မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ကိုယ္ေနဟန္ထား မွားယြင္းေနသူေတြမွာ လည္ပင္းနဲ႔ ခါးမွာ ဒဏ္ျဖစ္ေစႏိုင္ပါတယ္။  

မတ္တပ္ရပ္ေနတဲ့ အခ်ိန္ေတြမွာ ရင္ကိုေကာ့ ခါးကို မတ္ထားရပါမယ္။ လက္ပ်ဥ္ကုန္းေနျခင္းက စတိုင္မက်သလို ေက်ာ႐ိုးကိုလည္း ဒဏ္ျဖစ္ေစပါတယ္။  

 ထိုင္ေနတဲ့အခ်ိန္ဟာ ကိုယ္ဟန္အမွားတတ္ဆံုး ျဖစ္ပါတယ္။ ခံုမွာ ထိုင္တဲ့အခါ ေျခပစ္လက္ပစ္ ကုန္းၿပီး ထိုင္ေလ့ရွိပါတယ္။ ဒါေၾကာင့္ ခါးရဲ႕ ေကြးရာအတိုင္း အလိုက္သင့္ျဖစ္ေစဖို႔ ခါးေနာက္မွီအခံေလးနဲ႔ ထိုင္ႏိုင္ပါတယ္။ ဒါမွ ေနာက္ေက်ာၾကြက္သားေတြဒဏ္မျဖစ္မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ ထိုင္တဲ့အခါ ေျခခ်ိတ္ၿပီး ထိုင္ေလ့ရွိတတ္ပါတယ္။ တကယ္တမ္း ေျခႏွစ္ဖက္ကို ခ်ၿပီး မတ္မတ္ထိုင္ျခင္းက အေကာင္းဆံုး ျဖစ္ပါတယ္။ ကြန္ပ်ဴတာစားပြဲမွာ ထိုင္အလုပ္လုပ္တဲ့အခါ ကြန္ပ်ဴတာမ်က္ႏွာျပင္ကို မ်က္လံုးနဲ႔ တစ္တန္းထဲထားမွသာ လည္ပင္း ဇက္ေၾကာတက္ျခင္းကို ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။

အလုပ္ၿပီးခ်ိန္ ညဘက္ေရာက္တဲ့အခါ လည္ပင္းကို ဘယ္ညာေစာင္း အေၾကာေျဖလိုက္ပါ။ ဒါမွ ေတာင့္တင္းေနတဲ့ အေၾကာအျခင္ေတြေျပၿပီး ညဘက္မွာ ေကာင္းေကာင္းအိပ္ေပ်ာ္မွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်နေဟန်ထား မှားယွင်းနေသူတွေမှာ လည်ပင်းနဲ့ ခါးမှာ ဒဏ်ဖြစ်စေနိုင်ပါတယ်။  

မတ်တပ်ရပ်နေတဲ့ အချိန်တွေမှာ ရင်ကိုကော့ ခါးကို မတ်ထားရပါမယ်။ လက်ပျဉ်ကုန်းနေခြင်းက စတိုင်မကျသလို ကျောရိုးကိုလည်း ဒဏ်ဖြစ်စေပါတယ်။  

 ထိုင်နေတဲ့အချိန်ဟာ ကိုယ်ဟန်အမှားတတ်ဆုံး ဖြစ်ပါတယ်။ ခုံမှာ ထိုင်တဲ့အခါ ခြေပစ်လက်ပစ် ကုန်းပြီး ထိုင်လေ့ရှိပါတယ်။ ဒါကြောင့် ခါးရဲ့ ကွေးရာအတိုင်း အလိုက်သင့်ဖြစ်စေဖို့ ခါးနောက်မှီအခံလေးနဲ့ ထိုင်နိုင်ပါတယ်။ ဒါမှ နောက်ကျောကြွက်သားတွေဒဏ်မဖြစ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်တဲ့အခါ ခြေချိတ်ပြီး ထိုင်လေ့ရှိတတ်ပါတယ်။ တကယ်တမ်း ခြေနှစ်ဖက်ကို ချပြီး မတ်မတ်ထိုင်ခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ကွန်ပျူတာစားပွဲမှာ ထိုင်အလုပ်လုပ်တဲ့အခါ ကွန်ပျူတာမျက်နှာပြင်ကို မျက်လုံးနဲ့ တစ်တန်းထဲထားမှသာ လည်ပင်း ဇက်ကြောတက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အလုပ်ပြီးချိန် ညဘက်ရောက်တဲ့အခါ လည်ပင်းကို ဘယ်ညာစောင်း အကြောဖြေလိုက်ပါ။ ဒါမှ တောင့်တင်းနေတဲ့ အကြောအခြင်တွေပြေပြီး ညဘက်မှာ ကောင်းကောင်းအိပ်ပျော်မှာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (drmyanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top