဆီးရာ အခင္းျဖစ္ေနရာမွ ေလးမုိင္ခန္႔အကြာ ေဘာင္ႀကီးတံတားေခ်ာင္း တြင္ ဖမ္းဆီးရမိေၾကာင္း တိုင္း ရဲတပ္ဖြဲ႕မွဴး႐ုံးကဆုိသည္။

‘‘တရားခံေတာ့ မိထားၿပီးပါၿပီ။ အခုေလာေလာဆယ္ေတာ့ ဘာမွကုိမစစ္ႏုိင္ေသးဘူး။ ေကာင္မေလးရဲ႕ မိဘေတြက လည္း အရမ္းကုိေၾကကြဲ၀မ္းနည္း ေနၾကတယ္။ တရားခံမွာက မိန္း မကလည္း ကုိယ္၀န္ႀကီးနဲ႔။ သား တစ္ေယာက္လည္းရွိတယ္။ တ ျခားလုိအပ္တဲ့ စစ္ေဆးမႈေတြ ေတာ့ လုပ္ေနတယ္’’ဟု အမႈဖြင့္ ထားသည့္ ေရနံ႔သာနယ္ေျမရဲတပ္ ဖြဲ႕စခန္းမွ စခန္းမွဴး ရဲအုပ္လွႏုိင္ကေျပာသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ သားမယားျပဳက်င့္မႈ၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ လူသတ္မႈတို႔ျဖင့္  ကေလးငယ္ႏွင့္ ေဆြမ်ိဳးေတာ္စပ္သူ အမ်ိဳးသားက တရားလုိျပဳလုပ္၍ ၿဖိဳးထက္ေအာင္ကုိ ေရနံ႔သာနယ္ေျမ ရဲတပ္ဖြဲ႕စခန္းတြင္ အမႈဖြင့္ဖမ္းဆီး စစ္ေဆးေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မတ္တရာမြို့နယ် ဝန်စု ကျေးရွာနယ်မြေအတွင်း ငှက် ပျောစိုက်ခင်း အရှေ့ဘက် ကန် သင်းရိုးစပ်တွင် အသက်(၂)နှစ် အရွယ် မိန်းကလေးတစ်ဦး သား မယားပြုကျင့်ခံရပြီး သေဆုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြော သည်။

ကလေးမိဘများသည် မြွေ ကူူးတို့ဆိပ်ကျေးရွာတွင် နေထိုင် သူများဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ရက်က ဝန်စုကျေးရွာရှိ တော တန်းသို့ ထင်းခုတ်လာစဉ် ကလေးငယ်ကို တောတန်းနေသူလင်မယားထံ အပ်နှံထားရာမှ ပျောက်ဆုံးသွားပြီးနောက် သားမယားပြုကျင့်ခံရပြီး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

သေဆုံးသူ၏မိဘများက အ ခင်းဖြစ်ပွားသည့် နံနက် ၉ နာရီခွဲ တွင် ထင်းခုတ်ရန် အခြားသူထံ သမီးဖြစ်သူကို အပ်နှံထားပြီး ပျောက်ဆုံးသွားသဖြင့် ကျေးရွာ သူ၊ ကျေးရွာသားများက လိုက် လံရှာဖွေခဲ့ကြောင်း၊ ယင်းအချိန် တွင် ကလေးငယ်အား သားမယား ပြုကျင့်နေသည်ကို ဝန်စုရွာနေ ဒေသခံအမျိုးသမီးကတွေ့ရှိခဲ့သဖြင့် အော်ဟစ်အကူအညီ တောင်းခံစဉ် ကျူးလွန်သူအသက် (၂၅)နှစ်အရွယ် ဖြိုးထက်အောင် က အခင်းဖြစ်နေရာမှ ထွက်ပြေး ကြောင်း ရဲတပ်ဖွဲ့ဝင်ရဲမှတ်တမ်း တွင် ဖော်ပြထားသည်။

ယင်းနောက် သားမယားပြု ကျင့်ခံရသည့် ကလေးငယ်အား မတ္တရာဆေးရုံသို့ ပို့ဆောင်ဆေး ကုသစဉ် နေ့လယ် ၁၂ နာရီခွဲတွင် သေဆုံးခဲ့ကြောင်း ဖော်ပြထား သည်။ ကျူးလွန်သူကို ရေနံ့သာ နယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများက လိုက်လံဖမ်းဆီးရာ အခင်းဖြစ်နေရာမှ လေးမိုင်ခန့်အကွာ ဘောင်ကြီးတံတားချောင်း တွင် ဖမ်းဆီးရမိကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

‘‘တရားခံတော့ မိထားပြီးပါပြီ။ အခုလောလောဆယ်တော့ ဘာမှကိုမစစ်နိုင်သေးဘူး။ ကောင်မလေးရဲ့ မိဘတွေက လည်း အရမ်းကိုကြေကွဲဝမ်းနည်း နေကြတယ်။ တရားခံမှာက မိန်း မကလည်း ကိုယ်ဝန်ကြီးနဲ့။ သား တစ်ယောက်လည်းရှိတယ်။ တ ခြားလိုအပ်တဲ့ စစ်ဆေးမှုတွေ တော့ လုပ်နေတယ်’’ဟု အမှုဖွင့် ထားသည့် ရေနံ့သာနယ်မြေရဲတပ် ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်လှနိုင်ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃၇၆ သားမယားပြုကျင့်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ လူသတ်မှုတို့ဖြင့်  ကလေးငယ်နှင့် ဆွေမျိုးတော်စပ်သူ အမျိုးသားက တရားလိုပြုလုပ်၍ ဖြိုးထက်အောင်ကို ရေနံ့သာနယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ဖမ်းဆီး စစ်ဆေးနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top